{{Zawgyi/Unicode}}
ျမန္မာ့အေရးဆုံးျဖတ္ခ်က္ေတြ တိုးတက္မႈရွိမရွိသုံးသပ္မယ့္ လုံၿခဳံေရးေကာင္စီရဲ႕ တနလၤာေန႔ ေဆြးေႏြးပြဲမွာ ပိုမိုထိေရာက္တဲ့ အေရးယူေဆာင္႐ြက္ခ်က္ေတြ လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ကုလသမဂၢဆိုင္ရာ ၿဗိတိန္သံအမတ္ႀကီး Woodward က ေျပာၾကားလိုက္ပါတယ္။ မတ္လ ၁၃ ရက္ တနလၤာေန႔ မြန္းလြဲပိုင္းမွာက်င္းပတဲ့ လုံၿခဳံေရးေကာင္စီရဲ႕ ျမန္မာ့အေရးတံခါးပိတ္ေဆြးေႏြးပြဲမတိုင္ခင္ ၿဗိတိန္သံအမတ္ႀကီးေျပာၾကားခ်က္တခ်ိဳ႕နဲ႔ ဘာေတြ ေဆြးေႏြးတင္ျပၾကဖို႔ရွိမလဲဆိုတာ မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလကခ်မွတ္ခဲ့တဲ့ လုံၿခဳံေရးေကာင္စီရဲ႕ပထမဆုံးအႀကိမ္ ျမန္မာ့အေရးဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ အေကာင္အထည္ေဖၚမႈရွိမရွိ သုံးသပ္တဲ့ ေဆြးေႏြးပြဲကို တနလၤာေန႔မြန္းလြဲပိုင္း ၃ နာရီက တံခါးပိတ္က်င္းပခဲ့တာပါ။ ေဆြးေႏြးပြဲမတိုင္ခင္မွာ သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံခဲ့တဲ့ ကုလသမဂၢဆိုင္ရာ ၿဗိတိန္အၿမဲတမ္းကိုယ္စားလွယ္သံအမတ္ႀကီး Babra Woodward က- ျမန္မာစစ္ေကာင္စီရဲ႕ဖိႏွိပ္မႈေအာက္မွာ ျမန္မာျပည္သူေတြရဲ႕ ၾကာရွည္ခံစားမႈေတြကို အဆုံးသတ္ေစေရး လုံၿခဳံေရးေကာင္စီရဲ႕ ဒီကေန႔ ေဆြးေႏြးပြဲကေန တိုးတက္မႈေတြလုပ္ႏိုင္ေအာင္ ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
"က်မတို႔အေနနဲ႔ တိုးတက္မႈေတြရွိလာဖို႔ေမွ်ာ္လင့္ထားတယ္ဆိုတာ ရွင္းရွင္းလင္းလင္းေျပာခ်င္ပါတယ္။ ျမန္မာျပည္သူေတြ ခံစားေနရတာၾကာေနပါၿပီ။ လုံၿခဳံေရးေကာင္စီမွာ ဒီကေန႔မြန္းလြဲပိုင္းမွာ ျမန္မာ့အေရးေဆြးေႏြးဖို႔ရွိပါတယ္။ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ အင္ဒိုနီးရွားရဲ႕ႏိုင္ငံျခားေရးဝန္ႀကီး Retno နဲ႔ ကုလသမဂၢအထူးသံတမန္ Noeleen Heyzer တို႔က က်မတို႔ကို အစီရင္ခံတင္ျပၾကဖို႔ရွိပါတယ္။ သူတို႔ေတြဟာ တပ္မေတာ္အပါအဝင္ NUG နဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြစတဲ့ သက္ဆိုင္သူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးထားတဲ့ အေျခအေနေတြကို ရွင္းလင္းတင္ျပၾကမွာပါ။"
လုံၿခဳံေရးေကာင္စီအေနနဲ႔ အာဆီယံရဲ႕ ျမန္မာ့အေရးဘုံသေဘာတူညီခ်က္ ငါးရပ္ကို အျပည့္အဝ သေဘာတူေထာက္ခံထားတယ္ဆိုတဲ့အခ်က္ကိုလည္း သံအမတ္ႀကီး Woodward ကရွင္းရွင္းလင္းေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အခုျပဳလုပ္မယ့္ လုံၿခဳံေရးေကာင္စီေဆြးေႏြးပြဲကေန ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ တိုးတက္မႈရွိတဲ့ ေဆာင္႐ြက္ခ်က္ေတြ ခ်မွတ္ႏိုင္ေရး ေမွ်ာ္လင့္ထားတယ္လို႔လည္း ဆိုပါတယ္။
"ျမန္မာျပည္သူေတြ ဒုကၡေရာက္ေနတာ ၾကာပါၿပီ။ ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ အရပ္သားေသဆုံးမႈႏႈန္း ဒုတိယေျမာက္အမ်ားဆုံးေနရာမွာရွိေနၿပီး ျမန္မာျပည္သူေတြအေနနဲ႔ အခ်ိန္အၾကာႀကီး မေစာင့္ႏိုင္ေတာ့ပါဘူး။"
လုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာ့အေရး ထိေရာက္ေအာင္ ကိုင္တြယ္ေဆာင္႐ြက္ဖို႔ အေရးႀကီးေနေၾကာင္းလည္း ကုလသမဂၢဆိုင္ရာ ေနာ္ေဝးသံအမတ္ႀကီး Mona Juul က တနလၤာေန႔က နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာျပဳလုပ္တဲ့ ျမန္မာအမ်ိဳးသမီး လူအခြင့္အေရးကာကြယ္သူေတြရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
"အတိုင္းအတာတခုအထိေတာ့ က်မတို႔ လုပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ ျမန္မာ့အေရးေဆြးေႏြးပြဲေတြ အမ်ားႀကီးရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာ လုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့တယ္ဆိုတဲ့တိုးတက္မႈရွိလာပါတယ္။ ဒါဟာ ႀကီးမားတဲ့ေအာင္ျမင္မႈတခုလို႔ က်မျမင္ပါတယ္။ ဒါေပမယ့္ ေနာက္ဆက္တြဲဘာျဖစ္မွာလဲ။ ဘာဆက္လုပ္မွာလဲဆိုတာက အေရးႀကီးပါတယ္။ အခုလို ျမန္မာႏိုင္ငံက ရဲရင့္တဲ့အမ်ိဳးသမီးေတြ၊ အရပ္ဘက္လူ႔အဖြဲ႕အစည္းေတြရဲ႕အသံေတြကို ၾကားသိေဖၚထုတ္ႏိုင္ဖို႔ လုံၿခဳံေရးေကာင္စီမွာ ပြင့္လင္းျမင္သာတဲ့ ျမန္မာအေရးေဆြးေႏြးပြဲေတြ ျပဳလုပ္ႏိုင္ဖို႔ အခုခ်ိန္မွာ အေရးႀကီးေနပါတယ္။"
အထူးသျဖင့္ တနလၤာေန႔မွာ ျပဳလုပ္တဲ့ ျမန္မာ့အေရးလုံၿခဳံေရးေကာင္စီလို တံခါးပိတ္ေဆြးေႏြးပြဲဆိုတာမ်ိဳးမျဖစ္သင့္ဘူးဆိုတာကို ျပတဲ့အေနနဲ႔ တေန႔တည္းမွာပဲ လူထုအေျချပဳအမ်ိဳးသမီးအဖြဲ႕အစည္းေတြရဲ႕အသံကို ေဖၚထုတ္တဲ့အေနနဲ႔ အခုလို သတင္းစာရွင္းလင္းပြဲကို ဦးေဆာင္က်င္းပရတာျဖစ္တယ္လို႔ သံအမတ္ႀကီး Mona Juul ကဆိုပါတယ္။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer အေနနဲ႔ လုံၿခဳံေရးေကာင္စီတံခါးပိတ္ေဆြးေႏြးပြဲမွာ လူကိုယ္တိုင္ တက္ေရာက္တင္ျပမယ့္အေၾကာင္းအရာေတြနဲ႔ ပတ္သက္လို႔ တနလၤာေန႔က နယူးေရာက္ကုလသမဂၢဌာနခ်ဳပ္မွာ ပုံမွန္ျပဳလုပ္တဲ့အတြင္းေရးမႉးခ်ဳပ္႐ုံးရဲ႕ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာခြင့္ရ Stephane Dujarric က အခုလိုေျပာပါတယ္။
"ၿပီးခဲ့တဲ့ ဒီဇင္ဘာလက လုံၿခဳံေရးေကာင္စီ ခ်မွတ္ခဲ့တဲ့ ျမန္မာ့အေရးဆုံးျဖတ္ခ်က္ ၂၆၆၉ ကို အေကာင္အထည္ေဖၚေရး သူ႔ရဲ႕ႀကိဳးပမ္းမႈေတြနဲ႔ အာဆီယံ ျမန္မာ့အေရးဘုံသေဘာတူညီခ်က္ ငါးရပ္ကို အေကာင္အထည္ေဖၚေရး ကုလသမဂၢရဲ႕ ပံ့ပိုးကူညီမႈေတြရဲ႕ ေနာက္ဆုံးအေျခအေနေတြကို Noeleen Heyzer က လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြကို တင္ျပဖို႔ရွိပါတယ္။"
ဒါ့ျပင္ အာဆီယံဘုံသေဘာတူညီခ်က္ေတြမွာ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈကို အဆုံးသတ္ဖို႔၊ သက္ဆိုင္သူအားလုံးနဲ႔ ထိေတြ႕ဆက္ဆံဖို႔နဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေပးအပ္ဖို႔ စတာေတြ ပါဝင္ေၾကာင္း Stephane Dujarric ကေျပာၾကားခဲ့ပါတယ္။
အထူးသံတမန္အေနနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေပးေရးမွာ အားလုံးပါဝင္ခြင့္ရရွိေရး၊ ႐ိုဟင္ဂ်ာပညာေရး၊ အမ်ိဳးသမီး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရး၊ အျခားေသာ အေရးပါတဲ့ ကိစၥရပ္ေတြမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ အေျခအေနေတြကိုလည္း လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ႏိုင္ငံ ၁၅ ႏိုင္ငံကို တင္ျပဖို႔ရွိတယ္လို႔လည္း ေျပာပါတယ္။
ဒီသတင္းပတ္ေႏွာင္းပိုင္းမွာ ကုလသမဂၢအေထြေထြညီလာခံမွာ Noeleen Heyzer အေနနဲ႔ ျမန္မာ့အေရး အစီရင္ခံတင္ျပဖို႔ရွိေၾကာင္းလည္း Stephane Dujarric ကဆိုပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလကခ်မွတ္ခဲ့တဲ့ လုံၿခဳံေရးေကာင္စီရဲ႕ပထမဆုံးအႀကိမ္ ျမန္မာ့အေရး ဆုံးျဖတ္ခ်က္မွာ- ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္ဆိုင္းၿပီး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အခိုင္အမာ အေကာင္အထည္ေဖၚဖို႔ ျမန္မာျပည္သူေတြရဲ႕ဒီမိုကေရစီနဲ႔လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔နဲ႔ ခ်ိဳးေဖါက္က်ဳးလြန္သူေတြကို အေရးယူႏိုင္ဖို႔၊ လူသားခ်င္းစာနာေထာက္ထားမႈ လိုအပ္ေနသူေတြဆီကို အကူအညီေတြ အဟန႔္အတားမရွိ ေပးအပ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ မတရားဖမ္းဆီးထားသူေတြကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။
==================
{{Unicode}}
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး
မြန်မာ့အရေးဆုံးဖြတ်ချက်တွေ တိုးတက်မှုရှိမရှိသုံးသပ်မယ့် လုံခြုံရေးကောင်စီရဲ့ တနင်္လာနေ့ ဆွေးနွေးပွဲမှာ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Woodward က ပြောကြားလိုက်ပါတယ်။ မတ်လ ၁၃ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် ဗြိတိန်သံအမတ်ကြီးပြောကြားချက်တချို့နဲ့ ဘာတွေ ဆွေးနွေးတင်ပြကြဖို့ရှိမလဲဆိုတာ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ပထမဆုံးအကြိမ် မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အကောင်အထည်ဖေါ်မှုရှိမရှိ သုံးသပ်တဲ့ ဆွေးနွေးပွဲကို တနင်္လာနေ့မွန်းလွဲပိုင်း ၃ နာရီက တံခါးပိတ်ကျင်းပခဲ့တာပါ။ ဆွေးနွေးပွဲမတိုင်ခင်မှာ သတင်းထောက်တွေနဲ့တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး Babra Woodward က- မြန်မာစစ်ကောင်စီရဲ့ဖိနှိပ်မှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ကြာရှည်ခံစားမှုတွေကို အဆုံးသတ်စေရေး လုံခြုံရေးကောင်စီရဲ့ ဒီကနေ့ ဆွေးနွေးပွဲကနေ တိုးတက်မှုတွေလုပ်နိုင်အောင် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
"ကျမတို့အနေနဲ့ တိုးတက်မှုတွေရှိလာဖို့မျှော်လင့်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ မြန်မာပြည်သူတွေ ခံစားနေရတာကြာနေပါပြီ။ လုံခြုံရေးကောင်စီမှာ ဒီကနေ့မွန်းလွဲပိုင်းမှာ မြန်မာ့အရေးဆွေးနွေးဖို့ရှိပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့နိုင်ငံခြားရေးဝန်ကြီး Retno နဲ့ ကုလသမဂ္ဂအထူးသံတမန် Noeleen Heyzer တို့က ကျမတို့ကို အစီရင်ခံတင်ပြကြဖို့ရှိပါတယ်။ သူတို့တွေဟာ တပ်မတော်အပါအဝင် NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေစတဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးထားတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြကြမှာပါ။"
လုံခြုံရေးကောင်စီအနေနဲ့ အာဆီယံရဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ သဘောတူထောက်ခံထားတယ်ဆိုတဲ့အချက်ကိုလည်း သံအမတ်ကြီး Woodward ကရှင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အခုပြုလုပ်မယ့် လုံခြုံရေးကောင်စီဆွေးနွေးပွဲကနေ မြန်မာ့အရေးနဲ့ပတ်သက်လို့ တိုးတက်မှုရှိတဲ့ ဆောင်ရွက်ချက်တွေ ချမှတ်နိုင်ရေး မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။
"မြန်မာပြည်သူတွေ ဒုက္ခရောက်နေတာ ကြာပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှုနှုန်း ဒုတိယမြောက်အများဆုံးနေရာမှာရှိနေပြီး မြန်မာပြည်သူတွေအနေနဲ့ အချိန်အကြာကြီး မစောင့်နိုင်တော့ပါဘူး။"
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး ထိရောက်အောင် ကိုင်တွယ်ဆောင်ရွက်ဖို့ အရေးကြီးနေကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံအမတ်ကြီး Mona Juul က တနင်္လာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီး လူအခွင့်အရေးကာကွယ်သူတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"အတိုင်းအတာတခုအထိတော့ ကျမတို့ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ မြန်မာ့အရေးဆွေးနွေးပွဲတွေ အများကြီးရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်ဆိုတဲ့တိုးတက်မှုရှိလာပါတယ်။ ဒါဟာ ကြီးမားတဲ့အောင်မြင်မှုတခုလို့ ကျမမြင်ပါတယ်။ ဒါပေမယ့် နောက်ဆက်တွဲဘာဖြစ်မှာလဲ။ ဘာဆက်လုပ်မှာလဲဆိုတာက အရေးကြီးပါတယ်။ အခုလို မြန်မာနိုင်ငံက ရဲရင့်တဲ့အမျိုးသမီးတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့အသံတွေကို ကြားသိဖေါ်ထုတ်နိုင်ဖို့ လုံခြုံရေးကောင်စီမှာ ပွင့်လင်းမြင်သာတဲ့ မြန်မာအရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ အခုချိန်မှာ အရေးကြီးနေပါတယ်။"
အထူးသဖြင့် တနင်္လာနေ့မှာ ပြုလုပ်တဲ့ မြန်မာ့အရေးလုံခြုံရေးကောင်စီလို တံခါးပိတ်ဆွေးနွေးပွဲဆိုတာမျိုးမဖြစ်သင့်ဘူးဆိုတာကို ပြတဲ့အနေနဲ့ တနေ့တည်းမှာပဲ လူထုအခြေပြုအမျိုးသမီးအဖွဲ့အစည်းတွေရဲ့အသံကို ဖေါ်ထုတ်တဲ့အနေနဲ့ အခုလို သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပရတာဖြစ်တယ်လို့ သံအမတ်ကြီး Mona Juul ကဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer အနေနဲ့ လုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမှာ လူကိုယ်တိုင် တက်ရောက်တင်ပြမယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တနင်္လာနေ့က နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ ပုံမှန်ပြုလုပ်တဲ့အတွင်းရေးမှူးချုပ်ရုံးရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရ Stephane Dujarric က အခုလိုပြောပါတယ်။
"ပြီးခဲ့တဲ့ ဒီဇင်ဘာလက လုံခြုံရေးကောင်စီ ချမှတ်ခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖေါ်ရေး သူ့ရဲ့ကြိုးပမ်းမှုတွေနဲ့ အာဆီယံ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖေါ်ရေး ကုလသမဂ္ဂရဲ့ ပံ့ပိုးကူညီမှုတွေရဲ့ နောက်ဆုံးအခြေအနေတွေကို Noeleen Heyzer က လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို တင်ပြဖို့ရှိပါတယ်။"
ဒါ့ပြင် အာဆီယံဘုံသဘောတူညီချက်တွေမှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ စတာတွေ ပါဝင်ကြောင်း Stephane Dujarric ကပြောကြားခဲ့ပါတယ်။
အထူးသံတမန်အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေး၊ ရိုဟင်ဂျာပညာရေး၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ အခြားသော အရေးပါတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံကို တင်ပြဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ဒီသတင်းပတ်နှောင်းပိုင်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ Noeleen Heyzer အနေနဲ့ မြန်မာ့အရေး အစီရင်ခံတင်ပြဖို့ရှိကြောင်းလည်း Stephane Dujarric ကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ပထမဆုံးအကြိမ် မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ- မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ အကောင်အထည်ဖေါ်ဖို့ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ ချိုးဖေါက်ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူတွေဆီကို အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။