သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန်နဲ့ ဆွီဒင် ကွာတားဖိုင်နယ်တက်


အင်္ဂလန်နဲ့ ကိုလံဘီယာကစားစဉ်
အင်္ဂလန်နဲ့ ကိုလံဘီယာကစားစဉ်

ကမ္ဘာ့ဖလားဘောလုံး ရှုံးထွက်နောက်ဆုံးပွဲစဉ်တွေကို မနေ့တုန်းကကစားခဲ့ကြတဲ့အခါ ဆွီဒင်နဲ့ အင်္ဂလန် အသင်းတို့ အနိုင်ရပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို တက်သွားခဲ့ပါပြီ။ ဆွီဒင်နဲ့ ဆွစ်ဇာလန်ပွဲမှာ ဆွီဒင်က ၁ဂိုးဂိုးမရှိနဲ့နိုင်သွားခဲ့ပါတယ်။ ဆွစ် ဇာလန်ကစားသမားရဲ့ခြေနဲ့ထိလို့ ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်ခဲ့ပြီး ဆွီဒင်အနိုင်ရခဲ့တာပါ။

မနေ့ကပွဲတွေထဲမှာ ပင်နလ်တီ ကန်ရတဲ့အထိ အကြိတ်အနယ်ကစားခဲ့ကြတဲ့ပွဲကတော့ အင်္ဂလန်နဲ့ ကိုလံဘီယာပွဲပါ။ ပထမဂိုးကို အင်္ဂလန်က ပင်နလ်တီ နဲ့ ဒုတိယပိုင်း၅၆မိနစ်မှာ သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ ကိုလံဘီယာက ခြေပဂိုးသွင်းနိုင်ခဲ့လို့ အချိန်ပို ၁၅ မိနစ်ဆီထပ်ကစားရပါတယ်။ အဲဒီမှာလည်း တဂိုမှမသွင်းနိုင်ခဲ့လို့ ပင်နလ်တီနဲ့အဆုံးအဖြတ်လုပ်ခဲ့တဲ့အခါ အင်္ဂလန်က ၄ဂိုး၃ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နလ်ကို တက်သွားခဲ့ပါပြီး ကွာတားဖိုင်နလ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်နဲ့ ဆွီဒင်၊ ရုရှားနဲ့ ခရိုအေး ရှား၊ ဘရာဇီးလ်နဲ့ ဘလ်ဂျီယန်၊ ဥရုဂွေးနဲ့ ပြင်သစ်တို့ကစားကြရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG