သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဗိုလ်ချုပ်ကြီးတဦးမှာ ကိုဗစ်ကူးစက်နေလို့ ကျန်ဗိုလ်ချုပ်ကြီး အားလုံးနီးပါး Quarantine ဝင်ရ


အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley ကို စက်တင်ဘာ ၁၁ ရက်နေ့တုန်းက တွေ့ရစဉ်
အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley ကို စက်တင်ဘာ ၁၁ ရက်နေ့တုန်းက တွေ့ရစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အမေရိကန် ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ ဒုတိယ တပ်မှူးကြီး Charles Rayနဲ့ ထိတွေ့မှုရှိခဲ့တာ ကြောင့် အမေရိကန်စစ်တပ် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Mileyအပါအဝင် အမေရိကန် စစ်တပ်က ထိပ်တန်း အရာရှိကြီးတွေ အခုအခါ သီးခြားခွဲနေ quarantine ဝင်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီး Mark Milley နဲ့အတူ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးJohn Hyten တို့ အပါအဝင် ပြီးခဲ့တဲ့ အပတ်ကပင်တဂွန် အစည်းအဝေးကို တက်ရောက်သူ စစ်ဦးစီးချုပ်တွေ အားလုံး အင်္ဂါနေ့ အစောပိုင်းက ရောဂါ စမ်းသပ် စစ်ဆေးချက် အရ ဗိုင်းရပ်စ်ပိုး ကင်းစင်တယ်လို့ ပင်တဂွန်က အရာရှိတွေက VoAကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ နေ့လယ်ပိုင်းအထိ လည်း ဘယ်သူမှ ရောဂါ လက္ခဏာ ပြသတာ မရှိဘူးလို့လည်း ပြောပါတယ်။

ရေတပ် ဗိုလ်ချုပ်ကြီး Rayက ဗိုလ်ချုပ်ကြီးMiley၊ ဗိုလ်ချုပ်ကြီး Hyten နဲ့ စစ်တပ် စစ်ဦးစီးဌာန အကြီးအကဲတွေ အားလုံးနဲ့အတူ အစည်း အဝေး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Miley ၊ Hyten နဲ့ Ray တို့လိုပဲ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ စစ်ဦးစီးချုပ်တွေကတော့ ကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး James McConville ၊ ရေတပ် စစ်ဆင်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Mike Gilday ၊ လေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Charles "C.Q." Brown နဲ့ အာကာသ စစ်ဆင်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး John "Jay" Raymond တို့ ဖြစ်ပါတယ်။ သူတို့နဲ့အတူ မရိမ်းတပ်ဖွဲ့ လက်ထောက် တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Gary Thomas နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက တခြား အဆင့်မြင့် အရာရှိကြီးတွေ လည်း ပါဝင် ပါတယ်။

အမျိုးသား ပြည်စောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Daniel Hokanson ၊ ဆိုင်ဘာတပ်ဖွဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Paul Nakasone နဲ့ ပူးတွဲ စစ်ဦးစီးချုပ်ရုံးက အဆင့်နိမ့် အမှုထမ်းတွေလည်း ဗိုလ်ချုပ်ကြီး Ray နဲ့အတူ အစည်းအဝေး တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Ray ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်ခံရသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး လို့လည်း ပင်တဂွန် တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ အမေရိကန်စစ်တပ် အကြီး အကဲတွေ အခုလိုquarantineဝင်တာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်ကVoAကို ပြောပါတယ်။

အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ပြုလုပ်တဲ့ Gold Starအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Miley ၊ ကာကွယ်ရေး ဝန်ကြီး Mark Esperနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးတွေ အားလုံး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းကCOVID 19စမ်းသပ် စစ်ဆေးမှုတွေ မကြာခဏ လုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားကို သမ္မတ ထရမ့်ရော သူ့ဇနီးMelania Trumpပါ တက်ရောက်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ သူတို့ နှစ်ဦးစလုံး ရောဂါပိုးကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)









XS
SM
MD
LG