သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ သာသနာျပဳတခ်ိဳ႕ ေဟတီမွာ ျပန္ေပးဆဲြခံရ


ေဟတီၿမိဳ႕ေတာ္ Port-au-Prince ရွိ အေမရိကန္သံ႐ုံး။ (ဇူလုိင္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ကေလးငယ္ေတြ အပါအဝင္ အေမရိကန္ သာသနာျပဳအဖြဲ႔ဝင္ ၁၇ ဦးဟာ ေဟတီမွာ လူဆိုးဂိုဏ္းတဂိုဏ္းရဲ႕ ျပန္ေပးဆြဲတာ ခံခဲ့ရတယ္လို႔ ဒီျဖစ္ရပ္ကိုသိတဲ့ ဘာသာေရးအဖြဲ႔တဖြဲ႔က အသံနဲ႔ မက္ေဆ့ခ်္ပို႔ခဲ့ပါတယ္။

Ohio ျပည္နယ္အေျခစိုက္ ခရစ္ယာန္ေထာက္ပံ့ေရးအဖြဲ႔ Christian Aid Ministries က တျခားသာသနာျပဳအဖြဲ႔ေတြကို မက္ေဆ့ခ်္ပို႔ၿပီး ဒီ ၁၇ ဦးဟာ ေဟတီမွာ မိဘမဲ့ေဂဟာဖြင့္ဖို႔ လုပ္ေပးေနၾကတာျဖစ္ေၾကာင္း၊ အခုသတင္းပို႔တာဟာ ျပန္ေပးသမားေတြ ေနာင္တရေအာင္ အထူးဆုေတာင္းေပးဖို႔ ျဖစ္ေၾကာင္း ေျပာပါတယ္။

သာသနာျပဳအဖြဲ႔က ေဟတီတာဝန္ခံနဲ႔ သူ႔မိသားစုအျပင္ အဲဒီ သာသနာျပဳစခန္းမွာေနတဲ့ တျခား အမည္မသိ အမ်ိဳးသားတဦးကိုေရာ အဲဒီမိဘမဲ့ေဂဟာကို လာလည္သူေတြကိုပါ ျပန္ေပးဆြဲသြားတာျဖစ္ေၾကာင္း သတင္းေပးထားတာ ျဖစ္ပါတယ္။

အေမရိကန္ အရာရွိေတြကေတာ့ အခုလို ျပန္ေပးဆြဲတာကို သူတို႔သိထားေၾကာင္းနဲ႔ ျပည္ပေရာက္ အေမရိကန္ ႏုိင္ငံသားေတြရဲ႕ လံုၿခံဳေရးဟာ အျမင့္ဆံုး ဦးစားေပးအခ်က္ေတြထဲပါေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက ေျပာေပမယ့္ မွတ္ခ်က္တစံုတရာေတာ့ မေပးပါဘူး။

ဒီျပန္ေပးဆဲြမႈဟာ အေမရိကန္ အဆင့္ျမင့္အရာရွိႀကီးတဦး ေဟတီကိုသြားေရာက္ၿပီး ရက္ပိုင္းအတြင္းမွာ ျဖစ္ပြါးခဲ့တာပါ။ အေမရိကန္ လူ႔အခြင့္ေရးဆိုင္ရာ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး Uzra Zeya ေဟတီကို သြားေရာက္ခဲ့ၿပီး ေဟတီမွာ ဂိုဏ္းေတြရဲ႕ အၾကမ္းဖက္မႈေတြ ေလ်ာ့သြားေအာင္ ေဟတီရဲေတြကို အကူအညီအျဖစ္ အေမရိကန္အစိုးရက ေနာက္ထပ္ ေဒၚလာ ၁၅ သန္းထပ္ေပးဖို႔ ကတိျပဳခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အမေရိကန် သာသနာပြုတချို့ ဟေတီမှာ ပြန်ပေးဆွဲခံရ

ကလေးငယ်တွေ အပါအဝင် အမေရိကန် သာသနာပြုအဖွဲ့ဝင် ၁၇ ဦးဟာ ဟေတီမှာ လူဆိုးဂိုဏ်းတဂိုဏ်းရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရတယ်လို့ ဒီဖြစ်ရပ်ကိုသိတဲ့ ဘာသာရေးအဖွဲ့တဖွဲ့က အသံနဲ့ မက်ဆေ့ချ်ပို့ခဲ့ပါတယ်။

Ohio ပြည်နယ်အခြေစိုက် ခရစ်ယာန်ထောက်ပံ့ရေးအဖွဲ့ Christian Aid Ministries က တခြားသာသနာပြုအဖွဲ့တွေကို မက်ဆေ့ချ်ပို့ပြီး ဒီ ၁၇ ဦးဟာ ဟေတီမှာ မိဘမဲ့ဂေဟာဖွင့်ဖို့ လုပ်ပေးနေကြတာဖြစ်ကြောင်း၊ အခုသတင်းပို့တာဟာ ပြန်ပေးသမားတွေ နောင်တရအောင် အထူးဆုတောင်းပေးဖို့ ဖြစ်ကြောင်း ပြောပါတယ်။

သာသနာပြုအဖွဲ့က ဟေတီတာဝန်ခံနဲ့ သူ့မိသားစုအပြင် အဲဒီ သာသနာပြုစခန်းမှာနေတဲ့ တခြား အမည်မသိ အမျိုးသားတဦးကိုရော အဲဒီမိဘမဲ့ဂေဟာကို လာလည်သူတွေကိုပါ ပြန်ပေးဆွဲသွားတာဖြစ်ကြောင်း သတင်းပေးထားတာ ဖြစ်ပါတယ်။

အမေရိကန် အရာရှိတွေကတော့ အခုလို ပြန်ပေးဆွဲတာကို သူတို့သိထားကြောင်းနဲ့ ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေရဲ့ လုံခြုံရေးဟာ အမြင့်ဆုံး ဦးစားပေးအချက်တွေထဲပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပေမယ့် မှတ်ချက်တစုံတရာတော့ မပေးပါဘူး။

ဒီပြန်ပေးဆွဲမှုဟာ အမေရိကန် အဆင့်မြင့်အရာရှိကြီးတဦး ဟေတီကိုသွားရောက်ပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပွါးခဲ့တာပါ။ အမေရိကန် လူ့အခွင့်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ဟေတီကို သွားရောက်ခဲ့ပြီး ဟေတီမှာ ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေ လျော့သွားအောင် ဟေတီရဲတွေကို အကူအညီအဖြစ် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၁၅ သန်းထပ်ပေးဖို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG