သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္စစ္တပ္  ေျမျမႇဳပ္မုိင္း ျပန္သံုးေတာ့မယ္


ကန္စစ္သားမ်ား ေျမျမဳပ္မိုင္းႏွင့္ ေပါက္ကြဲပစၥည္းမ်ားကို စစ္ေဆးေန (ဓါတ္ပံု US Army)

(Zawgyi/Unicode)

အေမရိကန္ စစ္ဘက္တပ္မွဴးေတြအေနနဲ႔ တိုက္ပြဲျဖစ္ေနတဲ့ေဒသေတြမွာ ေျမျမႇဳပ္မိုင္းအသံုးျပဳခြင့္ မၾကာခင္ ျပန္ရၾကေတာ့မွာ ျဖစ္ပါတယ္။

ကိုရီးယားကၽြန္းဆြယ္ျပင္ပ ေဒသေတြမွာ ေျမျမႇဳပ္မိုင္းအသံုးျပဳခြင့္ ပိတ္ပင္ကန္႔သတ္ထားတာကို ပယ္ဖ်က္လိုက္ၿပီျဖစ္တဲ့အေၾကာင္း သမၼတအိမ္ျဖဴေတာ္က ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။ အခုလို ကိုယ့္ဖာသာ ပိတ္ပင္ကန္႔သတ္ထားတာေၾကာင့္ အေမရိကန္ တပ္ဖြဲ႔ေတြအတြက္ ဆိုးဆိုးရြားရြား အေရးနိမ့္ေစတယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ဆုိထားပါတယ္။

သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္အေနနဲ႔ မိမိတို႔တပ္ဖြဲ႔ေတြအတြက္ အခုလို အႏၲရာယ္က်ေရာက္တာမ်ဳိးကို လက္မခံဘူးလို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ အမ်ဳိးသမီး Stephanie Grisham က ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ကိုရီးယားကၽြန္းဆြယ္ျပင္ပမွာ ေျမျမႇဳပ္မိုင္းအသံုးျပဳတာကို ၂၀၁၄ ခုႏွစ္မွာ အေမရိကန္က ပိတ္ပင္ခဲ့တာျဖစ္ၿပီး ရွိေနတဲ့ ေျမျမႇဳပ္မိုင္း ေတြကိုလည္း အဲဒီအခ်ိန္သမၼတ ဘရာ့ခ္ အိုဘားမားရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ဖ်က္ဆီးပစ္ခဲ့တာပါ။

ဒါ့အျပင္ ေျမျမႇဳပ္မိုင္းေတြ အသံုးျပဳတာ၊ သိုေလွာင္သိမ္းဆည္းထားတာ၊ ထုတ္လုပ္တာနဲ႔ လႊဲေျပာင္းတာကို ပိတ္ပင္တားျမစ္တဲ့ ၁၉၉၇ ခုႏွစ္ Ottawa သေဘာတူစာခ်ဳပ္ကို အေမရိကန္က အျပည့္အဝလိုက္နာဖို႔ နည္းလမ္းရွာမယ္လုိ႔လည္း သမၼတအိုဘားမားက ကတိျပဳခဲ့ပါတယ္။ ကာကြယ္ေရးဝန္ႀကီး Mark Esper ကေတာ့ စစ္ေျမျပင္ကို လိုသလိုပံုေဖာ္ဖို႔နဲ႔ အေမရိကန္တပ္ဖြဲ႔ေတြကို ကာကြယ္ဖို႔ စစ္ဘက္အေနနဲ႔ ေျမျမႇဳပ္မိုင္းအသံုးျပဳဖို႔ လိုတယ္လုိ႔ ေသာၾကာေန႔အေစာပိုင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

အမေရိကန်စစ်တပ် မြေမြှုပ်မိုင်း ပြန်သုံးတော့မယ်

(Unicode)

အမေရိကန် စစ်ဘက်တပ်မှူးတွေအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ မြေမြှုပ်မိုင်းအသုံးပြုခွင့် မကြာခင် ပြန်ရကြတော့မှာ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်ပြင်ပ ဒေသတွေမှာ မြေမြှုပ်မိုင်းအသုံးပြုခွင့် ပိတ်ပင်ကန့်သတ်ထားတာကို ပယ်ဖျက်လိုက်ပြီဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အခုလို ကိုယ့်ဖာသာ ပိတ်ပင်ကန့်သတ်ထားတာကြောင့် အမေရိကန် တပ်ဖွဲ့တွေအတွက် ဆိုးဆိုးရွားရွား အရေးနိမ့်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အနေနဲ့ မိမိတို့တပ်ဖွဲ့တွေအတွက် အခုလို အန္တရာယ်ကျရောက်တာမျိုးကို လက်မခံဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Stephanie Grisham က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကိုရီးယားကျွန်းဆွယ်ပြင်ပမှာ မြေမြှုပ်မိုင်းအသုံးပြုတာကို ၂၀၁၄ ခုနှစ်မှာ အမေရိကန်က ပိတ်ပင်ခဲ့တာဖြစ်ပြီး ရှိနေတဲ့ မြေမြှုပ်မိုင်း တွေကိုလည်း အဲဒီအချိန်သမ္မတ ဘရာ့ခ် အိုဘားမားရဲ့ ညွှန်ကြားချက်နဲ့ ဖျက်ဆီးပစ်ခဲ့တာပါ။

ဒါ့အပြင် မြေမြှုပ်မိုင်းတွေ အသုံးပြုတာ၊ သိုလှောင်သိမ်းဆည်းထားတာ၊ ထုတ်လုပ်တာနဲ့ လွှဲပြောင်းတာကို ပိတ်ပင်တားမြစ်တဲ့ ၁၉၉၇ ခုနှစ် Ottawa သဘောတူစာချုပ်ကို အမေရိကန်က အပြည့်အဝလိုက်နာဖို့ နည်းလမ်းရှာမယ်လို့လည်း သမ္မတအိုဘားမားက ကတိပြုခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး Mark Esper ကတော့ စစ်မြေပြင်ကို လိုသလိုပုံဖော်ဖို့နဲ့ အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ စစ်ဘက်အနေနဲ့ မြေမြှုပ်မိုင်းအသုံးပြုဖို့ လိုတယ်လို့ သောကြာနေ့အစောပိုင်းက ပြောပါတယ်။

XS
SM
MD
LG