သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိႏွိပ္မႈေတြအတြက္ ျမန္မာစစ္အာဏာပိုင္ေတြ တာဝန္ခံမႈရွိေစဖို႔ ကန္ဘာသာေရးေကာ္မရွင္တိုက္တြန္း


ဇန္နဝါရီလ ၃၁၊ ၂၀၂၂ ခုႏွစ္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွာ ေရာက္ရွိေနတဲ့ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ (ဗဟို) နဲ႔ ယာယီသမၼတဦးျမင့္ေဆြ(ယာအစြန္)

[[Zawgyi/Unicode]]

စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဒီကေန႔ထိ အရပ္သား ၃,၀၀၀ ေလာက္ ေသဆုံးေစခဲ့ၿပီး ႏိုင္ငံတဝန္းက ေက်း႐ြာေတြ၊ ဘာသာေရးအေဆာက္အအုံေတြကို ဖ်က္ဆီးမႈေတြအတြက္ စစ္တပ္ဘက္က တာဝန္ယူ တာဝန္ခံမႈရွိလာေစေရး ႏိုင္ငံတကာကေဆာင္႐ြက္ၾကဖို႔ အေမရိကန္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ ေကာ္မရွင္ USCRIF က ဗုဒၶဟူးေန႔မွာ တိုက္တြန္းထားပါတယ္။

စစ္အာဏာသိမ္းမႈ ၂ ႏွစ္ျပည့္အျဖစ္ USCRIF က ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းတာ ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ ဘာသာေရးလြတ္လပ္ခြင့္နဲ႔ လူ႔အခြင့္အေရး အႀကီးအက်ယ္ ခ်ိဳးေဖာက္မႈေတြအတြက္ စစ္အာဏာသိမ္းၿပီးေနာက္ ၂ ႏွစ္ ၾကာလာခ်ိန္ထိ စစ္ေကာင္စီကို တရားဥပေဒေၾကာင္းအရ အေရးယူတာမေတြ႔ရေသးေၾကာင္း USCIRF ရဲ႕ ေကာ္မရွင္နာ Eric Ueland က ေျပာဆိုပါတယ္။ စစ္တပ္နဲ႔ ျမန္မာအာဏာပိုင္ေတြဘက္က တာဝန္ယူမႈ တာဝန္ခံမႈရွိလာေစေရး ႏိုင္ငံတကာရဲ႕ႀကိဳးပမ္းမႈေတြမွာ အေမရိကန္သမၼတ Joe Biden အစိုးရဘက္က ပိုၿပီး တက္တက္ႂကြႂကြ ပံ့ပိုးေဆာင္႐ြက္ဖို႔လည္း သူက တိုက္တြန္းပါတယ္။

အထူးသျဖင့္ ဘာသာေရးလြတ္လပ္ခြင့္ကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္မႈ တြက္ စစ္တပ္ ေခါင္းေဆာင္ေတြကို ပူးေပါင္းဒဏ္ခတ္မႈ ခ်မွတ္ေရးအပါအဝင္ သူတို႔ကိုဖယ္ရွားႏိုင္ေရး နည္းလမ္းေပါင္းစုံနဲ႔ ေဆာင္႐ြက္ဖို႔လည္း သူက တိုက္တြန္းထားပါတယ္။ အတိုက္အခံေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ၿဖိဳခြဲေနတဲ့စစ္ေကာင္စီဟာ လူနည္းစုတိုင္းရင္းသားေတြနဲ႔ ဘာသာေရး အရ လူနည္းစုျဖစ္ရသူေတြကို အထူး ပစ္မွတ္ထားတယ္လို႔လည္း ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

USCIRF က စစ္အာဏာသိမ္းခံရၿပီးေနာက္ ၂ ႏွစ္ၾကာ အတိဒုကၡ အႀကီးအက်ယ္ေရာက္ၾကရတဲ့ ျမန္မာလူထုနဲ႔ စည္းလုံးညီၫြတ္စြာရပ္တည္ေၾကာင္းလည္း ေကာ္မရွင္နာ Mohamed Magid ကလည္း ေၾကညာခ်က္မွာေျပာဆိုၿပီး စစ္တပ္ဘက္က တာဝန္ယူမႈ တာဝန္ခံမႈ ရွိလာေရး အေမရိကန္အစိုးရဘက္က ႏိုင္ငံတကာနဲ႔ ဆက္လက္ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ဖိနှိပ်မှုတွေအတွက် မြန်မာစစ်အာဏာပိုင်တွေ တာဝန်ခံမှုရှိစေဖို့ ကန်ဘာသာရေးကော်မရှင်တိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီကနေ့ထိ အရပ်သား ၃,၀၀၀ လောက် သေဆုံးစေခဲ့ပြီး နိုင်ငံတဝန်းက ကျေးရွာတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ဖျက်ဆီးမှုတွေအတွက် စစ်တပ်ဘက်က တာဝန်ယူ တာဝန်ခံမှုရှိလာစေရေး နိုင်ငံတကာကဆောင်ရွက်ကြဖို့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCRIF က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အဖြစ် USCRIF က ကြေညာချက်ထုတ်ပြန် တိုက်တွန်းတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ် ကြာလာချိန်ထိ စစ်ကောင်စီကို တရားဥပဒေကြောင်းအရ အရေးယူတာမတွေ့ရသေးကြောင်း USCIRF ရဲ့ ကော်မရှင်နာ Eric Ueland က ပြောဆိုပါတယ်။ စစ်တပ်နဲ့ မြန်မာအာဏာပိုင်တွေဘက်က တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေမှာ အမေရိကန်သမ္မတ Joe Biden အစိုးရဘက်က ပိုပြီး တက်တက်ကြွကြွ ပံ့ပိုးဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းပါတယ်။

အထူးသဖြင့် ဘာသာရေးလွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု တွက် စစ်တပ် ခေါင်းဆောင်တွေကို ပူးပေါင်းဒဏ်ခတ်မှု ချမှတ်ရေးအပါအဝင် သူတို့ကိုဖယ်ရှားနိုင်ရေး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ဖို့လည်း သူက တိုက်တွန်းထားပါတယ်။ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွဲနေတဲ့စစ်ကောင်စီဟာ လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာရေး အရ လူနည်းစုဖြစ်ရသူတွေကို အထူး ပစ်မှတ်ထားတယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားပါတယ်။

USCIRF က စစ်အာဏာသိမ်းခံရပြီးနောက် ၂ နှစ်ကြာ အတိဒုက္ခ အကြီးအကျယ်ရောက်ကြရတဲ့ မြန်မာလူထုနဲ့ စည်းလုံးညီညွတ်စွာရပ်တည်ကြောင်းလည်း ကော်မရှင်နာ Mohamed Magid ကလည်း ကြေညာချက်မှာပြောဆိုပြီး စစ်တပ်ဘက်က တာဝန်ယူမှု တာဝန်ခံမှု ရှိလာရေး အမေရိကန်အစိုးရဘက်က နိုင်ငံတကာနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG