သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာအပါအဝင္ ႏိုင္ငံတခ်ိဳ႕မွာ ဖမ္းဆီးသတ္ျဖတ္ခံ သတင္းသမား ဦးေရတိုး


IFJ

၂၀၂၂ ခုႏွစ္အတြင္း ႐ုရွားယူကရိန္းစစ္ပဲြအပါ၀င္ တ႐ုတ္၊ ျမန္မာ၊ ေဟတီ၊ မကၠဆီကိုႏိုင္ငံေတြကအေျခအေတြေၾကာင့္ အသတ္ခံရတဲ့ သတင္းသမားနဲ႔ ဖမ္းဆီးေထာင္ခ်ခံရတဲ့ သတင္းသမား တိုးလာခဲ့တယ္လို႔ ႏိုင္ငံတကာသတင္းသမားမ်ားအဖဲြ႕ခ်ဳပ္ IFJ က ၂၀၂၂ ခုႏွစ္ႏွစ္ခ်ဳပ္အစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။ ၂၀၂၂ အသတ္ခံရတဲ့ သတင္းသမား ၆၇ ဦးရွိ/

၂၀၂၂ ခုႏွစ္အတြင္း ႐ုရွားယူကရိန္းစစ္ပဲြ အပါအ၀င္ တ႐ုတ္၊ ျမန္မာ၊ ေဟတီ၊ မကၠဆီကိုႏိုင္ငံေတြကအေျခအေတြေၾကာင့္ အသတ္ခံရတဲ့ သတင္းသမားနဲ႔ ဖမ္းဆီးေထာင္ခ်ခံရတဲ့ သတင္းသမား အေရအတြက္တိုးလာခဲ့တယ္လို႔ ႏိုင္ငံတကာ သတင္းသမားမ်ားအဖဲြ႕ခ်ဳပ္ IFJ က ၂၀၂၂ ခုႏွစ္- ႏွစ္ခ်ဳပ္အစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။

၂၀၂၂ ခုႏွစ္အတြင္း ကမ႓ာတလႊား အသတ္ခံရတဲ့ သတင္းသမားနဲ႔ သတင္းဌာန၀န္ထမ္း စုစုေပါင္း ၆၇ ဦးရွိၿပီး၊ အဲဒီ အထဲက ၃၀ ရာႏႈန္းဟာ ႐ုရွားယူကရိန္းစစ္ပဲြ၊ ေဟတီျပႆနာနဲ႔ မကၠဆီကို ရာဇ၀တ္ဂိုဏ္းေတြေၾကာင့္ ေသဆုံးခဲ့ရ တာျဖစ္တယ္လို႔ IFJ ကေဖၚျပပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က အသတ္ခံခဲ့ရတဲ့ သတင္းသမား ၄၇ ဦးရွိခဲ့ၿပီး ၂၀ ေက်ာ္တိုးလာခဲ့ပါတယ္။ ဒါ့အျပင္ကမ႓ာတလႊား ဖမ္းဆီးေထာင္ခ်ခံရတဲ့ သတင္းသမား အေရအတြက္ဟာ ၃၇၅ ေယာက္ရွိၿပီး၊ အမ်ားစုဟာ ျမန္မာ၊ တ႐ုတ္နဲ႔ တူရကီႏိုင္ငံေတြမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ဖမ္းဆီးေထာင္ခ်ခံရသူ ၃၆၅ ဦးရွိခဲ့ပါတယ္။

လူ႔အခြင့္အေရးနဲ႔ သတင္းလြတ္လပ္ခြင့္ အဖဲြ႔အစည္းေတြရဲ႔ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္ဆီးခံခဲ့ရတဲ့ သတင္းသမား ၁၅၀ ေလာက္ရွိပါတယ္ ။ ၉၀ ေက်ာ္ေလာက္ ျပန္လည္လြတ္ ေျမာက္ခဲ့ၿပီး ၅၀ ေက်ာ္ေလာက္ ဆက္လက္အက်ဥ္းက်ေနပါတယ္။ အသတ္ခံရတဲ့ သတင္းသမား ၃ ဦးရွိတယ္လိုေဖၚ ျပပါတယ္။

အခုလိုသတင္းသမားေတြ အသတ္ခံရတာ၊ ေသဆုံးတာေတြျမင့္တက္လာတဲ့အတြက္ အစိုးရေတြအေနနဲ႔ သတင္း သမားေတြကိုကာကြယ္ဖို႔နဲ႔ သတင္းလြတ္လပ္ခြင့္ကို ကာကြယ္ဖို႔ ေသေသျခာျခာေဆာင္ရြက္သင့္တယ္လို႔လည္း ဘယ္လဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ ၿမိဳ႔မွာ အေျခစိုက္တဲ့ IFJ ႏိုင္ငံတကာ သတင္းသမားမ်ားအဖဲြ႔ခ်ဳပ္က တိုက္တြန္းေတာင္းဆိုထားပါတယ္။ IFJ ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္က သတင္းသတင္းသမဂၢေတြ အပါအ၀င္ သတင္းသမား ၆ သိန္းေက်ာ္ကို ကိုယ္စားျပဳထားတဲ့အဖဲြ႕ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

၂၀၂၂ ခုနှစ်အတွင်း ရုရှားယူကရိန်းစစ်ပွဲ အပါအဝင် တရုတ်၊ မြန်မာ၊ ဟေတီ၊ မက္ကဆီကိုနိုင်ငံတွေကအခြေအတွေကြောင့် အသတ်ခံရတဲ့ သတင်းသမားနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမား အရေအတွက်တိုးလာခဲ့တယ်လို့ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ် IFJ က ၂၀၂၂ ခုနှစ်- နှစ်ချုပ်အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတလွှား အသတ်ခံရတဲ့ သတင်းသမားနဲ့ သတင်းဌာနဝန်ထမ်း စုစုပေါင်း ၆၇ ဦးရှိပြီး၊ အဲဒီ အထဲက ၃၀ ရာနှုန်းဟာ ရုရှားယူကရိန်းစစ်ပွဲ၊ ဟေတီပြဿနာနဲ့ မက္ကဆီကို ရာဇဝတ်ဂိုဏ်းတွေကြောင့် သေဆုံးခဲ့ရ တာဖြစ်တယ်လို့ IFJ ကဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ သတင်းသမား ၄၇ ဦးရှိခဲ့ပြီး ၂၀ ကျော်တိုးလာခဲ့ပါတယ်။ ဒါ့အပြင်ကမ္ဘာတလွှား ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမား အရေအတွက်ဟာ ၃၇၅ ယောက်ရှိပြီး၊ အများစုဟာ မြန်မာ၊ တရုတ်နဲ့ တူရကီနိုင်ငံတွေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးထောင်ချခံရသူ ၃၆၅ ဦးရှိခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်ဆီးခံခဲ့ရတဲ့ သတင်းသမား ၁၅၀ လောက်ရှိပါတယ် ။ ၉၀ ကျော်လောက် ပြန်လည်လွတ် မြောက်ခဲ့ပြီး ၅၀ ကျော်လောက် ဆက်လက်အကျဉ်းကျနေပါတယ်။ အသတ်ခံရတဲ့ သတင်းသမား ၃ ဦးရှိတယ်လိုဖေါ် ပြပါတယ်။

အခုလိုသတင်းသမားတွေ အသတ်ခံရတာ၊ သေဆုံးတာတွေမြင့်တက်လာတဲ့အတွက် အစိုးရတွေအနေနဲ့ သတင်း သမားတွေကိုကာကွယ်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ သေသေခြာခြာဆောင်ရွက်သင့်တယ်လို့လည်း ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့မှာ အခြေစိုက်တဲ့ IFJ နိုင်ငံတကာ သတင်းသမားများအဖွဲ့ချုပ်က တိုက်တွန်းတောင်းဆိုထားပါတယ်။ IFJ နိုင်ငံပေါင်း ၁၄၀ ကျော်က သတင်းသတင်းသမဂ္ဂတွေ အပါအဝင် သတင်းသမား ၆ သိန်းကျော်ကို ကိုယ်စားပြုထားတဲ့အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG