သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား မြေပြိုမှု အနည်းဆုံး ၂၀ ကျော်သေ


(Zawgyi/ Unicode)

ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်က မိုးကြီးပြီး မြစ်ရေချောင်းရေတွေ လျှံတက်ကာ မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ ဒုသမ္မတ Delcy Rodriguez ကတနင်္ဂနွေနေ့တုန်းက ပြောဆိုပါတယ်။

“ဆိုးရွားတဲ့ လူသေဆုံးမှုတွေ ဖြစ်ခဲ့တာပါ။ သေဆုံးသူ ၂၂ ဦးကိုတော့ ရှာဖွေတွေ့ရှိ ထားပါပြီ။ ၅၂ နှစ်ဦးထက် မနည်း ပျောက်ဆုံးနေပါသေးတယ်။ သူတို့ကိုလည်း ဆက်လက်ရှာဖွေသွားမှာပါလို့ အခင်းဖြစ်ပွားခဲ့တဲ့ Las Tejerias မြို့ကို ရောက်ရှိနေတဲ့ ဒုသမ္မတက ဒေသတွင်း သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အိမ်တွေ၊ ဆိုင်တွေ၊ လုပ်ငန်းတွေ ပျက်စီးနေပြီး လမ်းတွေပေါ်ကိုလည်း သစ်ပင်တွေ ကျိုးကျကာ၊ ရွှံ့နွံတွေ၊ အပျက်အစီး တွေနဲ့ ဖုန်းအုပ်နေတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ AFP သတင်းထောက်က ပြောဆိုပါတယ်။
အရေးပေါ် ကူညီကယ်ဆယ်ရေး အတွက် လူ ၁,၀၀၀ လောက် ပါဝင်လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးနဲ့ တရားရေးဝန်ကြီး Remigio Ceballos က AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ဒေသတွင်း အဓိကမြစ်ကြီးမှာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး ရေလျှံတက်ခဲ့တာကြောင့် အခုလို ရွှံ့နွံတွေ ဖုန်းအုပ်ပြီး မြေပြိုမှု တွေဖြစ်ရတာဖြစ်ပြီး ဒီနှစ်ထဲမှာ အဆိုးဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ဗင်နီဇွဲလားမှာ ပြီးခဲ့တဲ့လပိုင်းတွေက စပြီး မကြုံဖူး လောက် အောင် မိုးရေချိန် အမြင့်ဆုံး ရွာသွန်းခဲ့ပါတယ်။

ဗင်နီဇွဲလား မြေပြိုမှု အနည်းဆုံး ၂၀ ကျော်သေ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG