သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ဘာသာေရးလြတ္လပ္ခြင့္ေကာ္မရွင္ ရုိဟင္ဂ်ာအေရး အြန္လုိင္းေဆြးေႏြးက်င္းပ


ကန္ ဘာသာေရးလြတ္လပ္ခြင့္ေကာ္မရွင္ ရုိဟင္ဂ်ာအေရး အြန္လုိင္းေဆြးေႏြးက်င္းပ (ဓါတ္ပံု- USCIRF)

(Zawgyi/Unicode)

အေမရိကန္ နိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ ေကာ္မရွင္ (USCIRF) က ျမန္မာနိုင္ငံက ရိုဟင္ဂ်ာေတြနဲ႔ ဘဂၤလားေဒ့ရွ္ ဒုကၡ သည္ စခန္းေတြမွာ ရွိေနတဲ့ ရိုဟင္ဂ်ာေတြရဲ့ လက္ရွိ အေျခအေနကို အြန္လိုင္းကေန မေန႔ ၾကာသပေတးေန႔က ေဆြးေႏြးခဲ့ပါတယ္။

ဒါ့ အျပင္ နိုင္ငံတကာ တရား႐ုံး (ICJ) မွာ ျမန္မာနိုင္ငံအေပၚ တရား စြဲဆိုထားတဲ့ ကိစၥကိုလည္း ေဆြးေႏြးခဲ့ပါတယ္။ အဲဒီ အြန္လိုင္းက ေဆြးေႏြးပြဲ ကို USCIRF ရဲ့ဒုတိယသဘာပတိ Anurima Bhargava နဲ႔ ေကာ္မရွင္နာ Nadine Maenza တို႔ ဦးေဆာင္ ေဆြးေႏြးတာ ျဖစ္ပါတယ္။ သူတို႔ နဲ႔အတူ အေမရိကန္ Holocaust အထိမ္းအမွတ္ ျပတိုက္ (USHMM)က လူမ်ိဳးတုန္း သတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဌာန ဒါရိုက္ တာ Naomi Kikoler နဲ႔ သုေတသီေဒၚ Wai Wai Nu တို႔အျပင္ ဗမာရိုဟင္ဂ်ာအဖြဲ႕အစည္း(UK)ဥကၠဌဦးထြန္းခင္ တို႔လည္း ပါဝင္ေဆြးေႏြးပါတယ္။

ဒီအစည္းအေဝးကေနတဆင့္ ရိုဟင္ဂ်ာ အက်ပ္အတည္း ေျဖရွင္းေရးနဲ႔ ျမန္မာ စစ္တပ္ ေခါင္းေဆာင္ေတြ တာဝန္ခံလာေစေရး အတြက္ အေမရိကန္ မူဝါဒ ခ်မွတ္ ေရးဆြဲသူေတြကို အႀကံျပဳ တိုက္တြန္းခ်က္ေတြ ဆက္လက္ ေပးအပ္သြားမွာ ျဖစ္ပါတယ္။

ဩဂုတ္လ ၂၅ ရက္ေန႔ကလည္း USCIRF က ရိုဟင္ဂ်ာ အက်ပ္အတည္း ၃ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ ေၾကညာခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီ ေၾကညာခ်က္မွာ ရိုဟင္ဂ်ာကိစၥ ျမန္မာ အစိုးရတာဝန္ယူလာေစေရးေဆာင္ရြက္ေပးဖို႔နဲ႔ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ကိစၥကို လူမ်ိဳးတုန္း သတ္ျဖတ္ မႈအျဖစ္ သတ္မွတ္ သုံးႏႈန္းေပးဖို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာနကို တိုက္တြန္း ထား ပါတယ္။

ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာ အစိုးရက ျမန္မာနိုင္ငံထဲ လူမ်ိဳးတုန္း သတ္ျဖတ္မႈ မရွိဘူးလို႔ ျငင္းဆို ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် ရိုဟင်ဂျာအရေး အွန်လိုင်းဆွေးနွေးကျင်းပ

(Unicode)

အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခ သည် စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေကို အွန်လိုင်းကနေ မနေ့ ကြာသပတေးနေ့က ဆွေးနွေးခဲ့ပါတယ်။ ဒါ့ အပြင် နိုင်ငံတကာ တရားရုံး (ICJ) မှာ မြန်မာနိုင်ငံအပေါ် တရား စွဲဆိုထားတဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီ အွန်လိုင်းက ဆွေးနွေးပွဲ ကို USCIRF ရဲ့ဒုတိယသဘာပတိ Anurima Bhargava နဲ့ ကော်မရှင်နာ Nadine Maenza တို့ ဦးဆောင် ဆွေးနွေးတာ ဖြစ်ပါတယ်။ သူတို့ နဲ့အတူ အမေရိကန် Holocaust အထိမ်းအမှတ် ပြတိုက် (USHMM)က လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဌာန ဒါရိုက် တာ Naomi Kikoler နဲ့ သုတေသီဒေါ် Wai Wai Nu တို့အပြင် ဗမာရိုဟင်ဂျာအဖွဲ့အစည်း(UK)ဥက္ကဌဦးထွန်းခင် တို့လည်း ပါဝင်ဆွေးနွေးပါတယ်။

ဒီအစည်းအဝေးကနေတဆင့် ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေးနဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်တွေ တာဝန်ခံလာစေရေး အတွက် အမေရိကန် မူဝါဒ ချမှတ် ရေးဆွဲသူတွေကို အကြံပြု တိုက်တွန်းချက်တွေ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့ကလည်း USCIRF က ရိုဟင်ဂျာ အကျပ်အတည်း ၃ နှစ်မြောက် နှစ်ပတ်လည် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာ ရိုဟင်ဂျာကိစ္စ မြန်မာ အစိုးရတာဝန်ယူလာစေရေးဆောင်ရွက်ပေးဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ကိစ္စကို လူမျိုးတုန်း သတ်ဖြတ် မှုအဖြစ် သတ်မှတ် သုံးနှုန်းပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်း ထား ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရက မြန်မာနိုင်ငံထဲ လူမျိုးတုန်း သတ်ဖြတ်မှု မရှိဘူးလို့ ငြင်းဆို ထားပါတယ်။

XS
SM
MD
LG