သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန်ကနေ တပတ်အတွင်း လူပေါင်း ၁၇,၀၀၀ အမေရိကန်ကယ်ထုတ်


(Zawgyi / Unicode)
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ ဟာမစ်ဒ် ကာဇိုင်း နိုင်ငံတကာ လေဆိပ်ကနေ အမေရိကန် စစ်တပ်က ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း လူပေါင်း ၃,၈၀၀ ကယ်ထုတ်ခဲ့ကြောင်း သမ္မတ အိမ်ဖြူတော်က စနေနေ့မှာ ကြေညာပါတယ်။

တာလီဘန်တွေ ကာဘူးလ် မြို့တော်ကို မဝင်ခင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ စနေနေ့နောက်ပိုင်း လူပေါင်း ၁၇,၀၀၀ ကယ်ထုတ်ပြီးလည်း ဖြစ်ပါတယ်။
ဇူလိုင်လ နောက်ပိုင်း စုစုပေါင်း လူပေါင်း ၂၂,၀၀၀ ကယ်ထုတ်နိုင်ပြီး ဖြစ်ကြောင်းလည်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အမေရိကန် စစ်တပ်က ကယ်ထုတ်ခဲ့တဲ့ လူပေါင်း ၁၇,၀၀၀ ထဲမှာ အမေရိကန် ၂,၅၀၀ ပါဝင်ကြောင်း ကြည်းတပ် ဗိုလ်ချုပ် William Taylor က စနေနေ့က အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံတွင်းက တခြား ဒေသတွေနဲ့ ကာဘူးလ်မြို့တော်တို့မှာ အမေရိကန် ဘယ်လောက် ကျန်သေးသလဲ ဆိုတဲ့ ခြုံငုံ ခန့်မှန်းထားချက် မရှိကြောင်း ပင်တဂွန် ပြောခွင့်ရ John Kirby က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price ကတော့ အရေအတွက် စုစုပေါင်းက အခြေအနေ အပေါ်မှာ မူတည်တယ်လို့ သောကြာနေ့က ပြောပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်လာတဲ့ အမေရိကန် နိုင်ငံသား အားလုံးကို ဆက်သွယ်ဖို့ ဆောင်ရွက်နေသလို အမေရိကန် အကူအညီကို တောင်းခံထားကြတဲ့ လုံခြုံရေး အန္တရာယ် ရှိနေတဲ့ အာဖဂန်တွေကိုပါ ဆက်သွယ်ဖို့ ဆောင်ရွက်နေကြောင်း ပြောခွင့်ရ Ned Price က ပြောပါတယ်။

အာဖဂန်ကနေ ထွက်ခွာလိုတဲ့ အမေရိကန် နိုင်ငံသား အားလုံးနဲ့ ပဋိပက္ခတွေ အတွင်း အမေရိကန် အစိုးရ အတွက် အလုပ်လုပ်ကြတဲ့ အတွက် အသက် အန္တရာယ်ရှိနေတဲ့ အာဖဂန်တွေ အားလုံး ကယ်ထုတ်ပြီးချိန်ထိ အာဖဂန်မှာ အမေရိကန်တွေ ဆက်ရှိနေမယ်လို့လည်း သမ္မတ Joe Biden က သောကြာနေ့မှာ အခိုင်အမာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG