သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့တဝှမ်းကိုဗစ်ကူးစက်မှု သီတင်း(၇)ပတ်ဆက်တိုက်ကျဆင်း


WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံ တက်ရောက်စဉ် ( ဓာတ်ပုံ - Reuters)
WHO ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus က ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံ တက်ရောက်စဉ် ( ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ကျဆင်းလာတာ သီတင်း ၇ ပတ်ဆက်တိုက်ရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကပြောပါတယ်။
ဒါဟာ ကပ်ရောဂါစတင်ကတည်းက ပိုးကူးစက်မှုကျဆင်းတာ အချိန်အကြာဆုံးကာလဖြစ်တယ်ဆိုပေမယ့် ကိုဗစ်ကြောင့်သေဆုံးသူတွေတော့ အမြန်အဆန်ကျဆင်းလာတာမရှိသေးဘူးလို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ကမ္ဘာတဝှမ်း ကိုဗစ်ကာကွယ်ဆေးတွေ တန်းတူညီမ ျှမရကြသေးတာကလည်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအနာဂတ်လုပ်ငန်းစဉ်တွေအပေါ် ခြိမ်းချောက်မှုဖြစ်နေတယ်လို့လည်း သတိပေးပါတယ်။ ကာကွယ်ဆေးပေးဖြန့်ဖြူးမှုနှုန်းထက် ရောဂါပိုးကူးစက်ပြန့်နှံ့မှုက ပိုပြီးမြန်ဆန်နေတယ်လို့လည်း မစ္စတာ Ghebreyesus ကပြောပါတယ်။ စီးပါွးရေးအင်အားကြီး ၇ နိုင်ငံ G7 ရဲ့နောက်နှစ်ညီလာခံအရောက်မှာ ကမ္ဘာ့လူဥၤီးရေ ၇၀ ရာခိုင်နှုန်းကို ကာကွယ် အပြီးထိုးထားပေးဖို့လည်း နိုင်ငံရေးပိုင်းက ခေါင်ေးဆာင်တွေကို WHO အကြီးအကဲ ကတိုက်တွန်းသွားပါတယ်။

WHO ရဲ့ COVAX ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ်အတွက် ကာကွယ်ဆေး သန်းပေါင်း ၈၇၀ ပေးအပ်ဖို့ G7 ခေါင်းဆောင်တွေ ကတိပြုခဲ့တာကိုလည်း WHO ကကြိုဆိုခဲ့တာပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် နေ့စဉ်လူ ၁သောင်းကျော်သေဆုံးနေရသလို ကာကွယ်ဆေး ၁၁ ဘီလီယံလိုအပ်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့တိုင်းပြည်တွေက ပိုးကူးစက်နိုင်ခြေများတဲ့လူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံးဆေးထိုးပေးဖို့လည်း အလေးပေးပြောဆိုသွားပါတယ်။ ချမ်းသာတဲ့တိုင်းပြည်တွေက ဆယ်ကျော်သက်နဲ့ကလေးတွေကို ထိုးပေးနေတဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ယာယီရပ်ထားပြီး ဖွံ့ဖြိုးတိုးတက်ဆဲတိုင်းပြည်တွေကို ချက်ချင်းလှုှုဒါန်းဖို့ WHO အကြီးအကဲကက တိုက်တွန်းထားဖူးပါတယ်။

...............................................................................


(Unicode)




XS
SM
MD
LG