သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး တေျပးညီရရွိဖို႔ ကုလအတြင္းေရးမႈးခ်ဳပ္တိုက္တြန္း


ကမၻာ့ကုန္သြယ္ေရးညီလာခံ ၂၀၂၀ တြင္ေတြ ့ရေသာ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ( ဓာတ္ပံု - AFP)

ဖြံၿဖိဳးဆဲ ႏိုင္ငံေတြအတြက္ ကိုဗစ္ 19 ကာကြယ္ေဆး ရရွိေရး ပံ့ပိုးဖို႔၊ ရာသီဥတုေဖါက္ျပန္ေျပာင္းလဲမႈေတြကို တိုက္ဖ်က္ၿပီး ကမာၻ႔ေငြေၾကးစနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က မေန႔က အြန္လိုင္းကေနက်င္းပတဲ့ ကမာၻ႔စီးပြားေရး ဖိုရမ္မွာ ကမာၻ႔စီးပြားေရး ေခါင္းေဆာင္ေတြကို တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

ေနာင္ႀကဳံလာမယ့္ ကပ္ေရာဂါဆိုးႀကီးကို ကာကြယ္ဖို႔ ေစာင့္ၾကည့္ေလ့လာတဲ့စနစ္၊၊ ေစာေစာစီးစီး စမ္းသပ္တဲ့ စနစ္နဲ႔၊ ႏိုင္ငံတိုင္းက ခ်က္ျခင္း အင္တိုက္အားတိုက္ တုံ႔ျပန္တာ၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးကို အားေကာင္းေအာင္ လုပ္ေဆာင္တာေတြအတြက္ အမ်ားလက္ခံတဲ့ ရင္းႏွီးမႈေတြ ရွိရပါလိမ့္မယ္လို႔ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က Davos ညီလာခံအတြက္ နယူးေယာက္ၿမိဳ႕ကေန ေျပာဆိုတာပါ။

ႏိုင္ငံတိုင္းမွာ ေဒသတြင္း အေျခခံ က်န္းမာေရး ေစာင့္ေရွာက္မႈ အားေကာင္းေအာင္ ျဖည့္ဆည္းေပးရၿပီး အားလုံးကို တေျပးညီ က်န္းမာေရး ေစာင့္ေရွာက္ခြင့္ရမယ့္ လမ္းေၾကာင္းေပၚကို ေရာက္ဖို႔လိုတယ္လို႔ သူက ေျပာဆိုၿပီး အခုေတာ့ ဒီအေျခအေနကို ေရာက္ႏိုင္ဖို႔ အေဝးႀကီး လိုအပ္ေနတဲ့အေၾကာင္းလည္း ေျပာဆိုသြားပါတယ္။ ဝင္ေငြနည္းပါးတဲ့၊ ဝင္ေငြ အလည္အလတ္ရွိတဲ့ တိုင္းျပည္ေတြဟာ မ်ိဳးဆက္နဲ႔ခ်ီတဲ့ ႏွစ္ေတြအတြင္း ဖြံၿဖိဳးမႈ အေႏွးဆုံးကာလကို ရင္ဆိုင္ေနရတဲ့အေၾကာင္း အတြင္းေရးမႉးခ်ဳပ္က သတိေပးပါတယ္။

မႀကဳံစဖူး ေငြေၾကး ေဖါင္းပြမႈ၊ ဘ႑ာေရးအသုံးစရိတ္ ေဘာင္က်ဥ္းလာတ၊ အတိုးႏႈန္း ျမင့္တက္တာနဲ႔ ေလာင္စာနဲ႔ အစားအေသာက္ေဈးေတြက ကပ္ေရာဂါကေန ျပန္လည္ႏိုးထဖို႔ အားယူေနတဲ့ ကမာၻ႔ေနရာတိုင္းကို ထိခိုက္ေနပါတယ္လို႔လည္း အတြင္းေရးမႉးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

................................................................................

ကိုဗစ်ကာကွယ်ဆေး တပြေးညီရရှိဖို့ ကုလအတွင်းရေးမှုးချုပ်တိုက်တွန်း

(Unicode)

ဖွံဖြိုးဆဲ နိုင်ငံတွေအတွက် ကိုဗစ် 19 ကာကွယ်ဆေး ရရှိရေး ပံ့ပိုးဖို့၊ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတွေကို တိုက်ဖျက်ပြီး ကမ္ဘာ့ငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က မနေ့က အွန်လိုင်းကနေကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်တွေကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

နောင်ကြုံလာမယ့် ကပ်ရောဂါဆိုးကြီးကို ကာကွယ်ဖို့ စောင့်ကြည့်လေ့လာတဲ့စနစ်၊၊ စောစောစီးစီး စမ်းသပ်တဲ့ စနစ်နဲ့၊ နိုင်ငံတိုင်းက ချက်ခြင်း အင်တိုက်အားတိုက် တုံ့ပြန်တာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို အားကောင်းအောင် လုပ်ဆောင်တာတွေအတွက် အများလက်ခံတဲ့ ရင်းနှီးမှုတွေ ရှိရပါလိမ့်မယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres က Davos ညီလာခံအတွက် နယူးယောက်မြို့ကနေ ပြောဆိုတာပါ။

နိုင်ငံတိုင်းမှာ ဒေသတွင်း အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အားကောင်းအောင် ဖြည့်ဆည်းပေးရပြီး အားလုံးကို တပြေးညီ ကျန်းမာရေး စောင့်ရှောက်ခွင့်ရမယ့် လမ်းကြောင်းပေါ်ကို ရောက်ဖို့လိုတယ်လို့ သူက ပြောဆိုပြီး အခုတော့ ဒီအခြေအနေကို ရောက်နိုင်ဖို့ အဝေးကြီး လိုအပ်နေတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။ ဝင်ငွေနည်းပါးတဲ့၊ ဝင်ငွေ အလည်အလတ်ရှိတဲ့ တိုင်းပြည်တွေဟာ မျိုးဆက်နဲ့ချီတဲ့ နှစ်တွေအတွင်း ဖွံဖြိုးမှု အနှေးဆုံးကာလကို ရင်ဆိုင်နေရတဲ့အကြောင်း အတွင်းရေးမှူးချုပ်က သတိပေးပါတယ်။

မကြုံစဖူး ငွေကြေး ဖေါင်းပွမှု၊ ဘဏ္ဍာရေးအသုံးစရိတ် ဘောင်ကျဉ်းလာတ၊ အတိုးနှုန်း မြင့်တက်တာနဲ့ လောင်စာနဲ့ အစားအသောက်ဈေးတွေက ကပ်ရောဂါကနေ ပြန်လည်နိုးထဖို့ အားယူနေတဲ့ ကမ္ဘာ့နေရာတိုင်းကို ထိခိုက်နေပါတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG