သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဘာ၀၀န္းက်င္ဆိုင္ရာ သတင္းတိုထြာ


Arctic သမုဒၵရာ တြင္ ပတ္၀န္းက်င္လႈပ္ရွားသူတဦး ဆႏၵျပေနစဥ္

(Zawgyi/Unicode)

ကမၻာေပၚမွာ လက္ရွိ ျဖစ္ေပၚေနတဲ့ ဥတု ရာသီဆိုင္ရာ အေျပာင္းအလဲနဲ႔ သဘာဝဝန္းက်င္ဆိုင္ရာ အစိုးရေတြရဲ႕ ဆုံးျဖတ္ခ်က္ အေျခအေနေတခ်ဳိ႕ကို တင္ျပရရင္ေတာ့-

ၿဗိတိန္ႏိုင္ငံေတာင္ပိုင္း ကမ္းရိုးတန္းကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဝင္ေရာက္တုိက္ခတ္ခဲ့တဲ့ Bella မုန္တိုင္းေၾကာင့္ ကမ္းေျခမွာရွိတဲ့ Newhaven မီးျပတုိက္ကို လႈိင္းလုံးႀကီးေတြ ဝါးၿမဳိခဲ့သလို၊ ေလေရာ မိုးပါ ႀကီးခဲ့ၿပီး ၿဗိတိန္မွာေရာ ျပင္သစ္ႏိုင္ငံ အေနာက္ေျမာက္ဘက္ျခမ္းက ေထာင္ခ်ီတဲ့ အိမ္ေတြမွာပါ လွ်ပ္စစ္မီး ျပတ္ေတာက္ သြားခဲ့ပါတယ္။ ေလတိုက္ႏႈန္းက ၁နာရီ (၁၂၀)ကီလိုမီတာႏႈန္း အထိ ရွိခဲ့တာပါ။

သမၼတ ထရမ့္အစိုးရကေတာ့ ၁၉၇၃ ခုႏွစ္ အေမရိကန္က ျပည္နယ္ ၄၈ ခုမွာ ျပဌာန္းထားတဲ့ ESA ေခၚ ကာကြယ္ထိန္းသိမ္းရမယ့္ သတၱဝါမ်ဳိးစိတ္ စာရင္းထဲကေန မီးခိုေရာင္ဝံပုေလ ြရွားပါးေခြးေတြကုိ ဆက္ၿပီး မထည့္သြင္းေတာ့ဖို႔ ပယ္ဖ်က္လိုက္တဲ့ ဆုံးျဖတ္ခ်က္က လာမယ့္ ဇန္နဝါရီကစလို႔ အက်ဳိးသက္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီ ျပည္နယ္ ၄၈ ခုမွာရွိတဲ့ မီးခိုးေရာင္ ဝံပုေလြ အေကာင္ေရ (၆)ေထာင္ဝန္းက်င္ရဲ႕ ကံၾကမၼာအတြက္ သဘာဝဝန္းက်င္နဲ႔ တိရစၦာန္ ခ်စ္ျမတ္ႏိုးသူေတြက စုိးရိမ္ ေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ၂၀၂၁ ခုႏွစ္ကစၿပီး တကမၻာလုံးက တင္ပို႔လာတဲ့ ေျခဖ်က္ဖို႔မလြယ္တဲ့ စ ြန္႔ပစ္အမႈိက္ တင္သြင္းမႈအားလုံးကို ပိတ္ပင္ေတာ့မွာ ျဖစ္တယ္လို႔ တ႐ုတ္ႏို္င္ငံ အေကာက္ခြန္ဌာန ၊ တရုတ္ ေဂဟ ေဗဒစနစ္နဲ႔ သဘာဝဝန္းက်င္ဆိုင္ရာ ဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္က ဆုိပါတယ္။ တရုတ္ႏိုင္ငံဟာ အဲဒီလို စြန္႔ပစ္အမႈိက္ေတြကို တနည္းတဖုံျပန္သုံးဖို႔ အရင္တုန္းက တင္သြင္းမႈ လုပ္ခဲ့ရာက သဘာဝ ပတ္ဝန္းက်င္ကို ထိခို္္က္လာတဲ့အတြက္ ဒါကို ကန္႔သန္႔ဖို႔ အခ်ိန္အေတာ္ၾကာ ႀကဳိးစားခဲ့တာ ျဖစ္ပါတယ္။

သဘာ၀ ၀န္းက်င္ဆိုင္ရာ သတင္းတိုထြာ
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္


...............

သဘာ၀ ဝန်းကျင်ဆိုင်ရာ သတင်းတိုထွာ

(Unicode)

ကမ္ဘာပေါ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဥတု ရာသီဆိုင်ရာ အပြောင်းအလဲနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ အစိုးရတွေရဲ့ ဆုံးဖြတ်ချက် အခြေအနေတေချို့ကို တင်ပြရရင်တော့-

ဗြိတိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Bella မုန်တိုင်းကြောင့် ကမ်းခြေမှာရှိတဲ့ Newhaven မီးပြတိုက်ကို လှိုင်းလုံးကြီးတွေ ဝါးမြိုခဲ့သလို၊ လေရော မိုးပါ ကြီးခဲ့ပြီး ဗြိတိန်မှာရော ပြင်သစ်နိုင်ငံ အနောက်မြောက်ဘက်ခြမ်းက ထောင်ချီတဲ့ အိမ်တွေမှာပါ လျှပ်စစ်မီး ပြတ်တောက် သွားခဲ့ပါတယ်။ လေတိုက်နှုန်းက ၁နာရီ (၁၂၀)ကီလိုမီတာနှုန်း အထိ ရှိခဲ့တာပါ။

သမ္မတ ထရမ့်အစိုးရကတော့ ၁၉၇၃ ခုနှစ် အမေရိကန်က ပြည်နယ် ၄၈ ခုမှာ ပြဌာန်းထားတဲ့ ESA ခေါ် ကာကွယ်ထိန်းသိမ်းရမယ့် သတ္တဝါမျိုးစိတ် စာရင်းထဲကနေ မီးခိုရောင်ဝံပုလေ ွရှားပါးခွေးတွေကို ဆက်ပြီး မထည့်သွင်းတော့ဖို့ ပယ်ဖျက်လိုက်တဲ့ ဆုံးဖြတ်ချက်က လာမယ့် ဇန်နဝါရီကစလို့ အကျိုးသက်ရောက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပြည်နယ် ၄၈ ခုမှာရှိတဲ့ မီးခိုးရောင် ဝံပုလွေ အကောင်ရေ (၆)ထောင်ဝန်းကျင်ရဲ့ ကံကြမ္မာအတွက် သဘာဝဝန်းကျင်နဲ့ တိရစ္ဆာန် ချစ်မြတ်နိုးသူတွေက စိုးရိမ် နေကြပါတယ်။

တရုတ်နိုင်ငံကတော့ ၂၀၂၁ ခုနှစ်ကစပြီး တကမ္ဘာလုံးက တင်ပို့လာတဲ့ ခြေဖျက်ဖို့မလွယ်တဲ့ စ ွန့်ပစ်အမှိုက် တင်သွင်းမှုအားလုံးကို ပိတ်ပင်တော့မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်ဌာန ၊ တရုတ် ဂေဟ ဗေဒစနစ်နဲ့ သဘာဝဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီလို စွန့်ပစ်အမှိုက်တွေကို တနည်းတဖုံပြန်သုံးဖို့ အရင်တုန်းက တင်သွင်းမှု လုပ်ခဲ့ရာက သဘာဝ ပတ်ဝန်းကျင်ကို ထိခို်က်လာတဲ့အတွက် ဒါကို ကန့်သန့်ဖို့ အချိန်အတော်ကြာ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG