သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္- အာဆီယံ ဆက္ဆံေရး ေအးစက္လာသလား


အင္ဒို-ပစိဖိတ္ေဒသ အနာဂတ္ ႀကီးပြားတိုးတက္ေရး အေမရိကန္ရဲ႕ ကတိကဝတ္ျပဳမႈဆိုင္ရာ စာတမ္းတစ္ေစာင္ကို ထုတ္ျပန္ခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ သမၼတထရမ့္ရဲ႕အစိုးရက အေရွ႕ေတာင္အာရွမွာ ျပဳလုပ္တဲ့ အာဆီယံ ထိပ္သီး အစည္းအေဝးကို အဆင့္နိမ့္ ကိုယ္စားလွယ္ အဖြဲ႕ တဖြဲ႕ကိုသာ ေစလႊတ္ခဲ့ပါတယ္။ ေဒသတြင္းကိစၥေတြမွာ အေမရိကန္တို႔ ပါဝင္ပတ္သက္လိုစိတ္ နည္းပါးသြားမလား ဆိုတဲ့ စိုးရိမ္ ပူပန္မႈ ေတြ ထြက္ေပၚလာေစခဲ့ပါတယ္။ ဒီအေၾကာင္း အိမ္ျဖဴေတာ္ သတင္းေထာင္ Patsy Widakuswara ရဲ႕ သတင္းေပးပို႔ခ်က္ကို ကိုရဲမင္းထြန္း တင္ျပထားပါတယ္။

သမၼတ ထရမ့္ရဲ႕ အစိုးရဟာ အင္ဒို-ပစိဖိတ္ကို ထိပ္တန္း ဦးစားေပး အဆင့္မွာ ထားတယ္လို႔ အင္ဒို-ပစိဖိတ္ အနာဂတ္ ႀကီးပြားတိုးတက္ေရး ဆိုင္ရာ အစီရင္ခံစာမွာ ေဖာ္ျပပါရွိခဲ့ပါတယ္။ ဒါေပမဲ့ သမၼတ ထရမ့္ဟာ ဒီ တပတ္ထဲ က်င္းပတဲ့ အေရွ႕အာရွနဲ႔ အာဆီယံ ထိပ္သီး အစည္း အေဝးကို သူကိုယ္တိုင္ မတက္ေရာက္တဲ့အျပင္ ဒုတိယ သမၼတကိုလည္း မေစလႊတ္သလို ႏိုင္ငံျခားေရးဝန္ႀကီးကိုလည္း မေစလႊတ္ခဲ့ပါဘူး။

သံတမန္က်င့္စဥ္အရ အေရွ႕ေတာင္ အာရွ ေခါင္းေဆာင္ေတြကလည္း အေမရိကန္-အာဆီယံ အစည္းအေဝးကို ကိုယ္တိုင္ မတက္ေရာက္ဘဲ အေမရိကန္ အမ်ိဳးသား လုံၿခံေရး အႀကံေပး Robert O’Brien ကိုေတြ႕ဆုံဖို႔ သူတို႔ ႏိုင္ငံျခားေရး ဝန္ႀကီးေတြကိုသာ ေစလႊတ္ခဲ့ၾကပါတယ္။ O’Brien ဟာ ဒီႏွစ္ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲအတြက္ သမၼတ ထရမ့္ရဲ႕ အထူးကိုယ္စားလွယ္ပါ။

" သူ႔စာထဲမွာ ေရးထားသလိုပါပဲ သံမဏိလို ခိုင္မာတဲ့ အေမရိကန္ေတြရဲ႕ ကတိကဝတ္ျပဳခ်က္ေတြ အေျပာနဲ႔အလုပ္ ညီညီ ျဖည့္ဆည္းေပး မယ္ဆိုတာကို ကြၽန္ေတာ္တို႔ရဲ႕ မိတ္ေဆြ မဟာမိတ္ေတြနဲ႔ အာဆီယံ လုပ္ေဖာ္ကိုင္ဖက္ေတြကို သမၼတ ထရမ့္က အာမခံခ်င္ပါတယ္။"

အေမရိကန္ႏိုင္ငံမွာ ေနာက္ႏွစ္ လုပ္မယ့္ အေမရိကန္-အာဆီယံ ထိပ္သီး အစည္းအေဝးတက္ဖို႔ သမၼတ ထရမ့္ရဲ႕ ဖိတ္ၾကားခ်က္ကို ထရမ့္ ကိုယ္စား O’Brien က အာဆီယံ ေခါင္းေဆာင္ေတြကို ေပးအပ္ခဲ့ပါတယ္။ Brian Harding ဟာ ဝါရွင္တန္ အေျခစိုက္ ႏိုင္ငံတကာနဲ႔ မဟာဗ်ဴဟာ ေလ့လာေရးဌာန (CSIS) က သုေတသီပါ။ ဖိတ္ၾကားစာအေပၚ သူ႔ရဲ႕ အျမင္ကို အခုလို ေျပာပါတယ္။

" ဒီ ဖိတ္ၾကားခ်က္ကို အာဆီယံ ေခါင္းေဆာင္ေတြ အေလထား စဥ္းစားမွာ ေသခ်ာပါတယ္။ အေမရိကန္ဘက္က နက္နက္နဲနဲ ထိေတြ႕ဆက္ဆံ ဖို႔ စိတ္ဝင္စားမႈ ရွိေနသလို အာဆီယံဘက္ကလည္း သူတို႔ အားလုံးေပါင္းၿပီး အေမရိကန္ကို လာေရာက္ဖို႔ စိတ္ဝင္စားေနပါတယ္။"

ေဝဖန္သူေတြကေတာ့ အေမရိကန္ ဘက္က လစ္ဟာေနတာေတြ ရွိေနတယ္လို႔ ေျပာပါတယ္။ ဥပမာ လြတ္လပ္တဲ့ ကုန္သြယ္ေရး သေဘာတူ ညီခ်က္ ရရွိဖို႔ မႀကိဳးစားတာလိုမ်ိဳးပါ။ တ႐ုတ္ႏိုင္ငံက အဲဒီနယ္ပယ္မွာ အေတာ္ေလး အုပ္စီးလာေနၿပီ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံက ဦးေဆာင္ ေနတဲ့ ေဒသတြင္း အလုံးစုံ စီးပြားေရး လက္တြဲဖက္ RCEP ဆိုတဲ့ သေဘာတူညီခ်က္ကို ထိပ္သီး အစည္းအေဝးမွာ ေဆြးေႏြးခဲ့ၿပီး ေနာက္ႏွစ္ မွာ စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ အေကာင္အထည္ေဖာ္ျဖစ္မယ္ဆိုရင္ ကမာၻ႔တစ္ဝွမ္း ဂ်ီဒီပီရဲ႕ သုံးပုံတစ္ပုံနဲ႔ ကမာၻ႔လူဦးေရ တစ္ဝက္နီးပါး အက်ဳံးဝင္မွာ ျဖစ္ပါတယ္။

တ႐ုတ္ ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး Le Cheung က ဒီ သေဘာတူညီခ်က္ဟာ ေဒသတြင္း စီးပြားေရး ေပါင္းစည္းမႈကို ျမင့္တက္ေစမွာ ျဖစ္သလို အထူးသျဖင့္ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမ်ားလာေစလိမ့္မယ္လို႔ ေျပာပါတယ္။

ေဒသတြင္းက ႏိုင္ငံေပါင္းစုံ သေဘာတူညီခ်က္တစ္ခုျဖစ္တဲ့ ပစိဖိတ္ျဖတ္ေက်ာ္ ေပါင္းေဖာ္ဖက္ Comprehensive and Progressive Agreement for Trans-Pacific Partnership စာခ်ဳပ္မွာလည္း အေမရိကန္တို႔ မပါပါဘူး။ ထရမ့္အစိုးရက ႏွစ္ႏိုင္ငံၾကား သေဘာတူညီခ်က္ ေတြကိုသာ လိုလားေနၿပီး ေဒသဆိုင္ရာ ဘာ သေဘာတူညီခ်က္ကိုမွ လက္မွတ္ေရးထိုး မထားေသးပါဘူး။ CSIS က Brian Harding က သမၼတထရမ့္ ႏွစ္သက္လိုလားတဲ့ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္စာခ်ဳပ္ေတြရဲ႕အေျခအေနကို အခုလို ေျပာပါတယ္။

" ဂ်ပန္ႏိုင္ငံက ႏွစ္ႏိုင္ငံၾကား သေဘာတူညီခ်က္ရဖို႔ ေႏွးႏိုင္သမွ် ေႏွးေအာင္ လုပ္ေနတယ္။ ဗီယက္နမ္နဲ႔လည္း ျဖစ္ႏိုင္ေပမဲ့ စိတ္ဝင္စားမႈက မရွိဘူး။ ဖိလစ္ပိုင္ကလည္း စိတ္မဝင္စားဘူး။ အေမရိကန္ေတြ သူတို႔ရဲ႕ မဟာမိတ္ေတြျဖစ္တဲ့ ကေနဒါ၊ မကၠဆီကို၊ ဥေရာပနဲ႔ ကိုရီးယားကို ဘယ္လို႔ ျပဳမူ ဆက္ဆံေနသလဲ ဆိုတာကို ၾကည့္ေနၾကတယ္။"

ဒီလို ေဒသတြင္း သေဘာတူညီခ်က္ေတြ အေမရိကန္တို႔ မရယူဘဲ ေနတဲ့တစ္ခ်ိန္တည္းမွာပဲ တ႐ုတ္-အေမရိကန္ ကုယ္သြယ္စစ္ကိုလည္း အာဆီယံ ေခါင္းေဆာင္ေတြ စိတ္ပူေနၾကပါတယ္။ မေလးရွား ဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္က အေမရိကန္ သမၼတသက္တမ္းက ၂ ႀကိမ္ပဲ ရွိတာမို႔ ေနာက္တစ္ႀကိမ္ ထရမ့္ႏိုင္မယ္ဆိုလည္း အဆိုးဆုံး ေနာက္ထပ္ ငါးႏွစ္ ဆက္ျဖစ္႐ုံပဲ ရွိမွာပါလို႔ သူ႔ရဲ႕ အျမင္ကို ခပ္ၾကမ္းၾကမ္း ေျပာသြားေၾကာင္းပါ။

(Unicode)

ကန်- အာဆီယံ ဆက်ဆံရေး အေးစက်လာသလား

အင်ဒို-ပစိဖိတ်ဒေသ အနာဂတ် ကြီးပွားတိုးတက်ရေး အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုဆိုင်ရာ စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သမ္မတထရမ့်ရဲ့အစိုးရက အရှေ့တောင်အာရှမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို အဆင့်နိမ့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကိုသာ စေလွှတ်ခဲ့ပါတယ်။ ဒေသတွင်းကိစ္စတွေမှာ အမေရိကန်တို့ ပါဝင်ပတ်သက်လိုစိတ် နည်းပါးသွားမလား ဆိုတဲ့ စိုးရိမ် ပူပန်မှု တွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒီအကြောင်း အိမ်ဖြူတော် သတင်းထောင် Patsy Widakuswara ရဲ့ သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်း တင်ပြထားပါတယ်။

သမ္မတ ထရမ့်ရဲ့ အစိုးရဟာ အင်ဒို-ပစိဖိတ်ကို ထိပ်တန်း ဦးစားပေး အဆင့်မှာ ထားတယ်လို့ အင်ဒို-ပစိဖိတ် အနာဂတ် ကြီးပွားတိုးတက်ရေး ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ဟာ ဒီ တပတ်ထဲ ကျင်းပတဲ့ အရှေ့အာရှနဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးကို သူကိုယ်တိုင် မတက်ရောက်တဲ့အပြင် ဒုတိယ သမ္မတကိုလည်း မစေလွှတ်သလို နိုင်ငံခြားရေးဝန်ကြီးကိုလည်း မစေလွှတ်ခဲ့ပါဘူး။

သံတမန်ကျင့်စဉ်အရ အရှေ့တောင် အာရှ ခေါင်းဆောင်တွေကလည်း အမေရိကန်-အာဆီယံ အစည်းအဝေးကို ကိုယ်တိုင် မတက်ရောက်ဘဲ အမေရိကန် အမျိုးသား လုံခြံရေး အကြံပေး Robert O’Brien ကိုတွေ့ဆုံဖို့ သူတို့ နိုင်ငံခြားရေး ဝန်ကြီးတွေကိုသာ စေလွှတ်ခဲ့ကြပါတယ်။ O’Brien ဟာ ဒီနှစ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွက် သမ္မတ ထရမ့်ရဲ့ အထူးကိုယ်စားလှယ်ပါ။

" သူ့စာထဲမှာ ရေးထားသလိုပါပဲ သံမဏိလို ခိုင်မာတဲ့ အမေရိကန်တွေရဲ့ ကတိကဝတ်ပြုချက်တွေ အပြောနဲ့အလုပ် ညီညီ ဖြည့်ဆည်းပေး မယ်ဆိုတာကို ကျွန်တော်တို့ရဲ့ မိတ်ဆွေ မဟာမိတ်တွေနဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေကို သမ္မတ ထရမ့်က အာမခံချင်ပါတယ်။"

အမေရိကန်နိုင်ငံမှာ နောက်နှစ် လုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးတက်ဖို့ သမ္မတ ထရမ့်ရဲ့ ဖိတ်ကြားချက်ကို ထရမ့် ကိုယ်စား O’Brien က အာဆီယံ ခေါင်းဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။ Brian Harding ဟာ ဝါရှင်တန် အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေးဌာန (CSIS) က သုတေသီပါ။ ဖိတ်ကြားစာအပေါ် သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

" ဒီ ဖိတ်ကြားချက်ကို အာဆီယံ ခေါင်းဆောင်တွေ အလေထား စဉ်းစားမှာ သေချာပါတယ်။ အမေရိကန်ဘက်က နက်နက်နဲနဲ ထိတွေ့ဆက်ဆံ ဖို့ စိတ်ဝင်စားမှု ရှိနေသလို အာဆီယံဘက်ကလည်း သူတို့ အားလုံးပေါင်းပြီး အမေရိကန်ကို လာရောက်ဖို့ စိတ်ဝင်စားနေပါတယ်။"

ဝေဖန်သူတွေကတော့ အမေရိကန် ဘက်က လစ်ဟာနေတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဥပမာ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူ ညီချက် ရရှိဖို့ မကြိုးစားတာလိုမျိုးပါ။ တရုတ်နိုင်ငံက အဲဒီနယ်ပယ်မှာ အတော်လေး အုပ်စီးလာနေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဦးဆောင် နေတဲ့ ဒေသတွင်း အလုံးစုံ စီးပွားရေး လက်တွဲဖက် RCEP ဆိုတဲ့ သဘောတူညီချက်ကို ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး နောက်နှစ် မှာ စတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင် ကမ္ဘာ့တစ်ဝှမ်း ဂျီဒီပီရဲ့ သုံးပုံတစ်ပုံနဲ့ ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါး အကျုံးဝင်မှာ ဖြစ်ပါတယ်။

တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Le Cheung က ဒီ သဘောတူညီချက်ဟာ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုကို မြင့်တက်စေမှာ ဖြစ်သလို အထူးသဖြင့် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာစေလိမ့်မယ်လို့ ပြောပါတယ်။

ဒေသတွင်းက နိုင်ငံပေါင်းစုံ သဘောတူညီချက်တစ်ခုဖြစ်တဲ့ ပစိဖိတ်ဖြတ်ကျော် ပေါင်းဖော်ဖက် Comprehensive and Progressive Agreement for Trans-Pacific Partnership စာချုပ်မှာလည်း အမေရိကန်တို့ မပါပါဘူး။ ထရမ့်အစိုးရက နှစ်နိုင်ငံကြား သဘောတူညီချက် တွေကိုသာ လိုလားနေပြီး ဒေသဆိုင်ရာ ဘာ သဘောတူညီချက်ကိုမှ လက်မှတ်ရေးထိုး မထားသေးပါဘူး။ CSIS က Brian Harding က သမ္မတထရမ့် နှစ်သက်လိုလားတဲ့ နှစ်နိုင်ငံ သဘောတူညီချက်စာချုပ်တွေရဲ့အခြေအနေကို အခုလို ပြောပါတယ်။

" ဂျပန်နိုင်ငံက နှစ်နိုင်ငံကြား သဘောတူညီချက်ရဖို့ နှေးနိုင်သမျှ နှေးအောင် လုပ်နေတယ်။ ဗီယက်နမ်နဲ့လည်း ဖြစ်နိုင်ပေမဲ့ စိတ်ဝင်စားမှုက မရှိဘူး။ ဖိလစ်ပိုင်ကလည်း စိတ်မဝင်စားဘူး။ အမေရိကန်တွေ သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကို၊ ဥရောပနဲ့ ကိုရီးယားကို ဘယ်လို့ ပြုမူ ဆက်ဆံနေသလဲ ဆိုတာကို ကြည့်နေကြတယ်။"

ဒီလို ဒေသတွင်း သဘောတူညီချက်တွေ အမေရိကန်တို့ မရယူဘဲ နေတဲ့တစ်ချိန်တည်းမှာပဲ တရုတ်-အမေရိကန် ကုယ်သွယ်စစ်ကိုလည်း အာဆီယံ ခေါင်းဆောင်တွေ စိတ်ပူနေကြပါတယ်။ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က အမေရိကန် သမ္မတသက်တမ်းက ၂ ကြိမ်ပဲ ရှိတာမို့ နောက်တစ်ကြိမ် ထရမ့်နိုင်မယ်ဆိုလည်း အဆိုးဆုံး နောက်ထပ် ငါးနှစ် ဆက်ဖြစ်ရုံပဲ ရှိမှာပါလို့ သူ့ရဲ့ အမြင်ကို ခပ်ကြမ်းကြမ်း ပြောသွားကြောင်းပါ။

ကန္- အာဆီယံ ဆက္ဆံေရး ေအးစက္လာသလား
please wait

No media source currently available

0:00 0:00:36 0:00
တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG