သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယူးဇီလန္မွာ ေဝလငါး အေကာင္ ၅၀၀ ေသာင္တင္ေသဆံုး


(Zawgyi / Unicode)

နယူးဇီလန္ႏိုင္ငံက Chatham ကၽြန္းစုရဲ႕ ေဝးလံေခါင္ဖ်ား ကမ္းေျခ ၂ ေနရာမွာ အခုရက္ပိုင္းအတြင္း Pilot အမ်ိဳးအစား ေဝလငါး အေကာင္ ၅၀၀ ေလာက္ ေသာင္တင္ၿပီး ေသဆံုးေနတာ ေတြ႕ရပါတယ္။

သူတို႔ဟာ သဘာဝအေလ်ာက္ ေသဆံုးရတာ ျဖစ္ေၾကာင္း ေဝလငါး ကယ္ဆယ္ေရး NGO အဖြဲ႔ Project Jonah တာဝန္ခံကေျပာပါတယ္။ နယူးဇီလန္ ကၽြန္းမႀကီး အေရွ႕ဘက္ မိုင္ ၅၀၀ ေလာက္က လူဦးေရ ၆၀၀ ေလာက္ေနထိုင္တဲ့ Chatham ကၽြန္းစုက ကမ္းေျခ ၂ ေနရာမွာ ေသာင္တင္ေနၾကတာ ျဖစ္ၿပီး Tupuangi ကမ္းေျခမွာ ေသာၾကာေန႔က ၂၃၂ ေကာင္နဲ႔ Waihere ပင္လယ္ေကြ႕မွာ တနလၤာေန႔က ေဝလငါး ၂၄၅ ေကာင္ ေသာင္တင္ေနတာလို႔ ေတာ႐ိုင္းသဘာဝ ထိန္းသိမ္းေရးဌာနက ေျပာပါတယ္။

Chantham ကၽြန္းစုမွာ ငါးမန္းေပါတဲ့ အတြက္ သူတို႔ကို ေရထဲျပန္ပို႔ေပးတာလို သြားေရက္ ကယ္ဆယ္ဖို႔ လူေတြအတြက္ေရာ သူတို႔အတြက္ပါ အႏၲရာယ္မ်ားတယ္လို႔ အဏၰဝါပင္လယ္ ဆိုင္ရာအၾကံေပးက ေျပာပါတယ္။ ဒီေဒသက သဲေသာင္ကမ္းေျခေတြဟာ ေရထဲကို ေျပေျပေလး ဆင္းသြားတဲ့ အေနထား ျဖစ္တဲ့ အတြက္ ေရလႈိင္းနဲ႔အတူ ကုန္းတြင္းကို တက္လာတဲ့ ေဝလငါးေတြဟာ သူတို႔ သတိမထားမိခင္မွာပဲ ဒီေရက ႐ုတ္တရက္က် သြားတာေၾကာင့္ ေရထဲျပန္မဆင္းႏိုင္ပဲ ေသာင္တင္ၿပီး ေသဆံုးၾကတာ ျဖစ္ႏိုင္တယ္လို႔ သုေတသီေတြက တြက္ဆထားတာပါ။

နယူးဇီလန္မွာ အထူးသျဖင့္ ေႏြရာသီေတြမွာ ဒီေဝလငါးမ်ိဳးေတြ အုပ္လိုက္ ေသာင္တင္ေနေလ့ရွိပါတယ္။ အိမ္နီးခ်င္း Australia ႏိုင္ငံ Tasmania ကမ္းေျခမွာလည္း လြန္ခဲ့တဲ့ သီတင္း ၂ ပတ္တုန္းက ဒီေဝလငါးမ်ိဳး အေကာင္ ၂၀၀ ေလာက္ ေသာင္တင္ၿပီး ေသဆံုးခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နယူးဇီလန်မှာ ဝေလငါး အကောင် ၅၀၀ သောင်တင်သေဆုံး

နယူးဇီလန်နိုင်ငံက Chatham ကျွန်းစုရဲ့ ဝေးလံခေါင်ဖျား ကမ်းခြေ ၂ နေရာမှာ အခုရက်ပိုင်းအတွင်း Pilot အမျိုးအစား ဝေလငါး အကောင် ၅၀၀ လောက် သောင်တင်ပြီး သေဆုံးနေတာ တွေ့ရပါတယ်။

သူတို့ဟာ သဘာဝအလျောက် သေဆုံးရတာ ဖြစ်ကြောင်း ဝေလငါး ကယ်ဆယ်ရေး NGO အဖွဲ့ Project Jonah တာဝန်ခံကပြောပါတယ်။ နယူးဇီလန် ကျွန်းမကြီး အရှေ့ဘက် မိုင် ၅၀၀ လောက်က လူဦးရေ ၆၀၀ လောက်နေထိုင်တဲ့ Chatham ကျွန်းစုက ကမ်းခြေ ၂ နေရာမှာ သောင်တင်နေကြတာ ဖြစ်ပြီး Tupuangi ကမ်းခြေမှာ သောကြာနေ့က ၂၃၂ ကောင်နဲ့ Waihere ပင်လယ်ကွေ့မှာ တနင်္လာနေ့က ဝေလငါး ၂၄၅ ကောင် သောင်တင်နေတာလို့ တောရိုင်းသဘာဝ ထိန်းသိမ်းရေးဌာနက ပြောပါတယ်။

Chantham ကျွန်းစုမှာ ငါးမန်းပေါတဲ့ အတွက် သူတို့ကို ရေထဲပြန်ပို့ပေးတာလို သွားရေက် ကယ်ဆယ်ဖို့ လူတွေအတွက်ရော သူတို့အတွက်ပါ အန္တရာယ်များတယ်လို့ အဏ္ဏဝါပင်လယ် ဆိုင်ရာအကြံပေးက ပြောပါတယ်။ ဒီဒေသက သဲသောင်ကမ်းခြေတွေဟာ ရေထဲကို ပြေပြေလေး ဆင်းသွားတဲ့ အနေထား ဖြစ်တဲ့ အတွက် ရေလှိုင်းနဲ့အတူ ကုန်းတွင်းကို တက်လာတဲ့ ဝေလငါးတွေဟာ သူတို့ သတိမထားမိခင်မှာပဲ ဒီရေက ရုတ်တရက်ကျ သွားတာကြောင့် ရေထဲပြန်မဆင်းနိုင်ပဲ သောင်တင်ပြီး သေဆုံးကြတာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက တွက်ဆထားတာပါ။

နယူးဇီလန်မှာ အထူးသဖြင့် နွေရာသီတွေမှာ ဒီဝေလငါးမျိုးတွေ အုပ်လိုက် သောင်တင်နေလေ့ရှိပါတယ်။ အိမ်နီးချင်း Australia နိုင်ငံ Tasmania ကမ်းခြေမှာလည်း လွန်ခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက ဒီဝေလငါးမျိုး အကောင် ၂၀၀ လောက် သောင်တင်ပြီး သေဆုံးခဲ့ရတာပါ။

XS
SM
MD
LG