သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝေဟင်မှာ ပျံဝဲတဲ့အမည်မသိယာဉ် ကနေဒါဝန်ကြီးချုပ်ပန်ကြားချက်နဲ့ ကန်ပစ်ချ 


ကနေဒါဝေဟင်မှာပျံဝဲနေတဲ့ အမည်မသိယာဉ်ကို ပစ်ချခဲ့တဲ့ အမေရိကန်တိုက်လေယာဉ် F-22 
ကနေဒါဝေဟင်မှာပျံဝဲနေတဲ့ အမည်မသိယာဉ်ကို ပစ်ချခဲ့တဲ့ အမေရိကန်တိုက်လေယာဉ် F-22 

[[Zawgyi/Unicode]]

ကနေဒါနိုင်ငံမြောက်ပိုင်းက ဝေဟင်အမြင့်မှာ အမည်မသိယာဉ်တစင်းပျံဝဲနေတာကိုပစ်ချဖို့ ကနေဒါရဲ့ပန်ကြားမှုနဲ့ အမေရိကန်စစ်တပ်ကပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်ပေါ်မှာ ပျံဝဲခဲ့တဲ့ယာဉ်ကို အမေရိကန်စစ်တပ်က ပစ်ချခဲ့တဲ့နောက်နေ့မှာ ဖြစ်ပါတယ်။

ကနေဒါဝန်ကြီးချုပ် Trudeau က စနေနေ့ တွစ်တာကနေ အခုလိုထုတ်မပြောခင်လေးမှာပဲ အမေရိကမြောက်ပိုင်း ဝေဟင်ကာကွယ်ရေးဆိုင်ရာဗဟိုစစ်ဌာနချုပ်က သူတို့ဟာ ကနေဒါဝေဟင်ရဲ့ အတော်မြင့်မြင့်နေရာမှာ ပျံဝဲနေတဲ့အရာတခုကို ထောက်လှမ်းတွေ့ရှိရကြောင်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် ဘယ်အချိန်မှာ ထောက်လှမ်းတွေ့ရှိတယ်ဆိုတာနဲ့ တွေ့တဲ့ယာဉ်ဟာ ဘာဆိုတာကိုတော့ ထုတ်မပြောပါဘူး။

အမြင့်ပေဘယ်လောက်မှာ ပျံသန်းတယ်ဆိုတာကိုလည်း ထုတ်မပြောသေးပါဘူး။

ကနေဒါဝန်ကြီးချုပ်ကတော့ ကနေဒါဝေဟင်ပိုင်နက်ကိုကျူးကျော်လာတဲ့ အမည်မသိအရာတခုကို ပစ်ချဖို့ သူအမိန့်ပေးခဲ့တယ်လို့ တွစ်တာမှာရေးခဲ့တာပါ။ ဒီအရာကို အမေရိကန်တိုက်လေယာဉ် F-22 က ပစ်ချခဲ့တယ်လို့လည်း ပြောပါတယ်။

အခုတွေ့ရတဲ့ အမည်မသိအရာမျိုးကို အမေရိကတိုက်မြောက်ပိုင်းဝေဟင်ထဲမှာ သီတင်းပတ် ၂ ပတ်တွင်း တတိယအကြိမ်မြောက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








XS
SM
MD
LG