သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ညဖက္ဆႏၵျပပဲြေတြ ႏွိမ္နင္းခံရမႈေၾကာင့္ ထိခိုက္ေသဆုံးမႈတခ်ဳိ႕ရွိ


ဒလ ညသပိတ္ credit ( Broken - Citizen Journalist )

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ျဖဳိခဲြမႈေတြ ရွိေနတဲ့ၾကားကပဲ ညဖက္ ဆန္႔က်င္ဆႏၵျပမႈေတြ ဆက္ရွိေနၿပီး ေသာၾကာေန႔ညက ပစ္ခတ္ႏွိမ္နင္းမႈ အတြင္း ေသဆုံးသူတခ်ဳိ႕ ရွိခဲ့တဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ က ဆက္သြယ္စုံစမ္း တင္ျပထားပါတယ္။

ရန္ကုန္တိုင္း ျမဳိ႕နယ္တခ်ဳိ႕မွာ ေသာၾကာေန႔ ညက စစ္တပ္နဲ႔ရဲ ရဲ႕ ပစ္ခတ္မႈအတြင္း ေသဆုံးသူတခ်ဳိ႕ရွိခဲ့တာပါ။

ဒလၿမဳိ႕နယ္မွာ ဖမ္းဆီးခံရတဲ့ ဆႏၵျပသူ(၂)ဦးကို ျပန္လႊတ္ေပးဖို႔ ရဲစခန္းကို ဝိုင္းၿပီးေတာင္းဆိုရာက ေသာၾကာေန႔ ညဘက္ စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္မႈအတြင္း ေသဆုံးသူတခ်ဳိ႕နဲ႔ ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့ေၾကာင္း ဆႏၵျပ မ်က္ျမင္တဦးက ည(၁)နာရီခဲြ အခ်ိန္ေလာက္ VOA ကို ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ သပိတ္စစ္ေၾကာင္း တက္ေနရင္းနဲ႔ ည ၁၂း၁၅ ေလာက္ ဒီေကာင္ေတြ ပစ္ခြင္းတာေပါ့။ က်ေနာ္အဲဒီကေန ျပန္လာတဲ့ အခ်ိန္မွာ က်ေနာ္တို႔ဖက္က (၁၂)ေယာက္ ထိခိုက္ဒဏ္ရာေတြ ရတယ္၊ ဒလျမဳိ႕ ဗိုလ္ခ်ဳပ္ပန္းျခံနားေပါ့။ ဒိုင္းကာတဲ့ လူေတြထဲကခ်ည္းပဲ ထိသြားတာ …. အဲဒီ ၁၂ ေယာက္က ဘုရင့္ေနာင္၊ တပင္ေရႊထီး၊ တပ္ေျမ၊ ေမွာ္စက္၊ ကမာကဆစ္ အဲဒီကလာတဲ့လူေတြ ထိတာပါ။ ေျခေထာက္ ထိတဲ့လူေတြ ၊ လည္ပင္းထိတဲ့လူေတြ၊ ေခါင္းထိတဲ့ လူေတြေတာင္ပါတယ္။ အခု ေရႊလမင္း ေဆး႐ုံသြားေနၾကတယ္။ လတ္တေလာ သိရတဲ့ ေသဆုံးမႈကေတာ့ တေယာက္က ဗိုက္မွာထိၿပီး အဲဒီေဆးခန္းေရွ႕မွာတင္ ေသဆုံးတယ္ သိရတယ္။ အခုလည္း ထပ္ပစ္ေနတုန္းပဲ။”

အလားတူ ေျမာက္ဒဂုံျမဳိ႕နယ္မွာလည္း ညဖက္ ပစ္ခတ္မႈအတြင္း ေသဆုံးမႈ ရွိခဲ့တယ္လို႔ ျမဳိ႕ခံအမ်ဳိးသမီးတဦးက ေျပာပါတယ္။

“ ေျမာက္ဒဂုံမွာေတာ့ ည ဆယ္နာရီခဲြေလာက္ကေန စပစ္တယ္ေပါ့ေနာ္။ (၄၉)ရပ္ကြက္ (၅၀) (၅၁)ရပ္ကြက္ေတြမွာ ပစ္တာရွင့္။ (၄၉)ရပ္ကြက္မွာဆို လမ္းေတြထဲကို ဝင္ပစ္တာေပါ့ေနာ္။ တခ်ဳိ႕လမ္းေတြဆိုရင္ လမ္းထိပ္က ပစ္လိုက္တဲ့ က်ည္က လမ္းလယ္ေလာက္ထိ ေရာက္တယ္။ (၅၁)ရပ္ကြက္က တေယာက္ေသတယ္ ၾကားထားတယ္။”

Citizen Journalist
Citizen Journalist

သာေကတျမဳိ႕နယ္မွာေတာ့ ဆႏၵျပသူေတြရဲ႕ ညဖက္ခုခံမႈအတြင္း ရဲတပ္ဖြဲ႔ဝင္တခ်ဳိ႕ ဒဏ္ရာရသြားၿပီးေနာက္ စစ္တပ္ရဲအင္အားစုက ခိုင္ေရႊဝါ လမ္းမတဝိုက္ျပန္လာၿပီး ဖ်က္ဆီးမႈေတြ လုပ္သြားတယ္လို႔ မ်က္ျမင္တဦးက ေျပာပါတယ္။

“ စျဖစ္တဲ့ အခ်ိန္က ည ၁၂ နာရီ မထိုးခင္ေလာက္ကေပါ့ေနာ္။ က်ေနာ္တို႔ ဒီ ေဇယ်ဝတီ ၂-လမ္းမွာက ကင္းသမားေတြ ရွိေနတယ္။ အဲဒါကို ရဲအုပ္စုက ဝင္ပစ္တာ၊ က်ေနာ္တို႔ က်ည္ေတာင့္ေတြလည္း ေကာက္ရထားတယ္ ခင္ဗ် ၅ ေတာင့္ က်ေနာ့္ဆီမွာ ရွိတယ္ က်ည္အစစ္ေတြ။ အဲဒါၿပီးေတာ့ ရပ္ကြက္ထဲက လူေတြ ျပန္စုၿပီးေတာ့ သူတို႔ကို လိုက္ခုခံရင္းနဲ႔ ရဲဖက္က ဒဏ္ရာရသြားတယ္ေပါ့ေနာ္။ သူတို႔ဖက္က ၃ ေယာက္ထိသြားတယ္ သိရတယ္ခင္ဗ်။ ၃ ေယာက္ထိၿပီး အင္တာနက္လိုင္းေတြ မျဖတ္ခင္ သူတို႔ကားေပၚျပန္တက္ သြားၿပီးေတာ့ က်ေနာ္တို႔ ဒီရပ္ကြက္ကို ျပန္လာမယ္လို႔ ႀကိမ္းဝါး သြားတယ္ေပါ့။ ၿပီးေတာ့ခု ခိုင္ေရႊဝါ အရက္ဆိုင္အေကြ႕မွာ ေရာက္ေနၿပီလို႔ သတင္းၾကားတယ္ခင္ဗ်။ ခိုင္ေရႊဝါကားလမ္းမႀကီးေပၚက ကားေတြအကုန္လုံး ႐ိုက္ခဲြသြားတယ္၊ ျခံစည္း႐ိုးေတြကိုလည္း ဖ်က္ဆီးသြားတယ္။”

မြန္ျပည္နယ္ ေမာ္လျမဳိင္ျမဳိ႕ ဒိုင္းဝန္ကြင္းနယ္ေျမထဲမွာလည္း ေသာၾကာညက ရပ္ကြက္တြင္း သပိတ္ခံတပ္ေတြကို စစ္တပ္ရဲက လိုက္ျဖဳိရင္း ပစ္ခတ္မႈေတြ တညလုံးရွိခဲ့တယ္လို႔ ျမဳိ႕ခံအမ်ဳိးသမီးတဦးက ေျပာပါတယ္။

“လမုတန္း ၊ ေရႊျမဳိင္သီရိဖက္က ျပည္သူေတြက သူတို႔ဟာသူတို႔ အကုန္လုံး ထြက္ေနၾကတယ္။ ခံတပ္ေတြ လုပ္ထားၿပီးေတာ့ ရရာ လက္နက္ေတြနဲ႔ ျပည္သူေတြက ေစာင့္ေနတာပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်ိန္ကေတာ့ ဆႏၵျပေနရမယ့္အခ်ိန္ မဟုတ္ေတာ့ဘူး။ သူတို႔ကို ခုခံရမယ့္အခ်ိန္ ေရာက္ေနၿပီ။ အခုဆိုရင္ ညီမတို႔ လမ္းေတာက္ေလွ်ာက္ကို ကား(၁၀)စီး ဆင္းလာတယ္။ အဲဒီထဲမွာ စစ္သားေတြအမ်ားႀကီးပဲ။ ဒီည အဓိက သူတို႔ သြားျဖဳိခဲြခဲ့တာကေတာ့ သီရိျမဳိင္ရပ္ကြက္ပဲ။ အခု ၾကားရလား .. ပစ္ေနၿပီ .. က်မတို႔ဖက္ေတြ ပစ္ေနၿပီ ….။”

အလားတူ စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာလည္း ေသာၾကာညက ပစ္ခတ္မႈေတြရွိခဲ့ၿပီး ေသဆုံးဒဏ္ရာရတဲ့ စာရင္းအတိအက် မသိရေသးပါဘူး။

ဆႏၵျပပဲြေတြ ၿငိမ္သက္သြားေအာင္ ျမန္မာစစ္တပ္ရဲ႕ပစ္ခတ္ႏွိမ္နင္းမႈအတြင္း အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ ေသဆုံးမႈ ဆယ္ဂဏန္း ရွိလာတာေၾကာင့္ ျမန္မာလူငယ္ေတြရဲ႕အနာဂတ္ကို ျမန္မာစစ္တပ္က ဖ်က္ဆီးေနတယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာျပည္ဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ေသာၾကာေန႔က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ညဖက်ဆန္ဒပြပွဲတွေ နှိမ်နင်းခံရမှုကြောင့် ထိခိုက်သေဆုံးမှုတချို့ရှိ

(Unicode)

မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖြိုခွဲမှုတွေ ရှိနေတဲ့ကြားကပဲ ညဖက် ဆန့်ကျင်ဆန္ဒပြမှုတွေ ဆက်ရှိနေပြီး သောကြာနေ့ညက ပစ်ခတ်နှိမ်နင်းမှု အတွင်း သေဆုံးသူတချို့ ရှိခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် က ဆက်သွယ်စုံစမ်း တင်ပြထားပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ သောကြာနေ့ ညက စစ်တပ်နဲ့ရဲ ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသူတချို့ရှိခဲ့တာပါ။

ဒလမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ(၂)ဦးကို ပြန်လွှတ်ပေးဖို့ ရဲစခန်းကို ဝိုင်းပြီးတောင်းဆိုရာက သောကြာနေ့ ညဘက် စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးသူတချို့နဲ့ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ဆန္ဒပြ မျက်မြင်တဦးက ည(၁)နာရီခွဲ အချိန်လောက် VOA ကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ သပိတ်စစ်ကြောင်း တက်နေရင်းနဲ့ ည ၁၂း၁၅ လောက် ဒီကောင်တွေ ပစ်ခွင်းတာပေါ့။ ကျနော်အဲဒီကနေ ပြန်လာတဲ့ အချိန်မှာ ကျနော်တို့ဖက်က (၁၂)ယောက် ထိခိုက်ဒဏ်ရာတွေ ရတယ်၊ ဒလမြို့ ဗိုလ်ချုပ်ပန်းခြံနားပေါ့။ ဒိုင်းကာတဲ့ လူတွေထဲကချည်းပဲ ထိသွားတာ …. အဲဒီ ၁၂ ယောက်က ဘုရင့်နောင်၊ တပင်ရွှေထီး၊ တပ်မြေ၊ မှော်စက်၊ ကမာကဆစ် အဲဒီကလာတဲ့လူတွေ ထိတာပါ။ ခြေထောက် ထိတဲ့လူတွေ ၊ လည်ပင်းထိတဲ့လူတွေ၊ ခေါင်းထိတဲ့ လူတွေတောင်ပါတယ်။ အခု ရွှေလမင်း ဆေးရုံသွားနေကြတယ်။ လတ်တလော သိရတဲ့ သေဆုံးမှုကတော့ တယောက်က ဗိုက်မှာထိပြီး အဲဒီဆေးခန်းရှေ့မှာတင် သေဆုံးတယ် သိရတယ်။ အခုလည်း ထပ်ပစ်နေတုန်းပဲ။”

အလားတူ မြောက်ဒဂုံမြို့နယ်မှာလည်း ညဖက် ပစ်ခတ်မှုအတွင်း သေဆုံးမှု ရှိခဲ့တယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

“ မြောက်ဒဂုံမှာတော့ ည ဆယ်နာရီခွဲလောက်ကနေ စပစ်တယ်ပေါ့နော်။ (၄၉)ရပ်ကွက် (၅၀) (၅၁)ရပ်ကွက်တွေမှာ ပစ်တာရှင့်။ (၄၉)ရပ်ကွက်မှာဆို လမ်းတွေထဲကို ဝင်ပစ်တာပေါ့နော်။ တချို့လမ်းတွေဆိုရင် လမ်းထိပ်က ပစ်လိုက်တဲ့ ကျည်က လမ်းလယ်လောက်ထိ ရောက်တယ်။ (၅၁)ရပ်ကွက်က တယောက်သေတယ် ကြားထားတယ်။”

သာကေတမြို့နယ်မှာတော့ ဆန္ဒပြသူတွေရဲ့ ညဖက်ခုခံမှုအတွင်း ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားပြီးနောက် စစ်တပ်ရဲအင်အားစုက ခိုင်ရွှေဝါ လမ်းမတဝိုက်ပြန်လာပြီး ဖျက်ဆီးမှုတွေ လုပ်သွားတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။

“ စဖြစ်တဲ့ အချိန်က ည ၁၂ နာရီ မထိုးခင်လောက်ကပေါ့နော်။ ကျနော်တို့ ဒီ ဇေယျဝတီ ၂-လမ်းမှာက ကင်းသမားတွေ ရှိနေတယ်။ အဲဒါကို ရဲအုပ်စုက ဝင်ပစ်တာ၊ ကျနော်တို့ ကျည်တောင့်တွေလည်း ကောက်ရထားတယ် ခင်ဗျ ၅ တောင့် ကျနော့်ဆီမှာ ရှိတယ် ကျည်အစစ်တွေ။ အဲဒါပြီးတော့ ရပ်ကွက်ထဲက လူတွေ ပြန်စုပြီးတော့ သူတို့ကို လိုက်ခုခံရင်းနဲ့ ရဲဖက်က ဒဏ်ရာရသွားတယ်ပေါ့နော်။ သူတို့ဖက်က ၃ ယောက်ထိသွားတယ် သိရတယ်ခင်ဗျ။ ၃ ယောက်ထိပြီး အင်တာနက်လိုင်းတွေ မဖြတ်ခင် သူတို့ကားပေါ်ပြန်တက် သွားပြီးတော့ ကျနော်တို့ ဒီရပ်ကွက်ကို ပြန်လာမယ်လို့ ကြိမ်းဝါး သွားတယ်ပေါ့။ ပြီးတော့ခု ခိုင်ရွှေဝါ အရက်ဆိုင်အကွေ့မှာ ရောက်နေပြီလို့ သတင်းကြားတယ်ခင်ဗျ။ ခိုင်ရွှေဝါကားလမ်းမကြီးပေါ်က ကားတွေအကုန်လုံး ရိုက်ခွဲသွားတယ်၊ ခြံစည်းရိုးတွေကိုလည်း ဖျက်ဆီးသွားတယ်။”

မွန်ပြည်နယ် မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းနယ်မြေထဲမှာလည်း သောကြာညက ရပ်ကွက်တွင်း သပိတ်ခံတပ်တွေကို စစ်တပ်ရဲက လိုက်ဖြိုရင်း ပစ်ခတ်မှုတွေ တညလုံးရှိခဲ့တယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

“လမုတန်း ၊ ရွှေမြိုင်သီရိဖက်က ပြည်သူတွေက သူတို့ဟာသူတို့ အကုန်လုံး ထွက်နေကြတယ်။ ခံတပ်တွေ လုပ်ထားပြီးတော့ ရရာ လက်နက်တွေနဲ့ ပြည်သူတွေက စောင့်နေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်ကတော့ ဆန္ဒပြနေရမယ့်အချိန် မဟုတ်တော့ဘူး။ သူတို့ကို ခုခံရမယ့်အချိန် ရောက်နေပြီ။ အခုဆိုရင် ညီမတို့ လမ်းတောက်လျှောက်ကို ကား(၁၀)စီး ဆင်းလာတယ်။ အဲဒီထဲမှာ စစ်သားတွေအများကြီးပဲ။ ဒီည အဓိက သူတို့ သွားဖြိုခွဲခဲ့တာကတော့ သီရိမြိုင်ရပ်ကွက်ပဲ။ အခု ကြားရလား .. ပစ်နေပြီ .. ကျမတို့ဖက်တွေ ပစ်နေပြီ ….။”

အလားတူ စစ်ကိုင်းတိုင်း တမူးမြို့မှာလည်း သောကြာညက ပစ်ခတ်မှုတွေရှိခဲ့ပြီး သေဆုံးဒဏ်ရာရတဲ့ စာရင်းအတိအကျ မသိရသေးပါဘူး။

ဆန္ဒပြပွဲတွေ ငြိမ်သက်သွားအောင် မြန်မာစစ်တပ်ရဲ့ပစ်ခတ်နှိမ်နင်းမှုအတွင်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ် သေဆုံးမှု ဆယ်ဂဏန်း ရှိလာတာကြောင့် မြန်မာလူငယ်တွေရဲ့အနာဂတ်ကို မြန်မာစစ်တပ်က ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က သောကြာနေ့က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG