သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏွစ္တာ ဆန႔္က်င္ေရးလႈပ္ရွားမႈ ႏွင့္ အလားအလာ


A stretch of the popular Strand Road sits empty in Yangon, Myanmar on Tuesday, Feb. 1, 2022. Opponents of military rule in Myanmar on Tuesday marked the one-year anniversary of the army's seizure of power with a nationwide strike to show their strength and solidarity amid concern
တႏွစ္တာ ဆန႔္က်င္ေရးလႈပ္ရွားမႈ ႏွင့္ အလားအလာ
please wait

No media source currently available

0:00 0:11:23 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းယူၿပီး မေရွးမေႏွာင္းမွာပဲ ဆန႔္က်င္အုံႂကြြလႈပ္ရွားမႈေတြလည္း စတင္ခဲ့တာ ျဖစ္ပါတယ္။ တႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္တဲ့ အခုအခ်ိန္မွာ အဲဒီဆန႔္က်င္လႈပ္ရွားမႈေတြဟာ ဘယ္လိုအသြင္ေျပာင္းၿပီး၊ ဘယ္အေျခအေနမွာ ရွိေနၾကပါသလဲ၊ ေရွ႕အလားအလာေကာ ဘယ္လိုလဲ၊ ျမန္မာႏိုင္ငံေရွ႕ေနမ်ားကြန္ယက္ ဥကၠ႒ လႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီး့ျမင့္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခုျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာ (၁) ႏွစ္ျပည့္ခဲ့ပါၿပီ။ တကယ္ေကာ တိုင္းျပည္ရဲ ႔ အေျခအေနဟာ အေပါင္းလကၡဏာမ်ား ျပၾကတာ ရိွသလား။ အႏႈတ္လကၡဏာ ဆက္ၿပီးျပေနသလားဆိုတာကို အက်ဥ္းရံုးေလး စၿပီးေတာ့ေျပာပါ။

ေျဖ ။ ။ ဘယ္လိုမွ အေပါင္းလကၡဏာ ျပေနစရာ မရိွဘူးေလ။ အစကတည္းက ၂၀၀၈ အေျခခံဥပေဒကိုေတာင္ မလိုက္နာဘဲနဲ႔ ေဖာက္ဖ်က္ၿပီး၊ အာဏာသိမ္းထားတာ။ အဲဒီေတာ့ ျဖစ္လာတဲ့ အက်ဳိးဆက္ေတြကေတာ့ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ ႏုိင္ငံေရး အကုန္ဘက္စံု က်ဆင္းတာပဲ။ လူငယ္ေတြကလည္း မခံရပ္ႏိုင္ေတာ့ PDF ေတြ ျဖစ္ၾက။ ဗမာေတြကိုယ္တိုင္ ပါလာတဲ့ ျပည္တြင္းစစ္ႀကီး ျဖစ္ေနတာ။ မေကြး၊ စစ္ကိုင္း၊ ကခ်င္ျပည္နယ္မွာလည္း ဗမာေတြကိုယ္တိုင္ ပါတယ္။ ေနာက္တခါ ကရင္ျပည္နယ္မွာလည္း PDF ေတြက ဗမာေတြႀကီးပဲ။ လူငယ္ေတြ အမ်ားႀကီးပါတယ္။ အဲဒီေတာ့ ဒီတခါ ဗမာနဲ႔ ျဖစ္ေနတဲ့ ျပည္တြင္းစစ္ႀကီးက အကုန္္လံုး တုိင္းရင္းသားေတြက ညီညြတ္သြားၿပီးေတာ့ ဘံုရန္သူက စစ္အာဏာရွင္တခုတည္းပဲ ျဖစ္ခဲ့တယ္။ ဟိုတုန္းက ဘံုရန္သူကို တုိက္တဲ့ေနရာမွာ စစ္တပ္ကေတာင္ သူတုိ႔ကို စိတ္ဓါတ္ေရးရာ စစ္ဆင္ေရးေတြလုပ္တယ္ - ‘ခင္မ်ားတို႔ က်ဳပ္တုိ႔ကို တိုက္ေနတာ ဟုတ္ပါၿပီ၊ ခင္မ်ားတို႔ က်ဳပ္တို႔ျပဳတ္သြားရင္ တုိင္းျပည္ကို ဘယ္သူအုပ္ခ်ဳပ္မလဲ။ ကြန္ျမဴနစ္ အုပ္ခ်ဳပ္မလား။ ကရင္အုပ္ခ်ဳပ္မလား။’ အဲဒီမွာ ေမးခြန္းေတြေမးတာက ဘယ္သူအုပ္ခ်ဳပ္မလဲ။ အခုေတာ့ အဲဒီျပႆနာ မေပၚေတာ့ဘူး။ အကုန္လံုး ျပည္ေထာင္စုသားေတြက ညီညႊတ္သြားၿပီ။

ေမး ။ ။ ဘယ္သူအုပ္ခ်ဳပ္မလဲဆုိတဲ့ ေမးခြန္းမ်ဳိးကို အခု အေမးခံရရင္ ဘယ္လိုေျဖၾကမလဲ။

ေျဖ ။ ။ Constitution လည္း အခုဆြဲေနၾကၿပီ။ ဆြဲေနၾကၿပီဆုိေတာ့ က်ေနာ္တို႔ ဖယ္ဒရယ္နဲ႔ သြားရမွာပဲ။ ဖယ္ဒရယ္နဲ႔ သြားၾကမယ္ဆိုေတာ့ ဘယ္သူအုပ္ခ်ဳပ္မယ္ဆိုတဲ့ ျပႆနာက အႀကီးအက်ယ္ မေပၚေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတြ ေပးေတာ့မွာ။ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေတြ ရမွာဆိုေတာ့ ဘံုရဲ ႔အခန္းက႑က နည္းသြားမယ္။ နည္းသြားၿပီဆိုတဲ့အခါၾကေတာ့ ကိုယ့္တပ္ေတြနဲ႔ကိုယ္ ရိွေနၾကေတာ့ သူတို႔က ျပည္ေစာင့္ရဲတပ္ဖြဲ႔ေတြ၊ ကာကြယ္တဲ့တပ္ေတြ ျဖစ္သြားမွာေပါ့။ ေနာက္ ဖယ္ဒရယ္တပ္မွာ အကုန္္ပါၾကမွာပဲ။ ဖယ္ဒရယ္တပ္မေတာ္ႀကီးကလည္း မစိမ္းေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗမာ PDF ေတြကလည္း သူတုိ႔ေလ့က်င့္ေပးထားတာေလ။ အဲဒီေတာ့ သူတုိ႔နဲ႔ က်ေနာ္တို႔ - တိုင္းရင္းသားနဲ႔ ဗမာဆိုတာ မဟုတ္ေတာ့ဘူး။ ဟုိတုန္းကဆိုရင္ ဗမာစစ္တပ္လာၿပီ၊ ဗမာေတြလာၿပီဆိုၿပီးေတာ့ တုိက္ၾကတာ။ အခုၾကေတာ့ အဲဒီလို မဟုတ္ေတာ့ဘူး။ ဗမာေတြက သူတို႔ဆီ ေရာက္ေနတာ။ သူတို႔နဲ႔ တိုက္ေနတာ။ ဒါေၾကာင့္မို႔ အဲဒီျပႆနာက မေပၚေပါက္ေတာ့ဘူး။

ေမး ။ ။ တိုင္းရင္းသားေတြနဲ႔ ဗမာေတြနဲ႔ ညီညႊတ္မႈေတြ အမ်ားႀကီး ရိွလာတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ စိတ္ပိုင္းဆိုင္ရာ၊ အယူအဆပိုင္းဆိုင္ရာ သေဘာတရားအရ ျဖစ္လာပါတယ္။ လက္ေတြ႔မွာေကာ တကယ္တမ္း ညီညႊတ္မႈ ရိွၾကပါသလား။ အဲဒါေကာ စမ္းစစ္မိပါသလား။ အဲဒါကို က်ေနာ္ ဘာေၾကာင့္ေမးသလဲဆိုေတာ့ တခ်ဳိ ႔တုိင္းရင္းသားေတြကိုယ္တိုင္က အကုန္လံုး မပါဘူး။ လက္နက္ကိုင္ၿပီးေတာ့ စစ္ေကာင္စီကို တုိက္ၾကတဲ့အထဲမွာ ေျမာက္ပိုင္းမဟာမိတ္ေတြဆိုရင္ မပါဘူး စသည္ျဖင့္ဆိုေတာ့ အကုန္လံုး တညီတညႊတ္ထဲ ျဖစ္ေနၿပီလို႔ ေျပာႏိုင္ၿပီလား။

ေျဖ ။ ။ အဲဒီမွာ က်ေနာ္တို႔ကိုယ္တုိင္လည္း ဒီေမးခြန္းကို ေမးတယ္။ ဒါေပမဲ့ အဲဒီေမးခြန္းကို က်ေနာ္ ေျဖႏုိင္ၿပီ။ အစတုန္းက က်ေနာ္ကိုယ္တိုင္ မေျဖႏုိင္ဘူး။ အစတုန္းက က်ေနာ္က အဲဒီေမးခြန္းကို ဘာလို႔ေမးသလဲဆိုေတာ့ - ထင္ရွားတဲ့ ပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေက်ာ္ေဇာလို လူမ်ဳိး။ ဗိုလ္ခ်ဳပ္တင္ဦးလို လူမ်ဳိး - အဲဒီလူေတြက ဦးေဆာင္ေနတယ္ဆိုရင္ေတာ့ ျပႆနာ မရိွဘူး။ အစဥ္အလာႀကီးတယ္ လူေတြ။ အခုၾကေတာ့ အဲဒီလိုလူမ်ဳိး မဟုတ္တဲ့လူေတြက NUG မွာ ပါေနတယ္။ NLD တျဖစ္လဲ NUG က ေခါင္းေဆာင္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို ၾကည့္ရင္ၿပီေရာဆိုၿပီးေတာ့ ညီညႊတ္ေနၾကတာ။ NLD ကို သြားဆန္႔က်င္ေနလို႔ကေတာ့ ေသဖုိ႔သာျပင္။ က်ေနာ္တို႔လည္း သူတုိ႔ရဲ ႔ တိုက္ခိုက္မႈေအာက္မွာ အျပင္းအထန္ ခံလိုက္ရတာပဲ။ က်ေနာ္တို႔က ၂၀၀၈ ကို မႀကိဳက္ဘူး။ ေဝဖန္တယ္။ ၂၀၀၈ ေအာက္ ဝင္တာကို ေဝဖန္တယ္။ အဲဒီအခါၾကေတာ့ က်ေနာ္တို႔ေတာင္မွ ေလွ်ာက္လို႔မရဘူး။ အဲဒီေတာ့ သူတုိ႔က အဲဒီလိုနည္းနဲ႔ ညီညႊတ္ေနၾကေလေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ NUG ေနာက္မွ လူထုႀကီးတရပ္လံုး ရိွတယ္။ ဦးေဆာင္မႈက ညံ့ခ်င္ညံ့မယ္၊ ဒါေပမဲ့လို႔ေတာ့ ေနာက္လိုက္ေကာင္းေတြက မညံ့ဘူး။ သူကိုဝိုင္းၿပီး ညွပ္ထိန္းထားတာေတြက EAOs, PDFs ေတြနဲ႔ အစဥ္အလာရိွတဲ့ လူေတြက ဝိုင္းထိန္းထားတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္ကေတာ့ ဒီတိုက္ပြဲမွာ စစ္အာဏာရွင္ကို ၿဖိဳလဲႏိုင္မယ္ဆိုတာကို မမိွတ္မသုဥ္း တထစ္ခ် ယံုၾကည္တယ္။

ေမး ။ ။ ဒါေပမဲ့ အခုလဲ စစ္ေကာင္စီဟာ နယ္ေျမထိန္းခ်ဳပ္မႈေတြ အရင္ကထက္ ပိုၿပီးေတာ့ ေကာင္းလာတယ္လို႔လဲ တခ်ဳိ ႔က သံုးသပ္ၾကပါတယ္။ အဲဒါေကာ ဘယ္ေလာက္ မွန္ပါသလဲ။ သူတုိ႔ထိန္းခ်ဳပ္တဲ့ နယ္ေျမေတြကေရာ ၿငိမ္းခ်မ္းသာယာတဲ့ ေဒသေတြ ျဖစ္လာပါသလား။ အဲဒါလဲ နည္းနည္းစမ္းစစ္ပါ။

ေျဖ ။ ။ သူတုိ႔က နယ္ေျမစိုးမိုးမႈ တျဖည္းျဖည္း ေလ်ာ့ကုန္ၿပီ။ ၿမိဳ ႔ႀကီးေတြမွာ ထိန္းထားႏိုင္ေသးေပမယ့္ ေက်းရြာေတြ၊ ေက်းလက္ေဒသေတြ - ကယားဆုိရင္ အေတာ္ႀကီးကို ၿမိဳ ႔ေပၚထိ တက္သိမ္းလာၿပီ တျဖည္းျဖည္းနဲ႔။ အဲဒါေၾကာင့္ နယ္ေျမစိုးမိုးမႈနဲ႔ ျပန္တိုင္းမယ္ဆိုရင္ သူတုိ႔ေျပာတဲ့စကားက မမွန္ဘူး။ နယ္ေျမစိုးမိုးမႈက ဒီဘက္က ပို၍ပို၍ ရလာတယ္။ အဲဒါကိုေတာ့ သက္ေသျပႏုိင္ပါတယ္။

ေမး ။ ။ NUG ဦးေဆာင္တဲ့အဖြဲ႔ေတြ၊ တိုုင္းရင္းသားေတြ၊ PDFs ေတြက သူတုိ႔က သိမ္းပိုက္လာတယ္။ သူတုိ႔က အင္အားေကာင္းလာတယ္ဆုိတာကို ေျပာေတာ့ ဒီလက္နက္ကိုင္ တုိိက္ပြဲသက္သက္နဲ႔ စစ္ေကာင္စီက လက္နက္ခ်ၿပီးေတာ့ ထြက္ေျပးရတဲ့ အဆင့္အထိေတာ့ တခ်ဳိ ႔က မေမွ်ာ္လင့္ၾကပါဘူး။ တက္ၾကြလႈပ္ရွားသူတခ်ဳိ ႔ကလဲ ဘာေျပာလဲဆိုေတာ့ လက္နက္ကိုင္တုိက္ပြဲဟာ နည္းဗ်ဴဟာတရပ္သာ ျဖစ္တယ္။ အာဏာသိမ္းမႈဟာ မွားတယ္ဆိုတာကို သူတို႔နားလည္သေဘာေပါက္ေစမယ့္ ဘာသာစကား ျဖစ္တယ္။ အဲဒါေၾကာင့္ လက္နက္နဲ႔ ျပန္တိုက္ေနတာဆိုၿပီေတာ့ က်ေနာ္ တေလာတုန္းကလုပ္တဲ့ ေဆြးေႏြးခန္းမွာေျပာတာ ရိွပါတယ္။

ေျဖ ။ ။ အဲဒါကို က်ေနာ္ Facebook မွာ တင္မလို႔ လုပ္ေနတာ။ ဒါေပမဲ့ ဒီေန႔က Silent Strike က ေအာင္ျမင္ေနေတာ့ သူတုိ႔ေပ်ာ္ပါေစဆုိၿပီးေတာ့ က်ေနာ္ မတင္ဘဲေနတာ။ အဲဒီေဆြးေႏြးပြဲက ေဒၚဇင္မာေအာင္ ေျပာတဲ့ဟာကို က်ေနာ္ျပန္ၿပီးေတာ့ နည္းနည္းေလးျပန္ၿပီးေတာ့ တို႔ထားတာပါ။ အဲဒါ ဘာလဲဆိုေတာ့ CRPH ျဖစ္လာမယ့္ NUG က ေၾကညာခ်က္ထုတ္တယ္။ ဘာလဲဆိုေတာ့ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းလိုက္ၿပီ။ စစ္အာဏာရွင္တို႔အား စစ္ေရးနည္းျဖင့္ တုိက္ခိုက္မွသာ စစ္အာဏာရွင္စနစ္ကို ဖ်က္သိမ္းႏိုင္မည္ ျဖစ္သည္ဆိုၿပီးေတာ့ သူတုိ႔က အဲဒီလို ေၾကညာတယ္။ အဲဒီလို ေၾကညာၿပီးေတာ့ စက္တင္ဘာလ (၇) ရက္ေန႔ေရာက္ေတာ့ စစ္ေၾကညာတာပဲ။ အဲဒီဟာက က်ေနာ္ ေမးခ်င္တာက ခင္မ်ားတုိ႔က အဲဒါကို နည္းဗ်ဴဟာအေနနဲ႔ လုပ္တာလား။ မဟာဗ်ဴဟာ မဟုတ္ဘူးလား။ အဲဒီလို ေၾကညာခ်က္ႀကီးက မဟာဗ်ဴဟာ မဟုတ္ဘူးလား။ အဲဒါကို က်ေနာ္ေမးခ်င္တာ။ အခုလဲ NUG က စစ္ကိုဝင္မတိုိက္ဘူး။ ထိုးစစ္ ဘာမွကိုမပါဘူး။ က်န္တဲ့လူေတြက တိုက္ေနတာ။ NUG က မတုိက္ဘူး။ အဲဒီေတာ့ NUG က သူေျပာတဲ့ ေၾကညာခ်က္သည္ သူက ေမ့ေနၿပီလား။ သူက ဘာျဖစ္လို႔ အဲဒီလို ကိုယ့္ေၾကညာခ်က္ကို ျပန္ၿပီးေတာ့ ေသးသိမ္ေအာင္ လုပ္ျဖစ္တာလဲဆိုတာကို က်ေနာ္ ေမးခြန္းျပန္ထုတ္ထားတယ္။ အခုလဲ အဲဒီေမးခြန္းထုတ္တဲ့အေၾကာင္းကို ခင္မ်ားကတဆင့္ က်ေနာ္ တင္ျပပါတယ္။

ေမး ။ ။ အလ်င္သင့္ရင္ေတာ့ က်ေနာ္ သူတုိိ႔ကုိ ျပန္ေမးပါမယ္။ အခုေလာေလာဆယ္မွာ က်ေနာ္ ဥာဏ္မီသေလာက္ စဥ္းစားမိတာကေတာ့ သူတုိ႔က ႏုိင္ငံတကာအဖြဲ႔ေတြနဲ႔ လက္တြဲၿပီးလုပ္ရတယ္။ သူတို႔ရဲ ႔ ႀကိဳးပမ္းမႈေၾကာင့္ပဲ ႏိုင္ငံတကာ ေထာက္ခံမႈက ပံုေအာၿပီေတာ့ ရလာတယ္ဆိုရင္ မွားမယ္မဟုတ္ပါဘူး။ ဆိုေတာ့ ႏုိင္ငံတကာဆုိတာက ျပည္တြင္းစစ္ကို လက္နက္ကိုင္ ေတာ္လွန္ေရးနဲ႔ လက္နက္ကို အားေပးဖို႔ဆိုတာ သိပ္ၿပီးေတာ့ မလုပ္တဲ့ကိစၥပါ။ ႏုိင္ငံတကာက တျခားႏုိင္ငံေတြမွာလည္း ျဖစ္ေနတယ္။ လက္နက္နဲ႔ ဝင္တိုက္တာမ်ဳိးေတြ မလုပ္ၾကပါဘူး။ အဲဒီအတြက္မ်ား ဒီလိုေျပာရေလသလားဆိုတဲ့ စဥ္းစားမႈမ်ဳိးေကာ မျဖစ္ႏုိင္ဘူးလား။ စဥ္းစားၾကည့္မယ္ဆိုရင္။

ေျဖ ။ ။ အဲဒီအတိုင္း ကြက္တိျဖစ္ေနတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ NLD က ဘယ္တုန္းကမွ ဒီလိုတုိက္ပြဲလမ္းစဥ္နဲ႔ ဝင္ခဲ့တာ မဟုတ္ဘူး။ ဘယ္တုန္းကမွ မလုပ္ခဲ့ဘူး။ သူတုိ႔ကေတာ့ Silent Strike ပဲ။ ေဒၚေအာင္ဆန္္းစုၾကည္ ဝင္လာတာလဲ ေဖေဖ တည္ေထာင္ခဲ့တဲ့ တပ္မေတာ္နဲ႔ ျပည္သူေတြၾကား ေစ့စပ္ေပးဖို႔ ဝင္လာတာ။ တုိက္ပြဲတိုက္ဖို႔ ဝင္္လာတာ မဟုတ္ဘူး။ သူကို ေတာက္ေလွ်ာက္၊ သမိုင္းတေလွ်ာက္လံုးမွာလဲ ခံသြားတာပဲ။ သူက ျပန္တိုက္လို႔ ႏုိင္သြားခဲ့တာဆိုတာ မရိွဘူး။ ေနာက္ဆံုးၾကေတာ့ ဟိုကဖြင့္ေပးတဲ့၊ ေသခ်ာေလာက္ၿပီဆိုတဲ့အခါမွ ဖြင့္ေပးေတာ့မွ ဝင္လာတာ။ ဝင္ခဲ့ၿပီးေတာ့ အခုျပန္ၿပီးေတာ့ အာဏာသိမ္းသြားျပန္တယ္။ အဲဒီေတာ့ သူ႔လမ္းစဥ္က Silent Strike လမ္းစဥ္ဟာ ၂၀၀၈ အေျခခံဥပေဒေအာက္ ဝင္သြားၿပီးတဲ့ေနာက္ အဲဒီေအာက္မွာပဲ အာဏာျပန္သိမ္းခံရတဲ့အခါမွာေတာ့ သက္ေသထင္ထင္ရွားရွား ျပႏုိင္ၿပီ။ ၂၀၀၈ ေအာက္ဝင္တဲ့ လမ္းစဥ္ မွားတယ္။ ၁၉၈၈ ေတာ္လွန္ေရးက တဆက္တည္းသြားရမယ္ဆိုတာကို သက္ေသျပႏုိင္ၿပီ။ ဒါေၾကာင့္မို႔ အခုတခါေတာ့ NLD – NUG ဟာ ၂၀၀၈ ကို ဖ်က္သိမ္းၿပီးေတာ့ စစ္အာဏာရွင္ကို စစ္ေရးလမ္းနဲ႔ တိုက္မွပဲ ျဖဳတ္္ခ်လို႔ ရေတာ့မယ္ဆိုတာ ျဖစ္လာတယ္။

ေမး ။ ။ ဒါေပမဲ့ လက္ေတြ႔စဥ္းစားၾကည့္မယ္ဆိုရင္ စစ္ေကာင္စီက လက္နက္အင္အား မေသးဘူး။ သူတုိ႔အာဏာသိမ္းလာၿပီးေနာက္ပိုင္းမွာ စစ္ေကာင္စီက ႏုိင္ငံတကာက လက္နက္ဝယ္ယူရရိွမႈက ပိုေတာင္မွ လြယ္လြယ္ကူကူ ျဖစ္ေနတယ္လို႔ သံုးသပ္ၾကပါတယ္။ ရုရွားတုိိ႔ဘာတို႔ သူတုိ႔ ဝယ္ႏုိင္တဲ့ ေစ်းကြက္က ပိုၿပီးလိုေတာင္ က်ယ္လာတယ္ဆိုေတာ့ သူတုိ႔ကလဲ ေလာေလာဆယ္ေတာ့ လြယ္လြယ္ေတာ့ လက္နက္ခ် အေလွ်ာ့ေပးမယ့္လမ္းစဥ္ ျဖစ္လာႏိုင္မလဲ။ ဒီအေျခအေနမွာဆိုေတာ့ လူေတြ အကုန္လံုး ေသကုန္မွာေပါ့။ ျပည္သူေတြက ပိုၿပီးေတာ့ ဒုကၡဆင္းရဲေတြ ပိုမ်ားလာမွာေပါ့။ လက္နက္ကိုင္လမ္းစဥ္နဲ႔သာ အျပဳတ္တုိက္ေရး လုပ္မယ္ဆိုရင္ေတာ့။ ဟိုတုန္းကလဲ ဗိုလ္ခ်ဳပ္ေနဝင္းလည္း အျပဳတ္တိုက္မယ္ဆိုၿပီးေတာ့ ႏွစ္ေပါင္းမ်ားစြာ အဲဒီလို ေၾကြးေၾကာ္ၿပီးေတာ့ တုိက္လာခဲ့တာ တခါမွ ျပည္တြင္းစစ္ကို မႏုိင္ခဲ့ဘူး။ အခုေကာ အျပဳတ္တိုက္ေရး ျဖစ္ႏိုင္ပါ့မလား။

ေျဖ ။ ။ အဲဒါေၾကာင့္မို႔ ခင္မ်ားေျပာတာေတြက အကုန္လံုးမွန္တယ္။ အဲဒါေတြေၾကာင့္မို႔ ဒီတခါေတာ့ အရွံဳးမခံေတာ့ဘူး။ ငါတုိ႔ ဒီတခါေတာ့ စစ္ကၽြန္ဘဝကေန တသက္လံုး လြတ္မွာမဟုတ္ေတာ့ဘူးဆိုၿပီးေတာ့ ဒီေန႔ Silent Strike ဆိုရင္လဲ၊ ရန္ကုန္မွာ ေအာင္ျမင္လိုက္တာ၊ တျပည္လံုးပဲ။ ဘာလုပ္လုပ္ စစ္အာဏာရွင္ကို ဘယ္လိုနည္းနဲ႔ ဆန္႔က်င္ရ ဆန္္႔က်င္ရ စိတ္ေတြက အကုန္လံုး၊ တိုင္းရင္းသားေတြလည္း အကုန္လံုး ညီညႊတ္သြားၾကၿပီ။ လစ္ဗ်ားႏုိင္ငံ ဥပမာကို ၾကည့္ဗ်ာ။ ေပါလိုက္တာ လက္နက္ေတြ၊ တခါတည္း ေျပာမေနနဲ႔။ ဒါေပမဲ့ အခ်ိန္တန္တဲ့အခါမွာေတာ့ သူတုိ႔က ဘန္ဂါဇီၿမိဳ ႔ကို အတိုက္ခံက စသိမ္းတာပဲ။ အစိုးရက အႀကီးအက်ယ္ ႏိွမ္နင္းဖို႔သြားတဲ့အခါမွာ တပ္လွန္ျပန္လာရတယ္။ အရမ္းရက္စက္လာလုိ႔ ႏုိင္ငံတကာက ဝင္ရတာ။ ကိုယ့္ျပည္တြင္းက မရင္းႏီွးေသးဘဲနဲ႔ ႏုိင္ငံတကာက ဝင္လာလို႔ မရဘူး။ အဲဒီေတာ့ ဒီတခါ က်ေနာ္တိုိ႔ ၾကည့္တဲ့အခါမွာ ဟိုတုန္းက အေၾကာက္တရားေတြ၊ ဟိုတုန္းက သင္ခန္းစာေတြနဲ႔ သြားေနလို႔ မရေတာ့ဘူး။ အဲဒါကိုေတာ့ က်ေနာ္ အတိအက် ေျပာရဲတယ္။

ေမး ။ ။ ဆက္ၿပီေျပာခ်င္တာက အခု (၁) ႏွစ္ျပည့္ခဲ့ၿပီ။ လာမယ့္ ၂၀၂၃ ၾသဂုတ္လအထိ ေနမယ္ဆိုေတာ့၊ သူတုိ႔ေနမယ္ဆိုတဲ့ ကာလအထိကို မွန္းၾကည့္ရင္ေကာ သူတုိ႔ဘက္က တည္ၿငိမ္ေရး၊ တရားဥပေဒ စိုးမိုးေရးေတြ လုပ္ၿပီးေတာ့ သူတုိ႔ေျပာတဲ့ ေရြးေကာက္ပြဲ၊ လူထုယံုၾကည္မႈ ရိွသည္ျဖစ္ေစ၊ မရိွသည္ျဖစ္ေစ လုပ္ေပးႏိုင္မယ့္ အခင္းအက်င္းေကာ ေတြ႔ရပါသလား။

ေျဖ ။ ။ ေမးလို႔သာ ေျဖရတာ။ အဲဒီ ေရြးေကာက္ပြဲက ျဖစ္လာမွာ မဟုတ္ဘူး။ ျဖစ္လာမွာ မဟုတ္ဘဲနဲ႔ အေႏွာင့္အယွက္မ်ဳိးစံု ျဖစ္ၿပီေတာ့ ၂၀၀၈ ကို ဖ်က္သိမ္းလိုက္ၿပီလို႔ ေၾကညာၿပီေတာ့ လုပ္မရလို႔၊ ၂၀၀၈ ကို ဖ်က္သိမ္းလိုက္ၿပီဆိုၿပီးေတာ့ ဆက္အုပ္ခ်ဳပ္သြားမွာပဲ။ Constitution အသစ္ဆြဲၿပီး က်ေနာ္ ဆက္အုပ္ခ်ဳပ္သြားမယ္ဆိုတဲ့ ပံုစံမ်ဳိး လုပ္လိုက္မယ္။

==Unicode==

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီး မရှေးမနှောင်းမှာပဲ ဆန့်ကျင်အုံကြွလှုပ်ရှားမှုတွေလည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ တနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အခုအချိန်မှာ အဲဒီဆန့်ကျင်လှုပ်ရှားမှုတွေဟာ ဘယ်လိုအသွင်ပြောင်းပြီး၊ ဘယ်အခြေအနေမှာ ရှိနေကြပါသလဲ၊ ရှေ့အလားအလာကော ဘယ်လိုလဲ၊ မြန်မာနိုင်ငံရှေ့နေများကွန်ယက် ဥက္ကဋ္ဌ လွှတ်တော်ရှေ့နေကြီး ဦးကြီး့မြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ (၁) နှစ်ပြည့်ခဲ့ပါပြီ။ တကယ်ကော တိုင်းပြည်ရဲ့ အခြေအနေဟာ အပေါင်းလက္ခဏာများ ပြကြတာ ရှိသလား။ အနှုတ်လက္ခဏာ ဆက်ပြီးပြနေသလားဆိုတာကို အကျဉ်းရုံးလေး စပြီးတော့ပြောပါ။

ဖြေ ။ ။ ဘယ်လိုမှ အပေါင်းလက္ခဏာ ပြနေစရာ မရှိဘူးလေ။ အစကတည်းက ၂၀၀၈ အခြေခံဥပဒေကိုတောင် မလိုက်နာဘဲနဲ့ ဖောက်ဖျက်ပြီး၊ အာဏာသိမ်းထားတာ။ အဲဒီတော့ ဖြစ်လာတဲ့ အကျိုးဆက်တွေကတော့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး အကုန်ဘက်စုံ ကျဆင်းတာပဲ။ လူငယ်တွေကလည်း မခံရပ်နိုင်တော့ PDF တွေ ဖြစ်ကြ။ ဗမာတွေကိုယ်တိုင် ပါလာတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်နေတာ။ မကွေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်မှာလည်း ဗမာတွေကိုယ်တိုင် ပါတယ်။ နောက်တခါ ကရင်ပြည်နယ်မှာလည်း PDF တွေက ဗမာတွေကြီးပဲ။ လူငယ်တွေ အများကြီးပါတယ်။ အဲဒီတော့ ဒီတခါ ဗမာနဲ့ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးက အကုန်လုံး တိုင်းရင်းသားတွေက ညီညွတ်သွားပြီးတော့ ဘုံရန်သူက စစ်အာဏာရှင်တခုတည်းပဲ ဖြစ်ခဲ့တယ်။ ဟိုတုန်းက ဘုံရန်သူကို တိုက်တဲ့နေရာမှာ စစ်တပ်ကတောင် သူတို့ကို စိတ်ဓါတ်ရေးရာ စစ်ဆင်ရေးတွေလုပ်တယ် - ‘ခင်များတို့ ကျုပ်တို့ကို တိုက်နေတာ ဟုတ်ပါပြီ၊ ခင်များတို့ ကျုပ်တို့ပြုတ်သွားရင် တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မလဲ။ ကွန်မြူနစ် အုပ်ချုပ်မလား။ ကရင်အုပ်ချုပ်မလား။’ အဲဒီမှာ မေးခွန်းတွေမေးတာက ဘယ်သူအုပ်ချုပ်မလဲ။ အခုတော့ အဲဒီပြဿနာ မပေါ်တော့ဘူး။ အကုန်လုံး ပြည်ထောင်စုသားတွေက ညီညွှတ်သွားပြီ။

မေး ။ ။ ဘယ်သူအုပ်ချုပ်မလဲဆိုတဲ့ မေးခွန်းမျိုးကို အခု အမေးခံရရင် ဘယ်လိုဖြေကြမလဲ။

ဖြေ ။ ။ Constitution လည်း အခုဆွဲနေကြပြီ။ ဆွဲနေကြပြီဆိုတော့ ကျနော်တို့ ဖယ်ဒရယ်နဲ့ သွားရမှာပဲ။ ဖယ်ဒရယ်နဲ့ သွားကြမယ်ဆိုတော့ ဘယ်သူအုပ်ချုပ်မယ်ဆိုတဲ့ ပြဿနာက အကြီးအကျယ် မပေါ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးတော့မှာ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရမှာဆိုတော့ ဘုံရဲ့အခန်းကဏ္ဍက နည်းသွားမယ်။ နည်းသွားပြီဆိုတဲ့အခါကြတော့ ကိုယ့်တပ်တွေနဲ့ကိုယ် ရှိနေကြတော့ သူတို့က ပြည်စောင့်ရဲတပ်ဖွဲ့တွေ၊ ကာကွယ်တဲ့တပ်တွေ ဖြစ်သွားမှာပေါ့။ နောက် ဖယ်ဒရယ်တပ်မှာ အကုန်ပါကြမှာပဲ။ ဖယ်ဒရယ်တပ်မတော်ကြီးကလည်း မစိမ်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗမာ PDF တွေကလည်း သူတို့လေ့ကျင့်ပေးထားတာလေ။ အဲဒီတော့ သူတို့နဲ့ ကျနော်တို့ - တိုင်းရင်းသားနဲ့ ဗမာဆိုတာ မဟုတ်တော့ဘူး။ ဟိုတုန်းကဆိုရင် ဗမာစစ်တပ်လာပြီ၊ ဗမာတွေလာပြီဆိုပြီးတော့ တိုက်ကြတာ။ အခုကြတော့ အဲဒီလို မဟုတ်တော့ဘူး။ ဗမာတွေက သူတို့ဆီ ရောက်နေတာ။ သူတို့နဲ့ တိုက်နေတာ။ ဒါကြောင့်မို့ အဲဒီပြဿနာက မပေါ်ပေါက်တော့ဘူး။

မေး ။ ။ တိုင်းရင်းသားတွေနဲ့ ဗမာတွေနဲ့ ညီညွှတ်မှုတွေ အများကြီး ရှိလာတယ်ဆိုတာတော့ ဟုတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ အယူအဆပိုင်းဆိုင်ရာ သဘောတရားအရ ဖြစ်လာပါတယ်။ လက်တွေ့မှာကော တကယ်တမ်း ညီညွှတ်မှု ရှိကြပါသလား။ အဲဒါကော စမ်းစစ်မိပါသလား။ အဲဒါကို ကျနော် ဘာကြောင့်မေးသလဲဆိုတော့ တချို့တိုင်းရင်းသားတွေကိုယ်တိုင်က အကုန်လုံး မပါဘူး။ လက်နက်ကိုင်ပြီးတော့ စစ်ကောင်စီကို တိုက်ကြတဲ့အထဲမှာ မြောက်ပိုင်းမဟာမိတ်တွေဆိုရင် မပါဘူး စသည်ဖြင့်ဆိုတော့ အကုန်လုံး တညီတညွှတ်ထဲ ဖြစ်နေပြီလို့ ပြောနိုင်ပြီလား။

ဖြေ ။ ။ အဲဒီမှာ ကျနော်တို့ကိုယ်တိုင်လည်း ဒီမေးခွန်းကို မေးတယ်။ ဒါပေမဲ့ အဲဒီမေးခွန်းကို ကျနော် ဖြေနိုင်ပြီ။ အစတုန်းက ကျနော်ကိုယ်တိုင် မဖြေနိုင်ဘူး။ အစတုန်းက ကျနော်က အဲဒီမေးခွန်းကို ဘာလို့မေးသလဲဆိုတော့ - ထင်ရှားတဲ့ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကျော်ဇောလို လူမျိုး။ ဗိုလ်ချုပ်တင်ဦးလို လူမျိုး - အဲဒီလူတွေက ဦးဆောင်နေတယ်ဆိုရင်တော့ ပြဿနာ မရှိဘူး။ အစဉ်အလာကြီးတယ် လူတွေ။ အခုကြတော့ အဲဒီလိုလူမျိုး မဟုတ်တဲ့လူတွေက NUG မှာ ပါနေတယ်။ NLD တဖြစ်လဲ NUG က ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရင်ပြီရောဆိုပြီးတော့ ညီညွှတ်နေကြတာ။ NLD ကို သွားဆန့်ကျင်နေလို့ကတော့ သေဖို့သာပြင်။ ကျနော်တို့လည်း သူတို့ရဲ့ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန် ခံလိုက်ရတာပဲ။ ကျနော်တို့က ၂၀၀၈ ကို မကြိုက်ဘူး။ ဝေဖန်တယ်။ ၂၀၀၈ အောက် ဝင်တာကို ဝေဖန်တယ်။ အဲဒီအခါကြတော့ ကျနော်တို့တောင်မှ လျှောက်လို့မရဘူး။ အဲဒီတော့ သူတို့က အဲဒီလိုနည်းနဲ့ ညီညွှတ်နေကြလေတော့ ဘယ်လိုပဲဖြစ်ဖြစ် NUG နောက်မှ လူထုကြီးတရပ်လုံး ရှိတယ်။ ဦးဆောင်မှုက ညံ့ချင်ညံ့မယ်၊ ဒါပေမဲ့လို့တော့ နောက်လိုက်ကောင်းတွေက မညံ့ဘူး။ သူကိုဝိုင်းပြီး ညှပ်ထိန်းထားတာတွေက EAOs, PDFs တွေနဲ့ အစဉ်အလာရှိတဲ့ လူတွေက ဝိုင်းထိန်းထားတယ်။ အဲဒါကြောင့်မို့ ကျနော်ကတော့ ဒီတိုက်ပွဲမှာ စစ်အာဏာရှင်ကို ဖြိုလဲနိုင်မယ်ဆိုတာကို မမှိတ်မသုဉ်း တထစ်ချ ယုံကြည်တယ်။

မေး ။ ။ ဒါပေမဲ့ အခုလဲ စစ်ကောင်စီဟာ နယ်မြေထိန်းချုပ်မှုတွေ အရင်ကထက် ပိုပြီးတော့ ကောင်းလာတယ်လို့လဲ တချို့က သုံးသပ်ကြပါတယ်။ အဲဒါကော ဘယ်လောက် မှန်ပါသလဲ။ သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေကရော ငြိမ်းချမ်းသာယာတဲ့ ဒေသတွေ ဖြစ်လာပါသလား။ အဲဒါလဲ နည်းနည်းစမ်းစစ်ပါ။

ဖြေ ။ ။ သူတို့က နယ်မြေစိုးမိုးမှု တဖြည်းဖြည်း လျော့ကုန်ပြီ။ မြို့ကြီးတွေမှာ ထိန်းထားနိုင်သေးပေမယ့် ကျေးရွာတွေ၊ ကျေးလက်ဒေသတွေ - ကယားဆိုရင် အတော်ကြီးကို မြို့ပေါ်ထိ တက်သိမ်းလာပြီ တဖြည်းဖြည်းနဲ့။ အဲဒါကြောင့် နယ်မြေစိုးမိုးမှုနဲ့ ပြန်တိုင်းမယ်ဆိုရင် သူတို့ပြောတဲ့စကားက မမှန်ဘူး။ နယ်မြေစိုးမိုးမှုက ဒီဘက်က ပို၍ပို၍ ရလာတယ်။ အဲဒါကိုတော့ သက်သေပြနိုင်ပါတယ်။

မေး ။ ။ NUG ဦးဆောင်တဲ့အဖွဲ့တွေ၊ တိုင်းရင်းသားတွေ၊ PDFs တွေက သူတို့က သိမ်းပိုက်လာတယ်။ သူတို့က အင်အားကောင်းလာတယ်ဆိုတာကို ပြောတော့ ဒီလက်နက်ကိုင် တိုက်ပွဲသက်သက်နဲ့ စစ်ကောင်စီက လက်နက်ချပြီးတော့ ထွက်ပြေးရတဲ့ အဆင့်အထိတော့ တချို့က မမျှော်လင့်ကြပါဘူး။ တက်ကြွလှုပ်ရှားသူတချို့ကလဲ ဘာပြောလဲဆိုတော့ လက်နက်ကိုင်တိုက်ပွဲဟာ နည်းဗျူဟာတရပ်သာ ဖြစ်တယ်။ အာဏာသိမ်းမှုဟာ မှားတယ်ဆိုတာကို သူတို့နားလည်သဘောပေါက်စေမယ့် ဘာသာစကား ဖြစ်တယ်။ အဲဒါကြောင့် လက်နက်နဲ့ ပြန်တိုက်နေတာဆိုပြီတော့ ကျနော် တလောတုန်းကလုပ်တဲ့ ဆွေးနွေးခန်းမှာပြောတာ ရှိပါတယ်။

ဖြေ ။ ။ အဲဒါကို ကျနော် Facebook မှာ တင်မလို့ လုပ်နေတာ။ ဒါပေမဲ့ ဒီနေ့က Silent Strike က အောင်မြင်နေတော့ သူတို့ပျော်ပါစေဆိုပြီးတော့ ကျနော် မတင်ဘဲနေတာ။ အဲဒီဆွေးနွေးပွဲက ဒေါ်ဇင်မာအောင် ပြောတဲ့ဟာကို ကျနော်ပြန်ပြီးတော့ နည်းနည်းလေးပြန်ပြီးတော့ တို့ထားတာပါ။ အဲဒါ ဘာလဲဆိုတော့ CRPH ဖြစ်လာမယ့် NUG က ကြေညာချက်ထုတ်တယ်။ ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီ။ စစ်အာဏာရှင်တို့အား စစ်ရေးနည်းဖြင့် တိုက်ခိုက်မှသာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်မည် ဖြစ်သည်ဆိုပြီးတော့ သူတို့က အဲဒီလို ကြေညာတယ်။ အဲဒီလို ကြေညာပြီးတော့ စက်တင်ဘာလ (၇) ရက်နေ့ရောက်တော့ စစ်ကြေညာတာပဲ။ အဲဒီဟာက ကျနော် မေးချင်တာက ခင်များတို့က အဲဒါကို နည်းဗျူဟာအနေနဲ့ လုပ်တာလား။ မဟာဗျူဟာ မဟုတ်ဘူးလား။ အဲဒီလို ကြေညာချက်ကြီးက မဟာဗျူဟာ မဟုတ်ဘူးလား။ အဲဒါကို ကျနော်မေးချင်တာ။ အခုလဲ NUG က စစ်ကိုဝင်မတိုက်ဘူး။ ထိုးစစ် ဘာမှကိုမပါဘူး။ ကျန်တဲ့လူတွေက တိုက်နေတာ။ NUG က မတိုက်ဘူး။ အဲဒီတော့ NUG က သူပြောတဲ့ ကြေညာချက်သည် သူက မေ့နေပြီလား။ သူက ဘာဖြစ်လို့ အဲဒီလို ကိုယ့်ကြေညာချက်ကို ပြန်ပြီးတော့ သေးသိမ်အောင် လုပ်ဖြစ်တာလဲဆိုတာကို ကျနော် မေးခွန်းပြန်ထုတ်ထားတယ်။ အခုလဲ အဲဒီမေးခွန်းထုတ်တဲ့အကြောင်းကို ခင်များကတဆင့် ကျနော် တင်ပြပါတယ်။

မေး ။ ။ အလျင်သင့်ရင်တော့ ကျနော် သူတို့ကို ပြန်မေးပါမယ်။ အခုလောလောဆယ်မှာ ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတာကတော့ သူတို့က နိုင်ငံတကာအဖွဲ့တွေနဲ့ လက်တွဲပြီးလုပ်ရတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့်ပဲ နိုင်ငံတကာ ထောက်ခံမှုက ပုံအောပြီတော့ ရလာတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဆိုတော့ နိုင်ငံတကာဆိုတာက ပြည်တွင်းစစ်ကို လက်နက်ကိုင် တော်လှန်ရေးနဲ့ လက်နက်ကို အားပေးဖို့ဆိုတာ သိပ်ပြီးတော့ မလုပ်တဲ့ကိစ္စပါ။ နိုင်ငံတကာက တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတယ်။ လက်နက်နဲ့ ဝင်တိုက်တာမျိုးတွေ မလုပ်ကြပါဘူး။ အဲဒီအတွက်များ ဒီလိုပြောရလေသလားဆိုတဲ့ စဉ်းစားမှုမျိုးကော မဖြစ်နိုင်ဘူးလား။ စဉ်းစားကြည့်မယ်ဆိုရင်။

ဖြေ ။ ။ အဲဒီအတိုင်း ကွက်တိဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ NLD က ဘယ်တုန်းကမှ ဒီလိုတိုက်ပွဲလမ်းစဉ်နဲ့ ဝင်ခဲ့တာ မဟုတ်ဘူး။ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ သူတို့ကတော့ Silent Strike ပဲ။ ဒေါ်အောင်ဆန်းစုကြည် ဝင်လာတာလဲ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ပြည်သူတွေကြား စေ့စပ်ပေးဖို့ ဝင်လာတာ။ တိုက်ပွဲတိုက်ဖို့ ဝင်လာတာ မဟုတ်ဘူး။ သူကို တောက်လျှောက်၊ သမိုင်းတလျှောက်လုံးမှာလဲ ခံသွားတာပဲ။ သူက ပြန်တိုက်လို့ နိုင်သွားခဲ့တာဆိုတာ မရှိဘူး။ နောက်ဆုံးကြတော့ ဟိုကဖွင့်ပေးတဲ့၊ သေချာလောက်ပြီဆိုတဲ့အခါမှ ဖွင့်ပေးတော့မှ ဝင်လာတာ။ ဝင်ခဲ့ပြီးတော့ အခုပြန်ပြီးတော့ အာဏာသိမ်းသွားပြန်တယ်။ အဲဒီတော့ သူ့လမ်းစဉ်က Silent Strike လမ်းစဉ်ဟာ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်သွားပြီးတဲ့နောက် အဲဒီအောက်မှာပဲ အာဏာပြန်သိမ်းခံရတဲ့အခါမှာတော့ သက်သေထင်ထင်ရှားရှား ပြနိုင်ပြီ။ ၂၀၀၈ အောက်ဝင်တဲ့ လမ်းစဉ် မှားတယ်။ ၁၉၈၈ တော်လှန်ရေးက တဆက်တည်းသွားရမယ်ဆိုတာကို သက်သေပြနိုင်ပြီ။ ဒါကြောင့်မို့ အခုတခါတော့ NLD – NUG ဟာ ၂၀၀၈ ကို ဖျက်သိမ်းပြီးတော့ စစ်အာဏာရှင်ကို စစ်ရေးလမ်းနဲ့ တိုက်မှပဲ ဖြုတ်ချလို့ ရတော့မယ်ဆိုတာ ဖြစ်လာတယ်။

မေး ။ ။ ဒါပေမဲ့ လက်တွေ့စဉ်းစားကြည့်မယ်ဆိုရင် စစ်ကောင်စီက လက်နက်အင်အား မသေးဘူး။ သူတို့အာဏာသိမ်းလာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက နိုင်ငံတကာက လက်နက်ဝယ်ယူရရှိမှုက ပိုတောင်မှ လွယ်လွယ်ကူကူ ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ရုရှားတို့ဘာတို့ သူတို့ ဝယ်နိုင်တဲ့ ဈေးကွက်က ပိုပြီးလိုတောင် ကျယ်လာတယ်ဆိုတော့ သူတို့ကလဲ လောလောဆယ်တော့ လွယ်လွယ်တော့ လက်နက်ချ အလျှော့ပေးမယ့်လမ်းစဉ် ဖြစ်လာနိုင်မလဲ။ ဒီအခြေအနေမှာဆိုတော့ လူတွေ အကုန်လုံး သေကုန်မှာပေါ့။ ပြည်သူတွေက ပိုပြီးတော့ ဒုက္ခဆင်းရဲတွေ ပိုများလာမှာပေါ့။ လက်နက်ကိုင်လမ်းစဉ်နဲ့သာ အပြုတ်တိုက်ရေး လုပ်မယ်ဆိုရင်တော့။ ဟိုတုန်းကလဲ ဗိုလ်ချုပ်နေဝင်းလည်း အပြုတ်တိုက်မယ်ဆိုပြီးတော့ နှစ်ပေါင်းများစွာ အဲဒီလို ကြွေးကြော်ပြီးတော့ တိုက်လာခဲ့တာ တခါမှ ပြည်တွင်းစစ်ကို မနိုင်ခဲ့ဘူး။ အခုကော အပြုတ်တိုက်ရေး ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ။ အဲဒါကြောင့်မို့ ခင်များပြောတာတွေက အကုန်လုံးမှန်တယ်။ အဲဒါတွေကြောင့်မို့ ဒီတခါတော့ အရှုံးမခံတော့ဘူး။ ငါတို့ ဒီတခါတော့ စစ်ကျွန်ဘဝကနေ တသက်လုံး လွတ်မှာမဟုတ်တော့ဘူးဆိုပြီးတော့ ဒီနေ့ Silent Strike ဆိုရင်လဲ၊ ရန်ကုန်မှာ အောင်မြင်လိုက်တာ၊ တပြည်လုံးပဲ။ ဘာလုပ်လုပ် စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ရ ဆန့််ကျင်ရ စိတ်တွေက အကုန်လုံး၊ တိုင်းရင်းသားတွေလည်း အကုန်လုံး ညီညွှတ်သွားကြပြီ။ လစ်ဗျားနိုင်ငံ ဥပမာကို ကြည့်ဗျာ။ ပေါလိုက်တာ လက်နက်တွေ၊ တခါတည်း ပြောမနေနဲ့။ ဒါပေမဲ့ အချိန်တန်တဲ့အခါမှာတော့ သူတို့က ဘန်ဂါဇီမြို့ကို အတိုက်ခံက စသိမ်းတာပဲ။ အစိုးရက အကြီးအကျယ် နှိမ်နင်းဖို့သွားတဲ့အခါမှာ တပ်လှန်ပြန်လာရတယ်။ အရမ်းရက်စက်လာလို့ နိုင်ငံတကာက ဝင်ရတာ။ ကိုယ့်ပြည်တွင်းက မရင်းနှီးသေးဘဲနဲ့ နိုင်ငံတကာက ဝင်လာလို့ မရဘူး။ အဲဒီတော့ ဒီတခါ ကျနော်တို့ ကြည့်တဲ့အခါမှာ ဟိုတုန်းက အကြောက်တရားတွေ၊ ဟိုတုန်းက သင်ခန်းစာတွေနဲ့ သွားနေလို့ မရတော့ဘူး။ အဲဒါကိုတော့ ကျနော် အတိအကျ ပြောရဲတယ်။

မေး ။ ။ ဆက်ပြီပြောချင်တာက အခု (၁) နှစ်ပြည့်ခဲ့ပြီ။ လာမယ့် ၂၀၂၃ သြဂုတ်လအထိ နေမယ်ဆိုတော့၊ သူတို့နေမယ်ဆိုတဲ့ ကာလအထိကို မှန်းကြည့်ရင်ကော သူတို့ဘက်က တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးတွေ လုပ်ပြီးတော့ သူတို့ပြောတဲ့ ရွေးကောက်ပွဲ၊ လူထုယုံကြည်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လုပ်ပေးနိုင်မယ့် အခင်းအကျင်းကော တွေ့ရပါသလား။

ဖြေ ။ ။ မေးလို့သာ ဖြေရတာ။ အဲဒီ ရွေးကောက်ပွဲက ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်လာမှာ မဟုတ်ဘဲနဲ့ အနှောင့်အယှက်မျိုးစုံ ဖြစ်ပြီတော့ ၂၀၀၈ ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာပြီတော့ လုပ်မရလို့၊ ၂၀၀၈ ကို ဖျက်သိမ်းလိုက်ပြီဆိုပြီးတော့ ဆက်အုပ်ချုပ်သွားမှာပဲ။ Constitution အသစ်ဆွဲပြီး ကျနော် ဆက်အုပ်ချုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လိုက်မယ်။

XS
SM
MD
LG