သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတလႊား ငတ္မြတ္မႈတိုက္ဖ်က္ေရး ကုလအတြင္းေရးမွဴးခ်ဳပ္ တိုက္တြန္း


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (စက္တင္ဘာ ၂၀၊ ၂၀၂၁)

(Zawgyi / Unicode)

ကမၻာတလႊား ငတ္မြတ္မႈတိုက္ဖ်က္ေရးမွာ ႐ႈံးနိမ့္ေနေၾကာင္း ကမၻာ့စားနပ္ရိကၡာေန႔မွာပဲ ကုလသမဂၢက သတိေပးလိုက္ၿပီး ကမၻာေပၚက အကူအညီ အလိုအပ္ဆံုးသူေတြအတြက္ စားနပ္ရိကၡာ လံုၿခံဳေရး တိုးတက္ေအာင္ ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းလိုက္ပါတယ္။ ဂ်ီနီဗာကေန Lisa Schlein ေပးပို႔တဲ့ သတင္းေဆာင္းပါးကို မသိဂႌထိုက္ ေျပာျပေပးပါမယ္။

ေဒသအလိုက္ စားနပ္ရိကၡာစနစ္ေတြ ခိုင္မာအားေကာင္းေရးအတြက္ ထိထိေရာက္ေရာက္ အေရးယူ လုပ္ေဆာင္ဖို႔နဲ႔ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ကမၻာ့စားနပ္ရိကၡာေန႔အတြက္ ေျပာၾကားတဲ့ မိန္႔ခြန္းမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းပါတယ္။ ကမၻာတဝန္း လူေပါင္း သန္း ၅၀၀ နီးပါး စားနပ္ရိကၡာ မလံုေလာက္မႈနဲ႔ ႀကံဳေတြ႔ေနရခ်ိန္မွာပဲ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ ထြက္ေပၚလာတာပါ။

ကမၻာတဝန္းမွာ ပဋိပကၡေတြ၊ ေနရပ္စြန္႔ခြာ ထြက္ေျပးရမႈ၊ ရာသီဥတု ေျပာင္းလဲမႈ၊ COVID-19 ေၾကာင့္ စီးပြားေရးအေပၚ ထိခိုက္မႈေတြေၾကာင့္ ငတ္မြတ္မႈျပႆနာ ႀကီးထြားလာေနေၾကာင္း ကုလသမဂၢက သတိေပးပါတယ္။ ထိခိုက္သက္ေရာက္ႏိုင္ေျခ အမ်ားဆံုးသူေတြထဲမွာ ဒုကၡသည္ေတြ၊ ေနာက္ ႏိုင္ငံတြင္းပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပးရသူေတြလည္း ပါဝင္ေၾကာင္း ေျပာပါတယ္။ ၂၀၃၀ ျပည့္ႏွစ္ အေရာက္မွာ ကမၻာမွာ ငတ္မြတ္မႈပေပ်ာက္ေရး ကုလသမဂၢရဲ႕ ရည္မွန္းခ်က္ကေတာ့ ျပည့္မီမယ့္အလားအလာ မရွိဘူး ဆိုတာကိုလည္း ကုလသမဂၢက လက္ခံထားပါတယ္။

ကမၻာ့လူဦးေရရဲ႕ ၄၀ ရာခိုင္ႏႈန္းေလာက္ျဖစ္တဲ့ လူေပါင္း သန္း ၃,၀၀၀ ဟာ က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ မစားႏိုင္ျဖစ္ေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Gutteres က ေျပာပါတယ္။ ဒါေၾကာင့္လည္း ကမၻာတလႊားမွာ အာဟာရခ်ိဳ႕တဲ့မႈနဲ႔ အဝလြန္မႈ ပံုစံမ်ိဳးေတြနဲ႔ အာဟာရမျပည့္ဝမႈ တဟုန္ထိုး မ်ားလာေစေၾကာင္းလည္း သူက ေျပာပါတယ္။

“ကပ္ေဘးေရာဂါေၾကာင့္ ေနာက္ထပ္ လူေပါင္း သန္း ၁၄၀ ေလာက္ဟာ လိုအပ္တဲ့ စားနပ္ရိကၡာ မရႏိုင္ ျဖစ္ေစပါတယ္။ တခ်ိန္တည္းမွာပဲ က်ေနာ္တို႔ရဲ႕ အစားအေသာက္ ထုတ္လုပ္မႈ၊ စားသံုးမႈနဲ႔ စြန္႔ပစ္မႈေတြေၾကာင့္လည္း ကမၻာႀကီးအတြက္ ဆံုး႐ႈံးမႈ မ်ားေစပါတယ္။ က်ေနာ္တို႔ရဲ႕ သဘာဝအရင္းအျမစ္ေတြ၊ ရာသီဥတုနဲ႔ သဘာဝပတ္ဝန္းက်င္ အေပၚမွာလည္း ဖိအားေပးမႈ ျဖစ္ေစၿပီး တႏွစ္ကို ေဒၚလာ ထရီလ်ံနဲ႔ခ်ီ ကုန္က်ေစပါတယ္။”

World Food Day - ကမၻာ့စားနပ္ရိကၡာေန႔ဟာဆိုရင္ ကုလသမဂၢရဲ႕ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႔ (FAO) ကို ၁၉၄၅ ခုႏွစ္ ေအာက္တိုဘာလ ၁၆ ရက္ေန႔က ကေနဒါႏိုင္ငံ Quebec ၿမိဳ႕မွာ စတင္ဖြဲ႔စည္းခဲ့တဲ့ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ျဖစ္ပါတယ္။ ကမၻာတဝန္းက ႏုိင္ငံ ၁၅၀ ေက်ာ္တို႔မွာ ကမၻာ့စားနပ္ရိကၡာေန႔ အထူးအခမ္းအနားေတြ ျပဳလုပ္ၾကေၾကာင္း FAO ရဲ႕ အစီအစဥ္ဆိုင္ရာ အႀကီးတန္းတာဝန္ရွိသူ Patrick Jacqueson က ေျပာပါတယ္။ ဒီႏွစ္အတြက္ အဓိက အေၾကာင္းအရာကေတာ့ လူသားတိုင္းအတြက္ လက္လွမ္းမီၿပီး အာဟာရျပည့္ဝတဲ့ စားနပ္ရိကၡာ ရရွိေရးအတြက္ စိုက္ပ်ိဳးေရး ရိကၡာစနစ္ေတြကို အသြင္ေျပာင္းေရး ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

“စဥ္ဆက္မျပတ္ လူဦးေရ တိုးလာေနတာနဲ႔အတူ ၂၀၅၀ ျပည့္ႏွစ္အေရာက္မွာ လူဦးေရ ၁၀ ဘီလ်ံထိ ေရာက္မယ္လို႔ ခန္႔မွန္းထားၿပီး က်ေနာ္တို႔အေနနဲ႔ ကမၻာႀကီးကို ေကၽြးေမြးဖို႔နဲ႔ ကမၻာႀကီးကို ေစာင့္ေရွာက္ဖို႔ လိုအပ္ပါတယ္။ ဒါဟာဆိုရင္ အေရးေပၚ အေျခအေနေတြကို တုံ႔ျပန္ကိုင္တြယ္မႈတင္ မဟုတ္ေတာ့ပါဘူး။ ေရရွည္တည္တံ့ ခိုင္မာေရးအတြက္ တည္ေဆာက္ဖို႔ျဖစ္ၿပီး က်ေနာ္တို႔ရဲ႕ စားနပ္ရိကၡာ ထုတ္လုပ္မႈနဲ႔ စားသံုးမႈပုံစံ ေျပာင္းလဲေရး ျဖစ္ပါတယ္။”

ရာသီဥတု ေျပာင္းလဲမႈနဲ႔ တျခားေသာ ဒဏ္ေတြနဲ႔ ပိုၿပီး အလိုက္သင့္ ေျပာင္းလဲႏုိင္မယ့္ စိုက္ပ်ိဳးေရးစနစ္ေတြကို ေျပာင္းလဲေရး တိုးတက္ေအာင္ လုပ္ၾကဖို႔လည္း ကမၻာ့စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရးအဖြဲ႔ (FAO) က အႀကံျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကမ္ဘာတလွှား ငတ်မွတ်မှုတိုက်ဖျက်ရေး ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကမ္ဘာတလွှား ငတ်မွတ်မှုတိုက်ဖျက်ရေးမှာ ရှုံးနိမ့်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာပဲ ကုလသမဂ္ဂက သတိပေးလိုက်ပြီး ကမ္ဘာပေါ်က အကူအညီ အလိုအပ်ဆုံးသူတွေအတွက် စားနပ်ရိက္ခာ လုံခြုံရေး တိုးတက်အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပေးပါမယ်။

ဒေသအလိုက် စားနပ်ရိက္ခာစနစ်တွေ ခိုင်မာအားကောင်းရေးအတွက် ထိထိရောက်ရောက် အရေးယူ လုပ်ဆောင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံကြဖို့ အောက်တိုဘာလ ၁၆ ရက်နေ့ ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ပြောကြားတဲ့ မိန့်ခွန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းပါတယ်။ ကမ္ဘာတဝန်း လူပေါင်း သန်း ၅၀၀ နီးပါး စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံတွေ့နေရချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

ကမ္ဘာတဝန်းမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ ရာသီဥတု ပြောင်းလဲမှု၊ COVID-19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုတွေကြောင့် ငတ်မွတ်မှုပြဿနာ ကြီးထွားလာနေကြောင်း ကုလသမဂ္ဂက သတိပေးပါတယ်။ ထိခိုက်သက်ရောက်နိုင်ခြေ အများဆုံးသူတွေထဲမှာ ဒုက္ခသည်တွေ၊ နောက် နိုင်ငံတွင်းပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရသူတွေလည်း ပါဝင်ကြောင်း ပြောပါတယ်။ ၂၀၃၀ ပြည့်နှစ် အရောက်မှာ ကမ္ဘာမှာ ငတ်မွတ်မှုပပျောက်ရေး ကုလသမဂ္ဂရဲ့ ရည်မှန်းချက်ကတော့ ပြည့်မီမယ့်အလားအလာ မရှိဘူး ဆိုတာကိုလည်း ကုလသမဂ္ဂက လက်ခံထားပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ လူပေါင်း သန်း ၃,၀၀၀ ဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် မစားနိုင်ဖြစ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Gutteres က ပြောပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတလွှားမှာ အာဟာရချို့တဲ့မှုနဲ့ အဝလွန်မှု ပုံစံမျိုးတွေနဲ့ အာဟာရမပြည့်ဝမှု တဟုန်ထိုး များလာစေကြောင်းလည်း သူက ပြောပါတယ်။

“ကပ်ဘေးရောဂါကြောင့် နောက်ထပ် လူပေါင်း သန်း ၁၄၀ လောက်ဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ မရနိုင် ဖြစ်စေပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ အစားအသောက် ထုတ်လုပ်မှု၊ စားသုံးမှုနဲ့ စွန့်ပစ်မှုတွေကြောင့်လည်း ကမ္ဘာကြီးအတွက် ဆုံးရှုံးမှု များစေပါတယ်။ ကျနော်တို့ရဲ့ သဘာဝအရင်းအမြစ်တွေ၊ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင် အပေါ်မှာလည်း ဖိအားပေးမှု ဖြစ်စေပြီး တနှစ်ကို ဒေါ်လာ ထရီလျံနဲ့ချီ ကုန်ကျစေပါတယ်။”

World Food Day - ကမ္ဘာ့စားနပ်ရိက္ခာနေ့ဟာဆိုရင် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ကနေဒါနိုင်ငံ Quebec မြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက နိုင်ငံ ၁၅၀ ကျော်တို့မှာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထူးအခမ်းအနားတွေ ပြုလုပ်ကြကြောင်း FAO ရဲ့ အစီအစဉ်ဆိုင်ရာ အကြီးတန်းတာဝန်ရှိသူ Patrick Jacqueson က ပြောပါတယ်။ ဒီနှစ်အတွက် အဓိက အကြောင်းအရာကတော့ လူသားတိုင်းအတွက် လက်လှမ်းမီပြီး အာဟာရပြည့်ဝတဲ့ စားနပ်ရိက္ခာ ရရှိရေးအတွက် စိုက်ပျိုးရေး ရိက္ခာစနစ်တွေကို အသွင်ပြောင်းရေး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“စဉ်ဆက်မပြတ် လူဦးရေ တိုးလာနေတာနဲ့အတူ ၂၀၅၀ ပြည့်နှစ်အရောက်မှာ လူဦးရေ ၁၀ ဘီလျံထိ ရောက်မယ်လို့ ခန့်မှန်းထားပြီး ကျနော်တို့အနေနဲ့ ကမ္ဘာကြီးကို ကျွေးမွေးဖို့နဲ့ ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာဆိုရင် အရေးပေါ် အခြေအနေတွေကို တုံ့ပြန်ကိုင်တွယ်မှုတင် မဟုတ်တော့ပါဘူး။ ရေရှည်တည်တံ့ ခိုင်မာရေးအတွက် တည်ဆောက်ဖို့ဖြစ်ပြီး ကျနော်တို့ရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုနဲ့ စားသုံးမှုပုံစံ ပြောင်းလဲရေး ဖြစ်ပါတယ်။”

ရာသီဥတု ပြောင်းလဲမှုနဲ့ တခြားသော ဒဏ်တွေနဲ့ ပိုပြီး အလိုက်သင့် ပြောင်းလဲနိုင်မယ့် စိုက်ပျိုးရေးစနစ်တွေကို ပြောင်းလဲရေး တိုးတက်အောင် လုပ်ကြဖို့လည်း ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က အကြံပြုထားပါတယ်။

XS
SM
MD
LG