သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝေမိုးနိုင် (ပင်ဒါ) ကို ထောင်အနှစ် ၂၀ ထပ်ချ 


ယခင်မှတ်တမ်းရုပ်ပုံ | မုံရွာမြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရတဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင် (မတ် ၂၈၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | မုံရွာမြို့ ဆန္ဒပြပွဲတခုအတွင်းတွေ့ရတဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင် (မတ် ၂၈၊ ၂၀၂၁)

မုံရွာသပိတ်ကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို ပုဒ်မ ၅ ခု အတွက် ထောင်နှစ် ၂၀ မနေ့ ဧပြီ ၅ ရက်နေ့က ပြစ်ဒဏ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

၅၀၅-က အမှု ၁ မှုအတွက် ၃ နှစ်၊ ရာ‌ဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာဦးဆောင်မှုနဲ့ ၃ နှစ်၊ ဓါးပြမှု ပုဒ်မ ၃၉၅ အတွက် ထောင်ဒဏ် ၂၀ နှစ်၊ ဓါးပြမှုကျူးလွန်ချိန်မှာ တစုံတယောက်ကို နာကျင်စေမှု ပုဒ်မ ၃၉၇ အတွက် ၇ နှစ် နဲ့ နာကျင်စေမှုပုဒ်မအတွက် ၁ နှစ် စုစုပေါင်း ၃၄ နှစ် ချမှတ်ခဲ့တာပါ။ ဒါပေမယ့် ဒီအမှု ၅မှုရဲ့ ပြစ်ဒဏ်တွေကို တပေါင်းထဲကျခံဖို့ သတ်မှတ်လိုက်တာမို့ ထောင်ဒဏ် နှစ် ၂၀ ကျခံဖို့ အပြီးသတ် အမိန့်ချ မှတ်ခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပင်ဒါလို့ လူသိများတဲ့ ကဗျာဆရာလည်းဖြစ်တဲ့ ကိုဝေမိုးနိုင်ဟာ စစ်အာဏာသိမ်း ဆန့်ကျင် လှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တုန်းက စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး သပိတ်တစ်ခုကနေအပြန် ကိုဝေမိုးနိုင် စီးလာတဲ့ ဆိုင်ကယ်ကို စစ်တပ်က မုံရွာမြို့က လမ်းမကြီးတစ်နေရာမှာ ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ၆ မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှုကျူးလွန်စဉ် တစုံတယောက်ကိုနာကျင်စေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ စတဲ့ပုဒ်မ ၁၀ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပုဒ်မ ၅၀၅ (က) အမှု ငါးမှုအတွက်တစ်မှုကို ၂ နှစ်စီနဲ့ ထောင်ဆယ်နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် သူ့အပေါ် စွဲဆိုထားတဲ့ အမှုအားလုံးအတွက် ပြစ်ဒဏ်စုစုပေါင်းက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG