သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတင်းကျပ်တဲ့ကြားက ရန်ကုန်အနှံ့ ပေါက်ကွဲမှုတွေဖြစ်


ရန်ကုန်မြို့က လမ်းမတခုမှာ စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)
ရန်ကုန်မြို့က လမ်းမတခုမှာ စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်အာဏာသိမ်းတာ သီတင်းပတ် ၁၆ ပတ်ရှိလာပြီ ဖြစ်ပေမယ့် အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ပေါက်ကွဲမှုတွေကို ရန်ကုန်အပါအဝင် ဒေသအတော်များများမှာ ဆက်တိုက်ဆိုသလို တွေ့လာနေရပါတယ်။

မနေ့ညဘက်က ရန်ကုန်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြောက်ဒဂုံမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၈ ခွဲနဲ့ ၉ ခွဲကြားထဲမှာပဲ အားလုံး ဗုံး ၃ လုံး ပေါက်သွားတယ်။ ပထမတလုံးကတော့ အရင်ပေါက်တယ်။ နောက် နာရီဝက်လောက်ကြာပြီး နောက်တလုံး ထပ်ပေါက်တယ်။ ဗုံး ၃ လုံး ပေါက်သွားတယ်။ အဲဒီမှာ စစ်သားတွေ ရောက်လာပြီးတော့ ကလေးတွေ လာဖမ်းသွားတယ်လို့ ပြောတယ်။ ဖူဆယ် ဘောလုံးကွင်းမှာ ကလေးတွေ လာဖမ်းသွားတယ်။ ဖမ်းသွားပြီးတော့ လွှတ်ပေးတယ်လို့လည်း ကြားတယ်။ အကျယ်ကြီးပဲ၊ တော်တော်တော့ ကျယ်တယ်။ ကျယ်တယ်ဆိုတာ ၃၉ နဲ့က ဝေးတယ်။ ဝေးတာတောင်မှ တော်တော်ကြားရတယ်။”

မြောက်ဒဂုံ ၃၉ ရပ်ကွက်နဲ့ ၄၄ ရပ်ကွက်ကြားမှာရှိတဲ့ Futsal ဘောလုံးကွင်းနားမှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး တချို့သတင်းတွေမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ပြောနေပေမယ့် ဒါဟာ ပစ်ခတ်သံမဟုတ်ဘဲ ပေါက်ကွဲမှုဖြစ်တာလို့ မြောက်ဒဂုံ ဒေသခံက ပြောပါတယ်။ တချို့ကလည်း အသံဗုံးဖြစ်ကြောင်း ပြောနေကြတာပါ။ အဲဒီပေါက်ကွဲမှုတွေကြောင့် အဲဒီနားက လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မှာ စနေနေ့ကလည်း လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို လမ်းမတော်မြို့နယ်ထဲက ညောင်ပင်လေးဈေးနားမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ တနင်္ဂနွေနေ့ကတော့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့သလို မိုးကုတ်မြို့ ကျပ်ပြင်ဈေး အထက်တန်းကျောင်းနားမှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး မြို့ခံ ၅ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲနေတဲ့ကြားကပဲ ထားဝယ်မှာ တနင်္ဂနွေနေ့က တပ်ပေါင်းစု သပိတ်စစ်ကြောင်းအပြင် ထားဝယ် ပင်မသပိတ်စစ်ကြောင်းတွေပါ ရှိခဲ့သလို ဆိုင်ကယ်တွေနဲ့ပါ ချီတက် ဆန္ဒပြခဲ့ကြတာပါ။

ထားဝယ်၊ လောင်းလုံအပြင် မွန်ပြည်နယ် ကျိုက်ထို၊ မန္တလေး၊ မတ္တရာ၊ ရွှေဘိုခရိုင် ကန့်ဘလူ၊ မကွေးတိုင်း မြိုင်မြို့နယ်၊ မုံရွာ၊ တန့်ဆည်၊ ကလေး၊ မူဆယ်၊ ဒီပဲယင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့တွေမှာ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မေလ ၂၃ ရက်နေ့အထိဆို စစ်တပ်နဲ့ ရဲကြောင့် သေဆုံးရတဲ့ ဆန္ဒပြပြည်သူက ၈၁၈ ယောက် ရှိနေပြီဖြစ်ပြီး အဖမ်းခံနေရသူက ၄,၂၉၆ ယောက် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG