သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Xi Jinping အမည် ဘာသာပြန်အမှား ထွက်တဲ့အပေါ် Facebook တောင်းပန်


တရုတ်သမ္မတ Xi Jinping (ဒီဇင်ဘာ ၂၀၊ ၂၀၁၉)
တရုတ်သမ္မတ Xi Jinping (ဒီဇင်ဘာ ၂၀၊ ၂၀၁၉)

(Zawgyi / Unicode)

Facebook မှာ တရုတ်သမ္မတ Xi Jinping ရဲ့နာမည်ကို မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုတဲ့အခါ အိမ်သာကျင်းလို့ အဓိပ္ပာယ်ထွက်မယ့် အင်္ဂလိပ်စကားလုံးနဲ့ မှားယွင်း ဘာသာပြန်ဆိုချက် ထွက်ခဲ့တဲ့အပေါ် Facebook ကုမ္ပဏီက စနေနေ့မှာ တောင်းပန်လိုက်ပါတယ်။

ဒီပြဿနာကို ပြင်ဆင်ပြီးသွားပြီဖြစ်သလို အကြောင်းရင်းကိုသိရဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်ဖို့ သဘောတူညီချက်တွေကို တရုတ်သမ္မတ Xi Jinping နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လက်မှတ်ရေးထိုးကြတဲ့ တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့မှာ ဒီပြဿနာ ပေါ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် Facebook စာမျက်နှာပေါ်က သမ္မတ Xi ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အင်္ဂလိပ်လို ဘာသာပြန်လိုက်တဲ့အခါ အဲဒီ ဆိုးရွားလှတဲ့ အင်္ဂလိပ်စကားလုံးတွေနဲ့ ထွက်လာတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

အဲဒီပြဿနာ ဘယ်လောက်ကြာကြာ ဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် Google မှာ ဘာသာပြန်ရင်တော့ အဲဒီလိုအမှားမျိုး မရှိခဲ့ပါဘူး။

Facebook မှာ မြန်မာစာကနေ အင်္ဂလိပ်စာကို ဘာသာပြန်တာမှာ အရင်တုန်းကလည်း ပြဿနာအတော်များများ ရှိခဲ့ဖူးပါတယ်။ Facebook က ဘာသာပြန်ပေးတာတွေမှာ ကိုးရိုးကားရား ဘာသာပြန်ဆိုချက်တွေ ထွက်လာတာကို ရိုက်တာသတင်းတပုဒ်မှာ ၂၀၁၈ ခုနှစ်က ပါလာပြီးတဲ့နောက် ဘာသာပြန်ပေးတာကို Facebook က ခနရပ်ထားခဲ့ပါသေးတယ်။

-----------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG