သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္ၿမိဳ႕နယ္ဘက္ တိုက္ပြဲျဖစ္၊ ေဒသခံေတြ အိုးအိမ္စြန႔္ထြက္ေျပးေနရ 


yin mar bin IDP ယင္းမာပင္ စစ္ေရွာင္ဒုကၡသည္


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ယင္းမာပင္ၿမိဳ႕နယ္ လက္လႈပ္ေက်း႐ြာအနီးမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတို႔ ျဖစ္ပြားတဲ့တိုက္ပြဲေၾကာင့္ ႐ြာသား ၃၀၀ ေလာက္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ ေဖေဖာ္ဝါရီ ၁၆ ရက္ ဗုဒၶဟူးေန႔က တိုက္ပြဲအတြင္း စစ္တပ္ဘက္က ရဟတ္ယာဥ္သုံး တိုက္ခိုက္ခဲ့တဲ့အတြက္ ခုလိုထြက္ေျပးေနၾကတာျဖစ္ပါတယ္။ ယင္းမာပင္ဘက္ အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ခ႐ိုင္၊ ယင္းမာပင္ၿမိဳ႕နဲ႔ ၂ မိုင္သာ ေဝးတဲ့ လက္လႈပ္ ေက်း႐ြာအနီးမွာ ေဖေဖာ္ဝါရီ ၁၆ ရက္က ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ခဲ့တာပါ။ ဒီေန႔ေတာ့ တိုက္ပြဲမျဖစ္ေပမဲ့ စစ္ေရးတင္းမာေနတဲ့ အေနအထားရွိတယ္လို႔ ယင္းမာပင္ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ တာဝန္ရွိသူတဦးက ေျပာပါတယ္။

“သူတို႔က ရဟတ္ယာဥ္သုံးၿပီး လာ ပစ္သြားတာေပါ့။ အဲ့ရဟတ္ယာဥ္ေပၚကေန ဗုံးေတြႀကဲတယ္။ ေနာက္ၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေတြရွိတာေပါ့ဗ်ာ။ သူတို႔ရဲ႕ ပစ္ခတ္တာေၾကာင့္ က်ေနာ္တို႔ ခ႐ိုင္ပူးေပါင္း PDF အဖြဲ႔ေတြက ထိခိုက္ က်ဆုံးတာေတြမရွိဘူး။ ဒဏ္ရာရ ရဲေဘာ္ေတြလည္း မရွိပါဘူး။ လက္ရွိအေနအထားက ၿငိမ္ေနတဲ့ ပုံစံမ်ိဳးေတာ့မဟုတ္ဘူးေပါ့ေနာ္။ သူတို႔ဘက္က စစ္ေရးလႈပ္ရွားမႈေတြ ရွိတယ္ဆိုရင္ ေဒသခံ ခုခံကာကြယ္ေရး တပ္ဖြဲ႕ေတြကလည္း ျပန္လည္ ပစ္ခတ္ရမယ့္အပိုင္းေတြ တာဝန္ရွိတဲ့အတြက္ ဒီအေျခအေနဟာ စစ္ေရးတင္းမာေနတဲ့ အေျခအေနလို႔ ေတာင္ေျပာလို႔ရတယ္။”

စစ္ေကာင္စီဘက္ကေတာ့ ယင္းမာပင္ဘက္က တိုက္ပြဲအေျခအေနနဲ႔ပတ္သက္လို႔ တစုံတရာ ထုတ္ျပန္တာ မရွိေသးပါဘူး။ ယင္းမာပင္နယ္ထဲမွာ စစ္တပ္ စစ္ေၾကာင္းေတြ သြားလာလႈပ္ရွားေနပါတယ္။ မေန႔က ေလေၾကာင္းကေနပါ တိုက္ခိုက္မႈေၾကာင့္ လက္လႈပ္ေက်း႐ြာသား ၃၀၀ ေလာက္ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ လက္လႈပ္ေက်း႐ြာသားတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ဆီမွာ လူဦးေရ ၃၀၀ ေလာက္ရွိတာ အကုန္လုံးကို ေျပးေနရတယ္။ လြတ္ရာ ကြၽတ္ရာေပါ့ဗ်ာ။ ၿမိဳ႕နဲ႔ေဝးရာကို။ ဒီဘက္မွာ ဒီေန႔ေတာ့ (စစ္ေၾကာင္း) ထိုးတယ္မၾကားဘူး။ စစ္အင္အားေတြ တိုးတယ္ဆိုလို႔ ႐ြာကလူေတြက အကုႏု္ေျပးေနရ တယ္။ အိမ္မွာမကပ္ႏိုင္ဘူး။ တ႐ြာလုံးကို ေျပးေနရတာ။ ဒီမွာ အလုပ္ေတြကို ပစ္ထားၿပီးေတာ့။”

ယင္းမာပင္ခ႐ိုင္ထဲမွာပါတဲ့ ကနီ ၊ ပုလဲ ၊ ယင္းမာပင္ၿမိဳ႕နယ္ေတြကို စစ္ေကာင္စီက မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြလုပ္ေနၿပီး ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔လည္း မၾကာခဏ ထိေတြ႔တိုက္ပြဲေတြ ျဖစ္ေလ့ရွိပါတယ္။ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ အေျခစိုက္တဲ့ မုံ႐ြာၿမိဳ႕နဲ႔နီးကပ္တဲ့ ယင္းမာပင္နဲ႔ ပုလဲၿမိဳ႕တဝိုက္ကို စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္တာေတြလည္း ရွိေနပါတယ္။ ပုလဲၿမိဳ႕နယ္ထဲမွာဆိုရင္လည္း စစ္ေကာင္စီရဲ႕ နယ္ေျမရွင္း လင္းမႈအတြင္း ေနအိမ္ေတြ မီးေလာင္ကြၽမ္းခဲ့တဲ့အတြက္ ရာနဲ႔ခ်ီတဲ့ေနအိမ္ေတြ မီးေလာင္ဆုံးရႈံံးၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ အိုးမဲ့အိမ္မဲ့ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ယင်းမာပင်မြို့နယ်ဘက် တိုက်ပွဲဖြစ်၊ ဒေသခံတွေ အိုးအိမ်စွန့်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် လက်လှုပ်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ရွာသား ၃၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက် ဗုဒ္ဓဟူးနေ့က တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့တဲ့အတွက် ခုလိုထွက်ပြေးနေကြတာဖြစ်ပါတယ်။ ယင်းမာပင်ဘက် အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နဲ့ ၂ မိုင်သာ ဝေးတဲ့ လက်လှုပ် ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက်က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ပေမဲ့ စစ်ရေးတင်းမာနေတဲ့ အနေအထားရှိတယ်လို့ ယင်းမာပင်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့က ရဟတ်ယာဉ်သုံးပြီး လာ ပစ်သွားတာပေါ့။ အဲ့ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတွေကြဲတယ်။ နောက်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိတာပေါ့ဗျာ။ သူတို့ရဲ့ ပစ်ခတ်တာကြောင့် ကျနော်တို့ ခရိုင်ပူးပေါင်း PDF အဖွဲ့တွေက ထိခိုက် ကျဆုံးတာတွေမရှိဘူး။ ဒဏ်ရာရ ရဲဘော်တွေလည်း မရှိပါဘူး။ လက်ရှိအနေအထားက ငြိမ်နေတဲ့ ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်။ သူတို့ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်ဆိုရင် ဒေသခံ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြန်လည် ပစ်ခတ်ရမယ့်အပိုင်းတွေ တာဝန်ရှိတဲ့အတွက် ဒီအခြေအနေဟာ စစ်ရေးတင်းမာနေတဲ့ အခြေအနေလို့ တောင်ပြောလို့ရတယ်။”

စစ်ကောင်စီဘက်ကတော့ ယင်းမာပင်ဘက်က တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ ယင်းမာပင်နယ်ထဲမှာ စစ်တပ် စစ်ကြောင်းတွေ သွားလာလှုပ်ရှားနေပါတယ်။ မနေ့က လေကြောင်းကနေပါ တိုက်ခိုက်မှုကြောင့် လက်လှုပ်ကျေးရွာသား ၃၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လက်လှုပ်ကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာ လူဦးရေ ၃၀၀ လောက်ရှိတာ အကုန်လုံးကို ပြေးနေရတယ်။ လွတ်ရာ ကျွတ်ရာပေါ့ဗျာ။ မြို့နဲ့ဝေးရာကို။ ဒီဘက်မှာ ဒီနေ့တော့ (စစ်ကြောင်း) ထိုးတယ်မကြားဘူး။ စစ်အင်အားတွေ တိုးတယ်ဆိုလို့ ရွာကလူတွေက အကုနု်ပြေးနေရ တယ်။ အိမ်မှာမကပ်နိုင်ဘူး။ တရွာလုံးကို ပြေးနေရတာ။ ဒီမှာ အလုပ်တွေကို ပစ်ထားပြီးတော့။”

ယင်းမာပင်ခရိုင်ထဲမှာပါတဲ့ ကနီ ၊ ပုလဲ ၊ ယင်းမာပင်မြို့နယ်တွေကို စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်တဲ့ မုံရွာမြို့နဲ့နီးကပ်တဲ့ ယင်းမာပင်နဲ့ ပုလဲမြို့တဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ပုလဲမြို့နယ်ထဲမှာဆိုရင်လည်း စစ်ကောင်စီရဲ့ နယ်မြေရှင်း လင်းမှုအတွင်း နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တဲ့အတွက် ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်ဆုံးရှုံံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။

===============

XS
SM
MD
LG