သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူမ်ား အားျဖည့္ေဆးထိုးဖို႔ အနည္းဆံုး ၂ လေစာင့္ရန္ WHO တိုက္တြန္း


WHO အၾကီးအကဲ Tedros Adhanom Ghebreyesus (ဓာတ္ပုံ- Reuters)

(Zawgyi/Unicode)

ကိုရိုနာဗုိင္းရပ္ကာကြယ္ေဆး အျပည့္ထိုးထားၿပီးသူေတြအေနနဲ႔ ေနာက္ထပ္အားျဖည့္ကာကြယ္ေဆးလုံး Booster dose ထပ္မထိုးခင္ အနည္းဆုံး ၂ လေလာက္ေစာင့္ေပးဖို႔ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က တုိုက္တြန္းလိုက္ပါတယ္။ ကို႐ိုနာဗုိင္းရပ္စ္ကာကြယ္ေဆး သိပ္မထုိးရေသးတဲ့ႏုိင္ငံေတြ ေဆးပိုရေအာင္ရည္ရြယ္ခ်က္နဲ႔ ဟန္ေဂရီႏုိင္ငံ၊ ၿမိဳ႔ေတာ္ Budapest ကိုေရာက္ေနတဲ့ WHO အႀကီးအကဲက အဲဒီလိုတုိက္တြန္းေျပာဆိုလို္က္တာပါ။

လူဦးေရအနည္းအက်ဥ္းေလာက္သာေဆးထိုးေပးရေသးတဲ့ႏုိင္ငံေတြ ေဆးပိုရေအာင္ အရင္ဦးစားေပးသင့့္တယ္လို႔လည္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကသတင္းေထာက္ေတြကိုေျပာဆိုခဲ့ပါတယ္။ လက္ရွိခ်ိန္ထိ ကာကြယ္ေဆး ၄.၈ ဘီလီယံထိ ျဖန္႔ျဖဴးေပးခဲ့တဲ့အထဲမွာ ၇၅ ရာခုိင္ႏႈန္းကို ၁၀ ႏုိင္ငံက ၀ယ္ယူထားတာျဖစ္သလို အာဖရိကဖက္မွာေတာ့ ကာကြယ္ေဆးထိုးၿပီးသူ လူဦးေရ ၂ ရာခိုင္နႈန္းေအာက္ပဲရွိေနတာ လက္ခံႏုိင္စရာမရွိဘူးလို႔လည္း မစၥတာ Ghebreyesus ကေျပာပါတယ္။

Booster dose ထိုးဖို႔ေျပာဆိုေနၾကတဲ့ႏုိင္ငံေတြတိုးလာေနတဲ့အထဲမွာ ဟန္ေဂရီႏုိင္ငံကေတာ့ ဥေရာပသမဂၢထဲက ပထမဆုံးႏိုင္ငံလည္းျဖစ္ပါတယ္။ အမရိကန္ျပည္ေထာင္စုနဲ႔ အစၥေရးလ္ႏုိင္ငံတို႔မွာေတာ့ ျပည္သူေတြကို အားျဖည့္ေဆးလုံးေတြ စထိုးေပးေနတာလည္းရွိသလို မၾကာထင္ထိုးေပးဖို႔လည္း ျပင္ဆင္ေနၾကပါၿပီ။

................................................................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ အားဖြည့်ဆေးထိုးဖို့ အနည်းဆုံး ၂ လစောင့်ရန် WHO တိုက်တွန်း

(Unicode)

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတွေအနေနဲ့ နောက်ထပ်အားဖြည့်ကာကွယ်ဆေးလုံး Booster dose ထပ်မထိုးခင် အနည်းဆုံး ၂ လလောက်စောင့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သိပ်မထိုးရသေးတဲ့နိုင်ငံတွေ ဆေးပိုရအောင်ရည်ရွယ်ချက်နဲ့ ဟန်ဂေရီနိုင်ငံ၊ မြို့တော် Budapest ကိုရောက်နေတဲ့ WHO အကြီးအကဲက အဲဒီလိုတိုက်တွန်းပြောဆိုလိုက်တာပါ။

လူဦးရေအနည်းအကျဉ်းလောက်သာဆေးထိုးပေးရသေးတဲ့နိုင်ငံတွေ ဆေးပိုရအောင် အရင်ဦးစားပေးသင့်တယ်လို့လည်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။ လက်ရှိချိန်ထိ ကာကွယ်ဆေး ၄.၈ ဘီလီယံထိ ဖြန့်ဖြူးပေးခဲ့တဲ့အထဲမှာ ၇၅ ရာခိုင်နှုန်းကို ၁၀ နိုင်ငံက ဝယ်ယူထားတာဖြစ်သလို အာဖရိကဖက်မှာတော့ ကာကွယ်ဆေးထိုးပြီးသူ လူဦးရေ ၂ ရာခိုင်နှုန်းအောက်ပဲရှိနေတာ လက်ခံနိုင်စရာမရှိဘူးလို့လည်း မစ္စတာ Ghebreyesus ကပြောပါတယ်။

Booster dose ထိုးဖို့ပြောဆိုနေကြတဲ့နိုင်ငံတွေတိုးလာနေတဲ့အထဲမှာ ဟန်ဂေရီနိုင်ငံကတော့ ဥရောပသမဂ္ဂထဲက ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ အမရိကန်ပြည်ထောင်စုနဲ့ အစ္စရေးလ်နိုင်ငံတို့မှာတော့ ပြည်သူတွေကို အားဖြည့်ဆေးလုံးတွေ စထိုးပေးနေတာလည်းရှိသလို မကြာထင်ထိုးပေးဖို့လည်း ပြင်ဆင်နေကြပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG