သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်အရေး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ

 အောင်လေ့ာဒ်ရွာက တိမ်းရှောင်လာတဲ့ ဒုက္ခသည်များ (KBC KACHIN)
အောင်လေ့ာဒ်ရွာက တိမ်းရှောင်လာတဲ့ ဒုက္ခသည်များ (KBC KACHIN)

လက်ရှိကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်တွေ ဘေးကင်းရာကယ်ထုတ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးပါလဲ။ ဒုက္ခသည်တွေကို ကယ်ထုတ်ရေး ကချင်ပြည်နယ် အစိုးရက စေလွတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလဲ အစောပိုင်းက တားမြစ်ခံရပြီးတဲ့နောက် ပြည်ထောင်စု ဝန်ကြီးက ကြားဝင်ဆောင်ရွက်ပေးမှ အဆင်ပြေသွားခဲ့ပါတယ်။

ကချင်ပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို ကချင်ပြည်နယ်၊ ဖားကန့်ဒေသကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူဇန်နာလှလှစိုး ၊ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ အင်ဂျန်းယန်ဒေသကို ကိုယ်စားပြုခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဒွဲဘူ၊ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြတောင်းဆိုမှုတွေနေကြတဲ့ ကချင်လူငယ်ထု သပိတ်စခန်း ဦးဆောင်ကော်မီတီဝင် Lum Zawng တို့နဲ့ ကိုဇော်ဝင်းလှိုင်က ဆွေးနွေး တင်ပြထားပါတယ်။

ကချင်ဒုက္ခသည်အရေး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ
please wait

No media source currently available

0:00 0:22:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG