သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ကြန္ျမဴနစ္ပါတီ ညီလာခံ ေဘက်င္းၿမိဳ႕ေတာ္မွာ စတင္က်င္းပ


(Zawgyi / Unicode)

တ႐ုတ္အာဏာရ ကြန္ျမဴနစ္ပါတီရဲ႕ Covid-19 အေရး ကိုင္တြယ္တိုက္ဖ်က္မႈကို သမၼတ Xi Jinping က တနဂၤေႏြေန႔မွာ စတင္လိုက္တဲ့ ကြန္ျမဴနစ္ပါတီညီလာခံအဖြင့္မိန္႔ခြန္းမွာ ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။ ဒါ႔အျပင္ တ႐ုတ္မွာ ဆိုရွယ္လစ္ စီးပြါးေရးစနစ္ကို က်င့္သံုးေနေပမယ့္လည္း ပုဂၢလိကက႑ကို ေထာက္ပံ႔ေရးနဲ႔ ေစ်းကြက္မွာ အဓိကအခန္းက႑က ေဆာင္ရြက္ခြင့္ ျပဳေရးတို႔ကိုလည္း သမၼတ Xi က ထပ္ေလာင္း ေျပာၾကားခဲ႔ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြေၾကာင့္ မတည္မၿငိမ္ျဖစ္ခဲ့တဲ့ ေဟာင္ေကာင္အေျခအေနကို ကြန္ျမဴနစ္ပါတီက ထိန္းခ်ဳပ္ႏိုင္ခဲ႔တဲ႔အတြက္လည္း ပါတီညီလာခံအဖြင့္မိန္႔ခြန္းမွာ သမၼတ Xi က အမႊြမ္းတင္ ေျပာဆိုခဲ႔ပါတယ္။ အခု က်င္းပေနတဲ႔ ကြန္ျမဴနစ္ ပါတီညီလာခံမွာေတာ့ သမၼတ Xi ဟာ တတိယ သက္တမ္း ထပ္မံ ေရြးေကာက္ခံရမယ္လို႔ အမ်ားက ရႈျမင္ထားၿပီး ေရြးေကာက္ခံရရင္ေတာ့ တ႐ုတ္မွာ ေမာ္စီတုန္း ေနာက္ပိုင္း အာဏာအရွိဆံုး ေခါင္းေဆာင္ တဦး အျဖစ္ ခိုင္မာသြားေစမွာ ျဖစ္ပါတယ္။

ၿမိဳ႕ေတာ္ ေဘက်င္းက Tiananmen ရင္ျပင္ရဲ႕ အေနာက္ဘက္မွာ ရွိတဲ႔ တ႐ုတ္ ျပည္သူ႔ ခန္းမေဆာင္ႀကီးမွာ ၅ ႏွစ္တႀကိမ္က်င္းပတဲ႔ ပါတီညီလာခံကို စတင္ေနၿပီး ႏိုင္ငံတဝန္းက ကိုယ္စားလွယ္ေပါင္း ၂,၃၀၀ ေလာက္ တက္ေရာက္ၾကပါတယ္။ ေပက်င္း ၿမိဳ႕ေတာ္မွာ ရက္အေတာ္ၾကာ မိုးအံု႔ ေနခဲ႔ေပမယ့္ အခုေတာ့ ရာသီဥတု သာယာေနၿပီး လံုျခံဳေရးကိုလည္း တင္းၾကပ္ထားပါတယ္။ ထိုင္ဝမ္အေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္သမၼတ Xi က ေျပာၾကားတာမွာေတာ့ ထိုင္ဝမ္လြတ္လပ္ေရးကို ဆန႔္က်င္ေၾကာင္း၊ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာနဲ႔ ပိုင္နက္နယ္ေျမေတြ ခိုင္ၿမဲေရး အတြက္ ေဆာင္ရြက္ႏိုင္စြမ္းနဲ႔ ခိုင္မာတဲ႔ ပိုင္းျဖတ္ခ်က္ကို ျပသထားၿပီး ခြဲထြက္ေရးနဲ႔ ၾကားဝင္စြက္ဖက္မႈေတြကိုလည္း ျပတ္ျပတ္သားသား ဆန္႔က်င္ေၾကာင္း ေျပာဆိုခဲ႔ပါတယ္။ အျပာေရာင္ ႏွာေခါင္းစည္းေတြ ဝတ္ဆင္ထားၾကတဲ႔ ကိုယ္စားလွယ္ေတြကလည္း က်ယ္က်ယ္ေလာင္ေလာင္ ၾသဘာ ေပးခဲ႔ၾကပါတယ္။

အဖြဲ႔ဝင္ ၉၆ သန္း ရွိတဲ႔ ပါတီအေနနဲ႔ လူ႔သမိုင္းေၾကာင္းတေလွ်ာက္မွာ ဆင္းရဲမြဲေတမႈ တိုက္ဖ်က္ေရး အႀကီးမားဆံုးေသာ ေအာင္ျမင္မႈကို ရရွိထားတယ္လို႔လည္း Xi က ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ပေကျင်းမြို့တော်မှာ စတင်ကျင်းပ

တရုတ်အာဏာရ ကွန်မြူနစ်ပါတီရဲ့ Covid-19 အရေး ကိုင်တွယ်တိုက်ဖျက်မှုကို သမ္မတ Xi Jinping က တနင်္ဂနွေနေ့မှာ စတင်လိုက်တဲ့ ကွန်မြူနစ်ပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် တရုတ်မှာ ဆိုရှယ်လစ် စီးပွါးရေးစနစ်ကို ကျင့်သုံးနေပေမယ့်လည်း ပုဂ္ဂလိကကဏ္ဍကို ထောက်ပံ့ရေးနဲ့ ဈေးကွက်မှာ အဓိကအခန်းကဏ္ဍက ဆောင်ရွက်ခွင့် ပြုရေးတို့ကိုလည်း သမ္မတ Xi က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကြောင့် မတည်မငြိမ်ဖြစ်ခဲ့တဲ့ ဟောင်ကောင်အခြေအနေကို ကွန်မြူနစ်ပါတီက ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်လည်း ပါတီညီလာခံအဖွင့်မိန့်ခွန်းမှာ သမ္မတ Xi က အမွှွမ်းတင် ပြောဆိုခဲ့ပါတယ်။ အခု ကျင်းပနေတဲ့ ကွန်မြူနစ် ပါတီညီလာခံမှာတော့ သမ္မတ Xi ဟာ တတိယ သက်တမ်း ထပ်မံ ရွေးကောက်ခံရမယ်လို့ အများက ရှုမြင်ထားပြီး ရွေးကောက်ခံရရင်တော့ တရုတ်မှာ မော်စီတုန်း နောက်ပိုင်း အာဏာအရှိဆုံး ခေါင်းဆောင် တဦး အဖြစ် ခိုင်မာသွားစေမှာ ဖြစ်ပါတယ်။

မြို့တော် ဘေကျင်းက Tiananmen ရင်ပြင်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ တရုတ် ပြည်သူ့ ခန်းမဆောင်ကြီးမှာ ၅ နှစ်တကြိမ်ကျင်းပတဲ့ ပါတီညီလာခံကို စတင်နေပြီး နိုင်ငံတဝန်းက ကိုယ်စားလှယ်ပေါင်း ၂,၃၀၀ လောက် တက်ရောက်ကြပါတယ်။ ပေကျင်း မြို့တော်မှာ ရက်အတော်ကြာ မိုးအုံ့ နေခဲ့ပေမယ့် အခုတော့ ရာသီဥတု သာယာနေပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi က ပြောကြားတာမှာတော့ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်ကြောင်း၊ နိုင်ငံရဲ့ အချုပ်အခြာနဲ့ ပိုင်နက်နယ်မြေတွေ ခိုင်မြဲရေး အတွက် ဆောင်ရွက်နိုင်စွမ်းနဲ့ ခိုင်မာတဲ့ ပိုင်းဖြတ်ချက်ကို ပြသထားပြီး ခွဲထွက်ရေးနဲ့ ကြားဝင်စွက်ဖက်မှုတွေကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အပြာရောင် နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြတဲ့ ကိုယ်စားလှယ်တွေကလည်း ကျယ်ကျယ်လောင်လောင် သြဘာ ပေးခဲ့ကြပါတယ်။

အဖွဲ့ဝင် ၉၆ သန်း ရှိတဲ့ ပါတီအနေနဲ့ လူ့သမိုင်းကြောင်းတလျှောက်မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကြီးမားဆုံးသော အောင်မြင်မှုကို ရရှိထားတယ်လို့လည်း Xi က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG