သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ မြန်မာသတင်းသမားတို့ အရေး UNESCO အထူးစိုးရိမ်


Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အဖမ်းခံရတဲ့ သတင်းထောက် ၇၁ ယောက် ရှိပီဖြစ်ပြီး ဒီအထဲက ထက်ဝက်ကျော်ဟာ ခုထိအဖမ်း ခံနေရဆဲပဲ လို့ ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ သတင်းထောက် ၇၁ ယောက် ရှိနေပြီး အဲဒီထဲက ထက်ဝက်ကျော်လောက်ဟာ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကတည်းကနေ ခုထိ ပြန်လွတ်မလာသေးဘူးလို့ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့ကြီးက ပြောကြောင်း" ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephan Dujarric က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။အဲဒီထဲက ၂၄ ယောက် လောက်ကတော့ သတင်းတု ဖြန့်ချီတယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရကြောင်းလည်း ပြောပါတယ်။

ဒီသတင်းထောက်တွေရဲ့ ကံကြမ္မာအတွက် မြန်မာနိုင်ငံထဲက ယူနက်စကိုအဖွဲ့အနေနဲ့ အထူးစိုးရိမ်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ထောင်နဲ့ ချီတဲ့ ပြည်သူတွေ တရားမဲ့ဖမ်းဆီးတာခံနေရကြောင်းနဲ့ ဘယ်ရောက်နေမှန်းမသိပဲ ပျောက်ဆုံးနေသူလည်း အများအပြား ရှိနေတာကြောင့် အထူးစိုးရိမ်ကြောင်း ပြောပါတယ်။

အရပ်သားအစိုးရဆီကနေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေ သတင်းရယူတာကို စစ်အုပ်ချုပ်ရေးကောင်စီက ဖိအားပေး ကန့်သတ်တာအပြင် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတာတွေ တိုးပြီးလုပ်ဆောင်လာနေတာပါ။ သတင်းရယူချိန်ဖမ်းခံရတာတွေရှိသလို တချို့တွေဆိုရင် ညအချိန်မတော်နေအိမ်တွေကို စီးနင်းဝင်ရောက် ဖမ်းခံရတာတွေရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်း အဖမ်းခံနေရတဲ့ သတင်းထောက်တွေထဲက အယောက် ၃၀ ထက် မနည်းကို တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စစ်အာဏာပိုင်တွေက တရားစွဲဆိုထားတာပါ။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဆူပူလှုံ့ဆော်မှုဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရပါက ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ကျခံ ရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)





XS
SM
MD
LG