သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း








တိုက်ရိုက် လင့်ခ်

(Unicode)
Wisconsin ပြည်နယ် ဘီယာစက်ရုံ ပစ်ခတ်မှု ထိခိုက်သေဆုံးမှု များပြား

အမေရိကန် ပြည်ထောင်စု Wisconsin ပြည်နယ် Milwaukee မြို့က Molson Coors ဘီယာစက်ရုံမှာ လူအစုလိုက်အပြုံလိုက် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု များပြားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Milwaukee Journal Sentinel ကတော့ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး၊ သေနတ်သမားကတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားကြောင်း ဖော်ပြပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘီယာစက်ရုံကို ပိတ်ဆို့တားဆီးထားကြောင်း ပြောဆိုခဲ့တာပါ။

ပစ်ခတ်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ မြို့တော်ဝန် Tom Barrett ကတော့ ထိတ်လန့်စရာကောင်းတဲ့ ဖြစ်ရပ်အဖြစ်နဲ့ ပြောဆိုခဲ့ပါတယ်။ Molson Coors ဝန်းထဲမှာတော့ ဘီယာစက်ရုံအပြင် ရုံးခန်းတွေနဲ့ ခရီးသွားလုပ်ငန်း တခုလည်း ရှိပါတယ်။

XS
SM
MD
LG