သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USS John S. McCain စစ်သင်္ဘောတိုက်မှု ရေတပ်သား၁၀ဦး ပျောက်ဆုံး


USS John S. McCain (သြဂုတ်လ ၂၀၁၁)
USS John S. McCain (သြဂုတ်လ ၂၀၁၁)

မလက္ကာရေလက်ကြား အနီး စကာၤပူနိုင်ငံရဲ့ အရှေ့ဘက်မှာ အမေရိကန် ရေတပ် ဖျက်သဘောၤ USS John S.McCain နဲ့ ကုန်တင်သဘောၤတစင်းတို့တိုက်မိခဲ့ပြီးနောက် အမေရိကန် ရေတပ်သား ၁၀ ဦး ပျောက်ဆုံးနေပြီး ၅ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန် ရေတပ် ဖျက်သဘောၤနဲ့ လိုက်ဘေးရီးယား အလံတင် သဘောၤ Alnic MC တို့ ဒေသစံတော်ချိန် မနက်ပိုင်း ၆ နာရီ မိနစ် ၂၀ လောက်မှာ တိုက်မိခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ရေတပ် အမှတ် ၇ တပ်ဖွဲ့က ဒီကနေ့ တနလာၤနေ့ အစောပိုင်းမှာ ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။ အမေရိကန် ရေတပ်ရဲ့ USS John S. McCain ဖျက်သဘောၤက ပုံမှန် ဆောင်ရွက်နေကြ ဖြစ်တဲ့ စကာၤပူ ဆိပ်ကမ်းကို ဆိုက်ကပ်ဖို့ ဦးတည်ခုတ်မောင်းချိန်မှာ အခုလို တိုက်မိခဲ့တာပါ။

ဖျက်သဘောၤ USS John S.McCain က ပျက်စီးသွားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် စကာၤပူ ဆိပ်ကမ်းကိုတော့ ဦးတည် ခုတ်မောင်း နိုင်ခဲ့ပါတယ်။ အမေရိကန် ဖျက်သဘောၤနဲ့ တိုက်မိခဲ့တဲ့ Alnic ကုန်တင်သဘောၤလည်း ပျက်စီးခဲ့ပေမယ့် သဘောၤသားတွေတော့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ စကာၤပူ ပင်လယ်ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။ အမေရိကန် ဖျက်သဘောၤက ဒဏ်ရာရခဲ့သူ ရေတပ်သားတွေကိုတော့ ကုသမှု ပေးဖို့ လိုအပ်နေတယ်လို့ အမေရိကန် ရေတပ် အမှတ် ၇ တပ်ဖွဲ့က ပြောဆိုထားပါတယ်။ စကာၤပူ ရေတပ်နဲ့ ကမ်းခြေစောင့်တပ်တို့က ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်နေပါတယ်။

USS McCain ပေါ်က ရေတပ်သားတွေ အတွက် ဆုတောင်းမေတ္တာ ပို့သပါကြောင်း အမေရိကန် သမ္မတ Donald Trump က တွစ်တာမှာ ရေးသား ဆုတောင်းထားပါတယ်။ အခု ကိစ္စဟာဆိုရင် ၂ လတာ ကာလအတွင်း အမေရိကန် ရေတပ် အမှတ် ၇ တပ်ဖွဲ့က သဘောၤတွေရဲ့ ပစိဖိတ် သမုဒ္ဒရာ အတွင်း ဒုတိယမြောက် မတော်တဆမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ အမေရိကန် ရေတပ်ရဲ့ USS Fitzgerald နဲ့ ကုန်တင်သဘောၤကြီး တစင်းတို့ တိုက်မိခဲ့ပြီး အမေရိကန် ရေတပ်သား ၇ ဦး သေဆုံးခဲ့ရပါတယ်။

USS John S. McCain စစ်သင်္ဘောတိုက်မှု ရေတပ်သား၁၀ဦး ပျောက်ဆုံး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG