သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ-အေမရိကန္ထိပ္သီးအစည္းအေဝး ေ႐ႊ႕ဆိုင္းထား


US ASEAN

[[Zawgyi/Unicode]]

ဒီလေႏွာင္းပိုင္းမွာက်င္းပမယ္လို႔ အေမရိကန္ဘက္က ေၾကညာထားတဲ့ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝကို ေ႐ႊ႕ဆိုင္းထားတဲ့အေၾကာင္းနဲ႔ က်င္းပမယ့္ရက္ကို ညႇိႏႈိင္းသြားမယ့္အေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။

မတ္လ ၂၈ ရက္နဲ႔ ၂၉ ရက္ေန႔ေတြမွာ ထိပ္သီးအစည္းအေဝး က်င္းပမယ္လို႔ အေမရိကန္ဘက္က ေၾကညာခဲ့ေပမယ့္ “အဲဒီရက္မွာ အာဆီယံေခါင္းေဆာင္တခ်ိဳ႕ အစည္းအေဝး မတက္ႏိုင္တဲ့အတြက္ ေ႐ႊ႕ဆိုင္းလိုက္တာျဖစ္တယ္” လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က ႐ိုက္တာသတင္းဌာနကို တယ္လီဖုန္းကတဆင့္ စာနဲ႔ (text message ပို႔ၿပီး) အေၾကာင္းျပန္ခဲ့တာပါ။ ကေမာၻဒီးယားႏိုင္ငံဟာ လက္ရွိ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးက်င္းပမယ့္ရက္ကို အာဆီယံနဲ႔ ႀကိဳတင္ညႇိႏႈိင္းတာမလုပ္ဘဲ အေမရိကန္ဘက္က ေၾကညာခဲ့တာျဖစ္တယ္ လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေျပာခဲ့ပါတယ္။

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးဟာ သမၼတ Joe Biden နဲ႔ အာဆီယံ ၁၀ ႏိုင္ငံက ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီး အစည္းအေဝးျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျမန္မာစစ္ေကာင္စီဘက္က ႏိုင္ငံေရးအရ ခန႔္ထားသူမဟုတ္တဲ့ တာဝန္ရွိသူတဦး တက္ေရာက္ဖို႔ ဖိတ္မယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန တာဝန္ရွိသူတဦးက ေျပာထားပါတယ္။ အဓိပၸါယ္ကေတာ့ တျခားအာဆီယံေခါင္းေဆာင္ေတြ တက္ေရာက္မယ့္ ဒီလို ထိပ္သီးအစည္းအေဝးမ်ိဳးကို စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခြင့္ မရဘူးဆိုတဲ့ သေဘာပါပဲ။ ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တုံ႔ျပန္ေျပာဆိုတာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်းထား

ဒီလနှောင်းပိုင်းမှာကျင်းပမယ်လို့ အမေရိကန်ဘက်က ကြေညာထားတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေကို ရွှေ့ဆိုင်းထားတဲ့အကြောင်းနဲ့ ကျင်းပမယ့်ရက်ကို ညှိနှိုင်းသွားမယ့်အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ထိပ်သီးအစည်းအဝေး ကျင်းပမယ်လို့ အမေရိကန်ဘက်က ကြေညာခဲ့ပေမယ့် “အဲဒီရက်မှာ အာဆီယံခေါင်းဆောင်တချို့ အစည်းအဝေး မတက်နိုင်တဲ့အတွက် ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်” လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကတဆင့် စာနဲ့ (text message ပို့ပြီး) အကြောင်းပြန်ခဲ့တာပါ။ ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးကျင်းပမယ့်ရက်ကို အာဆီယံနဲ့ ကြိုတင်ညှိနှိုင်းတာမလုပ်ဘဲ အမေရိကန်ဘက်က ကြေညာခဲ့တာဖြစ်တယ် လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောခဲ့ပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးဟာ သမ္မတ Joe Biden နဲ့ အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးအရ ခန့်ထားသူမဟုတ်တဲ့ တာဝန်ရှိသူတဦး တက်ရောက်ဖို့ ဖိတ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက ပြောထားပါတယ်။ အဓိပ္ပါယ်ကတော့ တခြားအာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် ဒီလို ထိပ်သီးအစည်းအဝေးမျိုးကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

=============

XS
SM
MD
LG