သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဥပဒေသစ်ကြောင့် မြန်မာစာနာမှုလုပ်ငန်းတွေ ထိခိုက်မှာ ကန်လွှတ်တော်အမတ်တချို့ သတိပေး


မှတ်တမ်းရုပ်ပုံ - အမေရိကန် အထက်လွှတ်တော် အမတ် Edward Markey ဘော့စတွန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ။ သြဂုတ် ၂၆၊ ၂၀၁၉။
မှတ်တမ်းရုပ်ပုံ - အမေရိကန် အထက်လွှတ်တော် အမတ် Edward Markey ဘော့စတွန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ။ သြဂုတ် ၂၆၊ ၂၀၁၉။

(Zawgyi/ Unicode)

ထိုင်းနိုင်ငံမှာ အသစ်ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ NGO အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ ဆိုင်ရာ ဥပဒေအသစ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ခြိမ်းခြောက်နေပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အတွက် ဆိုးကျိုးတွေ သက်ရောက်နိုင်တဲ့အတွက် အစိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ အပေါ် ဖြေရှင်းဆောင်ရွက်ဖို့ အမေရိကန် အထက်လွှတ်တော် အရှေ့တောင် အာရှနဲ့ ပစိဖိတ် ဒေသ ဆပ်ကော်မတီ ဥက္ကဌ အထက်လွှတ်တော်အမတ် Edward J Markey နဲ့ အထက်လွှတ်တော်အမတ် Jeffrey A.Merkley တို့ ဦးဆောင်ပြီး အထက်လွှတ်တော် အမတ်တချို့က ထိုင်းအစိုးရနဲ့ အမေရိကန် အစိုးရကို အင်္ဂါနေ့မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဥပဒေကြမ်းအရ ပရဟိတ အဖွဲ့အစည်းတွေ ထိုင်းအစိုးရထံမှာ မှတ်ပုံတင်ရမှာဖြစ်ပြီး နှစ်စဉ် ဝင်ငွေနဲ့ သုံးစွဲမှုတွေကို တင်ပြရမှာဖြစ်သလို၊ စာရင်းစစ်တာ၊ အခွန်ပေးဆောင်တာတွေလည်း လုပ်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်အထိ အပြစ်ပေးခံရနိုင်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ တရားရုံးအမိန့်မလိုဘဲ အဖွဲ့အစည်းတွေကို အချိန်မရွေး ဝင်ရောက်ရှာဖွေခွင့်၊ အီလက်ထရောနစ် ဆက်သွယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းခွင့်လည်း ရှိမှာဖြစ်ပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေရဲ့ စာထဲမှာတော့ ထိုင်းနိုင်ငံမှာ ဥပဒေသစ်ကို ပြဌာန်းလိုက်မယ်ဆိုရင် အာရှတိုက်မှာ အတင်းကျပ်ဆုံး NGO ဥပဒေ ဖြစ်လာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဆိုးရွားလာတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း တွေကို ဖြေရှင်းဆောင်ရွက်ကြဖို့ ထိုင်းအစိုးရနဲ့ အမေရိကန် အစိုးရ တွေကို အထက်အလွှတ်တော် အမတ်တွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၁၄ ဒသမ ၄ သန်းလောက်ဟာ လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အကူတွေ လိုအပ်နေပြီး အဲဒီ အထဲက အများစုဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေထဲမှာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မြန်မာစစ်တပ်ရဲ့ လူသားချင်းစားနာမှု အထောက်အပံ့တွေ အပေါ် နိုင်ငံရေးအမြင်နဲ့ ပိတ်ပင်တားမြစ်မှု တွေကြောင့် အထောက်အပံ့တွေဟာ လိုအပ်သူတွေထံကို ရောက်ဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့ရေးဟာ အဓိက ထောက်ပံ့ရေး လမ်းကြောင်းဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံဘက်က ဒုက္ခသည် တွေထံ အကူအညီတွေ ရောက်ရှိနိုင်ဖို့ ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေထံကို အမေရိကန် အထက်လွှတ်တော် အမတ်တွေက စာရေးသား ထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG