သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ၀မိုးႏိုင္ ေတြ အမ်ားအျပား ေပၚထြက္လာမယ္ (မံုရြာသပိတ္ေကာ္မီတီ)


မွတ္တမ္းဓါတ္ပံု မတ္လ ၂၈ ရက္ေန႔က မံုရြာသပိတ္ကို ကိုေ၀မိုးႏိုင္ ဦးေဆာင္စဥ္ (Photo by Handout / various sources / AFP)

(Zawgyi/Unicode)

မုံရြာၿမဳိ႕ သပိတ္ေခါင္းေဆာင္တဦးအျဖစ္ လူသိမ်ားတဲ့ ကိုေဝမိုးႏိုင္ကို စစ္ေကာင္စီရဲ႕တပ္ဖဲြ႕ဝင္ေတြက ၾကာသပေတးေန႔မွာ အၾကမ္းဖက္ ဖမ္းဆီးလိုက္တယ္ ဆိုေပမယ့္ မုံရြာျမဳိ႕မွာ ကိုေဝမိုးႏိုင္ေတြ အမ်ားႀကီး ထြက္ေပၚလာဦးမွာျဖစ္တယ္လို႔ မုံရြာသပိတ္ ဦးေဆာင္ေကာ္မတီဝင္ တခ်ဳိ႕က ေျပာဆိုလိုက္ၾကပါတယ္။ ကိုေဝမိုးႏိုင္ကို ဖမ္းဆီးသြားတဲ့အေပၚ စိတ္ထိခိုက္ရေပမယ့္ မုံရြာျပည္သူေတြရဲ႕ လႈပ္ရွားမႈ ေလ်ာ့က်သြားမွာ မဟုတ္ဘူးလို႔လည္း ေျပာဆိုေနၾကတာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ခြပ္ေဒါင္းအလံလႊင့္ထူရင္း မုံရြာျမဳိ႕ကို ဆိုင္ကယ္ေတြနဲ႔ပတ္ၿပီး စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပေနခ်ိန္ သာစည္လမ္းမႀကီးေပၚမွာ မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ အိမ္စီးကားတစင္းက ကိုေဝမိုးႏိုင္တို႔ရဲ႕ ဆိုင္ကယ္အုပ္စုထဲ အရွိန္နဲ႔ဝင္တိုက္ၿပီး ကိုေဝမိုးႏိုင္ကို ဖမ္းဆီးသြားတာ ျဖစ္ပါတယ္။

ကိုေဝမိုးႏိုင္ အခုလို အၾကမ္းဖက္ ဖမ္းဆီးခံလိုက္ရေပမယ့္ မုံရြာျပည္သူေတြက လမ္းေပၚသပိတ္ေတြကို ပိုၿပီး အရွိန္ျမႇင့္ ေဆာင္ရြက္လာၾက လိမ့္မယ္လို႔ မုံရြာသပိတ္မွာ ကိုေဝမိုးႏိုင္နဲ႔အတူ လက္တဲြလႈပ္ရွားေနတဲ့ ၈၈ မ်ဳိးဆက္(ၿငိမ္း/ပြင့္) အဖြဲ႔ဝင္ ကိုဝင္းေဇာ္ခိုင္က VOA ကို ေျပာ ပါတယ္။

“ အခုလို ဖမ္းဆီးခံလိုက္ရတဲ့ အေပၚမွာ က်ေနာ္တို႔ မ်ားစြာ စိုးရိမ္ေသာကျဖစ္ရတယ္။ ဘာလို႔လည္းဆိုေတာ့ စတင္ဖမ္းဆီးကတည္းက သူတို႔က ကားနဲ႔ အၾကမ္းဖက္ဝင္တိုက္ၿပီးေတာ့မွ ဖမ္းတယ္။ ႐ိုက္ႏွက္မႈေတြ လုပ္ၿပီးေတာ့မွ ဖမ္းဆီတာမ်ဳိးေတြ လုပ္တယ္။ ဒီျဖစ္ရပ္ကို ျမန္မာျပည္သူေတြကပါ မ်ားစြာ စိုးရိမ္မကင္း ျဖစ္ၾကရတယ္။ က်ေနာ္တို႔က ဘယ္လိုပဲ ဦးေဆာင္ေနတယ္ဆိုေပမယ့္ ဒီမုံရြာသပိတ္ကို အႀကိမ္ႀကိမ္အခါခါ ျဖဳိခြင္းတဲ့အခါမွာ မုံရြာျပည္သူေတြကပဲ က်ေနာ္တို႔ကို အသက္ေပးကာကြယ္ခဲ့ၾကတယ္။ ဆိုေတာ့ အခုလိုမ်ဳိး က်ေနာ္တို႔ရဲ႕ညီငယ္ ကိုေဝမိုးႏိုင္ ဖမ္းဆီးခံခဲ့ရတယ္ဆိုေပမယ့္ မုံရြာျပည္သူလူထုႀကီးရဲ႕ ေတာ္လွန္ေရးအသိ၊ ႏိုင္ငံေရးႏိုးၾကားမႈနဲ႔ အတူ ႐ုန္းထၿပီးေတာ့မွ လမ္းေပၚသပိတ္တိုက္ပဲြေတြဟာ ဒီထက္ပိုၿပီး အရွိန္ျမင့္ ပါဝင္လာၾကဖို႔ ရွိပါတယ္။”

အိမ္စီးကားတစီးက ဆိုင္ကယ္အုပ္စုထဲ အရွိန္နဲ႔ဝင္တိုက္ခဲ့တာေၾကာင့္ ကိုေဝမိုးႏိုင္ ရသြားတဲ့ဒဏ္ရာဟာ ဘယ္ေလာက္ထိ ျပင္းထန္သလဲ၊ သူ႔ကိုဘယ္မွာ ဖမ္းဆီးထားသလဲဆိုတာ မသိရေသးေပမယ့္ ဖမ္းဆီးထားစဥ္အတြင္း ေဆးကုသမႈေပးဖို႔ မုံရြာေရွ႕ေနမ်ားကြန္ယက္ကတဆင့္ ဆက္သြယ္စုံစမ္းေနတယ္လို႔လည္း ကိုဝင္းေဇာ္ခိုင္ က ေျပာပါတယ္။

“က်ေနာ္တို႔က ကိုေဝမိုးႏိုင္နဲ႔ ေတြ႕ဆုံခြင့္ရဖို႔ ၊ သူ ေဆးကုသမႈ ရရွိႏိုင္ဖို႔ ဒီမုံရြာေရွ႕ေန ကြန္ယက္ကတဆင့္ က်ေနာ္တို႔ ဆက္သြယ္မႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။ အဲဒီမွာ သူတို႔ဖက္က ေျပာတာက ရမန္ျပည့္မွ ေတြ႕ခြင့္ေပးႏိုင္မယ္ဆိုတာမ်ဳိး သိရွိရပါတယ္။”

မုံရြာျမဳိ႕က သပိတ္ေခါင္းေဆာင္တဦး အခုလို ဖမ္းဆီးခံရလိုက္ရေပမယ့္ အာဏာရွင္ဆန္႔က်င္ေရးမွာ သူတို႔အေနနဲ႔ ေနာက္ဆုတ္သြားမွာ မဟုတ္ဘူးလို႔ အထက္တန္းေက်ာင္းသူ မခြန္းလဲ့ေနျခည္က ေျပာပါတယ္။

“ ကိုေဝမိုးႏိုင္ကို ဖမ္းသြားတာေတာ့ လူတိုင္းက စိတ္မေကာင္းျဖစ္ၾကပါတယ္။ ဘာလို႔ဆို လူတိုင္းက သူ႔ကိုလည္း ခ်စ္တာဆိုေတာ့ သူပါသြားၿပီဆိုေတာ့ ဝမ္းနည္းေပမယ့္လည္း သပိတ္ေမွာက္ စစ္ေၾကာင္းေတြ ထပ္လုပ္ဖို႔ရွိပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာ ခုဆိုရင္ (၆၈)ရက္ေက်ာ္လာၿပီျဖစ္ပါတယ္။ ႏိုင္ငံတလႊား စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပ လႈပ္ရွားမႈေတြထဲမွာ မုံရြာျမဳိ႕က အေတာ္ကို အားေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္ မုံရြာမွာ သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ဖမ္းဆီးလိုက္ ေပမယ့္ ေနာက္ထပ္ ‘ေဝမိုးႏိုင္’ေတြေပၚလာၿပီး ဆက္လက္ လႈပ္ရွားသြားၾကမွာ ျဖစ္တယ္လို႔ မုံရြာလူထုသပိတ္ ဦးေဆာင္ေကာ္မတီဝင္ တဦးျဖစ္တဲ့ ကိုေအာင္ေနမ်ဳိးက ေျပာပါတယ္။

“ မုံရြာမွာ အာဏာရွင္စနစ္ကို က်ေနာ္တို႔ စၿပီး ေတာ္လွန္ၾကတဲ့ အခ်ိန္ကစၿပီး မုံရြာျမဳိ႕မွာ လူထုညီလာခံေတြ က်င္းပႏိုင္တာ ၊ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ စဖြဲ႔ႏိုင္တာက အစေပါ့ေနာ္။ တျခားျမဳိ႕ေတြထက္ က်ေနာ္တို႔က ေရွ႕ေျပးခဲ့တယ္။ အဲဒီေတာ့ မုံရြာျမဳိ႕ကို သူတို႔က ပိုၿပီး ဖိတယ္။ လုံျခဳံေရးကိုလည္း သူတို႔က ပိုအားစိုက္ၿပီးလုပ္ခဲ့တယ္။ အခုဆိုရင္ လုံျခဳံေရးက ပိုဆိုးတာေပါ့ဗ်ာ။ အေစာႀကီးကတည္းကလည္း ဒီအာဏာရွင္ေတာ္လွန္ေရး ေႏြဦးလႈပ္ရွားမႈက တဦးတေယာက္ရဲ႕ ဦးေဆာင္မႈ ေအာက္ကေန သြားေနၾကတာ မဟုတ္ဘူး။ ကိုယ္စီကိုယ္စီ ဦးေဆာင္ၿပီး သြားေနၾကတာျဖစ္တဲ့အတြက္ တဗိုလ္တက္-တဗိုလ္ဆင္း သြားမွာပါ။ မုံရြာျမဳိ႕ အေနအထားကလည္း ေဝမိုးႏိုင္လို ‘ေဝမိုးႏိုင္’မ်ဳိးေတြ လူငယ္ေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔က ဆက္ၿပီးေတာ့ လႈပ္ရွားၾကမွာပဲ။ ဒီအတြက္ကေတာ့ မီးက ၿငိမ္းသြားမွာ မဟုတ္ဘူး။ ဆက္ၿပီး ေတာက္ေလာင္ေနဦးမွာပဲ။”

ကိုေဝမိုးႏိုင္ဟာ B.A (English) နဲ႔ ဘဲြ႕ရထားသူတဦးျဖစ္ၿပီး ၊ အေမရိကန္ႏိုင္ငံ အာရီဇိုးနားေကာလိပ္မွာ ဖြင့္လွစ္တဲ့ YSEALI ေခၚ လူငယ္ ေခါင္းေဆာင္မႈ အစီအစဥ္ကို တက္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။ သူဟာ မုံရြာတကၠသိုလ္ ေက်ာင္းသားသမဂၢကို စတင္တည္ေထာင္သူေတြ ထဲမွာ တဦးအပါဝင္ျဖစ္ၿပီး မုံရြာတကၠသိုလ္ သမဂၢဥကၠဌအျဖစ္လည္း တာဝန္ယူခဲ့ဖူးသူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဝေမိုးနိုင် တွေ အများအပြား ပေါ်ထွက်လာမယ် (မုံရွာသပိတ်ကော်မီတီ)

(Unicode)

မုံရွာမြို့ သပိတ်ခေါင်းဆောင်တဦးအဖြစ် လူသိများတဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ အကြမ်းဖက် ဖမ်းဆီးလိုက်တယ် ဆိုပေမယ့် မုံရွာမြို့မှာ ကိုဝေမိုးနိုင်တွေ အများကြီး ထွက်ပေါ်လာဦးမှာဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီဝင် တချို့က ပြောဆိုလိုက်ကြပါတယ်။ ကိုဝေမိုးနိုင်ကို ဖမ်းဆီးသွားတဲ့အပေါ် စိတ်ထိခိုက်ရပေမယ့် မုံရွာပြည်သူတွေရဲ့ လှုပ်ရှားမှု လျော့ကျသွားမှာ မဟုတ်ဘူးလို့လည်း ပြောဆိုနေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ခွပ်ဒေါင်းအလံလွှင့်ထူရင်း မုံရွာမြို့ကို ဆိုင်ကယ်တွေနဲ့ပတ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေချိန် သာစည်လမ်းမကြီးပေါ်မှာ မျက်နှာချင်းဆိုင်ကလာတဲ့ အိမ်စီးကားတစင်းက ကိုဝေမိုးနိုင်တို့ရဲ့ ဆိုင်ကယ်အုပ်စုထဲ အရှိန်နဲ့ဝင်တိုက်ပြီး ကိုဝေမိုးနိုင်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ကိုဝေမိုးနိုင် အခုလို အကြမ်းဖက် ဖမ်းဆီးခံလိုက်ရပေမယ့် မုံရွာပြည်သူတွေက လမ်းပေါ်သပိတ်တွေကို ပိုပြီး အရှိန်မြှင့် ဆောင်ရွက်လာကြ လိမ့်မယ်လို့ မုံရွာသပိတ်မှာ ကိုဝေမိုးနိုင်နဲ့အတူ လက်တွဲလှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ဝင် ကိုဝင်းဇော်ခိုင်က VOA ကို ပြော ပါတယ်။

“ အခုလို ဖမ်းဆီးခံလိုက်ရတဲ့ အပေါ်မှာ ကျနော်တို့ များစွာ စိုးရိမ်သောကဖြစ်ရတယ်။ ဘာလို့လည်းဆိုတော့ စတင်ဖမ်းဆီးကတည်းက သူတို့က ကားနဲ့ အကြမ်းဖက်ဝင်တိုက်ပြီးတော့မှ ဖမ်းတယ်။ ရိုက်နှက်မှုတွေ လုပ်ပြီးတော့မှ ဖမ်းဆီတာမျိုးတွေ လုပ်တယ်။ ဒီဖြစ်ရပ်ကို မြန်မာပြည်သူတွေကပါ များစွာ စိုးရိမ်မကင်း ဖြစ်ကြရတယ်။ ကျနော်တို့က ဘယ်လိုပဲ ဦးဆောင်နေတယ်ဆိုပေမယ့် ဒီမုံရွာသပိတ်ကို အကြိမ်ကြိမ်အခါခါ ဖြိုခွင်းတဲ့အခါမှာ မုံရွာပြည်သူတွေကပဲ ကျနော်တို့ကို အသက်ပေးကာကွယ်ခဲ့ကြတယ်။ ဆိုတော့ အခုလိုမျိုး ကျနော်တို့ရဲ့ညီငယ် ကိုဝေမိုးနိုင် ဖမ်းဆီးခံခဲ့ရတယ်ဆိုပေမယ့် မုံရွာပြည်သူလူထုကြီးရဲ့ တော်လှန်ရေးအသိ၊ နိုင်ငံရေးနိုးကြားမှုနဲ့ အတူ ရုန်းထပြီးတော့မှ လမ်းပေါ်သပိတ်တိုက်ပွဲတွေဟာ ဒီထက်ပိုပြီး အရှိန်မြင့် ပါဝင်လာကြဖို့ ရှိပါတယ်။”

အိမ်စီးကားတစီးက ဆိုင်ကယ်အုပ်စုထဲ အရှိန်နဲ့ဝင်တိုက်ခဲ့တာကြောင့် ကိုဝေမိုးနိုင် ရသွားတဲ့ဒဏ်ရာဟာ ဘယ်လောက်ထိ ပြင်းထန်သလဲ၊ သူ့ကိုဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာ မသိရသေးပေမယ့် ဖမ်းဆီးထားစဉ်အတွင်း ဆေးကုသမှုပေးဖို့ မုံရွာရှေ့နေများကွန်ယက်ကတဆင့် ဆက်သွယ်စုံစမ်းနေတယ်လို့လည်း ကိုဝင်းဇော်ခိုင် က ပြောပါတယ်။

“ကျနော်တို့က ကိုဝေမိုးနိုင်နဲ့ တွေ့ဆုံခွင့်ရဖို့ ၊ သူ ဆေးကုသမှု ရရှိနိုင်ဖို့ ဒီမုံရွာရှေ့နေ ကွန်ယက်ကတဆင့် ကျနော်တို့ ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ အဲဒီမှာ သူတို့ဖက်က ပြောတာက ရမန်ပြည့်မှ တွေ့ခွင့်ပေးနိုင်မယ်ဆိုတာမျိုး သိရှိရပါတယ်။”

မုံရွာမြို့က သပိတ်ခေါင်းဆောင်တဦး အခုလို ဖမ်းဆီးခံရလိုက်ရပေမယ့် အာဏာရှင်ဆန့်ကျင်ရေးမှာ သူတို့အနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ အထက်တန်းကျောင်းသူ မခွန်းလဲ့နေခြည်က ပြောပါတယ်။

“ ကိုဝေမိုးနိုင်ကို ဖမ်းသွားတာတော့ လူတိုင်းက စိတ်မကောင်းဖြစ်ကြပါတယ်။ ဘာလို့ဆို လူတိုင်းက သူ့ကိုလည်း ချစ်တာဆိုတော့ သူပါသွားပြီဆိုတော့ ဝမ်းနည်းပေမယ့်လည်း သပိတ်မှောက် စစ်ကြောင်းတွေ ထပ်လုပ်ဖို့ရှိပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ခုဆိုရင် (၆၈)ရက်ကျော်လာပြီဖြစ်ပါတယ်။ နိုင်ငံတလွှား စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွေထဲမှာ မုံရွာမြို့က အတော်ကို အားကောင်းခဲ့ပါတယ်။ ဒါကြောင့် မုံရွာမှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးလိုက် ပေမယ့် နောက်ထပ် ‘ဝေမိုးနိုင်’တွေပေါ်လာပြီး ဆက်လက် လှုပ်ရှားသွားကြမှာ ဖြစ်တယ်လို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီဝင် တဦးဖြစ်တဲ့ ကိုအောင်နေမျိုးက ပြောပါတယ်။

“ မုံရွာမှာ အာဏာရှင်စနစ်ကို ကျနော်တို့ စပြီး တော်လှန်ကြတဲ့ အချိန်ကစပြီး မုံရွာမြို့မှာ လူထုညီလာခံတွေ ကျင်းပနိုင်တာ ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ စဖွဲ့နိုင်တာက အစပေါ့နော်။ တခြားမြို့တွေထက် ကျနော်တို့က ရှေ့ပြေးခဲ့တယ်။ အဲဒီတော့ မုံရွာမြို့ကို သူတို့က ပိုပြီး ဖိတယ်။ လုံခြုံရေးကိုလည်း သူတို့က ပိုအားစိုက်ပြီးလုပ်ခဲ့တယ်။ အခုဆိုရင် လုံခြုံရေးက ပိုဆိုးတာပေါ့ဗျာ။ အစောကြီးကတည်းကလည်း ဒီအာဏာရှင်တော်လှန်ရေး နွေဦးလှုပ်ရှားမှုက တဦးတယောက်ရဲ့ ဦးဆောင်မှု အောက်ကနေ သွားနေကြတာ မဟုတ်ဘူး။ ကိုယ်စီကိုယ်စီ ဦးဆောင်ပြီး သွားနေကြတာဖြစ်တဲ့အတွက် တဗိုလ်တက်-တဗိုလ်ဆင်း သွားမှာပါ။ မုံရွာမြို့ အနေအထားကလည်း ဝေမိုးနိုင်လို ‘ဝေမိုးနိုင်’မျိုးတွေ လူငယ်တွေ အများကြီးရှိပါတယ်။ သူတို့က ဆက်ပြီးတော့ လှုပ်ရှားကြမှာပဲ။ ဒီအတွက်ကတော့ မီးက ငြိမ်းသွားမှာ မဟုတ်ဘူး။ ဆက်ပြီး တောက်လောင်နေဦးမှာပဲ။”

ကိုဝေမိုးနိုင်ဟာ B.A (English) နဲ့ ဘွဲ့ရထားသူတဦးဖြစ်ပြီး ၊ အမေရိကန်နိုင်ငံ အာရီဇိုးနားကောလိပ်မှာ ဖွင့်လှစ်တဲ့ YSEALI ခေါ် လူငယ် ခေါင်းဆောင်မှု အစီအစဉ်ကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို စတင်တည်ထောင်သူတွေ ထဲမှာ တဦးအပါဝင်ဖြစ်ပြီး မုံရွာတက္ကသိုလ် သမဂ္ဂဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG