သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏွစ္တာ ျမန္မာ့ေရွ ႔ခရီး ႏွင့္ ေ႐ြးေကာက္ပြဲ အလားအလာ


၂၀၂၁ မွာ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီးတဲ့ေနာက္ ျမန္မာ့ဒီမိုကေရစီ အလားအလာ ဆုတ္ယုတ္က်ဆင္းခဲ့ၿပီး၊ ကပ္ေရာဂါေၾကာင့္ ထိခိုက္လုျဖစ္ေနတဲ့ စီးပြားေရး၊ လူမႈေရး အေျခအေနေတြလဲ ပိုၿပီးနိမ့္က်သြားတယ္လို႔ သုံးသပ္သူေတြက ဆိုၾကပါတယ္။ အခု ဆန္းသစ္လာတဲ့ ၂၀၂၂ အေျခအေနေကာ ဘယ္လို ျဖစ္လာႏိုင္ပါသလဲ။ စစ္ေကာင္စီ ေျပာထားတဲ့ ၂၀၂၃ ေ႐ြးေကာက္ပြဲ ဆိုတာေကာ တကယ္ျဖစ္ႏိုင္ပါသလား။ ျမန္မာ့ေအရး သုံးသပ္သူ ဦးရဲထြန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ ေဆြးေႏြးခ်င္တာကေတာ့ လာမယ့္ ၂၀၂၂ ခုႏွစ္ ျမန္မာႏိုင္ငံရဲ ႔ အလားအလာ ျဖစ္ပါတယ္။ အဲဒါကို ၂၀၂၁ ကို တခြန္းတည္း ေျပာရရင္ေတာ့ အဆုိးအေညွာင့္ ထြက္ခါစ ျမန္မာႏုိင္ငံရဲ ႔ ဒီမုိကေရစီဟာ လံုးဝအလားအလာ ခ်ဳပ္ၿငိမ္းသြားခဲ့တယ္။ စီးပြားေရး၊ ႏိုင္ငံေရး၊ လူမႈေရး အဘက္ဘက္က ဆုတ္ယုတ္က်ဆင္းခဲ့တယ္လို႔ သံုးသပ္ၾကပါတယ္။ ဒီသံုးသပ္ခ်က္နဲ႔ ပတ္သက္ၿပီး ဦးရဲထြန္းအေနနဲ႔ ဘာမ်ားျဖည့္ဆြတ္ေျပာခ်င္ပါသလဲ။ ပဏာမအေနနဲ႔ အက်ဥ္းရံုးေျပာပါ။

ေျဖ ။ ။ ၿပီးခဲ့တဲ့ (၁) ႏွစ္က တပ္က အာဏာလႊဲေျပာင္းယူလိုက္တဲ့အတြက္ သူတုိ႔ဘက္က ခံယူတာကေတာ့ မဲမသမာမႈလုပ္လို႔ တည့္မတ္ေစခ်င္တဲ့အေနနဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ျပန္ထိန္းလိုက္ရတာလုိ႔ သူတုိ႔ကေတာ့ ခံယူတာေပါ့။ ေရွ ႔လုပ္ငန္းစဥ္ေတြခ် - ေရြးေကာက္ပြဲ ျပန္လုပ္ေပးမယ္။ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအတုိင္းပဲ အစိုးရဖြဲ႔ၿပီးေတာ့ အရင္လမ္းေၾကာင္းကို ျပန္ေလွ်ာက္မယ္ဆိုတဲ့ဟာကိုေတာ့ ကတိေတြ ဆက္ေပးတာေပါ့။ ဒါေပမဲ့ အမ်ားျပည္သူလူထုနဲ႔ ကမာၻ႔သမိုင္းအဝိုင္းအျမင္မွာကေတာ့ ဖြဲ႔စည္းပံုနဲ႔ ပါတီစံု ဒီမိုကေရစီနည္းလမ္းအတိုင္း သြားေနတဲ့ လမ္းေၾကာင္းမွာ လက္နက္ကိုင္တပ္ဖြဲ႔ကေန ဝင္ၿပီးေတာ့ အေႏွာင့္အယွက္ျပဳတာ - ႏုိင္ငံေရးမွာ တပ္ကေန ဝင္ေရာက္ၿပီးေတာ့ စြက္ဖက္တာ - အဲဒီလို ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒီမိုကေရစီလမ္းေၾကာင္းကေန လမ္းေခ်ာ္သြားၿပီလို႔ အဲဒီလို ယူဆၾကတယ္။ အဲဒီအတိုင္းပဲ အေျခအေနက ေတာ္ေတာ္ေလး ဆုိးယုတ္ပ်က္စီးသြားတယ္။

ေမး ။ ။ လာမယ့္ႏွစ္ကို စဥ္းစားၾကည့္ရင္ တပ္ကေျပာတဲ့အတိုင္း အသံုးအႏႈန္းအတုိင္း ဒီမိုကေရစီလမ္းေၾကာင္းေပၚကို မွန္မွန္ကန္ကန္ ေလွ်ာက္လွမ္းဖို႔ တည့္မတ္လာႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ႏိုင္စရာ ရိွပါသလား။

ေျဖ ။ ။ သူတုိ႔ကေတာ့ ၂၀၁၀ မွာ ေရြးေကာက္ပြဲနဲ႔ သူတုိ႔ ျပည္ခိုင္ၿဖိဳးအစိုးရ တက္လာတဲ့ အေျခအေနကို သံုးသပ္ၿပီးတဲ့အခါၾကေတာ့ ဒီလာမယ့္ဟာကိုလည္း သူုတို႔စိတ္ထဲမွာ ေမွ်ာ္မွန္းထားတာက ေရြးေကာက္ပြဲမွာ NLD ပါခဲ့ရင္လဲ တပါတီထဲ ေသာင္ၿပိဳကမ္းၿပိဳ မႏုိင္ဘဲနဲ႔ အစိုးရ ျပတ္ျပတ္သားသား မဖြဲ႔ႏုိင္ဘဲနဲ႔ တျခားႏုိင္ငံေရးပါတီေတြလည္း အစိုးရဖြဲ႔ႏုိင္တဲ့ အေနအထားမ်ဳိးျဖစ္ေအာင္ ပံုေဖာ္ခ်င္တဲ့သေဘာ ေတြ႔ရတယ္။ ဆိုေတာ့ ပထမတခ်က္က NLD ႏုိင္ငံေရးပါတီ ေခါင္းေဆာင္ေတြကို တပ္က အမႈေတြဆင္ၿပီးေတာ့ ဖမ္းဆီးဖမ္းခ်ဳပ္ထားတယ္။ ေနာက္တခါ ႏုိင္ငံေရးပါတီကိုေတာ့ ေရြးေကာက္ပြဲ ဝင္ခြင့္ျပဳလိမ့္မယ္လို႔ ထင္တယ္။ ဝင္ခြင့္မျပဳဘူး၊ ဖ်က္သိမ္းမယ္ဆိုတာမ်ဳိးေတာ့ လုပ္လိမ့္မယ္လို႔ က်ေနာ္ မထင္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေရြးေကာက္ပြဲ ဥပေဒမွာကိုက (၃) ေနရာ အနည္းဆံုး မၿပိဳင္လို႔ရိွရင္ သူက ပါတီက ဖ်က္သိမ္းခံရမွာဆိုေတာ့ အဲဒါရိွထားေတာ့ မၿပိဳင္ဘူးဆိုရင္ NLD က မပါဘူးဆိုရင္၊ သူကအႀကိဳက္ ျဖစ္မွာေပါ့။ ဆိုေတာ့ အဲဒီလိုဆိုရင္ ၂၀၀၈ အေျခခံဥပေဒအတိုင္း သူတုိ႔ကေတာ့ ေရြးေကာက္ပြဲကို PR စနစ္နဲ႔ သြားၾကလိမ့္မယ္။ PR စနစ္ကေတာ့ အခုက ဘာပဲျဖစ္ျဖစ္ လုပ္ၾကမွာပဲ။

ေမး ။ ။ PR စနစ္လုပ္တာ အျခားပါတီေတြပါပါတဲ့ အစိုးရမ်ဳိး ျဖစ္ေစခ်င္တယ္ဆိုေတာ့ သူတုိ႔ လုပ္ေနတဲ့ပံုနဲ႔ ေရြးေကာက္ပြဲက Credibility ရိွတဲ့ ေရြးေကာက္ပြဲ၊ ႏိုင္ငံတကာက အသိအမွတ္ျပဳတဲ့ ေရြးေကာက္ပြဲေကာ ျဖစ္လာႏိုင္စရာ ရိွပါ့မလား။

ေျဖ ။ ။ ျပည္သူလူထု အမ်ားစုကေတာ့ ဒီဟာကို လက္ခံ၊ မခံဆိုတာက သူတုိ႔ၾကည္ညိဳေလးစားတဲ့၊ ေထာက္ခံတဲ့ပါတီ ပါမပါဆိုတာက ပိုၿပီးေတာ့ အေရးႀကီးတယ္။ ဥပမာ ဗမာအမ်ားစုေနတဲ့ ေဒသေတြမွာ NLD မပါဘူး၊ NLD က သပိတ္ေမွာက္မယ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ားက မဲေပးၾကမယ္လို႔ က်ေနာ္ မထင္ဘူး။ တခါ တုိင္းရင္းသားပါတီေတြဘက္မွာၾကည့္လို႔ရိွရင္ ရွမ္းဆိုရင္လဲ ဥပမာ အင္အားႀကီးပါတီျဖစ္တဲ့ SNLD လို ပါတီမ်ဳိး၊ ရခိုင္မွာဆိုရင္ ANP လို ပါတီမ်ဳိး၊ အဲဒီလိုပါတီေတြက မပါဘူး၊ သပိတ္ေမွာက္တယ္ဆိုရင္ သူတုိ႔ သက္ဆုိင္ရာေဒသ၊ တုိင္းရင္းသားေဒသ ျပည္သူလူထုကလဲ မဲလာေပးၾကမယ္လို႔ မထင္ဘူး။ အဲဒီပါတီေတြပါတယ္၊ သူတုိ႔က စည္းရံုးလံႈေဆာ္ၿပီးေတာ့ မဲလာထည့္ၾကပါဆိုရင္ေတာ့လဲ ျပည္သူလူထုက တက္တက္ၾကြၾကြ ပါၾကလိမ့္မယ္လုိ႔ မွန္းဆမိပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျပည္သူလူထုကပါမွာက တပိုင္းေပါ့။ ေနာက္ ႏိုင္ငံတကာက အသိအမွတ္ျပဳမယ္ ထင္ပါသလား။

ေျဖ ။ ။ ႏုိင္ငံတကာကလဲ NLD တို႔ ဘာတို႔က ပါမယ္။ ေရြးေကာက္ပြဲမွာ PR စနစ္ က်င့္သံုးေသာ္လဲ၊ အဲဒီ PR စနစ္က ဘယ္လိုပံုစံဆိုတာကို အခုက တိတိက်က် ဥပေဒမျပဌာန္းေသးတဲ့အတြက္ ေသေသခ်ာခ်ာ က်ေနာ္တို႔လဲ ခန္႔မွန္းလို႔ မရဘူး။ အဲဒီေတာ့ NLD ပါမယ္၊ အျခားတုိင္းရင္းသားပါတီေတြလည္း ပါမယ္၊ သပိတ္မေမွာက္ဘူးဆိုရင္ေတာ့ ႏုိင္ငံတကာက လက္ခံလာမယ့္သေဘာ ရိွပါတယ္။

ေမး ။ ။ ေနာက္တခုက သူတုိ႔ေျပာထားတဲ့ ၂၀၂၃ ၾသဂုတ္မွာလား မသိဘူး၊ ေရြးေကာက္ပြဲ လုပ္မယ္လို႔ ေျပာထားတာ အဲဒီအခ်ိန္မွာေကာ ျဖစ္လာႏုိင္စရာ ရိွပါသလား။ အဲဒီထက္တိုးၿပီးေတာ့ လုပ္အံုးမလား။

ေျဖ ။ ။ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ မေန႔ကေျပာတဲ့ မိန္႔ခြန္းမွာေတာ့ သူတို႔ေပးထားတဲ့ ကတိအတုိင္း ေရြးေကာက္ပြဲ က်င္းပေပးႏုိင္ဖို႔ဆုိတာက ျပည္သူလူထုနဲ႔ ႏုိင္ငံတကာ အေနအထားေပၚမွာ မူတည္ပါတယ္လို႔ သူက ေျပာသြားတယ္။ အဓိပၸါယ္ကေတာ့ ဆူဆူပူပူေတြ အခုလိုဆက္ၿပီးေတာ့ လက္နက္ကိုင္ ပဋိပကၡေတြ ဆက္ရိွေနမယ္ဆိုရင္ေတာ့ လုပ္မေပးႏိုင္ေသးဘူးဆိုတဲ့ အဓိပၸါယ္ေပါ့။

ေမး ။ ။ အဲဒါပါပဲ။ ဒါေပမဲ့လဲ ျပည္သူလူထုဘက္ကေတာ့ စစ္တပ္လုပ္ခဲ့တာ မမွန္လို႔၊ သူတုိ႔လုပ္ခဲ့တာကို လက္မခံႏိုင္လို႔ ဒီမိုကေရစီအရိွန္နဲ႔ သြားေနတာကို တမင္တကာ ဖ်က္ဆီးခဲ့လို႔၊ အာဏာသိမ္းခဲ့လို႔ ဒီလိုလုပ္ရတာဆိုၿပီး ျဖစ္ေနတာဆိုေတာ့ သူတုိ႔အတြက္ ဒါကိုအေၾကာင္းျပၿပီး အခ်ိန္ဆြဲစရာမ်ား ျဖစ္လာမလားဆိုတာကို စိုးရိမ္ေနတဲ့လူေတြ အမ်ားႀကီး။

ေျဖ ။ ။ မွန္ပါတယ္။ အဲဒီေတာ့ အဲဒီအခ်ိန္မွာ လာမယ့္ ၂၀၂၃ ၾသဂုတ္လ အေျခအေနမွာ ႏုိင္ငံေရးအေျခအေနက အခုအတိုင္းပဲ ဘာမွေျပာင္းလဲမႈ မရိွဘူးဆိုရင္ေတာ့ ျပည္သူလူထု အမ်ားစုကလဲ ပါဝင္မွာ မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အဲဒီလို မဲရံုေတြမွာလဲ လံုၿခံဳစိတ္ခ်စြာ မဲေပးႏုိင္ရဖို႔ကလဲ၊ မဲေပးပိုင္ခြင့္ ရိွဖို႔ကလဲ သံသယ ျဖစ္စရာေပါ့။ သိပ္ၿပီးေတာ့ လူေတြက သြားၿပီးေတာ့ ေပးၾကမွာ မဟုတ္ဘူးလို႔ ယူဆမိၾကပါတယ္။

ေမး ။ ။ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြ EAO ေတြရဲ ႔ အခုေလာေလာဆယ္ လႈပ္ရွားမႈနဲ႔ အဲဒီ EAO ေတြနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ခ်င္တယ္၊ သင့္ျမတ္ခ်င္တယ္ဆိုတာကို စစ္တပ္ဘက္ကေတာ့ တခ်ိန္လံုး ေျပာေနတာကို ေတြ႔ရပါတယ္။ ဘယ္ေလာက္မ်ား အလားအလာ ျဖစ္လာႏုိင္ပါသလဲ။ အခုကေတာ့ EAO ထဲမွာ အပစ္ရပ္အဖြဲ႔ေတြနဲ႔ေတာင္ စစ္ေရးပဋိပကၡ ျမင့္လာေနတာ ျဖစ္ပါတယ္။ KNU တို႔နဲ႔။ အဲဒီဘက္ကို သံုးသပ္ၾကည့္ပါအံုး။

ေျဖ ။ ။ လက္ေတြ႔က်က် ေျပာရမယ္ဆိုရင္ေတာ့ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြက အခု ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ေဆြးေႏြးလိုက္ၾကတဲ့အခါ အဓိက လိုလားခ်က္ကေတာ့ အေျခခံဥပေဒက သူတုိ႔လိုလားတဲ့ ဖယ္ဒရယ္ပံုစံ မျဖစ္လို႔၊ အဲဒီအတြက္ ႏုိင္ငံေရးအခြင့္အေရးအရ လက္နက္ဆြဲကိုင္ တိုက္ပြဲဝင္ေနၾကတယ္ဆိုေတာ့ အဲဒါကို ေရာက္ဖို႔အတြက္က အဓိက ကိုင္ထားတာက တပ္ ျဖစ္ေနတယ္။ တပ္က ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ဖို႔ကိစၥမွာလဲ၊ သူက ၂၅% ပါထားေတာ့ သူ မေထာက္ခံရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒက ျပင္လုိ႔မရဘူး။ တခါ ဒီဖြဲ႔စည္းပံုအေျခခံဥပေဒႀကီးကို စေရးခဲ့တာလဲ သူတုိ႔ပဲ ျဖစ္ေနတယ္။ ေျပာခ်င္တာက ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒႀကီးကို အတည္မျပဳခင္ကတည္းက ဒီျပႆနာကို ၿငိမ္းခ်မ္းေရးနဲ႔ ဆက္စပ္ၿပီးေတာ့ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ေရးခဲ့ရင္၊ အေျခအေနက တပ္နဲ႔ပဲ ဒီျပႆနာက ဆံုးျဖတ္ၿပီး ရသြားမယ့္ကိစၥ။ အဲဒါကို က်ေနာ္တုိ႔ ဒီဘက္ကို ဆက္သယ္လာတဲ့အခါၾကေတာ့ ျပတ္ျပတ္သားသား မလုပ္ႏုိင္ရင္ေတာ့ အခု တုိင္းရင္းသားလက္နက္ကိုင္ေတြ အဖြဲ႔အစည္းေတြဘက္က ဘယ္လိုခံစားလာရသလဲဆိုရင္ေတာ့ တပ္နဲ႔ႀကီးပဲေတာ့ အဆင္မေျပဘူး။ ျပည္သူလူထု ေထာက္ခံတဲ့ အစိုးရပါမွ ျဖစ္မယ္ဆိုတဲ့ဟာမ်ဳိးေပါ့။ Legitimacy ရိွမယ္၊ ခိုင္မာမယ္ဆိုတာမ်ဳိး။ ဆိုေတာ့ သူတုိ႔ကလဲ တပ္က အာဏာယူထားၿပီးေတာ့၊ တပ္က ျပင္ေပးပါမယ္။ ခင္မ်ားတုိ႔ အစည္းအေဝး ျပန္လာၾကပါဆိုတာကို သူတို႔က တက္တက္ၾကြၾကြ မလာၾကဘူးေပါ့။ ယံုၾကည္မႈ သိပ္မရိွၾကဘူးလို႔ ေတြ႔ရပါတယ္။

ေမး ။ ။ က်ေနာ္တုိ႔ ႏုိင္ငံေရးေတြ ေျပာေနၾကေတာ့ စီးပြားေရး သိပ္အေရးႀကီးပါတယ္။ အခုဆုိရင္ တုိင္းျပည္ဟာ ႏုိင္ငံတကာရဲ ႔ စီးပြားေရးပိတ္စို႔ဒဏ္ခတ္မႈေတြ၊ တိုင္းျပည္တြင္းမွာ သြားေရးလာေရး၊ ကုန္စည္ေခ်ာေမြ႔မႈ၊ ကုန္ထုတ္လုပ္ေရးအမ်ဳိးမ်ဳိး - ေရာဂါေဘးေၾကာင့္လဲ ရိွမယ္၊ ႏို္င္ငံေရးေဘးေၾကာင့္လဲ ရိွမယ္၊ နယ္စပ္ကုန္သြယ္ေရးေတြ ထိခိုက္နစ္နာေနတယ္ဆိုတာေတြ ရိွတယ္ဆိုေတာ့ စီးပြားေရးကလဲ အေတာ္ေလး ခၽြတ္ၿခံဳက်ေနတယ္လို႔ သိရပါတယ္။ ေရြးေကာက္ပြဲ လုပ္ႏိုင္မယ့္ အခင္းအက်င္းအထိ အဲဒီကိစၥေတြေကာ ေျပလည္ႏုိင္မယ့္ အလားအလာ ရိွပါ့မလား။ ဒီလိုပဲ ခၽြတ္ၿခံဳက်ေနရင္ေကာ စစ္ေကာင္စီက လုပ္ေပးမဲ့ ေရြးေကာက္ပြဲဆိုတာ တကယ္ လုပ္ႏုိင္ပါ့မလား။ အဲဒါလဲ ထည့္သြင္းစဥ္းစားဖို႔ လိုမယ္။

ေျဖ ။ ။ ႏိုင္ငံေရးအဆင္မေျပရင္ စီးပြားေရးလည္း အဆင္မေျပဘူးေပါ့။ စီးပြားေရး အဆင္မေျပရင္၊ ႏုိင္ငံေရးမွာလည္း ထိခိုက္တာေပါ့။ အခုက က်ေနာ္တို႔ ႏုိင္ငံေရးအရ အဆင္မေျပေတာ့၊ ႏုိင္ငံျခား ရင္းႏီွးျမဳပ္ႏံွမႈေတြ၊ အလုပ္ေပးမယ့္လူေတြ၊ အရင္းအနီွး သယ္ေဆာင္လာမယ့္လူေတြ အကုန္္လံုးက ထြက္သြားမယ့္လူက မ်ားေနတယ္။ အသစ္ဝင္လာမွာက နည္းေနတယ္။ အေျခအေနကေတာ့ ၾကာေလဆုိးေလေပါ့။ ဒီအေျခအေနကို ထိန္းမထားႏုိင္ဘူး၊ ျပန္ဝင္လာေအာင္၊ ထပ္ဝင္လာေအာင္ မလုပ္ႏုိင္ဘူးဆိုရင္ စီးပြားေရးက ဆက္ၿပီးေတာ့ ဆုိးေနမယ့္သေဘာ ရိွတာေပါ့။ ေနာက္ ထူးျခားခ်က္တခုကေတာ့ တရုတ္ျပည္ဘက္ကလဲ ရင္းႏီွးျမဳပ္ႏံွမႈေတြက အရင္ နအဖလက္တုန္းကလို မဟုတ္ဘူး၊ တန္႔သြားတာေပါ့။ သူတုုိ႔ BRI စီမံကိန္းနဲ႔ ဆက္ႏႊယ္ေနတဲ့ စီမံကိန္းေတြ ရင္းႏီွးျမဳပ္ႏံွဖို႔ လာလုပ္ဖို႔လဲ ရပ္တန္႔ေနတာေတြကို ေတြ႔ရတယ္။ ဒါေတြကလဲ ႏိုင္ငံေရးေကာင္းမွ ႏုိင္ငံေရးအရ အခုနေျပာသလို ေခ်ာေခ်ာေမြ႔ေမြ႔၊ ျပည္သူလူထုက ၾကည္ၾကည္ျဖဴျဖဴ ရိွမွ၊ ရင္းႏီွးျမဳပ္ႏံွမႈေတြကလဲ ဝင္လာရဲမွာလို႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။ ဒါေပမဲ့ က်ေနာ္ နည္းနည္းေလး အခုေမွ်ာ္လင့္ထားတာက ကေမာၻဒီးယားက ဟြန္ဆန္က ျမန္မာႏုိင္ငံကို သူက ျပန္ၿပီးေတာ့ သိမ္းသြင္းၿပီးတဲ့အခါၾကေတာ့ အေပ်ာ့နည္းနဲ႔ ျမန္မာႏုိင္ငံ လာတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဖို႔ေတြ ဘာေတြ ႀကိဳးစားၿပီးေတာ့ တဘက္တလမ္းကေန အေပ်ာ့နည္းနဲ႔မ်ား အဆင္ေျပေအာင္ ေဆာင္ရြက္ႏိုင္မလားေပါ့။ အဲဒီလို ေဆာင္ရြက္ႏုိင္ရင္ စကစကိုလည္း နားခ်ႏုိင္လို႔ရိွရင္ေတာ့ ေျပလည္တဲ့ လမ္းေၾကာင္းေပၚကို ေရာက္လာႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမိတယ္။

ဦးေက်ာ္ဇံသာ ။ ။ ဒါကလဲ Wishful Thinking ျဖစ္ပါေစလို႔ ဆုေတာင္းရင္ ေမွ်ာ္လင့္တာေပါ့။

ေျဖ ။ ။ အဲဒီလိုပဲ သေဘာေရာက္ပါတယ္။


==Unicode==

၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် မြန်မာ့ဒီမိုကရေစီ အလားအလာ ဆုတ်ယုတ်ကျဆင်းခဲ့ပြီး၊ ကပ်ရောဂါကြောင့် ထိခိုက်လုဖြစ်နေတဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေလဲ ပိုပြီးနိမ့်ကျသွားတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ အခု ဆန်းသစ်လာတဲ့ ၂၀၂၂ အခြေအနေကော ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ စစ်ကောင်စီ ပြောထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဆိုတာကော တကယ်ဖြစ်နိုင်ပါသလား။ မြန်မာ့အေရး သုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ ဆွေးနွေးချင်တာကတော့ လာမယ့် ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံရဲ့ အလားအလာ ဖြစ်ပါတယ်။ အဲဒါကို ၂၀၂၁ ကို တခွန်းတည်း ပြောရရင်တော့ အဆိုးအညှောင့် ထွက်ခါစ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ လုံးဝအလားအလာ ချုပ်ငြိမ်းသွားခဲ့တယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်ပြီး ဦးရဲထွန်းအနေနဲ့ ဘာများဖြည့်ဆွတ်ပြောချင်ပါသလဲ။ ပဏာမအနေနဲ့ အကျဉ်းရုံးပြောပါ။

ဖြေ ။ ။ ပြီးခဲ့တဲ့ (၁) နှစ်က တပ်က အာဏာလွှဲပြောင်းယူလိုက်တဲ့အတွက် သူတို့ဘက်က ခံယူတာကတော့ မဲမသမာမှုလုပ်လို့ တည့်မတ်စေချင်တဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ထိန်းလိုက်ရတာလို့ သူတို့ကတော့ ခံယူတာပေါ့။ ရှေ့လုပ်ငန်းစဉ်တွေချ - ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ အစိုးရဖွဲ့ပြီးတော့ အရင်လမ်းကြောင်းကို ပြန်လျှောက်မယ်ဆိုတဲ့ဟာကိုတော့ ကတိတွေ ဆက်ပေးတာပေါ့။ ဒါပေမဲ့ အများပြည်သူလူထုနဲ့ ကမ္ဘာ့သမိုင်းအဝိုင်းအမြင်မှာကတော့ ဖွဲ့စည်းပုံနဲ့ ပါတီစုံ ဒီမိုကရေစီနည်းလမ်းအတိုင်း သွားနေတဲ့ လမ်းကြောင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ကနေ ဝင်ပြီးတော့ အနှောင့်အယှက်ပြုတာ - နိုင်ငံရေးမှာ တပ်ကနေ ဝင်ရောက်ပြီးတော့ စွက်ဖက်တာ - အဲဒီလို ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီမိုကရေစီလမ်းကြောင်းကနေ လမ်းချော်သွားပြီလို့ အဲဒီလို ယူဆကြတယ်။ အဲဒီအတိုင်းပဲ အခြေအနေက တော်တော်လေး ဆိုးယုတ်ပျက်စီးသွားတယ်။

မေး ။ ။ လာမယ့်နှစ်ကို စဉ်းစားကြည့်ရင် တပ်ကပြောတဲ့အတိုင်း အသုံးအနှုန်းအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မှန်မှန်ကန်ကန် လျှောက်လှမ်းဖို့ တည့်မတ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နိုင်စရာ ရှိပါသလား။

ဖြေ ။ ။ သူတို့ကတော့ ၂၀၁၀ မှာ ရွေးကောက်ပွဲနဲ့ သူတို့ ပြည်ခိုင်ဖြိုး အစိုးရ တက်လာတဲ့ အခြေအနေကို သုံးသပ်ပြီးတဲ့အခါကြတော့ ဒီလာမယ့်ဟာကိုလည်း သူုတို့စိတ်ထဲမှာ မျှော်မှန်းထားတာက ရွေးကောက်ပွဲမှာ NLD ပါခဲ့ရင်လဲ တပါတီထဲ သောင်ပြိုကမ်းပြို မနိုင်ဘဲနဲ့ အစိုးရ ပြတ်ပြတ်သားသား မဖွဲ့နိုင်ဘဲနဲ့ တခြားနိုင်ငံရေးပါတီတွေလည်း အစိုးရဖွဲ့နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ပုံဖော်ချင်တဲ့သဘော တွေ့ရတယ်။ ဆိုတော့ ပထမတချက်က NLD နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို တပ်က အမှုတွေဆင်ပြီးတော့ ဖမ်းဆီးဖမ်းချုပ်ထားတယ်။ နောက်တခါ နိုင်ငံရေးပါတီကိုတော့ ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိမ့်မယ်လို့ ထင်တယ်။ ဝင်ခွင့်မပြုဘူး၊ ဖျက်သိမ်းမယ်ဆိုတာမျိုးတော့ လုပ်လိမ့်မယ်လို့ ကျနော် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေမှာကိုက (၃) နေရာ အနည်းဆုံး မပြိုင်လို့ရှိရင် သူက ပါတီက ဖျက်သိမ်းခံရမှာဆိုတော့ အဲဒါရှိထားတော့ မပြိုင်ဘူးဆိုရင် NLD က မပါဘူးဆိုရင်၊ သူကအကြိုက် ဖြစ်မှာပေါ့။ ဆိုတော့ အဲဒီလိုဆိုရင် ၂၀၀၈ အခြေခံဥပဒေအတိုင်း သူတို့ကတော့ ရွေးကောက်ပွဲကို PR စနစ်နဲ့ သွားကြလိမ့်မယ်။ PR စနစ်ကတော့ အခုက ဘာပဲဖြစ်ဖြစ် လုပ်ကြမှာပဲ။

မေး ။ ။ PR စနစ်လုပ်တာ အခြားပါတီတွေပါပါတဲ့ အစိုးရမျိုး ဖြစ်စေချင်တယ်ဆိုတော့ သူတို့ လုပ်နေတဲ့ပုံနဲ့ ရွေးကောက်ပွဲက Credibility ရှိတဲ့ ရွေးကောက်ပွဲ၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲကော ဖြစ်လာနိုင်စရာ ရှိပါ့မလား။

ဖြေ ။ ။ ပြည်သူလူထု အများစုကတော့ ဒီဟာကို လက်ခံ၊ မခံဆိုတာက သူတို့ကြည်ညိုလေးစားတဲ့၊ ထောက်ခံတဲ့ပါတီ ပါမပါဆိုတာက ပိုပြီးတော့ အရေးကြီးတယ်။ ဥပမာ ဗမာအများစုနေတဲ့ ဒေသတွေမှာ NLD မပါဘူး၊ NLD က သပိတ်မှောက်မယ်ဆိုရင် တော်တော်များများက မဲပေးကြမယ်လို့ ကျနော် မထင်ဘူး။ တခါ တိုင်းရင်းသားပါတီတွေဘက်မှာကြည့်လို့ရှိရင် ရှမ်းဆိုရင်လဲ ဥပမာ အင်အားကြီးပါတီဖြစ်တဲ့ SNLD လို ပါတီမျိုး၊ ရခိုင်မှာဆိုရင် ANP လို ပါတီမျိုး၊ အဲဒီလိုပါတီတွေက မပါဘူး၊ သပိတ်မှောက်တယ်ဆိုရင် သူတို့ သက်ဆိုင်ရာဒေသ၊ တိုင်းရင်းသားဒေသ ပြည်သူလူထုကလဲ မဲလာပေးကြမယ်လို့ မထင်ဘူး။ အဲဒီပါတီတွေပါတယ်၊ သူတို့က စည်းရုံးလှုံဆော်ပြီးတော့ မဲလာထည့်ကြပါဆိုရင်တော့လဲ ပြည်သူလူထုက တက်တက်ကြွကြွ ပါကြလိမ့်မယ်လို့ မှန်းဆမိပါတယ်။

မေး ။ ။ အဲဒီတော့ ပြည်သူလူထုကပါမှာက တပိုင်းပေါ့။ နောက် နိုင်ငံတကာက အသိအမှတ်ပြုမယ် ထင်ပါသလား။

ဖြေ ။ ။ နိုင်ငံတကာကလဲ NLD တို့ ဘာတို့က ပါမယ်။ ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးသော်လဲ၊ အဲဒီ PR စနစ်က ဘယ်လိုပုံစံဆိုတာကို အခုက တိတိကျကျ ဥပဒေမပြဌာန်းသေးတဲ့အတွက် သေသေချာချာ ကျနော်တို့လဲ ခန့်မှန်းလို့ မရဘူး။ အဲဒီတော့ NLD ပါမယ်၊ အခြားတိုင်းရင်းသားပါတီတွေလည်း ပါမယ်၊ သပိတ်မမှောက်ဘူးဆိုရင်တော့ နိုင်ငံတကာက လက်ခံလာမယ့်သဘော ရှိပါတယ်။

မေး ။ ။ နောက်တခုက သူတို့ပြောထားတဲ့ ၂၀၂၃ သြဂုတ်မှာလား မသိဘူး၊ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောထားတာ အဲဒီအချိန်မှာကော ဖြစ်လာနိုင်စရာ ရှိပါသလား။ အဲဒီထက်တိုးပြီးတော့ လုပ်အုံးမလား။

ဖြေ ။ ။ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနေ့ကပြောတဲ့ မိန့်ခွန်းမှာတော့ သူတို့ပေးထားတဲ့ ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ဆိုတာက ပြည်သူလူထုနဲ့ နိုင်ငံတကာ အနေအထားပေါ်မှာ မူတည်ပါတယ်လို့ သူက ပြောသွားတယ်။ အဓိပ္ပါယ်ကတော့ ဆူဆူပူပူတွေ အခုလိုဆက်ပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေမယ်ဆိုရင်တော့ လုပ်မပေးနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့။

မေး ။ ။ အဲဒါပါပဲ။ ဒါပေမဲ့လဲ ပြည်သူလူထုဘက်ကတော့ စစ်တပ်လုပ်ခဲ့တာ မမှန်လို့၊ သူတို့လုပ်ခဲ့တာကို လက်မခံနိုင်လို့ ဒီမိုကရေစီအရှိန်နဲ့ သွားနေတာကို တမင်တကာ ဖျက်ဆီးခဲ့လို့၊ အာဏာသိမ်းခဲ့လို့ ဒီလိုလုပ်ရတာဆိုပြီး ဖြစ်နေတာဆိုတော့ သူတို့အတွက် ဒါကိုအကြောင်းပြပြီး အချိန်ဆွဲစရာများ ဖြစ်လာမလားဆိုတာကို စိုးရိမ်နေတဲ့လူတွေ အများကြီး။

ဖြေ ။ ။ မှန်ပါတယ်။ အဲဒီတော့ အဲဒီအချိန်မှာ လာမယ့် ၂၀၂၃ သြဂုတ်လ အခြေအနေမှာ နိုင်ငံရေးအခြေအနေက အခုအတိုင်းပဲ ဘာမှပြောင်းလဲမှု မရှိဘူးဆိုရင်တော့ ပြည်သူလူထု အများစုကလဲ ပါဝင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ အဲဒီလို မဲရုံတွေမှာလဲ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရဖို့ကလဲ၊ မဲပေးပိုင်ခွင့် ရှိဖို့ကလဲ သံသယ ဖြစ်စရာပေါ့။ သိပ်ပြီးတော့ လူတွေက သွားပြီးတော့ ပေးကြမှာ မဟုတ်ဘူးလို့ ယူဆမိကြပါတယ်။

မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ EAO တွေရဲ့ အခုလောလောဆယ် လှုပ်ရှားမှုနဲ့ အဲဒီ EAO တွေနဲ့ ငြိမ်းချမ်းရေး လုပ်ချင်တယ်၊ သင့်မြတ်ချင်တယ်ဆိုတာကို စစ်တပ်ဘက်ကတော့ တချိန်လုံး ပြောနေတာကို တွေ့ရပါတယ်။ ဘယ်လောက်များ အလားအလာ ဖြစ်လာနိုင်ပါသလဲ။ အခုကတော့ EAO ထဲမှာ အပစ်ရပ်အဖွဲ့တွေနဲ့တောင် စစ်ရေးပဋိပက္ခ မြင့်လာနေတာ ဖြစ်ပါတယ်။ KNU တို့နဲ့။ အဲဒီဘက်ကို သုံးသပ်ကြည့်ပါအုံး။

ဖြေ ။ ။ လက်တွေ့ကျကျ ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးလိုက်ကြတဲ့အခါ အဓိက လိုလားချက်ကတော့ အခြေခံဥပဒေက သူတို့လိုလားတဲ့ ဖယ်ဒရယ်ပုံစံ မဖြစ်လို့၊ အဲဒီအတွက် နိုင်ငံရေးအခွင့်အရေးအရ လက်နက်ဆွဲကိုင် တိုက်ပွဲဝင်နေကြတယ်ဆိုတော့ အဲဒါကို ရောက်ဖို့အတွက်က အဓိက ကိုင်ထားတာက တပ် ဖြစ်နေတယ်။ တပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ကိစ္စမှာလဲ၊ သူက ၂၅% ပါထားတော့ သူ မထောက်ခံရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်လို့မရဘူး။ တခါ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စရေးခဲ့တာလဲ သူတို့ပဲ ဖြစ်နေတယ်။ ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အတည်မပြုခင်ကတည်းက ဒီပြဿနာကို ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးခဲ့ရင်၊ အခြေအနေက တပ်နဲ့ပဲ ဒီပြဿနာက ဆုံးဖြတ်ပြီး ရသွားမယ့်ကိစ္စ။ အဲဒါကို ကျနော်တို့ ဒီဘက်ကို ဆက်သယ်လာတဲ့အခါကြတော့ ပြတ်ပြတ်သားသား မလုပ်နိုင်ရင်တော့ အခု တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့အစည်းတွေဘက်က ဘယ်လိုခံစားလာရသလဲဆိုရင်တော့ တပ်နဲ့ကြီးပဲတော့ အဆင်မပြေဘူး။ ပြည်သူလူထု ထောက်ခံတဲ့ အစိုးရပါမှ ဖြစ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ Legitimacy ရှိမယ်၊ ခိုင်မာမယ်ဆိုတာမျိုး။ ဆိုတော့ သူတို့ကလဲ တပ်က အာဏာယူထားပြီးတော့၊ တပ်က ပြင်ပေးပါမယ်။ ခင်များတို့ အစည်းအဝေး ပြန်လာကြပါဆိုတာကို သူတို့က တက်တက်ကြွကြွ မလာကြဘူးပေါ့။ ယုံကြည်မှု သိပ်မရှိကြဘူးလို့ တွေ့ရပါတယ်။

မေး ။ ။ ကျနော်တို့ နိုင်ငံရေးတွေ ပြောနေကြတော့ စီးပွားရေး သိပ်အရေးကြီးပါတယ်။ အခုဆိုရင် တိုင်းပြည်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်စို့ဒဏ်ခတ်မှုတွေ၊ တိုင်းပြည်တွင်းမှာ သွားရေးလာရေး၊ ကုန်စည်ချောမွေ့မှု၊ ကုန်ထုတ်လုပ်ရေးအမျိုးမျိုး - ရောဂါဘေးကြောင့်လဲ ရှိမယ်၊ နိုင်ငံရေးဘေးကြောင့်လဲ ရှိမယ်၊ နယ်စပ်ကုန်သွယ်ရေးတွေ ထိခိုက်နစ်နာနေတယ်ဆိုတာတွေ ရှိတယ်ဆိုတော့ စီးပွားရေးကလဲ အတော်လေး ချွတ်ခြုံကျနေတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ လုပ်နိုင်မယ့် အခင်းအကျင်းအထိ အဲဒီကိစ္စတွေကော ပြေလည်နိုင်မယ့် အလားအလာ ရှိပါ့မလား။ ဒီလိုပဲ ချွတ်ခြုံကျနေရင်ကော စစ်ကောင်စီက လုပ်ပေးမဲ့ ရွေးကောက်ပွဲဆိုတာ တကယ် လုပ်နိုင်ပါ့မလား။ အဲဒါလဲ ထည့်သွင်းစဉ်းစားဖို့ လိုမယ်။

ဖြေ ။ ။ နိုင်ငံရေးအဆင်မပြေရင် စီးပွားရေးလည်း အဆင်မပြေဘူးပေါ့။ စီးပွားရေး အဆင်မပြေရင်၊ နိုင်ငံရေးမှာလည်း ထိခိုက်တာပေါ့။ အခုက ကျနော်တို့ နိုင်ငံရေးအရ အဆင်မပြေတော့၊ နိုင်ငံခြား ရင်းနှီးမြုပ်နံှမှုတွေ၊ အလုပ်ပေးမယ့်လူတွေ၊ အရင်းအနှီး သယ်ဆောင်လာမယ့်လူတွေ အကုန်လုံးက ထွက်သွားမယ့်လူက များနေတယ်။ အသစ်ဝင်လာမှာက နည်းနေတယ်။ အခြေအနေကတော့ ကြာလေဆိုးလေပေါ့။ ဒီအခြေအနေကို ထိန်းမထားနိုင်ဘူး၊ ပြန်ဝင်လာအောင်၊ ထပ်ဝင်လာအောင် မလုပ်နိုင်ဘူးဆိုရင် စီးပွားရေးက ဆက်ပြီးတော့ ဆိုးနေမယ့်သဘော ရှိတာပေါ့။ နောက် ထူးခြားချက်တခုကတော့ တရုတ်ပြည်ဘက်ကလဲ ရင်းနှီးမြုပ်နံှမှုတွေက အရင် နအဖလက်တုန်းကလို မဟုတ်ဘူး၊ တန့်သွားတာပေါ့။ သူတို့ BRI စီမံကိန်းနဲ့ ဆက်နွှယ်နေတဲ့ စီမံကိန်းတွေ ရင်းနှီးမြုပ်နံှဖို့ လာလုပ်ဖို့လဲ ရပ်တန့်နေတာတွေကို တွေ့ရတယ်။ ဒါတွေကလဲ နိုင်ငံရေးကောင်းမှ နိုင်ငံရေးအရ အခုနပြောသလို ချောချောမွေ့မွေ့၊ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရှိမှ၊ ရင်းနှီးမြုပ်နံှမှုတွေကလဲ ဝင်လာရဲမှာလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမဲ့ ကျနော် နည်းနည်းလေး အခုမျှော်လင့်ထားတာက ကမ္ဘောဒီးယားက ဟွန်ဆန်က မြန်မာနိုင်ငံကို သူက ပြန်ပြီးတော့ သိမ်းသွင်းပြီးတဲ့အခါကြတော့ အပျော့နည်းနဲ့ မြန်မာနိုင်ငံ လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တွေ ဘာတွေ ကြိုးစားပြီးတော့ တဘက်တလမ်းကနေ အပျော့နည်းနဲ့များ အဆင်ပြေအောင် ဆောင်ရွက်နိုင်မလားပေါ့။ အဲဒီလို ဆောင်ရွက်နိုင်ရင် စကစကိုလည်း နားချနိုင်လို့ရှိရင်တော့ ပြေလည်တဲ့ လမ်းကြောင်းပေါ်ကို ရောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေမိတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကလဲ Wishful Thinking ဖြစ်ပါစေလို့ ဆုတောင်းရင် မျှော်လင့်တာပေါ့။

ဖြေ ။ ။ အဲဒီလိုပဲ သဘောရောက်ပါတယ်။

XS
SM
MD
LG