သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်သတင်းပေးစွပ်စွဲခံရပြီး သတ်ဖြတ်မှုတချို့ရှိနေဆဲ


တောင်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး (ဓာတ်ပုံ - CJ)
တောင်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

ရန်ကုန်တိုင်း ကမာရွက်မြို့နယ်က စစ်တပ်သတင်းပေးတယ်လို့
စွပ်စွဲခံရသူတဦးနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရာအိမ်မှူး
တဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်မှာလည်း
ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက် အသတ်ခံရပါတယ်။ စစ်တပ်သတင်းပေးတယ်ဆိုပြီး စွပ်စွဲခံရသူတွေ အခုလိုအကြမ်းဖက်သတ်ဖြတ်ခံနေရတဲ့ သတင်းတချို့ ရန်ကုန်က စုစည်းပေးပို့ထားတာ.. အလိမ္မာပြောပြပေးပါမယ်။

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ အသက် ၅၀ ကျော်အရွယ် ဦးကိုကို ဟာ
သြဂုတ် ၁၆ ရက် မနေ့ညနေပိုင်းမှာ သူ့ရဲ့ ဥယာဉ်ခြံကို သွားရင်
အသတ်ခံလိုက်ရပါတယ်လို့ စစ်ကောင်စီခန့် အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး
တဦးက ပြောပါတယ်။
ဥယျာဉ်ခြံသွားလမ်း ဝယ်ပွဲ-ဖယ်ဝီးရပ်ကွက် ကားလမ်းဘေးမှာ ဦးကိုကိုဟာ
ရင်အုံထိုးသွင်းဒဏ်ရာနဲ့ ရေးမြို့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး
ဆေးရုံအရောက်မှာပဲ သေဆုံးသွားပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာလဲ
မသိရသေးဘူးလို့ စစ်ကောင်စီခန့် အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး
တဦးက ပြောပါတယ်။

“သူကွမ်းရွက်သွားခူးရင်းနဲ့ အဲ့မှာ လူထိုးသွင်းမှုနဲ့ သေတာ။ ဒါပဲ
သိတယ်။ ဟိုရွာရဲ့ အနောက်ဘက်ခြမ်း ပင်လယ်ဘက်သွားတဲ့ လမ်းမှာ သူ့ခြံရှိတယ်
တောတောင် တောင်ကြီးထဲမှာ သူ့ခြံရှိတယ် အဲ့ဒီခြံသွားရင်းနဲ့ ခြံကပြန်လာတာ
ဖြစ်တာ အဲ့လောက်ပဲသိသေးတယ် ကျန်တာဘာမှမသိသေးဘူး၊ သူက ကိုယ်လည်းမသိဘူး
ဒီကိစ္စက ဘယ်အဖွဲ့အစည်းတွေလုပ်လဲ ကိုယ်လည်း မသိနော် ဘယ်အဖွဲ့အစည်းလည်း
ကိုယ်လည်းမသိ သိရင် ကိုယ်လည်း ဖမ်းလိုက်မှာပေါ့ ကိုယ်မသိလို့ပေါ့နော်။”

သေဆုံးသူ ဦးကိုကိုဟာရပ်ရွာပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်သူတစ်ဦးဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်
တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါအပြင် ဒီကနေ့ သြဂုတ် ၁၇ ရက်နေ့ ရန်ကုန်တိုင်း ကမာရွက်မြို့နယ် အမှတ်(၃)
ရပ်ကွက်မှာ စစ်တပ်သတင်းပေးတယ်လို့ စွပ်စွဲခံရသူ ဦးတင်လှ နဖူးမှာ သေနတ်နဲ့
ပစ်သတ်ခံရသလို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၇ ရပ်ကွက်က ရာအိမ်မှူး
ဦးဉာဏ်ထွန်းလည်း သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက်၊ စစ်တပ်သတင်းပေး
ရပ်ကွက်ဒလန်လို့ စွပ်ဆွဲခံရသူတွေလည်း အသတ်ခံရတာတွေ နိုင်ငံတဝှမ်း ဖြစ်ပျက်နေပါတယ်။ တတ်ကြွလှုပ်ရှားသူတွေ မကြာခဏဖမ်းဆီးခံနေရတာဟာ ဒီလို သတင်းပေးတွေကြောင့် ဖြစ်တယ်လို့ ယူဆကြပြီး အခုလို သတ်ဖြတ်မှုတွေဖြစ်လာတာလို့
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီတပ်ဖွ့ဲ လုံခြုံရေးတပ်ဖွဲ့တွေက လူထုတွေထဲမှာ
တက်ကြွတဲ့လှုပ်ရှားသူတွေရဲ့အိမ်တွေ တက်စီးနေတာ။ ဖမ်းဆီးနေတာ စသည့်အားဖြင့်
တကယ်တော့ ဒါတွေက လုံခြုံရေးတပ်ဖွဲ့တွေက ရပ်ကွက်တွေက အခြေအနေတွေကို သူတို့
ဘယ်လိုမှမသိနိုင်ပါဘူး၊ သူတို့သိနိုင်တာ သူလျှိုဒလန်တွေကတဆင့်သာ
သိနိုင်တာပါ၊ အဲ့ဒါကြောင့် သူလျှိဒလန်တွေကို မရှင်းလင်းနိုင်လို့ရှိရင်
ကိုယ့်လူတွေ ဖမ်းဆီးခံရတာ အစီးနင်းခံရတာဆိုတဲ့ ပြသနာတွေ
အကြိမ်ကြိမ်ပေါ်နေပါတယ်၊ ခံခုကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အဲ့ဒီဒလန်တွေကို
လိုက်ပြီးတော့ ရန်သူနဲ့ တန်တူသဘောပြီးရှင်းလင်းနေတာလို့ ကျနော်တော့
မြင်ပါတယ်။”

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက်ပေါင်း ၁၉၀ ကျော်လာပြီဖြစ်ပေမယ့်လည်း
အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဒေသတချို့မှာ
လျော့နည်းသွားပေမယ့် လျှပ်တပြတ်ဆန္ဒပြပွဲတွေက ဆက်ရှိနေပါတယ်။

ဆန္ဒပြသပိတ်တွေ တကျော့ပြန် အားကောင်းလာအောင်
လုပ်ဆောင်နေတယ်လို့ မုံရွာဆန္ဒပြသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

“သပိတ်စစ်ကြောင်းပီပီဦးဆောင်နေတဲ့အဖွဲ့တွေ ခေါင်းဆောင်တွေကတော့
အချိန်အတိုင်းအတာတစ်ခုထိ လမ်းမပေါ်က သပိတ်စစ်ကြောင်းတွေ
ပြန်အားကောင်းလာဖို့ မျှော်လင့်တာပေ့ါနော်၊ အဲ့ဒီမျှော်လင့်ချက်အတိုင်းပဲ
ကျနော်တို့လုပ်ဆောင်နေတာတွေပါရှိတယ်ဗျ၊ တစ်ချိန်ချိန်မှာ ကျနော်တို့
ပြည်သူတွေ အင်နဲ့ အားနဲ့ လမ်းမပေါ်မှာ ပြန်ထွက်လာဖို့ ကျနော်တို့
မျှော်လင့်တယ်ဗျ အဲ့ဒီအတိုင်းပဲ ကျနော်တို့ ပြည်သူတွေအနေနဲ့
ကျန်းမာရေးကို အထူးဂရုစိုက်ပြီးတော့နော် ဆန့်ကျင်ကြဖို့ပေါ့နော်
နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ ကျနော်တို့
အမြဲမပျက်တိုက်တွန်းချင်ပါတယ်ဗျ။”

မန္တလေး၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းနဲ့ စစ်ကိုင်းတိုင်း၊ ကလေး၊
ယင်းမာပင်၊ ဆားလင်းကြီး၊ တန့်ဆည် စတဲ့ဒေသတွေက ကြွေးကြော်သံတွေ
အော်ဟစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်သပိတ်မှောက်နေကြပါတယ်။

...............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)








အာဏာသိမျးမှုကို ဆန့ျကငြျကန့ျကှကျတဲ့ ဆန်ဒပွပှဲတှေ ဒသေတခြို့မှာ
လြော့နညျးသှားပမေယ့ျ လြှပျတပွတျဆန်ဒပွပှဲတှကေ ဆကျရှိနပေါတယျ။




XS
SM
MD
LG