သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မြန္ျပည္နယ္ေရွ ႔ေရး


Mon Unity Party - Central
မြန္ျပည္နယ္ေရွ ႔ေရး
please wait

No media source currently available

0:00 0:05:22 0:00
တိုက္႐ိုက္ လင့္ခ္

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ျမန္မာျပည္ေတာင္ပိုင္းျဖစ္တဲ့ ပဲခူးတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ တနသၤာရီတိုင္းတို႔ရဲ႕ စစ္ေဘးဒုကၡသည္ အေျခအေနကို ဇန္နဝါရီလ (၂) ရက္ေန႔က သလြင္တိုင္းမ္သတင္းဌာနက ေဖာ္ျပပါတယ္။ ကရင္ျပည္နယ္မွာ ဒုကၡသည္ (၉) ေသာင္းေက်ာ္၊ ပဲခူးတိုင္းမွာ (၃) ေသာင္းေက်ာ္၊ တနသၤာရီတိုင္းမွာ (၃၇၀၀) ေက်ာ္ရွိၿပီး၊ မြန္ျပည္နယ္မွာေတာ့ ဒုကၡသည္ (၃၉၀၀) ေက်ာ္ ရွိေနပါတယ္။ ဒုကၡသည္ဦးေရဟာ တိုးပြားေနပါတယ္။ မြန္ျပည္နယ္ေျမာက္ပိုင္း က်ိဳက္ထိုနဲ႔ ဘီးလင္းမွာသာ စစ္ေဘးဒုကၡသည္ ရွိပုံရပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ရွိၿပီး ကရင္ျပည္နယ္နဲ႔ ဆက္ေနတာေၾကာင့္ တိုက္ပြဲေတြ ျဖစ္ပြားေနပုံ ရပါတယ္။

မြန္ျပည္နယ္မွာ ဝါအရင့္ဆုံး ႏိုင္ငံေရးပါတီဟာ မြန္ျပည္သစ္ပါတီပါ။ ၁၉၉၅ ကတည္းက စစ္တပ္နဲ႔ အပစ္ရပ္ထားတာမို႔ အပစ္ရပ္သက္တမ္း (၂၆) ႏွစ္ ရွိေပမယ့္ ရည္မွန္းခ်က္နဲ႔ အလွမ္းေဝးေနပုံ ရပါတယ္။ လက္နက္မကိုင္တဲ့အဖြဲ႕ကေတာ့ မြန္ညီၫႊတ္ေရးပါတီ ျဖစ္ပါတယ္။ မြန္အမ်ိဳးသားပါတီနဲ႔ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီကို ၂၀၁၉ မွာ ပူးေပါင္းၿပီး တည္ေထာင္တဲ့ မြန္ညီၫႊတ္ေရးပါတီ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္နယ္အမတ္ (၆) ေနရာ အႏိုင္ရရွိတာဟာ မြန္ျပည္သူေတြအတြက္ ၾကည္ႏူးစရာ ျဖစ္လာပါတယ္။ ပါတီႏွစ္ခု မပူးေပါင္းခင္ကေတာ့ ကိုယ္စားလွယ္ (၃) ေနရာသာ ရရွိပါတယ္။

မြန္ျပည္နယ္မွာ ႏိုင္ငံေရးပါတီအေတာ္မ်ားမ်ား ေ႐ြးေကာက္ပြဲ ဝင္ၾကေပမယ့္ မြန္ညီၫြတ္ေရးပါတီနဲ႔ NLD ကသာ လူထုေထာက္ခံမႈ အမ်ားဆုံး ရပါတယ္။ ဒါေၾကာင့္ (၂) ပါတီအၾကား ၿပိဳင္ဆိုင္မႈလည္း ျပင္းထန္လာပါတယ္။ NLD ေပၚလစီမွာ တိုင္းရင္းသားနဲ႔ ပတ္သက္ၿပီး၊ ပီပီျပင္ျပင္ ေဖာ္ျပတာ မရွိလို႔၊ ကိုယ့္ပါတီႏိုင္ေအာင္လုပ္ၿပီး ကိုယ့္လမ္းကိုယ္သြားရမယ္လို႔ မြန္ညီၫြတ္ေရးပါတီ ဒုဥကၠ႒ ႏိုင္ခ်မ္းတြဲ႕က ဆိုပါတယ္။ ပါတီဥကၠ႒ ႏိုင္တင္ေအာင္ကေတာ့ လြန္ခဲ့တဲ့ ေအာက္တိုဘာလက ကြယ္လြန္သြားပါတယ္။ ဒါေပမဲ့ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ပူးတြဲေဆာင္႐ြက္ဖို႔ သေဘာတူတာေၾကာင့္ မြန္ညီၫႊတ္ေရးပါတီဟာ မညီမၫြတ္ ျဖစ္လာပါတယ္။ ဗဟိုေကာ္မတီဝင္ အမ်ားစုမဲနဲ႔ ပူးတြဲလုပ္ကိုင္ဖို႔ ဆုံးျဖတ္တာမို႔ က်န္ဗဟိုေကာ္မတီဝင္ သုံးပုံ-တပုံေက်ာ္က ပါတီမွ ႏုတ္ထြက္စာ တင္ၾကပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားညီၫႊတ္ေရးအစိုးရကို ေထာက္ခံသူနဲ႔ စစ္ေကာင္စီကို ေထာက္ခံသူ စသျဖင့္ အုပ္စု (၂) မ်ိဳး ရွိလာပါတယ္။

မြန္ညီၫႊတ္ေရးပါတီေခါင္းေဆာင္ (၂) ဦးကို စစ္ေကာင္စီက ေနရာေပးပါတယ္။ တဦးကို ဗဟိုအုပ္ခ်ဳပ္ေရးေကာင္စီဝင္အျဖစ္ လက္ခံၿပီး၊ က်န္တဦးကို ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္စီဝင္အျဖစ္ သတ္မွတ္ပါတယ္။ စစ္ေကာင္စီဝင္ ျဖစ္လာၿပီး မၾကာမီ ေမာ္လၿမိဳင္-ဘီလူးကြၽန္းတံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားကေန သံလြင္တံတားလို႔ အမည္ေျပာင္းလိုက္ပါတယ္။ မြန္လူထုကေတာ့ ရာမညလို႔ အမည္ေပးခ်င္ပါတယ္။ မြန္တိုင္းရင္းသားေတြဟာ သေဘာထားအမ်ိဳးမ်ိဳး ကြဲျပားေနေပမယ့္ ဖယ္ဒရယ္ႏိုင္ငံ ထူေထာင္ေရးဆိုတဲ့ ဘုံရည္မွန္းခ်က္ ခိုင္ခိုင္မာမာ ရွိဖို႔လိုတယ္လို႔ မြန္အမ်ိးသမီး ကြန္းဝုဒ္ Kun Wood က ႏိုဝင္လာလ (၂) ရက္ေန႔ထုတ္ Transnational Institute စာေစာင္မွာ ေဝဖန္သုံးသပ္ထားပါတယ္။

မြန္ႏိုင္ငံေရးပါတီႀကီး (၂) ခု ပူးေပါင္းၿပီး၊ မြန္ညီၫႊတ္ေရးပါတီ တည္ေထာင္ႏိုင္တာကို အနာဂတ္ဖယ္ဒရယ္ႏိုင္ငံရဲ႕ အေျခခံအုတ္ျမစ္အျဖစ္ မြန္ျပည္သူေတြ ယုံၾကည္တယ္လို႔ ဆိုပါတယ္။ အခက္အခဲမ်ိဳးစုံကို ေက်ာ္လႊာၿပီး ကြဲျပားေနတဲ့အုပ္စုေတြကို စုစည္းႏိုင္တဲ့အတြက္ မြန္ညီၫႊတ္ေရးပါတီ ေပၚထြက္လာတာပါ။ ဒါေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ မြန္ႏိုင္ငံေရးကို ဂုဏ္သေရတိုးေစတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ မြန္ႏိုင္ငံေရးဟာ ဂုဏ္သိကၡာ က်ဆင္းရျပန္ပါတယ္။ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့အတြက္ မြန္ညီၫြတ္ေရးပါတီက ႏုတ္ထြက္သြားသူ အမ်ားအျပား ရွိလာပါတယ္။ စစ္ေကာင္စီနဲ႔ လက္တြဲတာကို မွန္တယ္ထင္တဲ့ အုပ္စုနဲ႔ မွားတယ္ထင္တဲ့အုပ္စု ကြဲျပားသြားပါတယ္။ စည္းလုံးညီၫႊတ္ရမယ့္အခ်ိန္မွာ ကြဲၿပဲကုန္တာဟာ အားနည္းခ်က္ ျဖစ္ပါတယ္။

မြန္ျပႆနာ မြန္ေျဖရွင္းေရးနဲ႔ စစ္တပ္မႀကီးစိုးေရးကို မြန္လူထုက လိုလားပါတယ္။ ဒါေၾကာင့္ မြန္ညီၫႊတ္ေရးပါတီဟာ ဘယ္အတြက္ေၾကာင့္ စစ္ေကာင္စီနဲ႔ ပူးေပါင္းေနတယ္ဆိုတာကို မစဥ္းစားတတ္ေအာင္ ျဖစ္ေနၾကပါတယ္။ ကိုဗစ္ေရာဂါဒဏ္နဲ႔ စစ္အာဏာသိမ္းတဲ့ဒဏ္ေၾကာင့္ မြန္ျပည္နယ္မွာ လူမႈစီးပြားေရးအေျခအေန ယိုယြင္းပ်က္စီးေနပါတယ္။ CDM အာဏာဖီဆန္ေရး လႈပ္ရွားမႈေၾကာင့္ က်န္းမာေရးက႑မွာလည္း ယိုယြင္းေနပါတယ္။ စစ္ေကာင္စီလက္ထက္ မြန္ျပည္သူေတြ ဒုကၡေရာက္ေနတာကို စစ္ေကာင္စီနဲ႔ လက္တြဲေနတဲ့ မြန္ညီၫြတ္ေရးပါတီလည္း ဘာမွမတတ္ႏိုင္ပါဘူး။

ဒါေၾကာင့္ လက္ရွိ မြန္ႏိုင္ငံေရးအေျခအေနဟာ မြန္ညီၫြတ္ေရးပါတီ တည္ေထာင္စဥ္အခ်ိန္မ်ိဳး ျပန္ေရာက္ေနၿပီလို႔ ဆိုပါတယ္။ အျခားတိုင္းရင္းသားေတြနဲ႔ လက္တြဲၿပီး ဖယ္ဒရယ္ဒီမိုကေရစီႏိုင္ငံ တည္ေထာင္မယ္ဆိုရင္ အရင္ဆုံး မြန္စည္းလုံးညီၫြတ္ေရးကို တည္ေဆာင္ႏိုင္ရပါလိမ့္မယ္။ အခုေတာ့ မြန္ညီၫြတ္ေရးဟာ အလွမ္းေဝးေနပုံ ရပါတယ္။ မြန္လူမ်ိဳး မကြယ္ေပ်ာက္ေရးနဲ႔ ဖိႏွိပ္မႈက ကင္းလြတ္ေရးကို အာမခံဖို႔ မြန္လူထုမွာေရာ မြန္ေခါင္းေဆာင္ပိုင္းမွာေရာ တာဝန္ရွိေၾကာင္း မြန္အမ်ိဳးသမီး သုေတသီ၊ ကြန္းဝုဒ္ Kun Wood က သုံးသပ္ထားပါတယ္။

== Unicode ===

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ရဲ့ စစ်ဘေးဒုက္ခသည် အခြေအနေကို ဇန်နဝါရီလ (၂) ရက်နေ့က သလွင်တိုင်းမ်သတင်းဌာနက ဖော်ပြပါတယ်။ ကရင်ပြည်နယ်မှာ ဒုက္ခသည် (၉) သောင်းကျော်၊ ပဲခူးတိုင်းမှာ (၃) သောင်းကျော်၊ တနင်္သာရီတိုင်းမှာ (၃၇၀၀) ကျော်ရှိပြီး၊ မွန်ပြည်နယ်မှာတော့ ဒုက္ခသည် (၃၉၀၀) ကျော် ရှိနေပါတယ်။ ဒုက္ခသည်ဦးရေဟာ တိုးပွားနေပါတယ်။ မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုနဲ့ ဘီးလင်းမှာသာ စစ်ဘေးဒုက္ခသည် ရှိပုံရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ရှိပြီး ကရင်ပြည်နယ်နဲ့ ဆက်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပုံ ရပါတယ်။

မွန်ပြည်နယ်မှာ ဝါအရင့်ဆုံး နိုင်ငံရေးပါတီဟာ မွန်ပြည်သစ်ပါတီပါ။ ၁၉၉၅ ကတည်းက စစ်တပ်နဲ့ အပစ်ရပ်ထားတာမို့ အပစ်ရပ်သက်တမ်း (၂၆) နှစ် ရှိပေမယ့် ရည်မှန်းချက်နဲ့ အလှမ်းဝေးနေပုံ ရပါတယ်။ လက်နက်မကိုင်တဲ့အဖွဲ့ကတော့ မွန်ညီညွှတ်ရေးပါတီ ဖြစ်ပါတယ်။ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၉ မှာ ပူးပေါင်းပြီး တည်ထောင်တဲ့ မွန်ညီညွှတ်ရေးပါတီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်အမတ် (၆) နေရာ အနိုင်ရရှိတာဟာ မွန်ပြည်သူတွေအတွက် ကြည်နူးစရာ ဖြစ်လာပါတယ်။ ပါတီနှစ်ခု မပူးပေါင်းခင်ကတော့ ကိုယ်စားလှယ် (၃) နေရာသာ ရရှိပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီအတော်များများ ရွေးကောက်ပွဲ ဝင်ကြပေမယ့် မွန်ညီညွတ်ရေးပါတီနဲ့ NLD ကသာ လူထုထောက်ခံမှု အများဆုံး ရပါတယ်။ ဒါကြောင့် (၂) ပါတီအကြား ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာပါတယ်။ NLD ပေါ်လစီမှာ တိုင်းရင်းသားနဲ့ ပတ်သက်ပြီး၊ ပီပီပြင်ပြင် ဖော်ပြတာ မရှိလို့၊ ကိုယ့်ပါတီနိုင်အောင်လုပ်ပြီး ကိုယ့်လမ်းကိုယ်သွားရမယ်လို့ မွန်ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ့က ဆိုပါတယ်။ ပါတီဥက္ကဋ္ဌ နိုင်တင်အောင်ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလက ကွယ်လွန်သွားပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်ဖို့ သဘောတူတာကြောင့် မွန်ညီညွှတ်ရေးပါတီဟာ မညီမညွတ် ဖြစ်လာပါတယ်။ ဗဟိုကော်မတီဝင် အများစုမဲနဲ့ ပူးတွဲလုပ်ကိုင်ဖို့ ဆုံးဖြတ်တာမို့ ကျန်ဗဟိုကော်မတီဝင် သုံးပုံ-တပုံကျော်က ပါတီမှ နုတ်ထွက်စာ တင်ကြပါတယ်။ ဒါကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရကို ထောက်ခံသူနဲ့ စစ်ကောင်စီကို ထောက်ခံသူ စသဖြင့် အုပ်စု (၂) မျိုး ရှိလာပါတယ်။

မွန်ညီညွှတ်ရေးပါတီခေါင်းဆောင် (၂) ဦးကို စစ်ကောင်စီက နေရာပေးပါတယ်။ တဦးကို ဗဟိုအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် လက်ခံပြီး၊ ကျန်တဦးကို ပြည်နယ်အုပ်ချုပ်ရေးကောင်စီဝင်အဖြစ် သတ်မှတ်ပါတယ်။ စစ်ကောင်စီဝင် ဖြစ်လာပြီး မကြာမီ မော်လမြိုင်-ဘီလူးကျွန်းတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားကနေ သံလွင်တံတားလို့ အမည်ပြောင်းလိုက်ပါတယ်။ မွန်လူထုကတော့ ရာမညလို့ အမည်ပေးချင်ပါတယ်။ မွန်တိုင်းရင်းသားတွေဟာ သဘောထားအမျိုးမျိုး ကွဲပြားနေပေမယ့် ဖယ်ဒရယ်နိုင်ငံ ထူထောင်ရေးဆိုတဲ့ ဘုံရည်မှန်းချက် ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်လို့ မွန်အမျိးသမီး ကွန်းဝုဒ် Kun Wood က နိုဝင်လာလ (၂) ရက်နေ့ထုတ် Transnational Institute စာစောင်မှာ ဝေဖန်သုံးသပ်ထားပါတယ်။

မွန်နိုင်ငံရေးပါတီကြီး (၂) ခု ပူးပေါင်းပြီး၊ မွန်ညီညွှတ်ရေးပါတီ တည်ထောင်နိုင်တာကို အနာဂတ်ဖယ်ဒရယ်နိုင်ငံရဲ့ အခြေခံအုတ်မြစ်အဖြစ် မွန်ပြည်သူတွေ ယုံကြည်တယ်လို့ ဆိုပါတယ်။ အခက်အခဲမျိုးစုံကို ကျော်လွှာပြီး ကွဲပြားနေတဲ့အုပ်စုတွေကို စုစည်းနိုင်တဲ့အတွက် မွန်ညီညွှတ်ရေးပါတီ ပေါ်ထွက်လာတာပါ။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ မွန်နိုင်ငံရေးကို ဂုဏ်သရေတိုးစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် မွန်နိုင်ငံရေးဟာ ဂုဏ်သိက္ခာ ကျဆင်းရပြန်ပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် မွန်ညီညွတ်ရေးပါတီက နုတ်ထွက်သွားသူ အများအပြား ရှိလာပါတယ်။ စစ်ကောင်စီနဲ့ လက်တွဲတာကို မှန်တယ်ထင်တဲ့ အုပ်စုနဲ့ မှားတယ်ထင်တဲ့အုပ်စု ကွဲပြားသွားပါတယ်။ စည်းလုံးညီညွှတ်ရမယ့်အချိန်မှာ ကွဲပြဲကုန်တာဟာ အားနည်းချက် ဖြစ်ပါတယ်။

မွန်ပြဿနာ မွန်ဖြေရှင်းရေးနဲ့ စစ်တပ်မကြီးစိုးရေးကို မွန်လူထုက လိုလားပါတယ်။ ဒါကြောင့် မွန်ညီညွှတ်ရေးပါတီဟာ ဘယ်အတွက်ကြောင့် စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်ဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်နေကြပါတယ်။ ကိုဗစ်ရောဂါဒဏ်နဲ့ စစ်အာဏာသိမ်းတဲ့ဒဏ်ကြောင့် မွန်ပြည်နယ်မှာ လူမှုစီးပွားရေးအခြေအနေ ယိုယွင်းပျက်စီးနေပါတယ်။ CDM အာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ကျန်းမာရေးကဏ္ဍမှာလည်း ယိုယွင်းနေပါတယ်။ စစ်ကောင်စီလက်ထက် မွန်ပြည်သူတွေ ဒုက္ခရောက်နေတာကို စစ်ကောင်စီနဲ့ လက်တွဲနေတဲ့ မွန်ညီညွတ်ရေးပါတီလည်း ဘာမှမတတ်နိုင်ပါဘူး။

ဒါကြောင့် လက်ရှိ မွန်နိုင်ငံရေးအခြေအနေဟာ မွန်ညီညွတ်ရေးပါတီ တည်ထောင်စဉ်အချိန်မျိုး ပြန်ရောက်နေပြီလို့ ဆိုပါတယ်။ အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုရင် အရင်ဆုံး မွန်စည်းလုံးညီညွတ်ရေးကို တည်ဆောင်နိုင်ရပါလိမ့်မယ်။ အခုတော့ မွန်ညီညွတ်ရေးဟာ အလှမ်းဝေးနေပုံ ရပါတယ်။ မွန်လူမျိုး မကွယ်ပျောက်ရေးနဲ့ ဖိနှိပ်မှုက ကင်းလွတ်ရေးကို အာမခံဖို့ မွန်လူထုမှာရော မွန်ခေါင်းဆောင်ပိုင်းမှာရော တာဝန်ရှိကြောင်း မွန်အမျိုးသမီး သုတေသီ၊ ကွန်းဝုဒ် Kun Wood က သုံးသပ်ထားပါတယ်။

XS
SM
MD
LG