သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ဴးဘားအေပၚကန႔္သတ္ခ်က္မ်ား ကန္ေျဖေလွ်ာ့


၂၀၁၇ ခုႏွစ္ကတည္းက ဆိုင္းငံ့ထားခဲ့တဲ့ ေ႐ႊ႕ေျပာင္း ေနထိုင္သူ ျပည္ဝင္ခြင့္ဗီဇာ ဝန္ေဆာင္မႈအခ်ိဳ႕ကို ျပန္လည္ထုတ္ျပန္ခဲ့လို႔ ဟာဗန္နားမွာရွိတဲ့ အေမရိကန္သံ႐ံုးေရွ႕မွာ ဗီဇာကိစၥလာေရာက္ၾကသူမ်ား။ (ေမ ၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္သမၼတေဟာင္း Donald Trump လက္ထက္က က်ဴးဘားႏိုင္ငံအေပၚ ခ်မွတ္ခဲ့တဲ့ သံတမန္ေရးနဲ႔ ခရီးသြားကန႔္သတ္ခ်က္ေတြကို သမၼတ Joe Biden အစိုးရက ေျဖေလ်ာ့ေပးမွာျဖစ္ပါတယ္။

Cuba မွာေနထိုင္ေနၾကတဲ့ မိသားစုေတြအေပၚ ၃ လကို ေဒၚလာ ၁ ေထာင္သာ ေငြေပးပို႔ႏိုင္တဲ့ ပမာဏကန႔္သတ္ခ်က္ကို ဖယ္ရွားလိုက္သလို မိသားစုဝင္မဟုတ္ေပမယ့္ စြန႔္ဦးလုပ္ငန္းလုပ္ခ်င္သူေတြအတြက္ကိုလည္း ေငြပို႔ႏိုင္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက တနလၤာေန႔က ေၾကညာပါတယ္။ အေမရိကန္မွာရွိေနတဲ့ က်ဴးဘားလူမ်ိဳးေတြ မိသားစုဝင္ေတြနဲ႔ ျပန္လည္ဆုံေတြ႕ႏိုင္ၾကဖို႔အတြက္လည္း အေျခခ်ေနထိုင္ခြင့္ဗီဇာကို ၁ ႏွစ္ကို ၂ ေသာင္းထုတ္ေပးသြားမယ့္ အစီအစဥ္ကို ျပန္လည္ အသက္သြင္းလိုက္ပါတယ္။

က်ဴးဘားႏိုင္ငံမွာရွိေနတဲ့ အေမရိကန္သံတမန္ရံုးခြဲေတြမွာလည္း ျပည္ဝင္ခြင့္ ဗီဇာ ေပးတဲ့ လုပ္ငန္းစဥ္ေတြကို တိုးလုပ္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ Havana ၿမိဳ႕ေတြအျပင္ တျခားၿမိဳ႕ေတြဆီကိုလည္း အေမရိကန္ ကန္ ေလယာဥ္ခရီးေတြ ေျပးဆြဲသြားမွာျဖစ္ပါတယ္။

သမၼတေဟာင္း Obama လက္ထက္က က်ဴးဘားနဲ႔ သမိုင္းဝင္ ဆက္ဆံေရးျပန္စခဲ့တာကို သမၼတေဟာင္း Trump လက္ထက္က ကန႔္သတ္ခ်က္ေတြ ျပန္လည္ခ်မွတ္ ခဲ့ပါတယ္။ Obama လက္ထက္မွာ ဒုသမၼတာဝန္ယူခဲ့တဲ့ လက္ရွိသမၼတ Joe Biden က က်ဴးဘားအေပၚ Obama အစိုးရလက္ထက္ ခ်ဥ္းကပ္မႈေတြ ျပန္လုပ္မယ္လို႔ ေ႐ြးေကာက္ပြဲ မဲဆြယ္ကတိေပးခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္က က်ဴးဘားမွာ အစိုးရဆန႔္က်င္ေရးဆႏၵျပမႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ က်ဴဘားအစိုးရတာဝန္ရွိသူေတြအေပၚ အေရးယူ ဒဏ္ခတ္မႈေတြကို Biden အစိုးရက ခ်မွတ္ခဲ့ပါတယ္။ ၁၉၆၂ ခုႏွစ္ကတည္းက က်ဴးဘားအေပၚ ခ်မွတ္ထားတဲ့ စီးပြားေရးပိတ္ဆို႔မႈေတြကိုလည္း အခုထိ ဆက္လက္ ခ်မွတ္ထားဆဲ ျဖစ္ပါတယ္။

က်ဴးဘားအေပၚကန႔္သတ္ခ်က္မ်ား ကန္ေျဖေလွ်ာ့
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကျူးဘားအပေါ်ကန့်သတ်ချက်များ ကန်ဖြေလျှော့

အမေရိကန်သမ္မတဟောင်း Donald Trump လက်ထက်က ကျူးဘားနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ သံတမန်ရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေကို သမ္မတ Joe Biden အစိုးရက ဖြေလျော့ပေးမှာဖြစ်ပါတယ်။

Cuba မှာနေထိုင်နေကြတဲ့ မိသားစုတွေအပေါ် ၃ လကို ဒေါ်လာ ၁ ထောင်သာ ငွေပေးပို့နိုင်တဲ့ ပမာဏကန့်သတ်ချက်ကို ဖယ်ရှားလိုက်သလို မိသားစုဝင်မဟုတ်ပေမယ့် စွန့်ဦးလုပ်ငန်းလုပ်ချင်သူတွေအတွက်ကိုလည်း ငွေပို့နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တနင်္လာနေ့က ကြေညာပါတယ်။ အမေရိကန်မှာရှိနေတဲ့ ကျူးဘားလူမျိုးတွေ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြဖို့အတွက်လည်း အခြေချနေထိုင်ခွင့်ဗီဇာကို ၁ နှစ်ကို ၂ သောင်းထုတ်ပေးသွားမယ့် အစီအစဉ်ကို ပြန်လည် အသက်သွင်းလိုက်ပါတယ်။

ကျူးဘားနိုင်ငံမှာရှိနေတဲ့ အမေရိကန်သံတမန်ရုံးခွဲတွေမှာလည်း ပြည်ဝင်ခွင့် ဗီဇာ ပေးတဲ့ လုပ်ငန်းစဉ်တွေကို တိုးလုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ Havana မြို့တွေအပြင် တခြားမြို့တွေဆီကိုလည်း အမေရိကန် ကန် လေယာဉ်ခရီးတွေ ပြေးဆွဲသွားမှာဖြစ်ပါတယ်။

သမ္မတဟောင်း Obama လက်ထက်က ကျူးဘားနဲ့ သမိုင်းဝင် ဆက်ဆံရေးပြန်စခဲ့တာကို သမ္မတဟောင်း Trump လက်ထက်က ကန့်သတ်ချက်တွေ ပြန်လည်ချမှတ် ခဲ့ပါတယ်။ Obama လက်ထက်မှာ ဒုသမ္မတာဝန်ယူခဲ့တဲ့ လက်ရှိသမ္မတ Joe Biden က ကျူးဘားအပေါ် Obama အစိုးရလက်ထက် ချဉ်းကပ်မှုတွေ ပြန်လုပ်မယ်လို့ ရွေးကောက်ပွဲ မဲဆွယ်ကတိပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ကျူးဘားမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီးနောက်မှာတော့ ကျူဘားအစိုးရတာဝန်ရှိသူတွေအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို Biden အစိုးရက ချမှတ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက ကျူးဘားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း အခုထိ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပါတယ်။
===============

XS
SM
MD
LG