သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ကုိ ကုိဗစ္ပစၥည္းလိမ္လည္ေရာင္းခ်သူ ဗီယက္နမ္ႏုိင္ငံသား ၃ ဦး ဖမ္းခံရ


ဗီယက္နမ္ လံုၿခံဳေရး ရဲတဦးကို ေတြ႔ရစဥ္

(Zawgyi/Unicode)

အေမရိကန္ေတြကို ပစ္မွတ္ထားၿပီး ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ ပစၥည္းေတြ အြန္လိုင္းကေန ေရာင္းခ်ၿပီး လိမ္လည္မႈ နဲ႔ ဗီယက္နမ္နိုင္ငံသား ၃ ဦးကို ဗီယက္နမ္ အာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။

ဗီယက္နမ္ဆိုင္ရာ အေမရိကန္ သံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးက ထုတ္ျပန္တဲ့ ေၾကညာခ်က္ အရ ဗီယက္နမ္နိုင္ငံသားေတြျဖစ္တဲ့ Phan Dinh Thu ၊ Tran Quoc Khanh နဲ႔ Nguyen Duy Toan ၃ ေယာက္က ဝက္ဆိုက္ဘ္ေပါင္း ၃၀၀ ေက်ာ္နဲ႔ လုပ္ငန္း လည္ပတ္ခဲ့ေၾကာင္း၊ သူတို႔က အေမရိကန္က ဆိုင္ေတြမွာ ျပတ္လပ္ေနတဲ့ လက္သန္႔ေဆးရည္ နဲ႔ တျခားပစၥည္းေတြကို အြန္လိုင္းကေန ေၾကာ္ျငာ ေရာင္းခ်ၿပီး ဝယ္သူေတြဆီကို မေပးပို႔ဘဲ ေနခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အေမရိကန္ ျပည္ေထာင္စုတြင္း ျပည္နယ္ ၅၀ က ပစၥည္းမွာယူသူ လူေပါင္း ၇၀၀၀ ေလာက္ဆီကို အေမရိကန္ ေဒၚလာ ၁ သန္းနီးပါးတန္ဘိုးရွိတဲ့ ပစၥည္းေတြ ေရာင္းခ်လိမ္လည္ခဲ့တာျဖစ္ပါတယ္။

လိမ္လည္သူေတြက အေမရိကန္အေျခစိုက္ ေငြေပးေခ်မႈစနစ္ကို အသုံးျပဳသလို ရာခ်ီတဲ့ အီးေမးလ္ အေကာင့္ ေတြနဲ႔ ဝက္ဘ္ဆိုက္ အသုံးျပဳသူ user အေကာင့္ေတြကို ဖြင့္ထားၿပီး ပစၥည္းေတြ လိမ္လည္ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို ေရာင္းခ်ေနတာကို ဥပေဒစိုးမိုးေရး အရာရွိ ေတြ မသိေအာင္ လုပ္ထားခဲ့တာကိုလည္း အေမရိကန္ ျပည္တြင္း လုံျခဳံေရးဝန္ႀကီး ဌာနက စစ္ေဆးေတြ႕ ရွိခဲ့ပါတယ္။ လိပ္စာေတြနဲ႔ ဖုန္းနံပါတ္ အမွားေတြ ဝက္ဘ္ဆိုဒ္ေတြေပၚမွာ ေဖာ္ျပထားတာေၾကာင့္လည္း လိမ္လည္သူေတြနဲ႔ မသက္ဆိုင္တဲ့လူေတြနဲ႔ ကုမၸဏီေတြကို အလိမ္ခံရသူေတြက တိုင္တန္းမႈေတြ မွားယြင္း ျပဳလုပ္ခဲ့မိၾကပါတယ္။

အခုလို လိမ္လည္မႈေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို အေမရိကန္ ျပည္တြင္း လုံျခဳံေရးဝန္ႀကီး ဌာနက ဗီယက္နမ္ ျပည္သူ႔လုံျခဳံေရး ဝန္ႀကီးဌာနကို ေပးပို႔ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ လိမ္လည္သူေတြကို ဖမ္းဆီးလိုက္နိုင္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အမေရိကန်ကို ကိုဗစ်ပစ္စည်းလိမ်လည်ရောင်းချသူ ဗီယက်နမ်နိုင်ငံသား ၃ ဦး ဖမ်းခံရ

(Unicode)

အမေရိကန်တွေကို ပစ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ ပစ္စည်းတွေ အွန်လိုင်းကနေ ရောင်းချပြီး လိမ်လည်မှု နဲ့ ဗီယက်နမ်နိုင်ငံသား ၃ ဦးကို ဗီယက်နမ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံရုံးနဲ့ ကောင်စစ်ဝန်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက် အရ ဗီယက်နမ်နိုင်ငံသားတွေဖြစ်တဲ့ Phan Dinh Thu ၊ Tran Quoc Khanh နဲ့ Nguyen Duy Toan ၃ ယောက်က ဝက်ဆိုက်ဘ်ပေါင်း ၃၀၀ ကျော်နဲ့ လုပ်ငန်း လည်ပတ်ခဲ့ကြောင်း၊ သူတို့က အမေရိကန်က ဆိုင်တွေမှာ ပြတ်လပ်နေတဲ့ လက်သန့်ဆေးရည် နဲ့ တခြားပစ္စည်းတွေကို အွန်လိုင်းကနေ ကြော်ငြာ ရောင်းချပြီး ဝယ်သူတွေဆီကို မပေးပို့ဘဲ နေခဲ့ကြောင်း ဖော်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စုတွင်း ပြည်နယ် ၅၀ က ပစ္စည်းမှာယူသူ လူပေါင်း ၇၀၀၀ လောက်ဆီကို အမေရိကန် ဒေါ်လာ ၁ သန်းနီးပါးတန်ဘိုးရှိတဲ့ ပစ္စည်းတွေ ရောင်းချလိမ်လည်ခဲ့တာဖြစ်ပါတယ်။

လိမ်လည်သူတွေက အမေရိကန်အခြေစိုက် ငွေပေးချေမှုစနစ်ကို အသုံးပြုသလို ရာချီတဲ့ အီးမေးလ် အကောင့် တွေနဲ့ ဝက်ဘ်ဆိုက် အသုံးပြုသူ user အကောင့်တွေကို ဖွင့်ထားပြီး ပစ္စည်းတွေ လိမ်လည် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရောင်းချနေတာကို ဥပဒေစိုးမိုးရေး အရာရှိ တွေ မသိအောင် လုပ်ထားခဲ့တာကိုလည်း အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီး ဌာနက စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ လိပ်စာတွေနဲ့ ဖုန်းနံပါတ် အမှားတွေ ဝက်ဘ်ဆိုဒ်တွေပေါ်မှာ ဖော်ပြထားတာကြောင့်လည်း လိမ်လည်သူတွေနဲ့ မသက်ဆိုင်တဲ့လူတွေနဲ့ ကုမ္ပဏီတွေကို အလိမ်ခံရသူတွေက တိုင်တန်းမှုတွေ မှားယွင်း ပြုလုပ်ခဲ့မိကြပါတယ်။

အခုလို လိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီး ဌာနက ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကို ပေးပို့ခဲ့တာကြောင့် နောက်ဆုံးမှာ လိမ်လည်သူတွေကို ဖမ်းဆီးလိုက်နိုင်တာ ဖြစ်ပါတယ်။

XS
SM
MD
LG