သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္းဆိုတဲ့အတုိင္း ဆင္ဆာမလုပ္ရင္ Facebook ကိုပိတ္မယ္လုိ႔ ဗီယက္နမ္ၿခိမ္းေျခာက္


A Facebook user logs in on his mobile at a cafe in Hanoi, Vietnam November 19, 2020. REUTERS/Kham

(zawgyi/unicode)

ဗီယက္နမ္ျပည္တြင္းႏုိင္ငံေရးနဲ႔ပတ္သက္ၿပီး Facebook ေပၚမွာ ေရးသားေဖာ္ျပေနၾကတာေတြကို ပိုၿပီးဆင္ဆာလုပ္ဖို႔ ဗီယက္နမ္အစိုးရက ဖိအားေပးေနတဲ့အေပၚ Facebook က မလိုက္နာဘူးဆိုရင္ ဗီယက္နမ္မွာ Facebook ကိုပိတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ထားတဲ့အေၾကာင္း Facebook ကုမၸဏီရဲ႕ အႀကီးတန္းတာဝန္ရွိသူတဦးက ႐ိုက္တာသတင္းဌာနကိုေျပာပါတယ္။

ဗီယက္နမ္မွာ အစိုးရကိုဆန္႔က်င္တဲ့ ေျပာဆုိေရးသားမႈေတြကို သိသိသာသာ ဆင္ဆာတည္းျဖတ္မႈေတြလုပ္ဖို႔ ဗီယက္နမ္အစိုးရဘက္က ၿပီးခဲ့တဲ့ ဧၿပီလမွာ ေတာင္းဆုိခဲ့တာကို Facebook ကုမၸဏီဘက္က လိုက္နာခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမဲ့ အစိုးရကိုေ၀ဖန္တဲ့ပို႔စ္ေတြကို ကန္႔သတ္မႈေတြ ထပ္တုိးလုပ္ဖို႔ ဗီယက္နမ္ဘက္က ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ေနာက္တႀကိမ္ထပ္ၿပီးေတာ့ Facebook ကုမၸဏီကိုေတာင္းဆုိခဲ့တယ္လို႔ တာ၀န္ရွိသူေတြေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလက က်ေနာ္တုိ႔သေဘာတူညီမႈ ရခဲ့ၾကပါတယ္။ Facebook ကုမၸဏီအေနနဲ႔လည္း သေဘာတူညီခ်က္မွာပါတဲ့အတုိင္း လိုက္နာခဲ့ၿပီး၊ အဲဒီသေဘာတူညီခ်က္အတုိင္း ဗီယက္နမ္အစိုးဘက္ကလည္း လုပ္ေဆာင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္လို႔ Facebook ကုမၸဏီရဲ႕ အမည္မေဖာ္လိုတဲ့ တာ၀န္ရွိသူတဦးက ေျပာပါတယ္။ ဗီယက္နမ္ႏုိင္ငံမွာ ကန္႔သတ္ေနတာေတြကို ထပ္တုိးလုပ္သြားဖို႔ ဗီယက္နမ္ဘက္က ေနာက္တႀကိမ္ထပ္ေတာင္းဆုိလာၿပီး၊ အဲဒီေတာင္းဆုိမႈထဲမွာေတာ့ တကယ္လို႔ ဒါကိုမလိုက္နာဘူးဆုိရင္ ဘာေတြျဖစ္လာႏုိင္တယ္ဆုိတဲ့ ၿခိမ္းေျခာက္မႈတခ်ိဳ႕လည္းပါ၀င္တယ္လို႔ သူက ဆက္ေျပာပါတယ္။ အဲဒီၿခိမ္းေျခာက္မႈထဲမွာေတာ့ Facebook ကုိ ဗီယက္နမ္ႏုိင္ငံမွာ လုံး၀အသုံးျပဳလို႔မရေအာင္ ပိတ္ပစ္သြားမယ္ဆုိတာပါ၀င္ပါတယ္။ Facebook ကုမၸဏီဟာ ဗီယက္နမ္ေစ်းကြက္ကေန ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၁ ဘီလီယံေလာက္ ဝင္ေငြရရွိတာလည္းျဖစ္ပါတယ္။

...................................

တိုက္႐ိုက္ လင့္ခ္


(zawgyi/unicode)

ဗီယက်နမ်ပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ရေးသားဖော်ပြနေကြတာတွေကို ပိုပြီးဆင်ဆာလုပ်ဖို့ ဗီယက်နမ်အစိုးရက ဖိအားပေးနေတဲ့အပေါ် Facebook က မလိုက်နာဘူးဆိုရင် ဗီယက်နမ်မှာ Facebook ကိုပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့အကြောင်း Facebook ကုမ္ပဏီရဲ့ အကြီးတန်းတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဗီယက်နမ်မှာ အစိုးရကိုဆန့်ကျင်တဲ့ ပြောဆိုရေးသားမှုတွေကို သိသိသာသာ ဆင်ဆာတည်းဖြတ်မှုတွေလုပ်ဖို့ ဗီယက်နမ်အစိုးရဘက်က ပြီးခဲ့တဲ့ ဧပြီလမှာ တောင်းဆိုခဲ့တာကို Facebook ကုမ္ပဏီဘက်က လိုက်နာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကိုဝေဖန်တဲ့ပို့စ်တွေကို ကန့်သတ်မှုတွေ ထပ်တိုးလုပ်ဖို့ ဗီယက်နမ်ဘက်က ပြီးခဲ့တဲ့ သြဂုတ်လမှာ နောက်တကြိမ်ထပ်ပြီးတော့ Facebook ကုမ္ပဏီကိုတောင်းဆိုခဲ့တယ်လို့ တာဝန်ရှိသူတွေပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ကျနော်တို့သဘောတူညီမှု ရခဲ့ကြပါတယ်။ Facebook ကုမ္ပဏီအနေနဲ့လည်း သဘောတူညီချက်မှာပါတဲ့အတိုင်း လိုက်နာခဲ့ပြီး၊ အဲဒီသဘောတူညီချက်အတိုင်း ဗီယက်နမ်အစိုးဘက်ကလည်း လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ Facebook ကုမ္ပဏီရဲ့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကန့်သတ်နေတာတွေကို ထပ်တိုးလုပ်သွားဖို့ ဗီယက်နမ်ဘက်က နောက်တကြိမ်ထပ်တောင်းဆိုလာပြီး၊ အဲဒီတောင်းဆိုမှုထဲမှာတော့ တကယ်လို့ ဒါကိုမလိုက်နာဘူးဆိုရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတချို့လည်းပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ အဲဒီခြိမ်းခြောက်မှုထဲမှာတော့ Facebook ကို ဗီယက်နမ်နိုင်ငံမှာ လုံးဝအသုံးပြုလို့မရအောင် ပိတ်ပစ်သွားမယ်ဆိုတာပါဝင်ပါတယ်။ Facebook ကုမ္ပဏီဟာ ဗီယက်နမ်ဈေးကွက်ကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက် ဝင်ငွေရရှိတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG