သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jeddah ဆွေးနွေးပွဲ ရုရှားကိုထိုးနှက်မှု (ယူကရိန်း)


ယူကရိန်းအရေးဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ်ဒါမြို့ကိုရောက်လာကြတဲ့ အမေရိကန်နဲ့တရုတ်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်များ။ (သြဂုတ် ၆၊ ၂၀၂၃/ရိုက်တာ)
ယူကရိန်းအရေးဆွေးနွေးဖို့ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ်ဒါမြို့ကိုရောက်လာကြတဲ့ အမေရိကန်နဲ့တရုတ်အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်များ။ (သြဂုတ် ၆၊ ၂၀၂၃/ရိုက်တာ)

ဆော်ဒီအာရေဗျနိုင်ငံ Jeddah (ဂျဒ်ဒါ) မြို့မှာ ဒီသီတင်းပတ်ကုန်ကကျင်းပခဲ့တဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်တဲ့နိုင်ငံအားလုံးက နောက်ဆက်တွဲ ထပ်မံတွေ့ဆုံဖို့သဘောတူညီခဲ့ကြပြီး ဒါဟာ ရုရှားနိုင်ငံအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ကြောင်း ယူကရိန်းသမ္မတရုံးအကြီးအကဲ Andriy Yermak က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Jeddah ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့နိုင်ငံအားလုံးက ယူကရိန်းလွတ်လပ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို အပြည့်အဝထောက်ခံကြောင်းနဲ့အစည်းအဝေးမှာ ယူကရိန်းကချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပဲ ဆွေးနွေးခဲ့တယ်လို့ Yermak က ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းဘက်က အဆိုပြုထားတဲ့ ရုရှားတပ်တွေဆုတ်ခွာရေးနဲ့ ယူကရိန်းပိုင်နက်အားလုံးကို ပြန်လည်ပေးအပ်ရေး တောင်းဆိုချက်အပါအဝင် အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဥ်ကိုတော့ တက်ရောက်တဲ့နိုင်ငံအားလုံးသဘောတူညီဖို့ ညှိမရခဲ့ဘူးဆိုတာ သူက ဝန်ခံပါတယ်။

လာမယ့် တလ၊ တလခွဲအတွင်း နောက်ထပ်အစည်းအဝေး တခုကျင်းပမှာဖြစ်ပြီး အဲဒါပြီးရင် နိုင်ငံ့ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးကျင်းပမယ် " လို့ Yermak က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှစ်ရက်ကြာ Jeddah ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးမှာ နိုင်ငံပေါင်း ၄၂ နိုင်ငံက အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြပြီး ရုရှားကိုတော့ ဖိတ်ကြားခြင်း မရှိပါဘူး။

ဒီဆွေးနွေးပွဲကို ရုရှားနဲ့နီးစပ်တဲ့ BRICS လို့ ခေါ် တဲ့ ထွန်းသစ်စ ကမ္ဘာ့စီးပွားနိုင်ငံတွေထဲက ဘရာဇီး၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပြီး "စစ်မှန်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ဖို့ ရုရှားအပါအဝင် နိုင်ငံအားလုံး ပါဝင်ရမယ်" လို့ ဘရားဇီးကိုယ်စားလှယ်အဖွဲ့က ပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားဘက်ကတော့ ဆော်ဒီက အစည်းအဝေးပွဲကို ပြစ်တင်ရှုတ်ချခဲ့ပြီး “နည်းနည်းလေးမှ အကျိုးမရှိဘူး” လို့ ဆိုပါတယ်။ တရုတ်နိင်ငံခြားရေး ဝန်ကြီး ဝမ်ယီကတော့ သီးခြားအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovနဲ့ ဖုန်းဆက် စကားပြောရာမှာ ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်မှာ တရုတ်အနေနဲ့ လွတ်လပ်ပြီး သမာသမတ်ကျတဲ့ ရပ်တည်ချက်ကို ဆက်လက် လက်ကိုင်ထားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG