သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ပုံငွေဖြတ်မယ့် ဆုံးဖြတ်ချက်ပြင်ပေးဖို့ ကန် အစိုးရကို WHO ထပ်မံတောင်းဆို


ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့

Zawgyi/Unicode

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအတွက် အမေရိကန်က ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားတဲ့ ဆုံးဖြတ်ချက်ဟာ WHO အဖွဲ့ကြီးအတွက် သိပ်ထိခိုက်စေတာကြောင့် ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပေးဖို့ စဉ်းစားသင့်တယ်လို့ WHO အကြီးအကဲရဲ့ အကြံပေးပုဂ္ဂိုလ် Senait Fisseha က ပန်ကြားလိုက်ပါတယ်။

အခုလို ရန်ပုံငွေဆိုင်းငံ့ထားလိုက်တာဟာ WHO အဖွဲ့ကြီးရဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို အကြီးအကျယ် ထိခိုက်စေတယ်လို့ မီချီဂန် ဆေးတက္ကသိုလ် ပါမောက္ခတဦးလည်းဖြစ် ရှေ့နေတဦးလည်း ဖြစ်တဲ့ Senait ကပြောပါတယ်။

အခုလို ရန်ပုံငွေ ထည့်ဝင်ဖို့ ဆိုင်းငံ့ထားတာဟာ ကာကွယ်ဆေးတွေ ထိုးတာလို အသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် လုပ်ငန်းတွေအတွက် အတားအဆီး ဖြစ်စေတယ်လို့ လည်းပြောပါတယ်။

မနှစ်က WHO ရဲ့ ဘတ်ဂျက်ငွေ ဒေါ်လာ ၆ ဘီလျံထဲမှာ အမေရိကန်က ထည့်ဝင်ငွေက ဒေါ်လာ သန်း ၄၅၀ ရှိပါတယ်။

WHO အကြီးအကဲရဲ့ ကြေညာချက်တွေဟာ ဒီကပ်ရောဂါအတွက် တရုတ်ကို အပြစ်မတင်ပဲ တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးနေတာ တွေ့ရတဲ့အတွက် စိတ်ပျက် ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့သလို ဧပြီလ ၁၄ ရက်နေ့မှာတော့ WHO ကို ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေ ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု တွေနဲ့ပတ်သက်ပြီး WHO အကြီးအကဲ Tedros Adhanom အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် Senait ကတော့ သူဟာ WHO ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးသူ တယောက်ဖြစ်ကြောင်းနဲ့ အခု သူ့အပေါ် ဝေဖန်မှုတွေဟာ နိုင်ငံရေး အရ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

[Unicode]







တိုက်ရိုက် လင့်ခ်



ဆက်စပ်သတင်းများ ...

XS
SM
MD
LG