ျမန္မာႏိုင္ငံတြင္း အိုးအိမ္စြန္႔ ထြက္ေျပးရသူ တသန္းေက်ာ္ကို ေရာက္ရွိ (ကုလသမဂၢ)
{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ႏိုင္ငံတြင္း အိုးအိမ္စြန္႔ခြာ ထြက္ေျပးၾကရတဲ႔ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ အေရအတြက္ဟာ အခုအခ်ိန္မွာ တသန္းေက်ာ္ထိ ေရာက္ရွိလာေၾကာင္း ကုလသမဂၢရဲ႕ လူသားခ်င္းစာနာမႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးရံုး OCHA က ေျပာဆိုေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephen Dujerric က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။
"လူသားခ်င္းစာနာမႈ အကူအညီလိုအပ္ေနတဲ့ ျမန္မာႏုိင္ငံထဲက ျပည္သူ ၆ ဒသမ ၂ သန္း ေက်ာ္အတြက္ အကူအညီေပးတဲ့ေနရာမွာ သြားလာေရး ပိုမိုလြယ္ကူဖို႔၊ ျပည္၀င္ခြင့္ ဗီဇာရဖို႔ ေႏွာင့္ေနွးေနတာနဲ႔ ဘဏ္ေတြမွာ ကန္႔သတ္ခ်က္ေတြရွိေနတာ စတဲ့ အဟန္႔အတာေးတြ အျမန္ေျပလည္သြာေအာင္ လုပ္ေပးဖို႔လိုပါတယ္လို႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephen Dujerric က ဇြန္လ ၁ ရက္ေန႔ သတင္းစာရွင္းလင္းပြဲမွာေျပာဆိုသြားတာပါ။
ၿပီးခဲ႔တဲ႔ႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြနဲ႔ မလံုျခံဳမႈေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးသူ ၇ သိန္း နီးပါးရွိၿပီး အိမ္နီးခ်င္း ထိုင္းနဲ႔ အိႏၵိယကို ထြက္ေျပးရသူက ၄ ေသာင္းနီးပါး ရွိေၾကာင္းလည္း ကုလသမဂၢက ေျပာပါတယ္။
စစ္အာဏာ မသိမ္းခင္က အၾကမ္းဖက္မႈေတြေၾကာင့္ ႏိုင္ငံတြင္း အိုးအိမ္စြန္႔ ထြက္ေျပးရသူ ၃၄၆,၀၀၀ ေလာက္ ရွိေနၿပီးသား ျဖစ္တာေၾကာင့္ လက္ရွိ အိုးအိမ္စြန္႔ ထြက္ေျပးရသူ စုစုေပါင္း ၁ သန္းေက်ာ္ကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ ဒီႏွစ္ဧၿပီလကစၿပီး မိုးေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးေနရၿပီး ခက္ခက္ခဲခဲ ေနထုိင္ေနၾကရတဲ့ ရခိုင္၊ ကခ်င္၊ ရွမ္းျပည္ေတာင္ပုိင္းနဲ႔ ကရင္ျပည္နယ္ထဲက ျပည္တြင္း ဒုကၡသည္ေတြရဲ ႔ တဲအိမ္ေတြမိုးေၾကာင့္ ပ်က္စီးခဲ့ေနရသလို ေဒသခံလူမႈအဖြဲ႔အစည္းေတြနဲ႔ အကူအညီေပးေရး ေအဂ်င္စီေတြ ပူးေပါင္းၿပီး စားနပ္ရိကၡာ၊ ေဆး၀ါးနဲ႔ အေျခခံလိုအပ္ခ်က္ေတြကို ေပးအပ္ႏုိင္ဖို႔ ေဆာင္ရြက္ေနပါတယ္လို႔ လည္းေျပာပါတယ္။ မိုးတြင္းကာလထဲကိုေရာက္လာတဲ့အခ်ိန္မွာပဲ တုိ္က္ပဲြေတြမျပတ္ေသးတဲအ့တြက္ ဒုကၡသည္ေတြရဲ ႔ အေျခေအေန ပိုဆိုးလာစရာရွိတယ္လို႔လည္း ကုလသမဂၢက သတိေပးပါတယ္။
...............................
မြန်မာနိုင်ငံတွင်း အိုးအိမ်စွန့် ထွက်ပြေးရသူ တသန်းကျော်ကို ရောက်ရှိ (ကုလသမဂ္ဂ)
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် အရေအတွက်ဟာ အခုအချိန်မှာ တသန်းကျော်ထိ ရောက်ရှိလာကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA က ပြောဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujerric က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
"လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံထဲက ပြည်သူ ၆ ဒသမ ၂ သန်း ကျော်အတွက် အကူအညီပေးတဲ့နေရာမှာ သွားလာရေး ပိုမိုလွယ်ကူဖို့၊ ပြည်ဝင်ခွင့် ဗီဇာရဖို့ နှောင့်နှေးနေတာနဲ့ ဘဏ်တွေမှာ ကန့်သတ်ချက်တွေရှိနေတာ စတဲ့ အဟန့်အတာေးတွ အမြန်ပြေလည်သွာအောင် လုပ်ပေးဖို့လိုပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujerric က ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေနဲ့ မလုံခြုံမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေးသူ ၇ သိန်း နီးပါးရှိပြီး အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယကို ထွက်ပြေးရသူက ၄ သောင်းနီးပါး ရှိကြောင်းလည်း ကုလသမဂ္ဂက ပြောပါတယ်။
စစ်အာဏာ မသိမ်းခင်က အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတွင်း အိုးအိမ်စွန့် ထွက်ပြေးရသူ ၃၄၆,၀၀၀ လောက် ရှိနေပြီးသား ဖြစ်တာကြောင့် လက်ရှိ အိုးအိမ်စွန့် ထွက်ပြေးရသူ စုစုပေါင်း ၁ သန်းကျော်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီနှစ်ဧပြီလကစပြီး မိုးကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရပြီး ခက်ခက်ခဲခဲ နေထိုင်နေကြရတဲ့ ရခိုင်၊ ကချင်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက ပြည်တွင်း ဒုက္ခသည်တွေရဲ့ တဲအိမ်တွေမိုးကြောင့် ပျက်စီးခဲ့နေရသလို ဒေသခံလူမှုအဖွဲ့အစည်းတွေနဲ့ အကူအညီပေးရေး အေဂျင်စီတွေ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်တွေကို ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်လို့ လည်းပြောပါတယ်။ မိုးတွင်းကာလထဲကိုရောက်လာတဲ့အချိန်မှာပဲ တိုက်ပွဲတွေမပြတ်သေးတဲအ့တွက် ဒုက္ခသည်တွေရဲ့ အခြေအေနေ ပိုဆိုးလာစရာရှိတယ်လို့လည်း ကုလသမဂ္ဂက သတိပေးပါတယ်။