သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ICJ ႏိုင္ငံတကာတရား႐ုံးမွာ ခုခံေခ်ပဖို႔ ျမန္မာကိုယ္စားလွယ္အဖြဲ႕ထြက္ခြာ


FILE - The building of the International Court of Justice (ICJ) is seen in The Hague, Netherlands, Dec. 9, 2019.

[[Zawgyi/Unicode]]

ICJ ႏိုင္ငံတကာတရာ႐ုံးမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ ျမန္မာႏိုင္ငံအေပၚ တရားစြဲထားတဲ့အမႈအတြက္ ႏိုင္ငံတကာ ေရွ႕ေနအသစ္ငွားထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ဗြီအိုေအ ကို ေျပာပါတယ္။ ေရွ႕ေနအသစ္ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ မေျပာေပမယ့္ အရင္ေရွ႕ေနအဖြဲ႕ က ႏုတ္ထြက္သြားသူအစား ေရွ႕ေနသစ္နဲ႔ အရင္ေရွ႕ေနအဖြဲ႕ထဲက ၂ ေယာက္တို႔ အတူခုခံေခ်ပသြားမယ္လို႔ေျပာပါတယ္။ ေဖေဖာ္ဝါရီ ၂၁ ရက္စတင္မယ့္ တရား႐ုံးၾကားနာပြဲအတြက္ စစ္ေကာင္စီရဲ႕ အျပည္ျပည္ဆိုင္ရာဆက္ဆံေရးဝန္ႀကီး ဦးေဆာင္တဲ့အဖြဲ႕လည္း Netherlands ႏိုင္ငံ The Hague ၿမိဳ႕ကို ထြက္ခြာသြားၿပီလို႔ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ Gambia ႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ ICJ ႏိုင္ငံတကာတရား႐ုံးမွာ တရားစြဲထားတဲ့အမႈကို ေဖေဖာ္ဝါရီလ ၂၁ ရက္ကေန ၂၈ ရက္ေန႔အထိ ျပန္လည္ၾကားနာစစ္ေဆးမွာျဖစ္ပါတယ္။ ဒီအမႈကို ျမန္မာႏိုင္ငံဘက္က ခုခံေခ်ပဖို႔ ႏိုင္ငံတကာ ေရွ႕ေနအသစ္တေယာက္ ငွားထားတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီအိုေအကို ေျပာပါတယ္။ NLD အစိုးရလက္ထက္က ငွားရမ္းထားတဲ့ ႏိုင္ငံတကာဥပေဒအဖြဲ႕ထဲက ေရွ႕ေန ၁ ေယာက္ႏုတ္ထြက္သြားလို႔ အသစ္ငွားထားတယ္လို႔ ခုလိုေျပာပါတယ္။

“တေယာက္ပဲ ႏုတ္ထြက္တယ္။ အရင္အဖြဲ႕ကႏွစ္ေယာက္က်န္ခဲ့တယ္။ ၃ ေယာက္ပါ။ ေနာက္ထပ္ တေယာက္ငွားထားတယ္။”

အသစ္ငွားထားတဲ့ ေရွ႕ေနက ဘယ္ႏိုင္ငံက ဘယ္သူျဖစ္တယ္ဆိုတာကိုေတာ့ ေလာေလာဆယ္ သူ မသိေသးဘူးလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ NLD အစိုးရလက္ထက္တုန္းက ICJ တရား႐ုံးမွာ ျမန္မာႏိုင္ငံအထြက္ ကေနဒါႏိုင္ငံက ေရွ႕ေန William Schabas က ဦးေဆာင္ေခ်ပခဲ့တာျဖစ္ပါတယ္။ သူႏုတ္ထြက္တယ္ဆိုတဲ့ သတင္းေတြထြက္ေနေပမယ့္ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ပါဘူး။ အခုျပန္လည္စတင္မယ့္ ၾကားနာပြဲမွာ စစ္ေကာင္စီကိုယ္စား အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးဝန္ႀကီးနဲ႔ ေရွ႕ေနခ်ဳပ္ ဦးေဆာင္တဲ့ အဖြဲ႕လည္း ဒီေန႔ ေဖေဖာဝါရီ ၁၈ ရက္မွာပဲ The Hague ကိုထြက္ခြာသြားၿပီလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အျပည္ျပည္ဆိုင္ရာဆက္ဆံေရးဝန္ႀကီး ဦးကိုကိုလႈိင္ရယ္။ ဥပေဒေရးရာဝန္ႀကီး ေရွ႕ေနခ်ဳပ္ေဒါက္တာ သီတာဦး ဦးစီးတဲ့ ၁၅ ေယာက္ ဒီေန႔မနက္ပဲ တရားရင္ဆိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံကေနထြက္ခြာပါတယ္။ က်န္တဲ့ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဒီတာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြကေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံထဲမွာ အဖြဲ႕တဖြဲ႕ကေတာ့ အြန္လိုင္းနဲ႔တက္ပါမယ္။ က်ေနာ္တို႔အေနနဲ႔ကေတာ့ အရင္ကတည္းက ရပ္တည္ခ်က္ အတိုင္းပဲ။ ဒီတဘက္ႏိုင္ငံကစြပ္စြဲထားတာေတြရွိတယ္။ စြပ္စြဲထားခ်က္ေတြသည္ မဟုတ္မမွန္တဲ့အေၾကာင္းေတြ ဒီထဲမွာလည္း လုပ္ၿပီးသားျဖစ္ပါတယ္။ ရခိုင္ျပည္နယ္စုံစမ္းစစ္ေဆးေရးအစီရင္ခံစာေတြ၊ ရခိုင္မွာ သမၼတႀကီးဦးသိန္းစိန္လက္ထက္က စုံစမ္းစစ္ေဆးေရးလုပ္ထားတာ ရွိတယ္။ အစိုးရပိုင္းအေနနဲ႔ စုံစမ္းစစ္ေဆးေရးလုပ္ထားတာေတြရွိတယ္။ တပ္မေတာ္အေနနဲ႔ စုံစမ္းစစ္ေဆးေရးလုပ္ထားတာရွိတယ္။ ၿပီးရင္ေဒသခံျပည္သူလူထုေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ေတြ႕ဆုံၿပီး ေမးျမန္းထားတာရွိတယ္။ ဒါေတြနဲ႔ တကြ က်ေနာ္တို႔အေနနဲ႔က စြပ္စြဲခ်က္ေတြကမမွန္ကန္တဲ့အေၾကာင္း ဒါေတြကိုက်ယ္က်ယ္ျပန႔္ျပန႔္တင္ျပသြားပါမယ္ခင္ဗ်။”

စစ္တပ္အေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈက်ဴးလြန္ခဲ့တာမရွိဘူးဆိုတာ အခ်က္အလက္ေတြနဲ႔ ခုခံေခ်ပသြားမွာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္တရားစြဲထားတဲ့အမႈအတြက္ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကလည္း ႏိုင္ငံတကာ ေရွ႕ေနေတြပါတဲ့ ဥပေဒပညာရွင္အဖြဲ႕ဖြဲ႕ထားၿပီး ျမန္မာႏိုင္ငံကိုယ္စား ခုခံေခ်ပဖို႔ ျပင္ဆင္ေနပါတယ္။ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေျဖရွင္းခြင့္အတြက္ NUG လည္း ICJ တရား႐ုံးကို တင္ျပေလွ်ာက္ထားေပမယ့္ တရား႐ုံးဘက္က တစုံတရာ တုံ႔ျပန္ထုတ္ျပန္ျခင္းေတာ့ မရွိေသးပါဘူး။ NUG ဘက္က ျပင္ဆင္ေနတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီကေတာ့ ခုလိုေျပာပါတယ္။

“သူတို႔အေနနဲ႔ က်ေနာ္တို႔လည္း သတင္းေတြထဲမွာ ေတြ႕ေနရပါတယ္။ သူတို႔ဘက္က ေစလႊတ္မယ္ဆိုတဲ့ အေၾကာင္းလည္း ေတြ႕ေနရပါတယ္။ ဒီမွာေတာ့ က်ေနာ္တို႔အေနနဲ႔က ICJ ဘက္ကေနတရားဝင္ေပါ့ေနာ္။ က်ေနာ္တို႔ရဲ႕ ကိုယ္စားလွယ္ရယ္၊ ေနာက္ဒုတိယကိုယ္စားလွယ္ရယ္ကို တရားဝင္လက္ခံတဲ့ အေၾကာင္း ၾကားစာရၿပီးျဖစ္ပါတယ္။ အေၾကာင္းၾကားစာရလို႔ ဒီမနက္ေစလႊတ္ျခင္းျဖစ္ပါတယ္။”

နယူးေယာက္ခ္ၿမိဳ႕ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ႏိုင္ငံတကာက လက္ခံအသိအမွတ္ျပဳထားတဲ့အတြက္ သူသာ ျမန္မာကိုယ္စား တရား႐ုံးၾကားနာပြဲ တရားဝင္တက္ေရာက္ခြင့္ရွိသင့္တယ္လို႔ NUG ကေျပာဆိုထားပါတယ္။ အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီကို တရား႐ုံးက ေခ်ပခြင့္ျပဳရင္ တရားဝင္ အသိအမွတ္ျပဳရာလိမ့္မယ္ဆိုၿပီး ေထာက္ျပ ကန႔္ကြက္မႈေတြလည္း ရွိေနပါတယ္။

အခုလို ျမန္မာအစိုးရအေပၚ တရားစြဲထားတဲ့အမႈအတြက္ စစ္ေကာင္စီဘက္ကေရာ NUG ဘက္ကပါ ကိုယ္စားျပဳေခ်ပဖို႔ ျပင္ဆင္ေနတဲ့အေပၚ ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းက ခုလိုသုံးသပ္ပါတယ္။

“အခုကေတာ့ နစကကိုယ္စားလွယ္ကပဲ တက္ခြင့္ရမွာဆိုေတာ့ တရားဝင္စြပ္စြဲခ်က္ေတြကေတာ့ ထုံးစံ အတိုင္း နစကဘက္ကျငင္းမယ္။ ဟိုဘက္ကစြပ္စြဲခ်က္ေတြကိုထပ္စြပ္စြဲမယ္။ ဆိုတဲ့ အခါက်ေတာ့ နစက အစိုးရနဲ႔ပဲ တရားခြင္မွာ စြပ္စြဲတာ၊ ဆုံးျဖတ္ခ်က္ခ်တာ ျဖစ္လာလိမ့္မယ္လို႔ထင္တယ္။ ဆိုေတာ့ NUG ရဲ႕ထြက္ဆိုခ်က္ေတြဘာေတြကေတာ့ စြပ္စြဲခ်က္ေတြအတြက္ေတာ့ ပံ့ပိုးတဲ့ အခ်က္အလက္ေတြ သက္ေသေတြျဖစ္မွာေပါ့ေနာ္။ အဲလိုျဖစ္သြားသက္ေရာက္သြားမယ္ထင္တယ္။ အခုကသိတဲ့အတိုင္းပဲ။ စြပ္စြဲထားတဲ့ တပ္အရာရွိေတြက တပ္မေတာ္ဦးစီးခ်ဳပ္ကိုယ္တိုင္က အစိုးရျဖစ္ေနေတာ့ ဒီဘက္ကေတာ့ ဘယ္လိုပဲ ဆုံးျဖတ္ဆုံးျဖတ္ ဒီဟာေတြကို ထပ္ၿပီးေတာ့ အဲဒီ ဆုံးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္လိမ့္မယ္ေတာ့ မထင္ဘူး။”

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ကျဖစ္ခဲ့တဲ့ လူမ်ိဳးေရး ဘာသာေရးအေျခခံတဲ့ ပဋိပကၡအတြင္း စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ဆိုးဝါးတဲ့လူ႔အခြင့္အေရးေတြ ခ်ိဳးေဖာက္ခဲ့မႈေတြဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေျမာက္တယ္လို႔ ကုလသမဂၢက ေျပာထားပါတယ္။ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္လည္း ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ၾကရပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံတဲ့ စစ္တပ္ကေတာ့ ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ထားပါတယ္။ ဒါေပမဲ့ ႐ိုဟင္ဂ်ာေတြ လူမ်ိဳးတုန္းသတ္ျဖတ္ခံခဲ့ရတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔

ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံအေပၚ ၂၀၁၉ ခုႏွစ္က တရားစြဲခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ICJ နိုင်ငံတကာတရားရုံးမှာ ခုခံချေပဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

ICJ နိုင်ငံတကာတရာရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲထားတဲ့အမှုအတွက် နိုင်ငံတကာ ရှေ့နေအသစ်ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေ ကို ပြောပါတယ်။ ရှေ့နေအသစ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြောပေမယ့် အရင်ရှေ့နေအဖွဲ့ က နုတ်ထွက်သွားသူအစား ရှေ့နေသစ်နဲ့ အရင်ရှေ့နေအဖွဲ့ထဲက ၂ ယောက်တို့ အတူခုခံချေပသွားမယ်လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်စတင်မယ့် တရားရုံးကြားနာပွဲအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့လည်း Netherlands နိုင်ငံ The Hague မြို့ကို ထွက်ခွာသွားပြီလို့ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲထားတဲ့အမှုကို ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ပြန်လည်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။ ဒီအမှုကို မြန်မာနိုင်ငံဘက်က ခုခံချေပဖို့ နိုင်ငံတကာ ရှေ့နေအသစ်တယောက် ငှားထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။ NLD အစိုးရလက်ထက်က ငှားရမ်းထားတဲ့ နိုင်ငံတကာဥပဒေအဖွဲ့ထဲက ရှေ့နေ ၁ ယောက်နုတ်ထွက်သွားလို့ အသစ်ငှားထားတယ်လို့ ခုလိုပြောပါတယ်။

“တယောက်ပဲ နုတ်ထွက်တယ်။ အရင်အဖွဲ့ကနှစ်ယောက်ကျန်ခဲ့တယ်။ ၃ ယောက်ပါ။ နောက်ထပ် တယောက်ငှားထားတယ်။”

အသစ်ငှားထားတဲ့ ရှေ့နေက ဘယ်နိုင်ငံက ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ လောလောဆယ် သူ မသိသေးဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ NLD အစိုးရလက်ထက်တုန်းက ICJ တရားရုံးမှာ မြန်မာနိုင်ငံအထွက် ကနေဒါနိုင်ငံက ရှေ့နေ William Schabas က ဦးဆောင်ချေပခဲ့တာဖြစ်ပါတယ်။ သူနုတ်ထွက်တယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။ အခုပြန်လည်စတင်မယ့် ကြားနာပွဲမှာ စစ်ကောင်စီကိုယ်စား အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီးနဲ့ ရှေ့နေချုပ် ဦးဆောင်တဲ့ အဖွဲ့လည်း ဒီနေ့ ဖေဖောဝါရီ ၁၈ ရက်မှာပဲ The Hague ကိုထွက်ခွာသွားပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်ရယ်။ ဥပဒေရေးရာဝန်ကြီး ရှေ့နေချုပ်ဒေါက်တာ သီတာဦး ဦးစီးတဲ့ ၁၅ ယောက် ဒီနေ့မနက်ပဲ တရားရင်ဆိုင်ဖို့အတွက် မြန်မာနိုင်ငံကနေထွက်ခွာပါတယ်။ ကျန်တဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အဖွဲ့တဖွဲ့ကတော့ အွန်လိုင်းနဲ့တက်ပါမယ်။ ကျနော်တို့အနေနဲ့ကတော့ အရင်ကတည်းက ရပ်တည်ချက် အတိုင်းပဲ။ ဒီတဘက်နိုင်ငံကစွပ်စွဲထားတာတွေရှိတယ်။ စွပ်စွဲထားချက်တွေသည် မဟုတ်မမှန်တဲ့အကြောင်းတွေ ဒီထဲမှာလည်း လုပ်ပြီးသားဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာတွေ၊ ရခိုင်မှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်က စုံစမ်းစစ်ဆေးရေးလုပ်ထားတာ ရှိတယ်။ အစိုးရပိုင်းအနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ထားတာတွေရှိတယ်။ တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ထားတာရှိတယ်။ ပြီးရင်ဒေသခံပြည်သူလူထုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံပြီး မေးမြန်းထားတာရှိတယ်။ ဒါတွေနဲ့ တကွ ကျနော်တို့အနေနဲ့က စွပ်စွဲချက်တွေကမမှန်ကန်တဲ့အကြောင်း ဒါတွေကိုကျယ်ကျယ်ပြန့်ပြန့်တင်ပြသွားပါမယ်ခင်ဗျ။”

စစ်တပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တာမရှိဘူးဆိုတာ အချက်အလက်တွေနဲ့ ခုခံချေပသွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တရားစွဲထားတဲ့အမှုအတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း နိုင်ငံတကာ ရှေ့နေတွေပါတဲ့ ဥပဒေပညာရှင်အဖွဲ့ဖွဲ့ထားပြီး မြန်မာနိုင်ငံကိုယ်စား ခုခံချေပဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်းခွင့်အတွက် NUG လည်း ICJ တရားရုံးကို တင်ပြလျှောက်ထားပေမယ့် တရားရုံးဘက်က တစုံတရာ တုံ့ပြန်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ NUG ဘက်က ပြင်ဆင်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ ခုလိုပြောပါတယ်။

“သူတို့အနေနဲ့ ကျနော်တို့လည်း သတင်းတွေထဲမှာ တွေ့နေရပါတယ်။ သူတို့ဘက်က စေလွှတ်မယ်ဆိုတဲ့ အကြောင်းလည်း တွေ့နေရပါတယ်။ ဒီမှာတော့ ကျနော်တို့အနေနဲ့က ICJ ဘက်ကနေတရားဝင်ပေါ့နော်။ ကျနော်တို့ရဲ့ ကိုယ်စားလှယ်ရယ်၊ နောက်ဒုတိယကိုယ်စားလှယ်ရယ်ကို တရားဝင်လက်ခံတဲ့ အကြောင်း ကြားစာရပြီးဖြစ်ပါတယ်။ အကြောင်းကြားစာရလို့ ဒီမနက်စေလွှတ်ခြင်းဖြစ်ပါတယ်။”

နယူးယောက်ခ်မြို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နိုင်ငံတကာက လက်ခံအသိအမှတ်ပြုထားတဲ့အတွက် သူသာ မြန်မာကိုယ်စား တရားရုံးကြားနာပွဲ တရားဝင်တက်ရောက်ခွင့်ရှိသင့်တယ်လို့ NUG ကပြောဆိုထားပါတယ်။ အာဏာသိမ်း အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို တရားရုံးက ချေပခွင့်ပြုရင် တရားဝင် အသိအမှတ်ပြုရာလိမ့်မယ်ဆိုပြီး ထောက်ပြ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

အခုလို မြန်မာအစိုးရအပေါ် တရားစွဲထားတဲ့အမှုအတွက် စစ်ကောင်စီဘက်ကရော NUG ဘက်ကပါ ကိုယ်စားပြုချေပဖို့ ပြင်ဆင်နေတဲ့အပေါ် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ခုလိုသုံးသပ်ပါတယ်။

“အခုကတော့ နစကကိုယ်စားလှယ်ကပဲ တက်ခွင့်ရမှာဆိုတော့ တရားဝင်စွပ်စွဲချက်တွေကတော့ ထုံးစံ အတိုင်း နစကဘက်ကငြင်းမယ်။ ဟိုဘက်ကစွပ်စွဲချက်တွေကိုထပ်စွပ်စွဲမယ်။ ဆိုတဲ့ အခါကျတော့ နစက အစိုးရနဲ့ပဲ တရားခွင်မှာ စွပ်စွဲတာ၊ ဆုံးဖြတ်ချက်ချတာ ဖြစ်လာလိမ့်မယ်လို့ထင်တယ်။ ဆိုတော့ NUG ရဲ့ထွက်ဆိုချက်တွေဘာတွေကတော့ စွပ်စွဲချက်တွေအတွက်တော့ ပံ့ပိုးတဲ့ အချက်အလက်တွေ သက်သေတွေဖြစ်မှာပေါ့နော်။ အဲလိုဖြစ်သွားသက်ရောက်သွားမယ်ထင်တယ်။ အခုကသိတဲ့အတိုင်းပဲ။ စွပ်စွဲထားတဲ့ တပ်အရာရှိတွေက တပ်မတော်ဦးစီးချုပ်ကိုယ်တိုင်က အစိုးရဖြစ်နေတော့ ဒီဘက်ကတော့ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဒီဟာတွေကို ထပ်ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်လိမ့်မယ်တော့ မထင်ဘူး။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ကဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခအတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ၇ သိန်းကျော်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က တရားစွဲခဲ့တာဖြစ်ပါတယ်။
==========

XS
SM
MD
LG