သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက်နှစ်ဦး လွှတ်မြောက်မှု ကန်သမ္မတအိမ်ဖြူတော် ကြိုဆို


နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇နှစ် ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာတဲ့အပေါ် အမေရိကန် သမ္မတ အိမ်ဖြူတော်က ကြိုဆိုလိုက်ပါတယ်။

၂၀၁၇ ဒီဇင်ဘာလ ကတည်းက ရက်ပါင်း ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီးနောက် မိသားစုနဲ့ ပြန်လည် ဆုံဆည်းခွင့်ရခဲ့တဲ့အပေါ် ဝမ်းမြောက်မိကြောင်း အိမ်ဖြူတော် ကြေညာချက်က ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံက ဖမ်းဆီးခံ တခြားသတင်းသမားတွေလည်း အလားတူ လွတ်မြောက်လာဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုထားတာပါ။

မနေ့တုန်းကပဲ အမေရိကန် ဒုတိယသမ္မတ Mike Pence က သတင်းအလုပ်လုပ်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းထောက် ၂ ယောက် လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ပြောဆိုလိုက်သလို၊ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း သတင်းထောက်တွေကို လွှတ်ပေးတဲ့အပေါ် ကြိုဆိုခဲ့ပေမဲ့ ကျန်နေသေးတဲ့ ဖမ်းဆီးခံ သတင်းသမားတွေကို လွှတ်ပေးဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ပိုမိုရရှိဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းယူနေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက်သတင်း အချက်အလက်တွေကို ဥပဒေနဲ့ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းထောက် ၂ ယောက် လွတ်မြောက်လာတဲ့ အပေါ်မှာတော့ အမေရိကန်သာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကလည်း ကြိုဆိုခဲ့ကြပေမဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတာကိုလည်း သတိပေးခဲ့ကြပါတယ်။

မြန်မာသတင်းထောက်နှစ်ဦး လွှတ်မြောက်မှု ကန်သမ္မတအိမ်ဖြူတော် ကြိုဆို
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG