သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာနယ်စပ်မှာ AIDS ပညာပေးဟောပြော 


ထိုင်း၊ မြန်မာနယ်စပ်မှာ AIDS ပညာပေးဟောပြော 
ထိုင်း၊ မြန်မာနယ်စပ်မှာ AIDS ပညာပေးဟောပြော 

World AIDS နေ့ အထိမ်းအမှတ်အဖြစ် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲဆောက်ဆေးရုံကြီး ၊ မယ်တော်ဆေးခန်းနဲ့ ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ လူထုအခြေပြု အဖွဲ့အစည်းတွေက ပညာပေး ဟောပြောပွဲတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ် ။  ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်မှာ AIDS ပညာပေးဟောပြော

{{Zawgyi/Unicode}}
အပြည်ပြည်ဆိုင်ရာကမ္ဘာ့ AIDS နေ့ World AIDS နေ့ အထိမ်းအမှတ်အဖြစ် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲဆောက်ဆေးရုံကြီး ၊ မယ်တော်ဆေးခန်းနဲ့ ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ လူထုအခြေပြု အဖွဲ့အစည်းတွေက ပညာပေး ဟောပြောပွဲတွေကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းမှာ မဲဆောက်ဆေးရုံကြီး NGO အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ လူထုအခြေပြုအဖွဲ့ အစည်းတွေ HIVနဲ့ အတူယှဉ်တွဲ နေထိုင်တဲ့သူတွေ အားလုံးစုပေါင်းပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့AIDS နေ့ အထိမ်းအမှတ်အဖြစ် ပညာပေး ဟောပြောပွဲကို လုပ်ခဲ့တာပါ။ ဒီပွဲမှာပဲ အစိုးရ မဟုတ်တဲ့အဖွဲ့ အစည်းတခုဖြစ်တဲ့ SMRU အဖွဲ့ က ဆရာမ နော်ဒါးကတော့ ဆေးတွေကို အဆက်မပြတ်သောက်ဖို့နဲ့ HIV ပိုးကူးစက်မူ့တွေ မဖြစ်အောင် ဘယ်လိုကာကွယ် နေထိုင်သင့်တယ်ဆိုတာကို ပညာပေး ဟောပြောခဲ့ပါတယ်။

" ဘယ်လိုဖြစ်ဖြစ် ဘယ်လိုပဲလုပ်လုပ် အကာကွယ်မရှိရင်တော့ ကူးစက်မှာပဲ။ ဒီအချိန်မှာအန္တရာယ်ရှိတဲ့ အချိန်ဖြစ်ဖြစ်ပါတယ်။ မျက်စီနဲ့ မမြင်နိုင်ဘူး။ ကျန်းမာတဲ့သူအေနေနဲ့ ဒါဟာHIV ပိုးတွေနဲ့အတူ အသက်ရှင်နေတာဖြစ်တယ်။ ရောဂါစရှိတာပဲဖြစ်ဖြစ် ဆေးသောက်တာဆိုရင် လူတွေကအသက်ရှင်နေတာဖြစ်တယ် ။ နည်းနည်းကြာလာတဲ့အမျှ သွေးဖြူဥတွေနည်းသွားတယ်။ HIV ပိုးတွေ ပိုများလာတာဖြစ်တယ်"

မဲဆောက်ဆေးရုံကြီးက တာဝန်ရှိသူတဦးကတော့ အခုဆိုရင် မြန်မာပြည်သား လူနာအသစ်တွေကို လက်ခံရတာတွေရှိကြောင်း သူတို့အနေနဲ့ ARVဆေးရနိုင်တဲ့ နည်းလမ်းတွေကို ညွန်ပြမူတွေလုပ်ပေးနေတယ်ဆိုတဲ့ အကြောင်းတွေကိုပြောပြပါတယ် ။

" ဒီနေ့ World AIDS နေ့မှာ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံရလို့ ဝမ်းသာတယ်။ ကျမတို့ဆေးရုံကြီးက ပူးပေါင်းလုပ်ဆောင်တာတွေရှိပါတယ်။ ကျမတို့က လူနာအသစ်တွေကိုတွေ့တဲ့အခါမှာ သူတို့ဘယ်လိုနေထိုင်ရမလဲဆိုတာ သိရှိဖို့နဲ့ လူမူအသိုင်းအဝိုင်းထဲမှာ ခွဲခြားဆက်ဆံမူမရှိစေပဲ ဆေးဝါးတွေ ဘယ်လိုရရှိနိုင်မလဲဆိုတာ သိရှိဖို့အတွက် လုပ်ဆောင်ပေးပါတယ်"

အခုဆိုရင် အရင်ကထက်စာရင် HIV ကူးစက်သူတွေများလာပြီး တချို့ လူနာတွေဟာ သူတို့ကူးစက်နေတာကိုသိပေမယ့် နောက်အိမ်ထောင်တွေ ထပ်ပြုတာတွေ ဆေးကိုဆက်မသောက်ပဲ ဖြတ်ပစ်တာတွေကြောင့် ကိုယ်ခံအားနည်းပြီး သေလုမျောပါး ကျန်းမာရေး ထိခိုက်မူတွေကိုကြုံရတယ်လို့ လည်း ကိုယ့်တွေကြုံရတဲ့ လူနာတဦးက အခုလိုပြောသွားပါတယ်။

" HIV လူနာအတွက် သောက်တဲ့ဆေးကို ကျမဟာ တနှစ်ကျော်ကြာပြတ်သွားပါတယ် ။ ကျမ အိမ်ထောင်ကျတော့ ကျမအမျိုးသားက ဘန်ကောက်ကပါ။ တနှစ်ကျော်ကြာပြတ်သွားတော့ ကိုယ့်ကျန်းမာရေးအတွက် ထိမ်းထားပေးတဲ့ဆေးကို ကျမကဖြတ်လိုက်မိတဲ့အတွက် ဒီဆေးရဲ့ဆိုးကျိုးကိုကျမက ခံစားရတာပေါ့နော်"

ထိုင်း၊ မြန်မာနယ်စပ်မှာတော့ 2019 - 2020 မှာ မယ်တော်ဆေးခန်းကနေ မြန်မာရွှေပြောင်းအလုပ်သမား ၃၃၀၀ကျော်ကို HIV ပိုးစစ်ရာမှာ ၁၀ရာခိုင်နှုံးကျော် ပိုးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ကိုဗစ်ကပ်ဘေးကာလမှာတော့ လူတွေ စုဝေးတာတွေ မလုပ်ရတာတွေ ဆေးခန်းက ဌာနဆိုင်ရာတချို့ယာယီပိတ်ရတာတွေရှိတာကြောင့် ကိုဗစ်ကပ်ဘေးကာလမှာ လူအတော်များများကိုစစ်ဆေးတာတွေမလုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။

လက်ရှိမှာတော့ မယ်တော်ဆေးခန်း တခုတည်းမှာပဲ ARV ဆေးပေးနေရတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၃၀၀၀န်းကျင်ရှိနေပါတယ် ။ တခြားလက်လှမ်းမမှီတဲ့ မြိုနယ်တွေထဲက လူတချို့ကတော့ ဆေးဝါးရရှိဖို့ အခက်အခဲရှိနေတယ်လို့လည်းပြောကြပါတယ် ။မြန်မာ့နိုင်ငံရေး မတည်ငြိမ်မူ ဖြစ်နေတဲ့ လက်ရှိကာလမှာတော့ ထိုင်းမြန်မာနယ်စပ်မှာ ARV ဆေးဝါးပြတ်လတ်နေသူတွေလည်းအများအပြားရှိနေတယ်လို့လည်း ပညာပေးလုပ်ဆောင်နေသူတွေကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}









XS
SM
MD
LG