သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေျပးဒုကၡသည္ေတြနဲ႔ ေရႊ႕ေျပာင္းေတြအတြက္ ေဆးဘက္ဆိုင္ရာ ကူညီေပးေနသူ


ေဒါက္တာ ခင္ေစာ၀င္း (လက္ေထာက္ကထိက၊ Alberto တကၠသိုလ္။ ကေနဒါ)

(Zawgyi/Unicode)

ကိုဗစ္ကာလ လိုအပ္ခ်က္ေတြ အမ်ားအျပား ရွိေနတဲ့ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးစနစ္ဟာ စစ္အာဏာသိမ္းမႈေၾကာင့္ ပိုျပီး ဆိုးရြားသြားခဲ့ရတယ္လို႔ ကေနဒါႏိုင္ငံ Albata တကၠသိုလ္က လက္ေထာက္ ပါေမာကၡ ေဒါက္တာ ခင္ေစာ၀င္း က ေျပာပါတယ္။ စစ္ေကာင္စီတပ္ဖြဲ႔ေတြရဲ႕ ပစ္ခတ္ တိုက္ခိုက္မႈေတြေၾကာင့္ ျပည္တြင္းမွာေရာ နယ္စပ္ေဒသေတြကိုပါ ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ ဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာနဲ႔ ေဆး၀ါး အပါအ၀င္ အကူအညီေတြ အမ်ားအျပား လိုအပ္ေနတယ္လို႔လည္း သူက ေျပာပါတယ္။ ထိုင္း-ျမန္မာနယ္စပ္က မယ္ေတာ္ေဆးခန္းနဲ႔အတူ လက္တြဲျပီး ျမန္မာႏုိင္ငံက ဒုကၡသည္ေတြနဲ႔ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ ေဆးဘက္ဆိုင္ရာ အကူအညီေတြ ေပးေနတဲ့ ေဒါက္တာ ခင္ေစာ၀င္း ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ေဒါက္တာ ခင္ေစာ၀င္းက ျမန္မာႏိုင္ငံ နယ္စပ္ေဒသတခ်ိဳ႕မွာ၊ အထူးသျဖင့္ ထိုင္း-ျမန္မာနယ္စပ္မွာ ျမန္မာျပည္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ၊ ေရႊ႕ေျပာင္း အလုပ္သမားေတြ အတြက္ က်န္းမာေရးဆိုင္ရာ ကူညီေထာက္ပံ့မႈေတြ ေပးလာတာ ဆယ္စုႏွစ္နဲ႔ခ်ီ ေနျပီဆိုတာ က်မတို႔ သိထားပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၄ လေလာက္စျပီး စစ္တပ္က အာဏာသိမ္းျပီးတဲ့ေနာက္ပိုင္း စစ္ေကာင္စီတပ္ေတြရဲ႕ ပစ္ခတ္ သတ္ျဖတ္တာ၊ ဖမ္းဆီးႏွိပ္စက္ ဖိႏွိပ္ တာေတြေၾကာင့္ ထြက္ေျပးလာတဲ့သူေတြလည္း နယ္စပ္ေဒသေတြကို ေရာက္လာေနၾကတာ ရွိတယ္။ ဒါ့အျပင္ နယ္စပ္ေဒသ လက္နက္ကိုင္တိုက္ပြဲေတြေၾကာင့္ေရာ ျပီးခဲ့တဲ့ ၃ -၄ လအတြင္းမွာကိုပဲ က်မတို႔ သိသေလာက္ ဒုကၡသည္ေတြ ေသာင္းနဲ႔ခ်ီျပီး ထပ္တိုးလာေနပါတယ္။ ဆိုေတာ့ လက္ရွိ ဒီလို ဒုကၡသည္ေတြနဲ႔ပတ္သက္ျပီး ဘာေတြမ်ား ကူညီေဆာင္ရြက္ေပးေနတာ ရွိပါသလဲ။

“အခုေလာေလာဆယ္မွာေတာ့ ေဒါက္တာ စင္သီယာေမာင္ ေဆးခန္းနဲ႔ေရာ၊ အဲ့ဒီနယ္စပ္ေဒသတေလ ွ်ာက္မွာ က်န္းမာေရးကိစၥေတြကို ေဆာင္ရြက္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ ဆရာ၀န္ေတြနဲ႔ေရာ အေ၀းကေန လွမ္းျပီးေတာ့ zoom meeting ေတြ၊ (အစည္းအေ၀းေတြ) အျမဲလုပ္ပါတယ္။ ပံုမွန္ လုပ္ေလ့ရွိပါတယ္။ အဲ့ဒီိလို လုပ္တဲ့အခါမွာလဲ နယ္စပ္ေဒသမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို သူတုိ႔ကေန တဆင့္လဲ ၾကားရတယ္။ အဲ့ဒီၾကားရတဲ့အခါမွာလဲ ဒီဘက္ကေန လုိအပ္တဲ့ဟာကို တတ္ႏုိင္သမ ွ် ကူညီေထာက္ပံ့ ေပးေနတာေတြ ရွိပါတယ္။ အထူးသျဖင့္ ကေတာ့ နယ္စပ္ေဒသ၊ တိုင္းရင္းသားေဒသေတြမွာပါ။ မဲေဆာက္ကေတာ့ ကရင္ျပည္နယ္နဲ႔ ပိုျပီးနီးစပ္တာေပါ့။ ေကအန္ယူ နယ္ေျမနဲ႔ နီးစပ္တာေပါ့။ အဲ့ဒီ ေကအန္ယူနယ္ေျမမွာဆိုရင္ စစ္ေကာင္စီဘက္က တိုက္တဲ့ တိုက္ပြဲေတြက ေတာ္ေတာ္ကို ရက္စက္ပါတယ္။ အမ်ားလည္း သိတဲ့အတိုင္းေပါ့ေနာ္။ ဘာမွ လက္နက္မရွိတဲ့ျပည္သူေတြ၊ လူထုေတြ။ ေနာက္ျပီးေတာ့ သာမန္ လက္နက္ကေလးပဲ ကိုင္ေဆာင္ေနတဲ့ တိုင္းရင္းသားအဖြဲ႔ေတြကို သူတို႔က လက္နက္ၾကီးေတြနဲ႔ မတရား ပစ္ခတ္ရံုတင္မကဘူး။ ေလယာဥ္နဲ႔ကို ဗံုးက်ဲတဲ့ အခါမွာ အဲ့ဒီေဒသမွာေနတဲ့ လူထုေတြက တုိက္ပြဲေတြရဲ႕ဒဏ္ေၾကာင့္ အိုးပစ္အိမ္ပစ္ ေျပးပုန္းေနရတဲ့ လူေတြ အမ်ားၾကီးရွိပါတယ္။ ေထာင္နဲ႔ေသာင္းနဲ႔ကို ခ်ီျပီးေတာ့ ထြက္ေျပးတိမ္းေရွာင္ ပုန္းေအာင္းေနတဲ့သူေတြ ရွိတယ္ဆိုတာ သိရပါတယ္။ အဲ့ဒီေတာ့ ဒီလူထုေတြဟာဆိုရင္ သူတို႔မွာ ခံစားေနရတဲ့ ဒုကၡေတြက စားနပ္ရိကၡာ ျပတ္လပ္တာေတြရွိတယ္။ ေနာက္ျပီးေတာ့ အထူးသျဖင့္ ခုလိုမ်ိဳး မိုးရာသီဆိုလို႔ရွိရင္ မိုးရြာတဲ့အခါ မိုးမလံုတာေတြ ရွိတယ္။ အဲ့ဒီလို မိုးရြာတဲ့အတြက္ ျခင္ေတြ၊ ယင္ေတြကလည္း အမ်ားၾကီးရွိတယ္။ ျခင္ေတြကတဆင့္ ယင္ေကာင္ေတြကေနတဆင့္ ကူးစက္တဲ့ ေရာဂါေတြ၊ ၀မ္းပ်က္၀မ္းေလ ွ်ာ ေရာဂါေတြလည္း အမ်ားၾကီး ရွိပါတယ္။ အဲ့ေတာ့ သူတို႔ေတြအတြက္ လုိအပ္တဲ့အကူအညီကို ဒီကေနျပီးေတာ့ အလွဴရွင္ေတြဆီကေန တတ္ႏုိင္သမ ွ် အလွဴေငြ ေကာက္ခံတာေတြ ရွိတယ္။ ေနာက္ျပီးေတာ့ တပတ္တခါ၊ ႏွစ္ပတ္တခါ အစားအေသာက္ေတြ ခ်က္ျပဳတ္ေရာင္းခ်ျပီး အလွဴခံတာေပါ့ေနာ္။ ေရာင္းရတဲ့ေငြကို စုေဆာင္းျပီးေတာ့ ပို႔တာေတြလည္း ရွိပါတယ္။ ဆိုေတာ့ ေငြအားျဖင့္ေရာ၊ စိတ္ဓာတ္အားျဖင့္ေရာ တတ္ႏိုင္တာေတြ ကူညီေနပါတယ္။”

လက္ရွိကေတာ့ စား၀တ္ေနေရးနဲ႔ က်န္းမာေရးဆိုင္ရာ ျပဳစုေစာင့္ေရွာက္မႈေတြ အပါအ၀င္ သူတို႔အတြက္ လိုအပ္ခ်က္ေတြကေတာ့ အမ်ားၾကီး ရွိေနတယ္ဆုိေတာ့ ဒီလို တႏုိင္တပိုင္အျပင္ ဒါေတြကို ထိထိေရာက္ေရာက္ ကူညီႏုိင္ဖုိ႔ေရာ ဘာေတြလုပ္ႏုိ္င္မလဲရွင့္။

“ထိထိေရာက္ေရာက္ ကူညီႏုိင္ဖို႔ဆိုရင္ေတာ့ တကယ္ကေတာ့ ေျပာၾကစတမ္း ဆိုရင္ ဒီလူေတြဟာ ကိုယ့္အိုးအိမ္၊ ကိုယ့္ရပ္ရြာကို ေအးေအးခ်မ္းခ်မ္း လံုလံုျခံဳျခံဳ ျပန္ေရာက္ႏုိင္ရင္ အေကာင္းဆံုးေပါ့။ ဒီလူေတြဟာ အခုဆိုရင္ ဘာျဖစ္လို႔ ကိုယ့္ရဲ႕ အိုးအိမ္ေတြကို စြန္႔ပစ္ေနရတာလဲ။ ကိုယ့္ရဲ႕ ရပ္ရြာေတြကို စြန္႔ပစ္ေနရတာလဲ ဆိုရင္ စစ္ေကာင္စီရဲ႕ မတရား အႏိုင္က်င့္၊ မတရား ႏွိပ္စက္ သတ္ျဖတ္တဲ့ အႏၱရာယ္ေတြကို ေၾကာက္လန္႔ျပီးေတာ့ လြတ္ရာကို ေျပးၾကရတယ္။ အဲ့လို လြတ္ရာကို ေျပးၾကရတဲ့အတြက္ သူတို႔ဟာ မလိုလားအပ္တဲ့ က်န္းမာေရးျပႆနာေတြ ျဖစ္တယ္။ ကေလးေတြဆိုရင္လဲ စားနပ္ရိကၡာ မလံုေလာက္တဲ့အတြက္၊ အထူးသျဖင့္ ဖြံ႔ျဖိဳးစအရြယ္ ကေလးငယ္ေတြမွာ အာဟာရ မျပည့္စံုတဲ့ေရာဂါေတြ၊ ဖြံ႔ျဖိဳးမႈဆုိင္ရာ ေရာဂါေတြ အဲ့ဒီလို အမ်ားၾကီး ထိခိုက္ရတယ္ေလ။ ဆိုေတာ့ ထိထိေရာက္ေရာက္ ကူညီႏုိင္ဖို႔ကေတာ့ အခုလုပ္ေနတဲ့ ေႏြဦးေတာ္လွန္ေရးကို ျပီးဆံုးတဲ့တိုင္ေအာင္ တုိက္ျပီးေတာ့ စစ္ေကာင္စီကို အျမစ္ျပတ္ ေခ်မႈန္းႏုိင္ရင္ေတာ့ ဒီျပႆနာကို အေကာင္းဆံုး လက္ေတြ႔မွာေတာ့ တကယ္ကို အျပီးသတ္ ေျဖရွင္းတဲ့နည္းလို႔ က်မ ေျပာလို႔ရပါတယ္။”

“အဲ့ဒီေတာ့ ေလာေလာဆယ္ ဒီ ေႏြဦးေတာ္လွန္ေရးမျပီးေသးတဲ့ ကာလမွာေတာ့ က်မတို႔က လိုအပ္တဲ့ အကူအညီေတြ၊ ကိုယ္ ကုိယ္တိုင္ကလည္း ကိုယ့္ရွိသမ ွ် အင္အားနဲ႔ အကူအညီကို တတ္ႏုိင္သမ ွ် ေပးမယ္။ ျပင္ပကေန ကူညီႏုိင္တဲ့ အကူအညီေတြလည္း တတ္ႏုိင္သမ ွ် ယူျပီးေတာ့ ဒီလိုမ်ိဳး အိုးအိမ္စြန္႔ျပီး တျခား ေတာ လ ွ်ိဳအံုၾကား ေရာက္ေနၾကရတဲ့ လူေတြအတြက္ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးျပဳစုေစာင့္ေရွာက္မႈေတြအျပင္ စိတ္ပိုင္းဆိုင္ရာမွာလည္း သူတို႔ရဲ႕စိတ္ဒဏ္ရာေတြကို သက္သာေအာင္၊ ေပ်ာက္ကင္းႏုိင္ေအာင္ စိတ္ပိုင္းဆိုင္ရာ ျပဳစုေစာင့္ေရွာက္မႈေတြလည္း က်မတို႔ အမ်ားၾကီး လုပ္ေပးဖို႔ လိုပါတယ္။”

ဟုတ္ကဲ့။ အခုဆိုရင္ ေဒါက္တာတို႔လည္း သိတဲ့အတိုင္းပဲ။ ျမန္မာႏုိင္ငံမွာ ျပီးခဲ့တဲ့ အရပ္သားအစိုးရေတြ လက္ထက္မွာတုန္းကေတာ့ ပညာေရးနဲ႔ က်န္းမာေရးက႑ေတြမွာ ျဖည္းျဖည္းခ်င္း တိုးတက္လာတဲ့ အေျခအေနတခ်ိဳ႕ ရွိခဲ့ပါတယ္။ ဥပမာ - ကိုဗစ္ကူးစက္မႈေတြ ၾကံဳရတဲ့အခ်ိန္မွာဆိုရင္လဲ ကိုဗစ္နဲ႔ပတ္သက္ျပီး ေဆးစစ္တာ၊ ကာကြယ္ေဆးရေအာင္ လုပ္တာေတြမွာ ေဒသတြင္း နိုင္ငံေတြထဲမွာေတာင္ ေတာ္ေတာ္ေလးကို ေရွ႕ေရာက္ေအာင္ လုပ္ေဆာင္ႏုိင္တယ္ ဆုိတာမ်ိဳး ခ်ီးက်ဴးခံရတာေတြေတာင္ ရွိခဲ့ပါတယ္။ ဒါေပမဲ့ အခု အရပ္သားအစိုးရကို ျဖဳတ္ခ်ျပီး စစ္အာဏာသိမ္းလိုက္တဲ့အခါမွာ ဒီလို တိုးတက္လာခဲ့တဲ့ အေျခအေန တခ်ိဳ႕ ဘယ္ေလာက္ ထိခိုက္မႈေတြ ျဖစ္သြားတယ္လို႔ထင္ပါသလဲရွင့္။

“က်န္းမာေရးက႑မွာေတာ့ ခုနကေျပာတဲ့ ကိုဗစ္ကိုပဲ ျပန္ေျပာရလို႔ရွိရင္ေတာ့ ကိန္းဂဏန္းေတြကို ၾကည့္တဲ့အခါမွာ အရင္တုန္းက အရပ္သားအစိုးရ ဆိုရင္ တေန႔ တေန႔ကို ကိုဗစ္ စစ္တာက ၁၀,၀၀၀ ေက်ာ္တယ္ေပါ့ေနာ္။ ၁၇,၀၀၀ ေလာက္ကို စစ္ေဆးႏုိင္ခဲ့တယ္။ ဒါေပမဲ့ အခုဆိုလို႔ရွိရင္ ကိုဗစ္စစ္ေဆးတာက တပတ္ကို ၁,၀၀၀ ေလာက္ပဲ ရွိေတာ့တယ္။ ၁,၀၀၀ - ၁,၂၀၀ ေလာက္ပဲ စစ္ႏုိင္တယ္ေပါ့။ တရက္ကို ၂၀,၀၀၀ နီးပါး စစ္ေနရာကေန တပတ္ကို ၁,၀၀၀ ေက်ာ္ေလာက္ပဲ စစ္ႏုိင္တယ္။ အခုပဲ သတင္းေတြထဲမွာ ေပၚေနတယ္။ ကိုဗစ္ေရာဂါ positive ျဖစ္တဲ့ႏႈန္းေတြက မ်ားလာတယ္။ ေနာက္ျပီးေတာ့ တျခားကိစၥေတြနဲ႔ ေျပာလို႔ရွိရင္ - ႐ိုး႐ိုးသာမန္ က်န္းမာေရးျပႆနာေတြကို ထားျပီး ထိခိုက္ဒဏ္ရာရတဲ့ ျပႆနာကလဲ အခုဆုိရင္ ေတာ္ေတာ္ေလးကို အခုဆိုရင္ အေျခအေနက မျငိမ္သက္ဘူး။ အခ်ိန္မေရြး ပစ္ခတ္ခံရတာ ရွိတယ္။ အခ်ိန္မေရြး ႐ိုက္ႏွက္ခံရတာ ရွိတယ္။ အခ်ိန္မေရြး ကားနဲ႔တိုက္မယ္။ ဆိုင္ကယ္နဲ႔တိုက္မယ္ဆိုတဲ့ အႏၱရာယ္ေတြ ရွိတယ္ဆိုေတာ့ ဒီလိုမ်ိဳး ထိခိုက္ဒဏ္ရာနဲ႔ပတ္သက္တဲ့ ျပႆနာေတြ၊ အနာဒဏ္ရာကေန ေသြးထြက္လြန္တဲ့ က်န္းမာေရး ျပႆနာကလည္း အမ်ားၾကီး ရွိလာတာကို ေတြ႔ရပါတယ္။ က်န္တဲ့ဖ်ားနာ ကူးစက္ေရာဂါေတြအျပင္ကို ဒီလိုမ်ိဳး ထိခိုက္ဒဏ္ရာ ေသြးထြက္လန္တဲ့ ေရာဂါ ျပႆနာေတြကလည္း ရွိတယ္။ ဆရာ၀န္ေတြကေတာ့ အမ်ားစု CDM လုပ္ေနၾကတာ မွန္ေပမဲ့၊ ဆရာ၀န္ဆိုတဲ့ သဘာ၀အရ တနည္းနည္းနဲ႔ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကိုယ္နဲ႔လက္လွမ္းမီတဲ့ ကိုယ့္မ်က္စိေရွ႕ အနားတ၀ိုက္မွာ၊ ကိုယ့္ရဲ႕လက္တကမ္းမွာရွိတဲ့ လူနာကိုေတာ့ တတ္ႏုိင္သမ ွ် ဆရာ၀န္ေတြက ကုသေပးၾကတယ္ဆိုတာလဲ သိရပါတယ္။ ဒါေပမဲ့ အဲ့ဒီလို ကုသတာလည္း အတိုင္းအတာ တခုအထိ ထိေရာက္ေပမဲ့ တကယ္ကေတာ့ စံခ်ိန္စံႏႈန္း အျပည့္အ၀ေတာ့ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈ မေပးႏုိင္တဲ့အတြက္ လူထုအေနနဲ႔ က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈ အျပည့္အ၀ မရႏုိင္တဲ့အတြက္ က်န္းမာေရး အေျခအေန ကေတာ့ စစ္ေကာင္စီရဲ႕ လက္ထက္မွာ အရင္ကနဲ႔ ႏိႈင္းယွဥ္လိုက္ရင္ အမ်ားၾကီး ဆိုးရြားလာတဲ့ အေျခအေနကေတာ့ ရွိေနတယ္ဆိုတာ သတင္းေတြမွာလဲ ေတြ႔ရပါတယ္။”

ဒီလို ပိုဆိုးလာတယ္ဆိုတဲ့ က်န္းမာေရး အေျခအေနေတြကို ခုလို အာဏာသိမ္းထားတဲ့ ၾကားကာလမွာ ျပည္သူေတြအတြက္ လိုအပ္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လံုး၀ ျပတ္သြားတာမ်ိဳး မျဖစ္ရေအာင္ ဘယ္လိုပံုစံနဲ႔ ဆက္ ထိန္းသိမ္းသြားျပီးေတာ့ ျပည္သူေတြ လိုအပ္ေနတဲ့ ေစာင့္ေရွာက္မႈေတြလဲ ရေအာင္ အေကာင္းဆံုး ဘာေတြလုပ္ႏုိင္မယ္လို႔ ထင္ျမင္မိပါလဲ။ ဘာေတြမွာ အၾကံျပဳႏိုင္မလဲရွင့္။

“ဟုတ္ကဲ့။ အခုကိစၥကေတာ့ ေတာ္ေတာ္ေလးကို စိန္ေခၚမႈေတြ အမ်ားၾကီးနဲ႔ ရင္ဆိုင္ရတဲ့ဘ၀ေပါ့။ အဲ့ဒီေတာ့ လူနာဟာ သူျဖစ္တဲ့ေရာဂါ အေပၚမွာ မူတည္တယ္။ သေဘာကေတာ့ ေစာင့္လို႔ရတဲ့ ေရာဂါ ရွိတယ္။ အေရးေပၚေရာဂါ ရွိတယ္။ ဥပမာ ႏွလံုးေသြးေၾကာပိတ္တဲ့ေရာဂါ ဆိုရင္ ဒီေသြးေၾကာကို ခြဲစိတ္ျပီးေတာ့ ျပန္မခ်ဲ႕ႏိုင္ခင္မွာ ႏွလံုးေသြးေၾကာေလးေတြ က်ယ္လာေအာင္၊ ေမာတာ နာတာ သက္သာေအာင္လို႔ ေဆးေပးျပီးေတာ့ ထိန္းထားလို႔ရတယ္။ ဒါေပမဲ့ အခုျမန္မာျပည္မွာ ျဖစ္ေနတာက အူအတက္ေပါက္တဲ့ ေရာဂါနဲ႔တူတယ္။ အူအတက္ေပါက္ျပီဆိုရင္ ဘာနဲ႔မွ ထိန္းထားလို႔ မရဘူး။ ဒီအူအတက္ၾကီးကို ခြဲထုတ္မွ ဒီေရာဂါက ေပ်ာက္သြားမွာ။ အူအတက္ကို ခြဲမထုတ္လို႔ရွိရင္ အဲ့ဒီဘာမဟုတ္တဲ့ အူအတက္ေပါက္တာ၊ အူအတက္ေရာင္တာ ကေန ဗိုက္ထဲမွာရွိတဲ့ ကိုယ္အဂၤါေတြ အကုန္လံုးကို ပ်ံ႕ႏွံ႔ျပီး အဂၤါေတြ အကုန္လံုးပုပ္ျပီး မျဖစ္သင့္တဲ့ေရာဂါ၊ ပိုဆိုးသြားတဲ့ေရာဂါ ျဖစ္ႏုိင္တယ္ေလ။ အဲ့ဒီေတာ့ ျမန္မာျပည္ဟာ အဲ့ဒီလို အလားသ႑ာန္တူပါတယ္။ ဒီလိုမ်ိဳး ၾကားကာလမွာ ဒီက်န္းမာေရးက႑ကို ျမွင့္တင္ဖို႔ ၾကိဳးစားျပီးေတာ့ လုပ္ေဆာင္တယ္ဆိုတာက ခုနက အူအတက္ေပါက္တဲ့သူလိုပဲ။ ေစာင့္လို႔ကို မရဘူး။ ဒီေတာ္လွန္ေရးက ျမန္ျမန္ျပီးမွ၊ ဒီစစ္ေကာင္စီ ဆိုတဲ့ အူအတက္ၾကီးကို ျမန္ျမန္ ခြဲထုတ္ျပီး ျမန္ျမန္ အျမစ္ျဖဳတ္မွသာ ျပည္သူလူထုရဲ႕ က်န္းမာေရး အေျခအေနေတြက အလားအလာ ေကာင္းလာမယ့္သေဘာ ျဖစ္ပါတယ္။”

အခုလို အခ်ိန္ေပး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားၾကီး တင္ပါတယ္ရွင့္။

“ဟုတ္ကဲ့။ က်မလည္း ေက်းဇူးတင္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

==================================

[Unicode Version]

စစ်ပြေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းတွေအတွက် ဆေးဘက်ဆိုင်ရာ ကူညီပေးနေသူ (အမျိုးသမီးကဏ္ဍ)

ကိုဗစ်ကာလ လိုအပ်ချက်တွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ စစ်အာဏာသိမ်းမှုကြောင့် ပိုပြီး ဆိုးရွားသွားခဲ့ရတယ်လို့ ကနေဒါနိုင်ငံ Albata တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဒေါက်တာ ခင်စောဝင်း က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ပြည်တွင်းမှာရော နယ်စပ်ဒေသတွေကိုပါ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းနဲ့အတူ လက်တွဲပြီး မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ ဒေါက်တာ ခင်စောဝင်း ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ဒေါက်တာ ခင်စောဝင်းက မြန်မာနိုင်ငံ နယ်စပ်ဒေသတချို့မှာ၊ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးလာတာ ဆယ်စုနှစ်နဲ့ချီ နေပြီဆိုတာ ကျမတို့ သိထားပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ လလောက်စပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ် သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက် ဖိနှိပ် တာတွေကြောင့် ထွက်ပြေးလာတဲ့သူတွေလည်း နယ်စပ်ဒေသတွေကို ရောက်လာနေကြတာ ရှိတယ်။ ဒါ့အပြင် နယ်စပ်ဒေသ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်ရော ပြီးခဲ့တဲ့ ၃ -၄ လအတွင်းမှာကိုပဲ ကျမတို့ သိသလောက် ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ထပ်တိုးလာနေပါတယ်။ ဆိုတော့ လက်ရှိ ဒီလို ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ဘာတွေများ ကူညီဆောင်ရွက်ပေးနေတာ ရှိပါသလဲ။

“အခုလောလောဆယ်မှာတော့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနဲ့ရော၊ အဲ့ဒီနယ်စပ်ဒေသတလေ ျှာက်မှာ ကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေနဲ့ရော အဝေးကနေ လှမ်းပြီးတော့ zoom meeting တွေ၊ (အစည်းအဝေးတွေ) အမြဲလုပ်ပါတယ်။ ပုံမှန် လုပ်လေ့ရှိပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါမှာလဲ နယ်စပ်ဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သူတို့ကနေ တဆင့်လဲ ကြားရတယ်။ အဲ့ဒီကြားရတဲ့အခါမှာလဲ ဒီဘက်ကနေ လိုအပ်တဲ့ဟာကို တတ်နိုင်သမ ျှ ကူညီထောက်ပံ့ ပေးနေတာတွေ ရှိပါတယ်။ အထူးသဖြင့် ကတော့ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာပါ။ မဲဆောက်ကတော့ ကရင်ပြည်နယ်နဲ့ ပိုပြီးနီးစပ်တာပေါ့။ ကေအန်ယူ နယ်မြေနဲ့ နီးစပ်တာပေါ့။ အဲ့ဒီ ကေအန်ယူနယ်မြေမှာဆိုရင် စစ်ကောင်စီဘက်က တိုက်တဲ့ တိုက်ပွဲတွေက တော်တော်ကို ရက်စက်ပါတယ်။ အများလည်း သိတဲ့အတိုင်းပေါ့နော်။ ဘာမှ လက်နက်မရှိတဲ့ပြည်သူတွေ၊ လူထုတွေ။ နောက်ပြီးတော့ သာမန် လက်နက်ကလေးပဲ ကိုင်ဆောင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို သူတို့က လက်နက်ကြီးတွေနဲ့ မတရား ပစ်ခတ်ရုံတင်မကဘူး။ လေယာဉ်နဲ့ကို ဗုံးကျဲတဲ့ အခါမှာ အဲ့ဒီဒေသမှာနေတဲ့ လူထုတွေက တိုက်ပွဲတွေရဲ့ဒဏ်ကြောင့် အိုးပစ်အိမ်ပစ် ပြေးပုန်းနေရတဲ့ လူတွေ အများကြီးရှိပါတယ်။ ထောင်နဲ့သောင်းနဲ့ကို ချီပြီးတော့ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေတဲ့သူတွေ ရှိတယ်ဆိုတာ သိရပါတယ်။ အဲ့ဒီတော့ ဒီလူထုတွေဟာဆိုရင် သူတို့မှာ ခံစားနေရတဲ့ ဒုက္ခတွေက စားနပ်ရိက္ခာ ပြတ်လပ်တာတွေရှိတယ်။ နောက်ပြီးတော့ အထူးသဖြင့် ခုလိုမျိုး မိုးရာသီဆိုလို့ရှိရင် မိုးရွာတဲ့အခါ မိုးမလုံတာတွေ ရှိတယ်။ အဲ့ဒီလို မိုးရွာတဲ့အတွက် ခြင်တွေ၊ ယင်တွေကလည်း အများကြီးရှိတယ်။ ခြင်တွေကတဆင့် ယင်ကောင်တွေကနေတဆင့် ကူးစက်တဲ့ ရောဂါတွေ၊ ဝမ်းပျက်ဝမ်းလေ ျှာ ရောဂါတွေလည်း အများကြီး ရှိပါတယ်။ အဲ့တော့ သူတို့တွေအတွက် လိုအပ်တဲ့အကူအညီကို ဒီကနေပြီးတော့ အလှူရှင်တွေဆီကနေ တတ်နိုင်သမ ျှ အလှူငွေ ကောက်ခံတာတွေ ရှိတယ်။ နောက်ပြီးတော့ တပတ်တခါ၊ နှစ်ပတ်တခါ အစားအသောက်တွေ ချက်ပြုတ်ရောင်းချပြီး အလှူခံတာပေါ့နော်။ ရောင်းရတဲ့ငွေကို စုဆောင်းပြီးတော့ ပို့တာတွေလည်း ရှိပါတယ်။ ဆိုတော့ ငွေအားဖြင့်ရော၊ စိတ်ဓာတ်အားဖြင့်ရော တတ်နိုင်တာတွေ ကူညီနေပါတယ်။”

လက်ရှိကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ အပါအဝင် သူတို့အတွက် လိုအပ်ချက်တွေကတော့ အများကြီး ရှိနေတယ်ဆိုတော့ ဒီလို တနိုင်တပိုင်အပြင် ဒါတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့ရော ဘာတွေလုပ်နိုင်မလဲရှင့်။

“ထိထိရောက်ရောက် ကူညီနိုင်ဖို့ဆိုရင်တော့ တကယ်ကတော့ ပြောကြစတမ်း ဆိုရင် ဒီလူတွေဟာ ကိုယ့်အိုးအိမ်၊ ကိုယ့်ရပ်ရွာကို အေးအေးချမ်းချမ်း လုံလုံခြုံခြုံ ပြန်ရောက်နိုင်ရင် အကောင်းဆုံးပေါ့။ ဒီလူတွေဟာ အခုဆိုရင် ဘာဖြစ်လို့ ကိုယ့်ရဲ့ အိုးအိမ်တွေကို စွန့်ပစ်နေရတာလဲ။ ကိုယ့်ရဲ့ ရပ်ရွာတွေကို စွန့်ပစ်နေရတာလဲ ဆိုရင် စစ်ကောင်စီရဲ့ မတရား အနိုင်ကျင့်၊ မတရား နှိပ်စက် သတ်ဖြတ်တဲ့ အန္တရာယ်တွေကို ကြောက်လန့်ပြီးတော့ လွတ်ရာကို ပြေးကြရတယ်။ အဲ့လို လွတ်ရာကို ပြေးကြရတဲ့အတွက် သူတို့ဟာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တယ်။ ကလေးတွေဆိုရင်လဲ စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက်၊ အထူးသဖြင့် ဖွံ့ဖြိုးစအရွယ် ကလေးငယ်တွေမှာ အာဟာရ မပြည့်စုံတဲ့ရောဂါတွေ၊ ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေ အဲ့ဒီလို အများကြီး ထိခိုက်ရတယ်လေ။ ဆိုတော့ ထိထိရောက်ရောက် ကူညီနိုင်ဖို့ကတော့ အခုလုပ်နေတဲ့ နွေဦးတော်လှန်ရေးကို ပြီးဆုံးတဲ့တိုင်အောင် တိုက်ပြီးတော့ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရင်တော့ ဒီပြဿနာကို အကောင်းဆုံး လက်တွေ့မှာတော့ တကယ်ကို အပြီးသတ် ဖြေရှင်းတဲ့နည်းလို့ ကျမ ပြောလို့ရပါတယ်။”

“အဲ့ဒီတော့ လောလောဆယ် ဒီ နွေဦးတော်လှန်ရေးမပြီးသေးတဲ့ ကာလမှာတော့ ကျမတို့က လိုအပ်တဲ့ အကူအညီတွေ၊ ကိုယ် ကိုယ်တိုင်ကလည်း ကိုယ့်ရှိသမ ျှ အင်အားနဲ့ အကူအညီကို တတ်နိုင်သမ ျှ ပေးမယ်။ ပြင်ပကနေ ကူညီနိုင်တဲ့ အကူအညီတွေလည်း တတ်နိုင်သမ ျှ ယူပြီးတော့ ဒီလိုမျိုး အိုးအိမ်စွန့်ပြီး တခြား တော လ ျှိုအုံကြား ရောက်နေကြရတဲ့ လူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း သူတို့ရဲ့စိတ်ဒဏ်ရာတွေကို သက်သာအောင်၊ ပျောက်ကင်းနိုင်အောင် စိတ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေလည်း ကျမတို့ အများကြီး လုပ်ပေးဖို့ လိုပါတယ်။”

ဟုတ်ကဲ့။ အခုဆိုရင် ဒေါက်တာတို့လည်း သိတဲ့အတိုင်းပဲ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အရပ်သားအစိုးရတွေ လက်ထက်မှာတုန်းကတော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဖြည်းဖြည်းချင်း တိုးတက်လာတဲ့ အခြေအနေတချို့ ရှိခဲ့ပါတယ်။ ဥပမာ - ကိုဗစ်ကူးစက်မှုတွေ ကြုံရတဲ့အချိန်မှာဆိုရင်လဲ ကိုဗစ်နဲ့ပတ်သက်ပြီး ဆေးစစ်တာ၊ ကာကွယ်ဆေးရအောင် လုပ်တာတွေမှာ ဒေသတွင်း နိုင်ငံတွေထဲမှာတောင် တော်တော်လေးကို ရှေ့ရောက်အောင် လုပ်ဆောင်နိုင်တယ် ဆိုတာမျိုး ချီးကျူးခံရတာတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ ဒီလို တိုးတက်လာခဲ့တဲ့ အခြေအနေ တချို့ ဘယ်လောက် ထိခိုက်မှုတွေ ဖြစ်သွားတယ်လို့ထင်ပါသလဲရှင့်။

“ကျန်းမာရေးကဏ္ဍမှာတော့ ခုနကပြောတဲ့ ကိုဗစ်ကိုပဲ ပြန်ပြောရလို့ရှိရင်တော့ ကိန်းဂဏန်းတွေကို ကြည့်တဲ့အခါမှာ အရင်တုန်းက အရပ်သားအစိုးရ ဆိုရင် တနေ့ တနေ့ကို ကိုဗစ် စစ်တာက ၁၀,၀၀၀ ကျော်တယ်ပေါ့နော်။ ၁၇,၀၀၀ လောက်ကို စစ်ဆေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုဆိုလို့ရှိရင် ကိုဗစ်စစ်ဆေးတာက တပတ်ကို ၁,၀၀၀ လောက်ပဲ ရှိတော့တယ်။ ၁,၀၀၀ - ၁,၂၀၀ လောက်ပဲ စစ်နိုင်တယ်ပေါ့။ တရက်ကို ၂၀,၀၀၀ နီးပါး စစ်နေရာကနေ တပတ်ကို ၁,၀၀၀ ကျော်လောက်ပဲ စစ်နိုင်တယ်။ အခုပဲ သတင်းတွေထဲမှာ ပေါ်နေတယ်။ ကိုဗစ်ရောဂါ positive ဖြစ်တဲ့နှုန်းတွေက များလာတယ်။ နောက်ပြီးတော့ တခြားကိစ္စတွေနဲ့ ပြောလို့ရှိရင် - ရိုးရိုးသာမန် ကျန်းမာရေးပြဿနာတွေကို ထားပြီး ထိခိုက်ဒဏ်ရာရတဲ့ ပြဿနာကလဲ အခုဆိုရင် တော်တော်လေးကို အခုဆိုရင် အခြေအနေက မငြိမ်သက်ဘူး။ အချိန်မရွေး ပစ်ခတ်ခံရတာ ရှိတယ်။ အချိန်မရွေး ရိုက်နှက်ခံရတာ ရှိတယ်။ အချိန်မရွေး ကားနဲ့တိုက်မယ်။ ဆိုင်ကယ်နဲ့တိုက်မယ်ဆိုတဲ့ အန္တရာယ်တွေ ရှိတယ်ဆိုတော့ ဒီလိုမျိုး ထိခိုက်ဒဏ်ရာနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ အနာဒဏ်ရာကနေ သွေးထွက်လွန်တဲ့ ကျန်းမာရေး ပြဿနာကလည်း အများကြီး ရှိလာတာကို တွေ့ရပါတယ်။ ကျန်တဲ့ဖျားနာ ကူးစက်ရောဂါတွေအပြင်ကို ဒီလိုမျိုး ထိခိုက်ဒဏ်ရာ သွေးထွက်လန်တဲ့ ရောဂါ ပြဿနာတွေကလည်း ရှိတယ်။ ဆရာဝန်တွေကတော့ အများစု CDM လုပ်နေကြတာ မှန်ပေမဲ့၊ ဆရာဝန်ဆိုတဲ့ သဘာဝအရ တနည်းနည်းနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်နဲ့လက်လှမ်းမီတဲ့ ကိုယ့်မျက်စိရှေ့ အနားတဝိုက်မှာ၊ ကိုယ့်ရဲ့လက်တကမ်းမှာရှိတဲ့ လူနာကိုတော့ တတ်နိုင်သမ ျှ ဆရာဝန်တွေက ကုသပေးကြတယ်ဆိုတာလဲ သိရပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ကုသတာလည်း အတိုင်းအတာ တခုအထိ ထိရောက်ပေမဲ့ တကယ်ကတော့ စံချိန်စံနှုန်း အပြည့်အဝတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မပေးနိုင်တဲ့အတွက် လူထုအနေနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အပြည့်အ၀ မရနိုင်တဲ့အတွက် ကျန်းမာရေး အခြေအနေ ကတော့ စစ်ကောင်စီရဲ့ လက်ထက်မှာ အရင်ကနဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး ဆိုးရွားလာတဲ့ အခြေအနေကတော့ ရှိနေတယ်ဆိုတာ သတင်းတွေမှာလဲ တွေ့ရပါတယ်။”

ဒီလို ပိုဆိုးလာတယ်ဆိုတဲ့ ကျန်းမာရေး အခြေအနေတွေကို ခုလို အာဏာသိမ်းထားတဲ့ ကြားကာလမှာ ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုံးဝ ပြတ်သွားတာမျိုး မဖြစ်ရအောင် ဘယ်လိုပုံစံနဲ့ ဆက် ထိန်းသိမ်းသွားပြီးတော့ ပြည်သူတွေ လိုအပ်နေတဲ့ စောင့်ရှောက်မှုတွေလဲ ရအောင် အကောင်းဆုံး ဘာတွေလုပ်နိုင်မယ်လို့ ထင်မြင်မိပါလဲ။ ဘာတွေမှာ အကြံပြုနိုင်မလဲရှင့်။

“ဟုတ်ကဲ့။ အခုကိစ္စကတော့ တော်တော်လေးကို စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့ဘဝပေါ့။ အဲ့ဒီတော့ လူနာဟာ သူဖြစ်တဲ့ရောဂါ အပေါ်မှာ မူတည်တယ်။ သဘောကတော့ စောင့်လို့ရတဲ့ ရောဂါ ရှိတယ်။ အရေးပေါ်ရောဂါ ရှိတယ်။ ဥပမာ နှလုံးသွေးကြောပိတ်တဲ့ရောဂါ ဆိုရင် ဒီသွေးကြောကို ခွဲစိတ်ပြီးတော့ ပြန်မချဲ့နိုင်ခင်မှာ နှလုံးသွေးကြောလေးတွေ ကျယ်လာအောင်၊ မောတာ နာတာ သက်သာအောင်လို့ ဆေးပေးပြီးတော့ ထိန်းထားလို့ရတယ်။ ဒါပေမဲ့ အခုမြန်မာပြည်မှာ ဖြစ်နေတာက အူအတက်ပေါက်တဲ့ ရောဂါနဲ့တူတယ်။ အူအတက်ပေါက်ပြီဆိုရင် ဘာနဲ့မှ ထိန်းထားလို့ မရဘူး။ ဒီအူအတက်ကြီးကို ခွဲထုတ်မှ ဒီရောဂါက ပျောက်သွားမှာ။ အူအတက်ကို ခွဲမထုတ်လို့ရှိရင် အဲ့ဒီဘာမဟုတ်တဲ့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ ကနေ ဗိုက်ထဲမှာရှိတဲ့ ကိုယ်အင်္ဂါတွေ အကုန်လုံးကို ပျံ့နှံ့ပြီး အင်္ဂါတွေ အကုန်လုံးပုပ်ပြီး မဖြစ်သင့်တဲ့ရောဂါ၊ ပိုဆိုးသွားတဲ့ရောဂါ ဖြစ်နိုင်တယ်လေ။ အဲ့ဒီတော့ မြန်မာပြည်ဟာ အဲ့ဒီလို အလားသဏ္ဍာန်တူပါတယ်။ ဒီလိုမျိုး ကြားကာလမှာ ဒီကျန်းမာရေးကဏ္ဍကို မြှင့်တင်ဖို့ ကြိုးစားပြီးတော့ လုပ်ဆောင်တယ်ဆိုတာက ခုနက အူအတက်ပေါက်တဲ့သူလိုပဲ။ စောင့်လို့ကို မရဘူး။ ဒီတော်လှန်ရေးက မြန်မြန်ပြီးမှ၊ ဒီစစ်ကောင်စီ ဆိုတဲ့ အူအတက်ကြီးကို မြန်မြန် ခွဲထုတ်ပြီး မြန်မြန် အမြစ်ဖြုတ်မှသာ ပြည်သူလူထုရဲ့ ကျန်းမာရေး အခြေအနေတွေက အလားအလာ ကောင်းလာမယ့်သဘော ဖြစ်ပါတယ်။”

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

“ဟုတ်ကဲ့။ ကျမလည်း ကျေးဇူးတင်ပါတယ်။”

XS
SM
MD
LG