သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗစ္တိုးရီယားအမႈမွန္ေပၚေရး ILAM ကိုင္တြယ္သြားမည္


(သတင္းဓာတ္ပံု - Justice for Victoria ေဖ့ဘြတ္)

(Zawgyi/Unicode)

ဗစ္တုိးရီးယားအမႈအတြက္ တရားမွ်တမႈ ေပၚေပါက္ေရးကို ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) က စတင္ေဆာင္ရြက္ေတာ့မွာပါ။ ILAM ကို အမႈအပ္ခဲ့တဲ့ တရားလိုျဖစ္သူ စာေရးဆရာ ထင္လင္းဦးကလည္း တရားဥပေဒအထက္မွာ ဘယ္သူမွ မရွိရဘူးဆုိတာ ေသခ်ာေစဖုိ႔အတြက္ ဒီအမႈမွာ လုိက္ပါေဆာင္ရြက္တာလို႔ ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုက ေမးျမန္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက ဗစ္တိုးရီးယားလို႔ နာမည္ ဝွက္ ေပးထားတဲ့ သံုးႏွစ္အရြယ္ မိန္းကေလး လိင္ပိုင္းဆုိင္ရာ ေစာ္ကားခံရတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ရဲ့ လုပ္ေဆာင္မႈေတြဟာ ဥပေဒနဲ႔ မညီတဲ့အတြက္ ရဲတပ္ဖြဲ႔အေနနဲ႔ တာဝန္ယူ တာဝန္ခံဖို႔အပါအဝင္ အမႈမွန္ေပၚေပါက္ဖို႔ စတင္ လုပ္ေဆာင္သြြားေတာ့မွာ ျဖစ္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ေျပာပါတယ္။

“ပထမတခ်က္ကေတာ့ အမႈမွန္ေပၚေပါက္ေရး က်ေနာ္တို႔ ဆက္လက္ေဆာင္ရြက္မွာ။ ဒုတိယ တခ်က္ကေတာ့ ကေလးအေပၚမွာ ျပစ္မႈက်ဴးလြန္ထားတဲ့သူေတြကို ျပစ္မႈေၾကာင္းအရ တရားစြဲမယ္။ တတိယအခ်က္ကေတာ့ ကေလးေလးနဲ႔ မိသားစုအတြက္ နစ္နာေၾကးတရားစြဲ သြားဖုိ႔ရွိတယ္။”

ဒီအမႈမွာ သံသယတရားခံအျဖစ္ စြပ္စြဲခံထားရတဲ့ ကုိေအာင္ႀကီးကို တရားရံုးက တရားရွင္ လႊတ္ေပးခဲ့တဲ့ ေနာက္တေန႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကေလးငယ္ ဗစ္တုိးရီးယားရဲ႕ အမည္ရင္းနဲ႔ မိသားစုအခ်က္အလက္ေတြကို ထည့္သြင္းေျပာဆုိ ေဖာ္ျပခဲ့တာေၾကာင့္ ဥပေဒနဲ႔ မညီတဲ့ လုပ္ရပ္ကို တာဝန္ခံဖို႔ အပါအဝင္ အမႈမွန္ေပၚေပါက္ေရးအတြက္ စာေရးဆရာထင္လင္းဦး ဦးေဆာင္တဲ့ ဗစ္တိုးရီးယားအတြက္ အမွန္တရားေတာင္းဆု္ိမႈ ေကာ္မတီက ျမန္မာႏုိင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) ကို ဒီကေန႔မွာ အမႈအပ္ခဲ့တာပါ။

ILAM အဖြဲ႔က တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက ဒီဗစ္တုိးရီးယားအမႈဟာ ျမန္မာႏုိင္ငံရဲ့ တရားစီရင္ေရး စနစ္ကို စိန္ေခၚေနတယ္လို႔ ေျပာပါတယ္။

“ဒီအမႈက စလာကတည္းက မသကၤာစရာေတြ အမ်ားႀကီး။ ေရွ႕ေနေတြကုိ တရားစြဲတယ္၊ သက္ေသခံပစၥည္းေတြေပ်ာက္တယ္။ ေနာက္ သက္ေသေတြက မယံုၾကည္ႏုိင္စရာေကာင္းတယ္။ စတဲ့အခ်က္ေတြ ရွိတဲ့အတြက္ က်ေနာ္တုိ႔ တရားစီရင္ေရး စနစ္ႀကီးတခုလံုးကို စိန္ေခၚေနတာ ျဖစ္တယ္။ တရားစီရင္ေရးရဲ႕ အထက္မွာ ဘယ္သူမွ မရွိဘူးဆုိတာကို ျပဖုိ႔လုိတဲ့အတြက္ က်ေနာ္တုိ႔က ျပည္သူေတြနဲ႔အတူေပါ့။”

ဗစ္တိုးရီးယားအမႈအတြက္ ကေလးငယ္ရဲ႕ ဖခင္ျဖစ္သူက ကုိယ္စားလွယ္ လႊဲထားတဲ့ စာေရးဆရာ ထင္လင္းဦးက ဒီအမႈမွာ တရားလုိအျဖစ္ လုိက္ပါေဆာင္ရြက္မွာ ျဖစ္ၿပီး ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈရ ရေအာင္ လုပ္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“တရားဥပေဒအေပၚမွာ ဘယ္သူမွ မရွိရဘူး။ ဘယ္ရာထူး ဘယ္ပါဝါရွိတဲ့သူမွ မရွိနဲ႔။ အေပၚမွာရွိေနရင္ က်ေနာ္တုိ႔အကုန္ ဆြဲခ်မွာ။ နံပါတ္တစ္က အဲဒီရည္ရြယ္ခ်က္၊ နံပါတ္ႏွစ္က ႏုိင္ငံသားတေယာက္ရဲ႕ ထိခုိက္နစ္နာမႈဟာ ႏိုင္ငံသားအားလံုးကို ထိခုိက္နစ္္နာတာနဲ႔ အတူတူပဲ။ အဲေတာ့ တရားဥပေဒ စုိးမုိးေရးကို ႏုိင္ငံသားတိုင္းက ပါဝင္တည္ေဆာက္ရမယ္ဆုိတဲ့ အခ်က္ေပးခ်င္တာ။ တတိယအခ်က္ကေတာ့ အမ်ားအတြက္ တေယာက္က ဒါမွမဟုတ္ရင္ တေယာက္အတြက္ အမ်ားက။ အခုဒါက တေယာက္အတြက္ အမ်ားပါ။ မိသားစု တစုအတြက္ တႏုိင္ငံသားလံုးပါ။”

ဗစ္တုိးရီးယားအမႈမွာ မိသားစုဘက္ကေန အနီးကပ္ ကူညီေဆာင္ရြက္ေပးေနတဲ့ ကိုသကၠမုိးညိဳကေတာ့ သက္ဆုိင္ရာတာဝန္ရွိတဲ့ အဖြဲ႕အစည္းေတြက နစ္နာသူမိသားစုအေပၚကုိ ဝုိင္းဝန္းဖိႏွိပ္ေနတာေၾကာင့္ ဒီအမႈဟာ သာမန္ သက္ငယ္မုဒိန္းမႈထက္ ပုိတယ္လို႔ ေျပာပါတယ္။

“ေက်ာင္းဘက္ကလည္း တာဝန္ယူမႈ မရွိဘူး။ သက္ဆိုင္ရာအဖြဲ႕အစည္းေတြကလည္း လုိအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနခဲ့တယ္။ လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိေနတဲ့အတြက္ေၾကာင့္ အမႈသည္ ေျခာက္လေက်ာ္ ၾကာတဲ့အထိ ဘယ္သူ က်ဴးလြန္ပါတယ္ဆုိတာကို က်ေနာ္တုိ႔မွာ သက္ေသျပလုိ႔ မရေသးဘဲ ျဖစ္ေနတာ။ ျမန္မာႏုိင္ငံက အဖြဲ႔အစည္းေတြရဲ႕ Capacity မျပည့္ဝမႈကိုလည္း ေဖာ္ျပေနတယ္။ အဲလိုမျပည့္ဝတဲ့အပိုင္းကို ဝုိင္းဝန္းၿပီးေတာ့ ဖံုးကြယ္ၿပီးကာမွ နစ္နာသူမိသားစုကို ဝုိင္းဝန္းဖိႏွိပ္ေနၾကတာလည္း Institution လိုက္ကို ျဖစ္ေနတယ္။ ဒီအမႈသည္ သာမန္သက္ငယ္မုဒိန္းမႈ တခုထက္ ပိုသြားတဲ့အေၾကာင္းအရာက ဘာလဲဆုိေတာ့ ဒါက မတရားမႈကို တိုက္ဖ်က္တဲ့အမႈတခု ျဖစ္သြားတဲ့အတြက္ေၾကာင့္ က်ေနာ္ ဆက္ဝန္းရံေနတာပါ။”

သံုးႏွစ္အရြယ္ မိန္းကေလး လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံရတဲ့ ဗစ္တုိးရီးယားအမႈမွာ ကိုေအာင္ႀကီးဆုိသူကုိ သံသယတရားခံအျဖစ္နဲ႔ ေျခာက္လေက်ာ္ၾကာ ခ်ဳပ္ေႏွာင္စစ္ေဆးခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၁၈ရက္ေန႔က တရားရွင္ ျပန္လႊတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ က်ဴးလြန္သူတရားခံအစစ္ မေပၚေပါက္ေသးတာေၾကာင့္ အခုလို ျပည္သူေတြကဝန္းရံၿပီး နယ္ပယ္အသီးသီးက ပညာရွင္ေတြကလည္း အမွန္တရားေပၚေပါက္ေရးကို ဆက္လက္ေဆာင္ရြက္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗစ်တိုးရီယားအမှုမှန်ပေါ်ရေး ILAM ကိုင်တွယ်သွားမည်

ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှု ပေါ်ပေါက်ရေးကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က စတင်ဆောင်ရွက်တော့မှာပါ။ ILAM ကို အမှုအပ်ခဲ့တဲ့ တရားလိုဖြစ်သူ စာရေးဆရာ ထင်လင်းဦးကလည်း တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတာ သေချာစေဖို့အတွက် ဒီအမှုမှာ လိုက်ပါဆောင်ရွက်တာလို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ဗစ်တိုးရီးယားလို့ နာမည် ဝှက် ပေးထားတဲ့ သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့ မညီတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ယူ တာဝန်ခံဖို့အပါအဝင် အမှုမှန်ပေါ်ပေါက်ဖို့ စတင် လုပ်ဆောင်သွားတော့မှာ ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ပထမတချက်ကတော့ အမှုမှန်ပေါ်ပေါက်ရေး ကျနော်တို့ ဆက်လက်ဆောင်ရွက်မှာ။ ဒုတိယ တချက်ကတော့ ကလေးအပေါ်မှာ ပြစ်မှုကျူးလွန်ထားတဲ့သူတွေကို ပြစ်မှုကြောင်းအရ တရားစွဲမယ်။ တတိယအချက်ကတော့ ကလေးလေးနဲ့ မိသားစုအတွက် နစ်နာကြေးတရားစွဲ သွားဖို့ရှိတယ်။”

ဒီအမှုမှာ သံသယတရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို တရားရုံးက တရားရှင် လွှတ်ပေးခဲ့တဲ့ နောက်တနေ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ မိသားစုအချက်အလက်တွေကို ထည့်သွင်းပြောဆို ဖော်ပြခဲ့တာကြောင့် ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်ကို တာဝန်ခံဖို့ အပါအဝင် အမှုမှန်ပေါ်ပေါက်ရေးအတွက် စာရေးဆရာထင်လင်းဦး ဦးဆောင်တဲ့ ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှု ကော်မတီက မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) ကို ဒီကနေ့မှာ အမှုအပ်ခဲ့တာပါ။

ILAM အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဒီ ဗစ်တိုးရီးယား အမှုဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်နေတယ်လို့ ပြောပါတယ်။

“ဒီအမှုက စလာကတည်းက မသင်္ကာစရာတွေ အများကြီး။ ရှေ့နေတွေကို တရားစွဲတယ်၊ သက်သေခံပစ္စည်းတွေပျောက်တယ်။ နောက် သက်သေတွေက မယုံကြည်နိုင်စရာကောင်းတယ်။ စတဲ့အချက်တွေ ရှိတဲ့အတွက် ကျနော်တို့ တရားစီရင်ရေး စနစ်ကြီးတခုလုံးကို စိန်ခေါ်နေတာ ဖြစ်တယ်။ တရားစီရင်ရေးရဲ့ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို ပြဖို့လိုတဲ့အတွက် ကျနော်တို့က ပြည်သူတွေနဲ့အတူပေါ့။”

ဗစ်တိုးရီးယားအမှုအတွက် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ကိုယ်စားလှယ် လွှဲထားတဲ့ စာရေးဆရာ ထင်လင်းဦးက ဒီအမှုမှာ တရားလိုအဖြစ် လိုက်ပါဆောင်ရွက်မှာ ဖြစ်ပြီး ဗစ်တိုးရီးယားအတွက် တရားမျှတမှုရ ရအောင် လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

“တရားဥပဒေအပေါ်မှာ ဘယ်သူမှ မရှိရဘူး။ ဘယ်ရာထူး ဘယ်ပါဝါရှိတဲ့သူမှ မရှိနဲ့။ အပေါ်မှာရှိနေရင် ကျနော်တို့အကုန် ဆွဲချမှာ။ နံပါတ်တစ်က အဲဒီရည်ရွယ်ချက်၊ နံပါတ်နှစ်က နိုင်ငံသားတယောက်ရဲ့ ထိခိုက်နစ်နာမှုဟာ နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာတာနဲ့ အတူတူပဲ။ အဲတော့ တရားဥပဒေ စိုးမိုးရေးကို နိုင်ငံသားတိုင်းက ပါဝင်တည်ဆောက်ရမယ်ဆိုတဲ့ အချက်ပေးချင်တာ။ တတိယအချက်ကတော့ အများအတွက် တယောက်က ဒါမှမဟုတ်ရင် တယောက်အတွက် အများက။ အခုဒါက တယောက်အတွက် အများပါ။ မိသားစု တစုအတွက် တနိုင်ငံသားလုံးပါ။ ”

ဗစ်တိုးရီးယားအမှုမှာ မိသားစုဘက်ကနေ အနီးကပ် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသက္ကမိုးညိုကတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက နစ်နာသူမိသားစုအပေါ်ကို ဝိုင်းဝန်းဖိနှိပ်နေတာကြောင့် ဒီအမှုဟာ သာမန် သက်ငယ်မုဒိန်းမှုထက် ပိုတယ်လို့ ပြောပါတယ်။

“ကျောင်းဘက်ကလည်း တာဝန်ယူမှု မရှိဘူး။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့တယ်။ လိုအပ်ချက်တွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အမှုသည် ခြောက်လကျော် ကြာတဲ့အထိ ဘယ်သူ ကျူးလွန်ပါတယ်ဆိုတာကို ကျနော်တို့မှာ သက်သေပြလို့ မရသေးဘဲ ဖြစ်နေတာ။ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေရဲ့ Capacity မပြည့်ဝမှုကိုလည်း ဖော်ပြနေတယ်။ အဲလိုမပြည့်ဝတဲ့အပိုင်းကို ဝိုင်းဝန်းပြီးတော့ ဖုံးကွယ်ပြီးကာမှ နစ်နာသူမိသားစုကို ဝိုင်းဝန်းဖိနှိပ်နေကြတာလည်း Institution လိုက်ကို ဖြစ်နေတယ်။ ဒီအမှုသည် သာမန်သက်ငယ်မုဒိန်းမှု တခုထက် ပိုသွားတဲ့အကြောင်းအရာက ဘာလဲဆိုတော့ ဒါက မတရားမှုကို တိုက်ဖျက်တဲ့အမှုတခု ဖြစ်သွားတဲ့အတွက်ကြောင့် ကျနော် ဆက်ဝန်းရံနေတာပါ။”

သုံးနှစ်အရွယ် မိန်းကလေး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ ကိုအောင်ကြီးဆိုသူကို သံသယတရားခံအဖြစ်နဲ့ ခြောက်လကျော်ကြာ ချုပ်နှောင်စစ်ဆေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ရက်နေ့က တရားရှင် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျူးလွန်သူတရားခံအစစ် မပေါ်ပေါက်သေးတာကြောင့် အခုလို ပြည်သူတွေကဝန်းရံပြီး နယ်ပယ်အသီးသီးက ပညာရှင်တွေကလည်း အမှန်တရားပေါ်ပေါက်ရေးကို ဆက်လက်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG