[Zawgyi/Unicode]
အေမရိကန္ စိတ္ပညာအသင္းႀကီးက ခ်ီးျမႇင္တဲ့ ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြက္ စိတ္ပညာရပ္ဆိုင္ရာ ထူးခြၽန္ ေက်ာင္းသားဆုကို ဗားေမာက္ျပည္နယ္ ဗားေမာက္တကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ဘြဲ႕လြန္ေက်ာင္းသူ မျဖဴပန္းႏုခင္ ဂုဏ္ျပဳ ခ်ီးျမႇင့္ခံရပါတယ္။ ကုသေရးဆိုင္ရာ စိတ္ပညာဘာသာရပ္မွာ ထူးခြၽန္႐ုံတင္မကဘဲ လူမႈအသိုင္းအဝိုင္းအတြင္း အက်ိဳးျပဳလုပ္ငန္းေတြမွာ ႐ြတ္႐ြတ္ခြၽံခြၽံ ပါဝင္ေဆာင္႐ြက္ေနတဲ့ ဘြဲ႕လြန္ ေက်ာင္းသူ ေက်ာင္းသားေတြကို ႏွစ္စဥ္ ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ ဒီဆုကို ျမန္မာျပည္ဖြားတေယာက္ ပထမဆုံး အႀကိမ္ရရွိတာပါ။ မျဖဴပန္းႏုခင္ကို ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။
အရင္ဆံုးေျပာခ်င္တာကေတာ့ Congratulations ပါ။ အမ်ားႀကီး ဝမ္းသာ ဂုဏ္ယူပါတယ္။ စိတ္ပညာရပ္ဆိုင္ရာ အေမရိကန္အသင္းႀကီး (APA) က ေပးအပ္တဲ့ ၂၀၂၂ ခုႏွစ္အတြက္ ထူးခြၽန္ေက်ာင္းသားဆုကို ရတဲ့အတြက္ အထူး ဂုဏ္ယူပါတယ္။ ျမန္မာျပည္ဖြားေတြၾကားမွာ ပထမဆုံး ဒီဆု ခ်ီးျမႇင့္ခံရတယ္လို႔ ထင္ပါတယ္။ ခုလို ခ်ီးျမႇင့္ခံရတဲ့အတြက္ ဘယ္လို ခံစားရလဲ ဆိုတာ အရင္ဆုံး ေျပာျပေပးပါဦး။
“ဟုတ္ကဲ့ အစ္မ။ ေက်းဇူးတင္ပါတယ္။ ဒီဆုဟာ ျမန္မာျပည္နဲ႔ပတ္သက္တဲ့ စိတ္က်န္းမာေရးဆိုင္ရာ က်မရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ သုေတသနနဲ႔ပတ္သက္ၿပီး အသိအမွတ္ျပဳ ေပးအပ္ျခင္းခံရတာ ျဖစ္တဲ့အတြက္ ပိုၿပီး အမွတ္တရျဖစ္ၿပီး ဝမ္းသာဂုဏ္ယူရပါတယ္။ က်မ တက္ေနတဲ့ တကၠသိုလ္ University of Vermont (ဗားေမာက္တကၠသိုလ္) ပါေမာကၡေတြက က်မတို႔ ျမန္မာျပည္မွာ ခက္ခဲလြန္းေနတဲ့ စိတ္ဒဏ္ရာပိုင္းဆိုင္ရာ အခက္အခဲေတြကို က်မ ေလ့လာေနတယ္။ ျပည္သူေတြရဲ႕ စိတ္က်န္းမာေရးပိုင္းဆိုင္ရာ လုပ္ငန္းေတြကို လုပ္ေဆာင္ေနတာကို သူတို႔က အသိအမွတ္ျပဳတဲ့အေနနဲ႔ က်မကို ေ႐ြးခ်ယ္ စာရင္းသြင္းရင္းနဲ႔ ခုလို အေမရိကန္ စိတ္ပညာအသင္းႀကီး ျဖစ္တဲ့ APA ကေပးတဲ့ဆုကို က်မ ဒီႏွစ္ ရရွိခဲ့တာပါ။”
က်မတို႔ သိသေလာက္ ဆိုရင္ ဒီဆုဟာ ပညာရပ္ပိုင္းဆိုင္ရာ ထူးခြၽန္႐ုံတင္ မကဘဲ လူမႈအသိုင္းအဝိုင္းအတြင္း အက်ိဳးျပဳလုပ္ငန္းေတြမွာ ႐ြတ္႐ြတ္ခြၽံခြၽံ ပါဝင္ေနတဲ့သူေတြကို ေပးတာလို႔လည္း သိရပါတယ္။ အဲ့ဒီအတြက္လည္း ပိုၿပီးေတာ့ ဂုဏ္ယူစရာ ျဖစ္မယ္လို႔လည္း ထင္ပါတယ္။
“ဟုတ္ကဲ့အစ္မ။ ေက်းဇူးတင္ပါတယ္။ အထူးသျဖင့္ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ က်မက ျပည္တြင္းျပည္ပမွာရွိတဲ့ ျမန္မာျပည္က စိတ္ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီး က်မတို႔ အားလုံး တက္တက္ႂကြႂကြ ပါဝင္ၿပီး စိတ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ႀကိဳးစား ေဆာင္႐ြက္ၾကတယ္။ ပညာေပး သင္တန္းေတြ ေပးၾကတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ အသိအမွတ္ျပဳတာလည္း တခု ျဖစ္ပါတယ္။ ေနာက္တခု ကေတာ့ က်မရဲ႕ သုေတသနက်မ္းက စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ႏိုင္ငံေရး အၾကမ္းဖက္ ထိခိုက္ ခံစားခဲ့ရသူေတြ၊ ျမန္မာျပည္သူေတြရဲ႕ စိတ္က်န္းမာေရး အေျခအေနေတြကို ေရးသားတင္ျပဖို႔ ကုထုံးေတြ အတြက္လည္း ႀကိဳးစား တင္ျပတဲ့အခါမွာ၊ ဒီလိုအေျခအေနမ်ိဳးမွာ အထူးသျဖင့္ APA လို အသင္းႀကီးရဲ႕ အသိအမွတ္ျပဳ ခံရတာက ပိုၿပီးေတာ့ ေရရွည္အတြက္လည္း အက်ိဳးအျမတ္ေတြ အမ်ားႀကီး ရွိမယ္လို႔ က်မ ေမွ်ာ္လင့္ပါတယ္။”
အဲ့ေတာ့ တဆက္တည္းပဲ ဒီလိုဆုမ်ိဳးကို ရလိုက္တဲ့အတြက္ ကိုယ့္အတြက္၊ လက္ရွိ သင္ၾကားမႈပိုင္း အတြက္ပဲ ျဖစ္ျဖစ္၊ ကိုယ္လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြ အတြက္ ဘယ္လို အေထာက္အပံ့ျဖစ္မယ္လို႔ ထင္ပါလဲ။
“ဟုတ္ကဲ့အစ္မေရ။ အခု က်မတို႔ စိတ္ပညာနယ္ပယ္မွာ အႀကီးမားဆုံး စိန္ေခၚမႈ၊ က်မတို႔ ရင္ဆိုင္ေနရတာက ႏိုင္ငံတကာမွာ ႏိုင္ငံေရး အၾကမ္းဖက္မႈေတြ ပို ပိုၿပီးေတာ့ မ်ားျပားလာေနတာနဲ႔အမွ် က်မတို႔ ေျပာမယ္ဆိုရင္ ဒုတိယကမာၻစစ္ ၿပီးကတည္းက ႏိုင္ငံေရး အၾကမ္းဖက္မႈေတြၾကား ေန႔ရပ္စြန႔္ခြာရတဲ့ ဒုကၡသည္ေတြက မႀကဳံဖူးေလာက္ေအာင္ တရွိန္ထိုး ျမႇင့္တက္လာေနတယ္။ က်မတို႔ ျမန္မာျပည္မွာ ဆိုရင္လည္း ဒီလိုပဲ။ အဲ့လို အေျခအေနမ်ိဳးမွာ က်မတို႔ စိတ္ပညာ အသိုင္းအဝိုင္းထဲမွာ စဥ္းစားမယ္ဆိုရင္ ေခတ္အဆက္ဆက္က အသုံးျပဳခဲ့တဲ့၊ ထိေရာက္တယ္လို႔ သက္ေသျပထားတဲ့ ကုထုံးေတြက က်မတို႔ ျမန္မာျပည္လို ေနရာထဲမွာ လက္ေတြ႕က်က် အသုံးခ်ဖို႔ မျဖစ္ႏိုင္ဘူး ျဖစ္ေနတယ္။ အဲ့လိုကာလမွာ ႀကီးမားလြန္းတဲ့ ျပည္သူေတြရဲ႕ စိတ္ဒဏ္ရာေတြကို ပညာရွင္ေရာ ဝန္ေဆာင္မႈေရာ နည္းပါးေနတဲ့ ႏိုင္ငံမ်ိဳးမွာ ဘယ္လို ထိထိေရာက္ေရာက္ အေျဖရွာၾကမလဲ ဆိုတဲ့ သုေတသနေတြက အမ်ားႀကီး လိုအပ္လာတယ္။ လိုအပ္လာတဲ့ အခါမွာ က်မတို႔ ပညာရွင္ေတြရဲ႕ ကုသမႈ၊ ဝန္ေဆာင္မႈတင္ မကဘဲ ျပည္သူ တဦးခ်င္းစီရဲ႕ ႀကံ့ႀကံ့ ခံႏိုင္စိတ္ကို ဘယ္လို တည္ေဆာက္ၾကမလဲ။ စိတ္က်န္းမာေရးနဲ႔ပတ္သက္ၿပီး အားလုံးက ဘယ္လို တေယာက္ခ်င္းစီ တည္ေဆာက္ၿပီး ႀကံ့ႀကံ့ခံႏိုင္တဲ့ လူ႔ေဘာင္ အဖြဲ႕အစည္းကို တည္ေဆာက္မလဲ ဆိုတာေတြကို အေျဖရွာဖို႔ ျပည္တြင္းမွာရွိတဲ့ ပညာရွင္ေတြနဲ႔လည္း ပူးေပါင္းၿပီး စဥ္းစားတယ္။ သုေတသနကိုလည္း လုပ္ေဆာင္ေနတာေပါ့ေနာ္။ ဒီလိုကာလမ်ိဳးမွာ APA ရဲ႕ ဆုကို ရရွိျခင္းအားျဖင့္ က်မတို႔ ဒီနယ္ပယ္တြင္းမွာ ႏိုင္ငံတကာမွာရွိေနတဲ့၊ စိတ္ဒဏ္ရာေတြကို အထူးျပဳေနတဲ့ ပညာရွင္ေတြကို က်မက ေက်ာင္းသူတေယာက္ ဘ၀ ကတည္းက ကြန္ရက္ ပိုမို ခ်ိတ္ဆက္မိတာေပါ့ေနာ္။ သူတို႔နဲ႔ ခ်ိတ္ဆက္မိၿပီးေတာ့ ျမန္မာျပည္အတြက္ ေရရွည္လုပ္ခ်င္တဲ့ က်မတို႔ရဲ႕ စီမံကိန္းေတြ၊ က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မယ္ လို႔လည္း ေမွ်ာ္လင့္ထားပါတယ္။”
က်မတို႔ နားလည္သေလာက္ဆိုရင္ ဒီ စိတ္ပညာရပ္ထဲမွာမွ ကုသမႈပိုင္းဆိုင္ရာ စိတ္ပညာရပ္ (clinical psychology) ကို ေလ့လာတဲ့ ပညာရွင္ေတြက ရွားပါး ပါတယ္။ ဒီအထဲမွာမွ မပန္းႏုက ဒီဘာသာရပ္ကို ေလ့လာေနတာ ဆိုေတာ့ ဘာေၾကာင့္ ဒီဘာသာရပ္ကိုမွ ေလ့လာျဖစ္တာလဲ ဆိုတာကိုလည္း ေျပာျပေပးပါဦး။
“ဟုတ္ပါတယ္ အစ္မေရ။ အစ္မေျပာတာ အရမ္း မွန္ပါတယ္။ ဒီလို တိုးတက္တဲ့ အေမရိကန္ျပည္ေထာင္စုမွာေတာင္ စိတ္ပညာရွင္ေတြထဲမွာ ကုသေရးဘက္ကို အထူးျပဳတဲ့ clinical psychologist ေတြက ရွားပါး ပါေသးတယ္။ အဲ့ဒါ ဘာလို႔လဲ ဆိုေတာ့ ဒီပညာရပ္မွာ အထူး ျပဳဖို႔အတြက္ ၆ ႏွစ္ကေန ၁၀ ႏွစ္အတြင္း အခ်ိန္ယူၿပီး ကုသေရးဘက္ treatment ေပါ့ေနာ္။ ေနာက္တခုက စိတ္ပိုင္းဆိုင္ရာ ေရာဂါေတြကို အေျဖရွာေပးတဲ့ diagnosis လို႔ေခၚတဲ့ assessment ပိုင္းကိုလည္း ဒီပညာရွင္ေတြက အေသးစိတ္ ေလ့လာရတာ ဆိုေတာ့ treatment ကိုေရာ diagnosis ကိုေရာ အထူးျပဳတဲ့ ဘာသာရပ္ အေနနဲ႔ ႏွစ္ေတြ အမ်ားႀကီး ယူၿပီးေတာ့ ထဲထဲဝင္ဝင္ ေလ့လာၾကရတယ္။ က်မတို႔ အထူးသျဖင့္ စိတ္ေရာဂါ အေျခအေနက အမ်ိဳး ၁၅၀ ေက်ာ္ရွိတယ္။ မတူညီတဲ့ စိတ္ေရာဂါေတြကို ဘယ္လို ကုသမလဲ။ ဘယ္လို အေျဖရွာမလဲဆိုတာေတြက လူႀကီးနဲ႔ ကေလးေတြၾကား ကြဲျပားတယ္။ ေနာက္တခါ အသက္အ႐ြယ္ ကြာျခားမႈ၊ က်ား မ လိင္ပိုင္းဆိုင္ရာ ကြဲျပားမႈေတြကလည္း မတူညီတဲ့ စိတ္သဘာ၀ လိုအပ္ခ်က္ေတြ၊ စိတ္ဒဏ္ရာေတြကို တုံ႔ျပန္မႈခ်င္း မတူညီတာေတြ၊ ခံႏိုင္ရည္ ဘယ္လို ကြဲျပားသလဲ ဆိုတာေတြကို နားလည္မွသာလ်င္ က်မတို႔ရဲ႕ ကုထုံးေတြကလည္း တိတိက်က် ပိုၿပီးေတာ့ ထိေရာက္မွာ ျဖစ္တယ္ဆိုတဲ့ အခါက်ေတာ့ ဒါကို က်မတို႔က သုေတသနပိုင္းအရ သိပၸံနည္းက် ေလ့လာတယ္။ ကုထုံးေတြကို ေဆး႐ုံ ေဆးခန္းေတြမွာ ဝန္ေဆာင္မႈ ေပးဖို႔ ေလ့လာၾကရတယ္။ ဆိုေတာ့ ဒီပညာရွင္ေတြက research လို႔ေခၚတဲ့ သုေတသန လုပ္ၾကရတယ္။ clinical ကုသမႈပိုင္းဆိုင္ရာ ေလ့လာၾကရတယ္။ ေနာက္တခါ ပါေမာကၡေတြ အေနနဲ႔လည္း တကၠသိုလ္ေတြကေန စိတ္ပိုင္းဆိုင္ရာ ပညာရပ္ေတြ ပို႔ခ် သင္ၾကားေပးရတယ္။ ဆိုေတာ့ ျမန္မာျပည္ဘက္မွာ စဥ္းစားမယ္ဆိုရင္ စိတ္ပိုင္းဆိုင္ရာ ပညာရပ္မွာ ပညာရွင္ေတြ အရမ္းနည္းပါးေနတယ္ဆိုေတာ့ က်မက သင္ၾကားေရးဘက္မွာေရာ စိတ္ဝင္စားတဲ့သူ တေယာက္ အေနနဲ႔ေရာ၊ ကုသေရးပိုင္း၊ သုေတသနပိုင္းေရာ စိတ္ဝင္စားတဲ့သူ တေယာက္ အေနနဲ႔ ဒီပညာရပ္ကို ေ႐ြးခ်ယ္ ျဖစ္သြားတာပါ။ ဒီပညာရပ္ပိုင္းမွာေတာ့ အခ်ိန္ယူၿပီး ေတာ္ေတာ္ ေလ့လာရတဲ့အတြက္ က်မတို႔ အေမရိကားအတြင္းမွာလည္း နည္းပညာသစ္တခုလို ပညာရွင္ ရွားပါးေသးတယ္လို႔ ေျပာလို႔ရပါတယ္။”
ဒီဘာသာရပ္က ေစာေစာကေျပာသလို ပညာရွင္လည္း နည္းပါးတယ္။ ပိုၿပီးေတာ့လည္း အခ်ိန္ေပး အားစိုက္ရတဲ့ ဘာသာရပ္ျဖစ္တယ္။ ကိုယ့္အတြက္ လြယ္လြယ္ကူကူနဲ႔ သင္ယူၿပီး အလုပ္လုပ္ဖို႔လည္း လြယ္ကူမယ့္ တျခား ဘာသာရပ္မ်ိဳး မဟုတ္တဲ့ ဒီဘာသာရပ္ကိုမွ ေလ့လာျဖစ္တာက ကိုယ္ ငယ္ငယ္ကတည္းက ဒါကို ေလ့လာခ်င္ခဲ့တာလား။
“က်မ ငယ္ငယ္တုန္းကတည္းက ဒီပညာရပ္မ်ိဳး ရွိတယ္လိုေတာင္ မသိခဲ့ပါဘူး။ ေနာက္တခါ ႏိုင္ငံျခားမွာ ဒီလို ပညာ လာသင္ျဖစ္မယ္လို႔လည္း မရည္႐ြယ္ျဖစ္ခဲ့ဘူး အစ္မရယ္။ အထူးသျဖင့္ လူလတ္တန္းစား မိသားစုက လာတဲ့ ေက်ာင္းသူ တေယာက္အေနနဲ႔ေပါ့။ ဒီနယ္ပယ္ရပ္ကို ေတြ႕ရွိျဖစ္ခဲ့တာကေတာ့ ျမန္မာျပည္ရဲ႕ စိတ္က်န္းမာေရး လိုအပ္ခ်က္ေတြကို က်မက ငယ္ငယ္ေလး ကတည္းက သေဘာေပါက္ခဲ့တယ္။ ႀကီးျပင္းခဲ့တာကလည္း ႏိုင္ငံေရး အသိုင္းအဝိုင္းမွာ။ က်မရဲ႕ အေဖက ႏိုင္ငံေရး အက်ဥ္းသားေဟာင္း တဦး ဆိုေတာ့ ႏိုင္ငံေရးအသိုင္းအ၀ိုင္း၊ တက္ႂကြလႈပ္ရွားသူေတြၾကားမွာ ႀကီးျပင္းလာေတာ့ စိတ္ဒဏ္ရာေတြ အေၾကာင္းကို ငယ္ငယ္ကတည္းက နားလည္ခဲ့တယ္။ စိတ္ဒဏ္ရာေတြေရာ၊ ႀကံ့ႀကံ့ခံႏိုင္စိတ္ေတြေရာ၊ ျမန္မာျပည္တြင္းက ျပည္သူေတြရဲ႕ အေျခအေနေတြကို နားလည္ခဲ့တဲ့ သူတေယာက္ အေနနဲ႔ တျဖည္းျဖည္းနဲ႔ ယူအက္စ္မွာ ပညာသင္ၾကားရင္းနဲ႔ ပထမဆုံး သင္ၾကားျဖစ္တာကေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာ သိပၸံဘာသာဘြဲ႕ကို ေလ့လာရင္းနဲ႔ Clinical Psychology နယ္ပယ္ကို က်မ ေတြ႕ရွိခဲ့တာပါ။ ေတြ႕ရွိခဲ့တဲ့ေနာက္မွာလည္း ခုနကေျပာသလို လက္ေတြ႕က်က် သင္ၾကားႏိုင္ဖို႔၊ ကုသမႈေတြ ေပးႏိုင္ဖို႔ေရာ ဆိုရင္ ဒီပညာရပ္က အရမ္း လိုအပ္ေနတာျဖစ္တဲ့အတြက္ ဒီ ပါရဂူဘြဲ႕ကို ၆ ႏွစ္ၾကာ သင္ယူရေပမဲ့ ဒါကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာပါ။”
ဟုတ္ကဲ့။ အေစာပိုင္းတုန္းကလည္း ေျပာပါတယ္။ လက္ရွိမွာ ကိုယ္က ျမန္မာႏိုင္ငံမွာရွိတဲ့ လိုအပ္ခ်က္ေတြကို ကူညီေပးႏိုင္ဖို႔အတြက္ စိတ္ပညာပိုင္းဆိုင္ရာ အႀကံေပးတာ၊ သင္တန္းပို႔ခ်တာေတြ လုပ္တယ္လို႔ ေျပာတယ္။ အခုကေတာ့ တဘက္မွာ ပညာလည္း သင္ရင္း၊ တဘက္မွာလည္း ျပန္မွ်ေဝရင္း ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန လူမႈအသိုင္းအဝိုင္းကို အက်ိဳးျပဳတဲ့သေဘာေပါ့ေလ။ ဒီ ပါရဂူဘြဲ႕ ရၿပီးလို႔ သင္ၾကားမႈေတြ ၿပီးသြားၿပီးရင္ေရာ ေရွ႕ဆက္ ကိုယ့္ျမန္မာႏိုင္ငံနဲ႔ လူမႈအသိုင္းအဝိုင္း၊ ကိုယ့္ပတ္ဝန္းက်င္အတြက္ ဘယ္ေလာက္အထိ ဆက္လုပ္သြားဖို႔ေရာ ေမွ်ာ္မွန္းထားလဲ။ စဥ္းစားထားပါလဲ။
“က်မရဲ႕ ရည္မွန္းခ်က္ ကေတာ့ အၿမဲတမ္း ျမန္မာျပည္ကို တေန႔ ျပန္ခြင့္ရၿပီးေတာ့ ဒီ စိတ္က်န္းမာေရးနဲ႔ ပတ္သက္တဲ့၊ ျမန္မာျပည္တြင္းမွာ ရွိၿပီးသား ျဖစ္တဲ့၊ အထူးသျဖင့္ Psychiatrist ေတြ ပိုမ်ားတာေပါ့ေနာ္။ စိတ္က်န္းမာေရး ဆရာဝန္ေတြနဲ႔ေရာ ျပည္တြင္းမွာလည္း အခုဆိုရင္ စိတ္က်န္းမာေရး ပညာရွင္ေတြ စၿပီးေတာ့ ထြန္းကားလာၿပီ။ ဒီပညာရွင္ေတြ အားလုံးနဲ႔ တြဲဖက္ၿပီးေတာ့ ပညာရွင္ေတြ ပိုၿပီး ထြန္းကား လာေအာင္။ ၿပီးရင္ စိတ္ဒဏ္ရာ ကုစားမႈေတြက ေရရွည္ လုပ္ယူရမွာ ျဖစ္တယ္။ က်မတို႔ ႏိုင္ငံတြင္းမွာကေလ။ တေန႔ က်မတို႔ ျပည္သူေတြ ေအာင္ပြဲရၿပီး ဒီမိုကေရစီ ရရွိခဲ့ၿပီးတဲ့ ေနာက္မွာေတာင္ အခ်င္းခ်င္း ျပန္လည္ ယုံၾကည္မႈ တည္ေဆာက္ရတာတို႔၊ လူငယ္ေတြ ကေလးငယ္ေတြရဲ႕ စိတ္ဒဏ္ရာေတြကို ကုစားရတာေတြက က်မတို႔ ႏွစ္ရွည္လမ်ားစြာ အခ်ိန္ယူ လုပ္ေဆာင္ရမွာ ေပါ့ေနာ္။ သုေတသနပိုင္းမွာေရာ၊ သင္ၾကားမႈပိုင္းမွာေရာ အမ်ားႀကီး ပါဝင္ဖို႔ က်မ ေမွ်ာ္လင့္ထားပါတယ္။ ေနာက္ၿပီးေတာ့ စိတ္ပညာကို စိတ္ဝင္စားတဲ့ ေလ့လာေနတဲ့ ေက်ာင္းသူေက်ာင္းသားေတြကိုလည္း ဒီလိုမ်ိဳး ပါရဂူဘြဲ႕ေတြကို စိတ္ဝင္စားတယ္ဆိုရင္ သင္ၾကားဖို႔ အားေပး ဖိတ္ေခၚခ်င္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ၆ ႏွစ္ၾကာ တက္ရေပမဲ့ ပညာသင္စရိတ္က အျပည့္ေပးတယ္။ ပညာသင္ဆု အျပည့္ ေပးတယ္ေပါ့ေနာ္။ တကၠသိုလ္ေတြက ၆ ႏွစ္စာလုံးကို ေပးၿပီးေတာ့ ပညာရွင္ေတြကိုလည္း လစဥ္ လစာေပးထားတယ္ ေပါ့ေနာ္။ ဆိုေတာ့ ဒီနယ္ပယ္ရပ္က က်မတို႔ အရမ္းကို လိုအပ္ေနတာ ျဖစ္တဲ့အတြက္ က်မကိုလည္း social media ေတြကေနတဆင့္၊ က်မရဲ႕ တကၠသိုလ္ အီးေမးက တဆင့္ ဆက္သြယ္ၿပီးေတာ့လည္း အႀကံဉာဏ္ ေတာင္းယူလို႔ ရပါတယ္။ ျပည္တြင္း ျပည္ပမွာရွိတဲ့ ျမန္မာ ေက်ာင္းသူေက်ာင္းသားေတြကို ဒီပညာရပ္ကို စိတ္ဝင္စားတယ္ဆိုရင္ ဒီလိုမ်ိဳး ပါရဂူဘြဲ႕ေတြ တက္ေရာက္ဖို႔လည္း ဖိတ္ေခၚပါရေစ။”
အခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။
==================================================
အမေရိကန် စိတ်ပညာအသင်း APA ရဲ့ ၂၀၂၂ ခုနှစ် ထူးချွန်ဆုရှင် မဖြူပန်းနုခင် (အမျိုးသမီးကဏ္ဍ)
အမေရိကန် စိတ်ပညာအသင်းကြီးက ချီးမြှင်တဲ့ ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် စိတ်ပညာရပ်ဆိုင်ရာ ထူးချွန် ကျောင်းသားဆုကို ဗားမောက်ပြည်နယ် ဗားမောက်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဘွဲ့လွန်ကျောင်းသူ မဖြူပန်းနုခင် ဂုဏ်ပြု ချီးမြှင့်ခံရပါတယ်။ ကုသရေးဆိုင်ရာ စိတ်ပညာဘာသာရပ်မှာ ထူးချွန်ရုံတင်မကဘဲ လူမှုအသိုင်းအဝိုင်းအတွင်း အကျိုးပြုလုပ်ငန်းတွေမှာ ရွတ်ရွတ်ချွံချွံ ပါဝင်ဆောင်ရွက်နေတဲ့ ဘွဲ့လွန် ကျောင်းသူ ကျောင်းသားတွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ ဒီဆုကို မြန်မာပြည်ဖွားတယောက် ပထမဆုံး အကြိမ်ရရှိတာပါ။ မဖြူပန်းနုခင်ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
အရင်ဆုံးပြောချင်တာကတော့ Congratulations ပါ။ အများကြီး ဝမ်းသာ ဂုဏ်ယူပါတယ်။ စိတ်ပညာရပ်ဆိုင်ရာ အမေရိကန်အသင်းကြီး (APA) က ပေးအပ်တဲ့ ၂၀၂၂ ခုနှစ်အတွက် ထူးချွန်ကျောင်းသားဆုကို ရတဲ့အတွက် အထူး ဂုဏ်ယူပါတယ်။ မြန်မာပြည်ဖွားတွေကြားမှာ ပထမဆုံး ဒီဆု ချီးမြှင့်ခံရတယ်လို့ ထင်ပါတယ်။ ခုလို ချီးမြှင့်ခံရတဲ့အတွက် ဘယ်လို ခံစားရလဲ ဆိုတာ အရင်ဆုံး ပြောပြပေးပါဦး။
“ဟုတ်ကဲ့ အစ်မ။ ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ကျမရဲ့ လုပ်ဆောင်မှုတွေနဲ့ သုတေသနနဲ့ပတ်သက်ပြီး အသိအမှတ်ပြု ပေးအပ်ခြင်းခံရတာ ဖြစ်တဲ့အတွက် ပိုပြီး အမှတ်တရဖြစ်ပြီး ဝမ်းသာဂုဏ်ယူရပါတယ်။ ကျမ တက်နေတဲ့ တက္ကသိုလ် University of Vermont (ဗားမောက်တက္ကသိုလ်) ပါမောက္ခတွေက ကျမတို့ မြန်မာပြည်မှာ ခက်ခဲလွန်းနေတဲ့ စိတ်ဒဏ်ရာပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျမ လေ့လာနေတယ်။ ပြည်သူတွေရဲ့ စိတ်ကျန်းမာရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတာကို သူတို့က အသိအမှတ်ပြုတဲ့အနေနဲ့ ကျမကို ရွေးချယ် စာရင်းသွင်းရင်းနဲ့ ခုလို အမေရိကန် စိတ်ပညာအသင်းကြီး ဖြစ်တဲ့ APA ကပေးတဲ့ဆုကို ကျမ ဒီနှစ် ရရှိခဲ့တာပါ။”
ကျမတို့ သိသလောက် ဆိုရင် ဒီဆုဟာ ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်ရုံတင် မကဘဲ လူမှုအသိုင်းအဝိုင်းအတွင်း အကျိုးပြုလုပ်ငန်းတွေမှာ ရွတ်ရွတ်ချွံချွံ ပါဝင်နေတဲ့သူတွေကို ပေးတာလို့လည်း သိရပါတယ်။ အဲ့ဒီအတွက်လည်း ပိုပြီးတော့ ဂုဏ်ယူစရာ ဖြစ်မယ်လို့လည်း ထင်ပါတယ်။
“ဟုတ်ကဲ့အစ်မ။ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ကျမက ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်က စိတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကျမတို့ အားလုံး တက်တက်ကြွကြွ ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ကြိုးစား ဆောင်ရွက်ကြတယ်။ ပညာပေး သင်တန်းတွေ ပေးကြတယ်။ ဒါတွေနဲ့ပတ်သက်လို့ အသိအမှတ်ပြုတာလည်း တခု ဖြစ်ပါတယ်။ နောက်တခု ကတော့ ကျမရဲ့ သုတေသနကျမ်းက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေး အကြမ်းဖက် ထိခိုက် ခံစားခဲ့ရသူတွေ၊ မြန်မာပြည်သူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ရေးသားတင်ပြဖို့ ကုထုံးတွေ အတွက်လည်း ကြိုးစား တင်ပြတဲ့အခါမှာ၊ ဒီလိုအခြေအနေမျိုးမှာ အထူးသဖြင့် APA လို အသင်းကြီးရဲ့ အသိအမှတ်ပြု ခံရတာက ပိုပြီးတော့ ရေရှည်အတွက်လည်း အကျိုးအမြတ်တွေ အများကြီး ရှိမယ်လို့ ကျမ မျှော်လင့်ပါတယ်။”
အဲ့တော့ တဆက်တည်းပဲ ဒီလိုဆုမျိုးကို ရလိုက်တဲ့အတွက် ကိုယ့်အတွက်၊ လက်ရှိ သင်ကြားမှုပိုင်း အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အတွက် ဘယ်လို အထောက်အပံ့ဖြစ်မယ်လို့ ထင်ပါလဲ။
“ဟုတ်ကဲ့အစ်မရေ။ အခု ကျမတို့ စိတ်ပညာနယ်ပယ်မှာ အကြီးမားဆုံး စိန်ခေါ်မှု၊ ကျမတို့ ရင်ဆိုင်နေရတာက နိုင်ငံတကာမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေ ပို ပိုပြီးတော့ များပြားလာနေတာနဲ့အမျှ ကျမတို့ ပြောမယ်ဆိုရင် ဒုတိယကမ္ဘာစစ် ပြီးကတည်းက နိုင်ငံရေး အကြမ်းဖက်မှုတွေကြား နေ့ရပ်စွန့်ခွာရတဲ့ ဒုက္ခသည်တွေက မကြုံဖူးလောက်အောင် တရှိန်ထိုး မြှင့်တက်လာနေတယ်။ ကျမတို့ မြန်မာပြည်မှာ ဆိုရင်လည်း ဒီလိုပဲ။ အဲ့လို အခြေအနေမျိုးမှာ ကျမတို့ စိတ်ပညာ အသိုင်းအဝိုင်းထဲမှာ စဉ်းစားမယ်ဆိုရင် ခေတ်အဆက်ဆက်က အသုံးပြုခဲ့တဲ့၊ ထိရောက်တယ်လို့ သက်သေပြထားတဲ့ ကုထုံးတွေက ကျမတို့ မြန်မာပြည်လို နေရာထဲမှာ လက်တွေ့ကျကျ အသုံးချဖို့ မဖြစ်နိုင်ဘူး ဖြစ်နေတယ်။ အဲ့လိုကာလမှာ ကြီးမားလွန်းတဲ့ ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ပညာရှင်ရော ဝန်ဆောင်မှုရော နည်းပါးနေတဲ့ နိုင်ငံမျိုးမှာ ဘယ်လို ထိထိရောက်ရောက် အဖြေရှာကြမလဲ ဆိုတဲ့ သုတေသနတွေက အများကြီး လိုအပ်လာတယ်။ လိုအပ်လာတဲ့ အခါမှာ ကျမတို့ ပညာရှင်တွေရဲ့ ကုသမှု၊ ဝန်ဆောင်မှုတင် မကဘဲ ပြည်သူ တဦးချင်းစီရဲ့ ကြံ့ကြံ့ ခံနိုင်စိတ်ကို ဘယ်လို တည်ဆောက်ကြမလဲ။ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အားလုံးက ဘယ်လို တယောက်ချင်းစီ တည်ဆောက်ပြီး ကြံ့ကြံ့ခံနိုင်တဲ့ လူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်မလဲ ဆိုတာတွေကို အဖြေရှာဖို့ ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေနဲ့လည်း ပူးပေါင်းပြီး စဉ်းစားတယ်။ သုတေသနကိုလည်း လုပ်ဆောင်နေတာပေါ့နော်။ ဒီလိုကာလမျိုးမှာ APA ရဲ့ ဆုကို ရရှိခြင်းအားဖြင့် ကျမတို့ ဒီနယ်ပယ်တွင်းမှာ နိုင်ငံတကာမှာရှိနေတဲ့၊ စိတ်ဒဏ်ရာတွေကို အထူးပြုနေတဲ့ ပညာရှင်တွေကို ကျမက ကျောင်းသူတယောက် ဘ၀ ကတည်းက ကွန်ရက် ပိုမို ချိတ်ဆက်မိတာပေါ့နော်။ သူတို့နဲ့ ချိတ်ဆက်မိပြီးတော့ မြန်မာပြည်အတွက် ရေရှည်လုပ်ချင်တဲ့ ကျမတို့ရဲ့ စီမံကိန်းတွေ၊ ကျန်းမာရေးအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။”
ကျမတို့ နားလည်သလောက်ဆိုရင် ဒီ စိတ်ပညာရပ်ထဲမှာမှ ကုသမှုပိုင်းဆိုင်ရာ စိတ်ပညာရပ် (clinical psychology) ကို လေ့လာတဲ့ ပညာရှင်တွေက ရှားပါး ပါတယ်။ ဒီအထဲမှာမှ မပန်းနုက ဒီဘာသာရပ်ကို လေ့လာနေတာ ဆိုတော့ ဘာကြောင့် ဒီဘာသာရပ်ကိုမှ လေ့လာဖြစ်တာလဲ ဆိုတာကိုလည်း ပြောပြပေးပါဦး။
“ဟုတ်ပါတယ် အစ်မရေ။ အစ်မပြောတာ အရမ်း မှန်ပါတယ်။ ဒီလို တိုးတက်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် စိတ်ပညာရှင်တွေထဲမှာ ကုသရေးဘက်ကို အထူးပြုတဲ့ clinical psychologist တွေက ရှားပါး ပါသေးတယ်။ အဲ့ဒါ ဘာလို့လဲ ဆိုတော့ ဒီပညာရပ်မှာ အထူး ပြုဖို့အတွက် ၆ နှစ်ကနေ ၁၀ နှစ်အတွင်း အချိန်ယူပြီး ကုသရေးဘက် treatment ပေါ့နော်။ နောက်တခုက စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို အဖြေရှာပေးတဲ့ diagnosis လို့ခေါ်တဲ့ assessment ပိုင်းကိုလည်း ဒီပညာရှင်တွေက အသေးစိတ် လေ့လာရတာ ဆိုတော့ treatment ကိုရော diagnosis ကိုရော အထူးပြုတဲ့ ဘာသာရပ် အနေနဲ့ နှစ်တွေ အများကြီး ယူပြီးတော့ ထဲထဲဝင်ဝင် လေ့လာကြရတယ်။ ကျမတို့ အထူးသဖြင့် စိတ်ရောဂါ အခြေအနေက အမျိုး ၁၅၀ ကျော်ရှိတယ်။ မတူညီတဲ့ စိတ်ရောဂါတွေကို ဘယ်လို ကုသမလဲ။ ဘယ်လို အဖြေရှာမလဲဆိုတာတွေက လူကြီးနဲ့ ကလေးတွေကြား ကွဲပြားတယ်။ နောက်တခါ အသက်အရွယ် ကွာခြားမှု၊ ကျား မ လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေကလည်း မတူညီတဲ့ စိတ်သဘာ၀ လိုအပ်ချက်တွေ၊ စိတ်ဒဏ်ရာတွေကို တုံ့ပြန်မှုချင်း မတူညီတာတွေ၊ ခံနိုင်ရည် ဘယ်လို ကွဲပြားသလဲ ဆိုတာတွေကို နားလည်မှသာလျင် ကျမတို့ရဲ့ ကုထုံးတွေကလည်း တိတိကျကျ ပိုပြီးတော့ ထိရောက်မှာ ဖြစ်တယ်ဆိုတဲ့ အခါကျတော့ ဒါကို ကျမတို့က သုတေသနပိုင်းအရ သိပ္ပံနည်းကျ လေ့လာတယ်။ ကုထုံးတွေကို ဆေးရုံ ဆေးခန်းတွေမှာ ဝန်ဆောင်မှု ပေးဖို့ လေ့လာကြရတယ်။ ဆိုတော့ ဒီပညာရှင်တွေက research လို့ခေါ်တဲ့ သုတေသန လုပ်ကြရတယ်။ clinical ကုသမှုပိုင်းဆိုင်ရာ လေ့လာကြရတယ်။ နောက်တခါ ပါမောက္ခတွေ အနေနဲ့လည်း တက္ကသိုလ်တွေကနေ စိတ်ပိုင်းဆိုင်ရာ ပညာရပ်တွေ ပို့ချ သင်ကြားပေးရတယ်။ ဆိုတော့ မြန်မာပြည်ဘက်မှာ စဉ်းစားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပညာရပ်မှာ ပညာရှင်တွေ အရမ်းနည်းပါးနေတယ်ဆိုတော့ ကျမက သင်ကြားရေးဘက်မှာရော စိတ်ဝင်စားတဲ့သူ တယောက် အနေနဲ့ရော၊ ကုသရေးပိုင်း၊ သုတေသနပိုင်းရော စိတ်ဝင်စားတဲ့သူ တယောက် အနေနဲ့ ဒီပညာရပ်ကို ရွေးချယ် ဖြစ်သွားတာပါ။ ဒီပညာရပ်ပိုင်းမှာတော့ အချိန်ယူပြီး တော်တော် လေ့လာရတဲ့အတွက် ကျမတို့ အမေရိကားအတွင်းမှာလည်း နည်းပညာသစ်တခုလို ပညာရှင် ရှားပါးသေးတယ်လို့ ပြောလို့ရပါတယ်။”
ဒီဘာသာရပ်က စောစောကပြောသလို ပညာရှင်လည်း နည်းပါးတယ်။ ပိုပြီးတော့လည်း အချိန်ပေး အားစိုက်ရတဲ့ ဘာသာရပ်ဖြစ်တယ်။ ကိုယ့်အတွက် လွယ်လွယ်ကူကူနဲ့ သင်ယူပြီး အလုပ်လုပ်ဖို့လည်း လွယ်ကူမယ့် တခြား ဘာသာရပ်မျိုး မဟုတ်တဲ့ ဒီဘာသာရပ်ကိုမှ လေ့လာဖြစ်တာက ကိုယ် ငယ်ငယ်ကတည်းက ဒါကို လေ့လာချင်ခဲ့တာလား။
“ကျမ ငယ်ငယ်တုန်းကတည်းက ဒီပညာရပ်မျိုး ရှိတယ်လိုတောင် မသိခဲ့ပါဘူး။ နောက်တခါ နိုင်ငံခြားမှာ ဒီလို ပညာ လာသင်ဖြစ်မယ်လို့လည်း မရည်ရွယ်ဖြစ်ခဲ့ဘူး အစ်မရယ်။ အထူးသဖြင့် လူလတ်တန်းစား မိသားစုက လာတဲ့ ကျောင်းသူ တယောက်အနေနဲ့ပေါ့။ ဒီနယ်ပယ်ရပ်ကို တွေ့ရှိဖြစ်ခဲ့တာကတော့ မြန်မာပြည်ရဲ့ စိတ်ကျန်းမာရေး လိုအပ်ချက်တွေကို ကျမက ငယ်ငယ်လေး ကတည်းက သဘောပေါက်ခဲ့တယ်။ ကြီးပြင်းခဲ့တာကလည်း နိုင်ငံရေး အသိုင်းအဝိုင်းမှာ။ ကျမရဲ့ အဖေက နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဆိုတော့ နိုင်ငံရေးအသိုင်းအဝိုင်း၊ တက်ကြွလှုပ်ရှားသူတွေကြားမှာ ကြီးပြင်းလာတော့ စိတ်ဒဏ်ရာတွေ အကြောင်းကို ငယ်ငယ်ကတည်းက နားလည်ခဲ့တယ်။ စိတ်ဒဏ်ရာတွေရော၊ ကြံ့ကြံ့ခံနိုင်စိတ်တွေရော၊ မြန်မာပြည်တွင်းက ပြည်သူတွေရဲ့ အခြေအနေတွေကို နားလည်ခဲ့တဲ့ သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ ယူအက်စ်မှာ ပညာသင်ကြားရင်းနဲ့ ပထမဆုံး သင်ကြားဖြစ်တာကတော့ ဦးနှောက်နဲ့ အာရုံကြော သိပ္ပံဘာသာဘွဲ့ကို လေ့လာရင်းနဲ့ Clinical Psychology နယ်ပယ်ကို ကျမ တွေ့ရှိခဲ့တာပါ။ တွေ့ရှိခဲ့တဲ့နောက်မှာလည်း ခုနကပြောသလို လက်တွေ့ကျကျ သင်ကြားနိုင်ဖို့၊ ကုသမှုတွေ ပေးနိုင်ဖို့ရော ဆိုရင် ဒီပညာရပ်က အရမ်း လိုအပ်နေတာဖြစ်တဲ့အတွက် ဒီ ပါရဂူဘွဲ့ကို ၆ နှစ်ကြာ သင်ယူရပေမဲ့ ဒါကို ရွေးချယ်ဖြစ်ခဲ့တာပါ။”
ဟုတ်ကဲ့။ အစောပိုင်းတုန်းကလည်း ပြောပါတယ်။ လက်ရှိမှာ ကိုယ်က မြန်မာနိုင်ငံမှာရှိတဲ့ လိုအပ်ချက်တွေကို ကူညီပေးနိုင်ဖို့အတွက် စိတ်ပညာပိုင်းဆိုင်ရာ အကြံပေးတာ၊ သင်တန်းပို့ချတာတွေ လုပ်တယ်လို့ ပြောတယ်။ အခုကတော့ တဘက်မှာ ပညာလည်း သင်ရင်း၊ တဘက်မှာလည်း ပြန်မျှဝေရင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုတဲ့သဘောပေါ့လေ။ ဒီ ပါရဂူဘွဲ့ ရပြီးလို့ သင်ကြားမှုတွေ ပြီးသွားပြီးရင်ရော ရှေ့ဆက် ကိုယ့်မြန်မာနိုင်ငံနဲ့ လူမှုအသိုင်းအဝိုင်း၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ဘယ်လောက်အထိ ဆက်လုပ်သွားဖို့ရော မျှော်မှန်းထားလဲ။ စဉ်းစားထားပါလဲ။
“ကျမရဲ့ ရည်မှန်းချက် ကတော့ အမြဲတမ်း မြန်မာပြည်ကို တနေ့ ပြန်ခွင့်ရပြီးတော့ ဒီ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့၊ မြန်မာပြည်တွင်းမှာ ရှိပြီးသား ဖြစ်တဲ့၊ အထူးသဖြင့် Psychiatrist တွေ ပိုများတာပေါ့နော်။ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ရော ပြည်တွင်းမှာလည်း အခုဆိုရင် စိတ်ကျန်းမာရေး ပညာရှင်တွေ စပြီးတော့ ထွန်းကားလာပြီ။ ဒီပညာရှင်တွေ အားလုံးနဲ့ တွဲဖက်ပြီးတော့ ပညာရှင်တွေ ပိုပြီး ထွန်းကား လာအောင်။ ပြီးရင် စိတ်ဒဏ်ရာ ကုစားမှုတွေက ရေရှည် လုပ်ယူရမှာ ဖြစ်တယ်။ ကျမတို့ နိုင်ငံတွင်းမှာကလေ။ တနေ့ ကျမတို့ ပြည်သူတွေ အောင်ပွဲရပြီး ဒီမိုကရေစီ ရရှိခဲ့ပြီးတဲ့ နောက်မှာတောင် အချင်းချင်း ပြန်လည် ယုံကြည်မှု တည်ဆောက်ရတာတို့၊ လူငယ်တွေ ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားရတာတွေက ကျမတို့ နှစ်ရှည်လများစွာ အချိန်ယူ လုပ်ဆောင်ရမှာ ပေါ့နော်။ သုတေသနပိုင်းမှာရော၊ သင်ကြားမှုပိုင်းမှာရော အများကြီး ပါဝင်ဖို့ ကျမ မျှော်လင့်ထားပါတယ်။ နောက်ပြီးတော့ စိတ်ပညာကို စိတ်ဝင်စားတဲ့ လေ့လာနေတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီလိုမျိုး ပါရဂူဘွဲ့တွေကို စိတ်ဝင်စားတယ်ဆိုရင် သင်ကြားဖို့ အားပေး ဖိတ်ခေါ်ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်ပြည်ထောင်စုမှာ ၆ နှစ်ကြာ တက်ရပေမဲ့ ပညာသင်စရိတ်က အပြည့်ပေးတယ်။ ပညာသင်ဆု အပြည့် ပေးတယ်ပေါ့နော်။ တက္ကသိုလ်တွေက ၆ နှစ်စာလုံးကို ပေးပြီးတော့ ပညာရှင်တွေကိုလည်း လစဉ် လစာပေးထားတယ် ပေါ့နော်။ ဆိုတော့ ဒီနယ်ပယ်ရပ်က ကျမတို့ အရမ်းကို လိုအပ်နေတာ ဖြစ်တဲ့အတွက် ကျမကိုလည်း social media တွေကနေတဆင့်၊ ကျမရဲ့ တက္ကသိုလ် အီးမေးက တဆင့် ဆက်သွယ်ပြီးတော့လည်း အကြံဉာဏ် တောင်းယူလို့ ရပါတယ်။ ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာ ကျောင်းသူကျောင်းသားတွေကို ဒီပညာရပ်ကို စိတ်ဝင်စားတယ်ဆိုရင် ဒီလိုမျိုး ပါရဂူဘွဲ့တွေ တက်ရောက်ဖို့လည်း ဖိတ်ခေါ်ပါရစေ။”
အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။