သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလုပ္သမားရပိိုင္ခြင့္ ေရွာင္ဖယ္လိုတဲ႔ လုပ္ငန္းရွင္ေတြရဲ႕ လွည့္ကြက္


(Zawgyi / Unicode)

အေျခခံလုပ္ခလစာနဲ႔ အခ်ိန္ပိုေၾကး အပါအဝင္ စက္႐ုံလုပ္သားေတြရဲ႕ ရပိုင္ခြင့္ေတြကိုကို တိမ္းေရွာင္လိုၾကတဲ့ ရန္ကုန္တိုင္း စက္မႈဇုံေတြက လုပ္ငန္းရွင္ အမ်ားစုဟာ အၿမဲတမ္းဝန္ထမ္းေတြ ေနရာမွာ အခ်ိန္ပိုင္း ေန႔စားအလုပ္သားေတြကို လုပ္ခလစာနည္းနည္းနဲ႔ အစားထိုးခန႔္လာၾကပါတယ္။ ဒီအေတာအတြင္းမွာလည္း အလုပ္သမားေတြရဲ႕ ရပိုင္ခြင့္နဲ႔ပတ္သက္ၿပီး အလုပ္ရွင္- အလုပ္သမား အျငင္းပြားမႈေတြက အေတာ္မ်ားလာတယ္လို႔ အလုပ္သမားသမဂၢ အဖြဲ႕ခ်ဳပ္ေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္း အျပည့္အစုံကို ကိုရဲမြန္ က ေျပာျပမွာပါ။

ျမန္မာျပည္ရဲ႕ လက္ရွိ အေျခအေနဟာ စက္မႈဇုံ လုပ္ငန္းရွင္တခ်ိဳ႕အတြက္ အလုပ္သမားအခြင့္အေရး လစ္လ်ဴရႈၿပီး ဥပေဒမဲ့လုပ္ရပ္ေတြကို ေပၚေပၚတင္တင္ ခ်ိဳးေဖာက္ခြင့္ရေနတဲ့ အခ်ိန္ျဖစ္တယ္လို႔ အလုပ္သမားသမဂၢေတြက ေျပာပါတယ္။ အလုပ္သမားေတြက သူတို႔ရသင့္တဲ့ အခြင့္အေရးကို ဆႏၵျပ ေတာင္းဆိုတဲ့ အခါမွာေတာ့ သူတို႔ကို အလုပ္ကျဖဳတ္ပစ္ၿပီး လစ္လပ္သြားတဲ့ေနရာေတြမွာ စာခ်ဳပ္စာတမ္းမလိုတဲ့ ေန႔စားအလုပ္သမားေတြကို အခေၾကးေငြ နည္းနည္းနဲ႔ အစားထိုးခန႔္လိုက္ၾကပါတယ္။ ဒါက ရန္ကုန္တိုင္းက စက္မႈဇုံေတြမွာ လက္ရွိႀကဳံေနရတဲ့ ျပႆနာေတြ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ အေထြေထြ အလုပ္သမားသမဂၢမ်ား FGWM ရဲ႕ ဥကၠ႒ ေဒၚမိုးစႏၵာျမင့္က ဗြီအိုေအကို ေျပာပါတယ္။

" တခ်ိဳ႕ permanent (အၿမဲတမ္း) ဝန္ထမ္းေတြဆိုရင္ ျဖဳတ္ခ်ၿပီး ေန႔စားေပါ့ေနာ္ ေစ်းေပါေပါနဲ႔ ေခၚခိုင္းၾကတယ္ေပါ့ေနာ္။ Permanent ရင္ အနိမ့္ဆုံးလုပ္ခလစာ ေပးရမယ္၊ အျခားေသာ အက်ိဳးခံစားခြင့္ေတြေပးရမယ္ အဲဒီေတာ့သူတို႔က Permanent သမားေတြကို အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေတာ့ ဥပေဒနဲ႔ေလ်ာ္ေၾကးမေပးဘဲ ျဖဳတ္တာမ်ိဳးေတြရွိသလို စိတ္ညစ္ၿပီး ထြက္ေအာင္လုပ္တဲ့ ပုံစံမ်ိဳးေတြ ရွိၿပီးေတာ့ အဲဒီအလုပ္သမားေတြက ေန႔စားဝန္ထမ္းေတြအျဖစ္ ျပန္လည္ဝင္ေရာက္လာတဲ့ပုံစံမ်ိဳး ေစ်းေပါေပါနဲ႔ ခိုင္းခ်င္သလိုခိုင္းတယ္ ျဖဳတ္ခ်င္သလိုျဖဳတ္တယ္ ဒီလိုအေျခအေနမ်ိဳး ျမန္မာျပည္အလုပ္သမား အမ်ားစု ႀကဳံေတြ႕ခံစားေနရတယ္ေပါ့။"

ေန႔စားအလုပ္သမားကို အထည္ခ်ဳပ္စက္႐ုံေတြမွာ အစားထိုးခန႔္လာတဲ့ အေလ့အထကို စက္မႈဇုံစက္႐ုံအမ်ားစုက က်င့္သုံးေနၾကတာပါ။ ဒီနည္းနဲ႔ အလုပ္သမားေတြရဲ႕ လုပ္အားကို အျမတ္ထုတ္ဖို႔ ႀကိဳးစားလာၾကတယ္လို႔ ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။

" ေ႐ႊျပည္သာဘက္မွာလည္း အဲလိုပဲရွင့္။ ကန္ထ႐ိုက္လို႔ပဲေျပာမလား ေန႔စားလို႔ေျပာမလား အဲလိုဝန္ထမ္းေတြက သူတို႔ကျဖဳတ္ပစ္လိုက္လည္း ေနာက္ပိုင္းျပႆနာမတက္ဘူး။ ေလ်ာ္ေၾကးေတြ နစ္နာေၾကးေတြလည္း ေပးစရာမလိုဘူး။ သူက ေန႔နဲ႔ေပးတာကိုး။ ဒီေန႔အတြက္ ဘယ္ေလာက္တို႔၊ ဒီဟာအတြက္ ဘယ္ေလာက္တို႔ အဲလိုေပးတဲ့အခါက်ေတာ့ Permanent ၀န္ထမ္းေတြအတြက္ သူကပိုၿပီးေတာ့ လုပ္အားညႇစ္ထုတ္လို႔ ပိုရတယ္။ အဲလိုလူေတြကို ေတာ္ေတာ္မ်ားမ်ား အသုံးခ်လာတာ ေတြ႕တယ္။"
အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ႏိုင္ငံတကာရဲ႕ ဖိအားေတြေၾကာင့္ ျမန္မာႏိုင္ငံကထြက္သြားတဲ့ ျပည္ပကုမၸဏီႀကီး ၂၅ ခုေလာက္ရွိပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းတခ်ိဳ႕လည္း ကုန္ၾကမ္းမရတာ၊ လုံၿခဳံေရးစိုးရိမ္ရတာေတြေၾကာင့္ ပိတ္လိုက္ရတာလည္း ရွိပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီလက္ထက္မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈရဲ႕ ၇၃ ရာခိုင္ႏႈန္းေက်ာ္က တ႐ုတ္ျဖစ္လာတယ္လို႔ ISP Myanmar ရဲ႕ မၾကာေသးခင္က စစ္တမ္းတခုမွာ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီဘက္ကလည္း ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပန္ၿပီးတိုးတက္လာတယ္ဆိုတာကို သတင္းထုတ္ျပန္ခ်က္တခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။
ျပည္တြင္းအေျခအေနေတြေၾကာင့္ ျမန္မာျပည္ထဲက ထြက္သြားတဲ့ ႏိုင္ငံစုံက အထည္ခ်ဳပ္လုပ္ငန္းေတြကို တ႐ုတ္လုပ္ငန္းရွင္ေတြက ျပန္ဝယ္လိုက္တာေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းက ျပန္လည္ပတ္လာတယ္လို႔ အလုပ္သမားအေရး လုပ္ေနသူေတြက ေျပာပါတယ္။ဒါေပမဲ့ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္တာခံရတာေတြနဲ႔ နစ္နာမႈေတြကေတာ့ အရင္ကထက္ ပိုမ်ားလာတယ္လို႔ ေျပာပါတယ္။

လက္ရွိမွာလည္ အထည္ခ်ဳပ္လုပ္ငန္းအမ်ားစုမွာ တ႐ုတ္နဲ႔ ကိုရီးယား လုပ္ငန္းရွင္ေတြက ေနရာယူထားပါတယ္။ အလုပ္ရွင္ အလုပ္သမား အျငင္းပြားမႈ အမ်ားဆုံးႀကဳံေနရတဲ့ စက္႐ုံေတြကလည္း တ႐ုတ္လုပ္ငန္းရွင္ပိုင္တဲ့ စက္႐ုံေတြမ်ားတယ္လို႔ ေဒၚမိုးစႏၵာျမင့္က ေျပာပါတယ္။
"က်မတို႔ အဖြဲ႕ခ်ဳပ္မွာရွိေနတဲ့ အဖြဲ႕ဝင္စက္႐ုံေတြမွာေတာင္ ဒီေအာ္ဒါေတြရဲ႕အေျခအေနက ပုံမွန္မရွိဘူး။ ျပတ္လပ္သြားတာမ်ိဳးလည္း ရွိသလို ေအာ္ဒါရဲ႕ ေနာက္ဆုံးလက္က်န္ေတြကို ျဖတ္ေနတဲ့ အိုဗာတိုင္ အဆမတန္ေခၚၿပီးေတာ့ လည္ပတ္ေနတာမ်ိဳးေတြလည္း ရွိတယ္။ ယခင္ကာလ အေျခအေနမ်ိဳးနဲ႔ေတာ့ စက္႐ုံေတာ္ေတာ္မ်ားမ်ားမွာ ေအာ္ဒါပုံမွန္လည္ပတ္ေနတဲ့ အေျခအေနမ်ိဳးေတာ့ က်မတို႔မေတြ႕ရဘူး။"

စစ္ေကာင္စီအာဏာယူၿပီးတဲ့ေနာက္မွာ အလုပ္သမားသမဂၢေတြကို တရားမဝင္အဖြဲ႕အစည္းေတြအျဖစ္ ေၾကညာလိုက္တဲ့အတြက္ အခုလိုအခ်ိန္မွာ အလုပ္သမားေတြကို ကာကြယ္ေပးမယ့္ အဖြဲ႕အစည္းက မရွိေတာ့ပါဘူး။ ေဒၚမိုးစႏၵာျမင့္က ဆက္ေျပာပါတယ္။

" အဖြဲ႕ခ်ဳပ္ေတြအေနနဲ႔က လက္ရွိမွာက ႏိုင္ငံေရးမွာ ပါဝင္ပတ္သက္ေနတဲ့ အေျခအေနေၾကာင့္ က်မတို႔က တိမ္းေရွာင္ေနရတယ္။ က်မဆိုရင္လည္း အဖြဲ႕ခ်ဳပ္ရဲ႕ ဥကၠ႒တေယာက္ျဖစ္တယ္။ ေဖေဖာ္ဝါရီ ၆ရက္ ၂၀၂၁ခုေန႔ကတည္းက ရန္ကုန္ပါရမီ စိန္ေဂဟာကေန လွည္းတန္းအထိ ခ်ီတက္လမ္းေလွ်ာက္ၿပီးကတည္းက ေနအိမ္အၾကမ္းဖက္ ဝင္ေရာက္ခံရတာေပါ့။ အဲဒီကေနစၿပီးေရွာင္တိမ္းရင္း ေနာက္ဆုံးေနလို႔မရတဲ့အဆုံး လြတ္ေျမာက္နယ္ေျမ သြားရတဲ့ အေျခအေနတခုေပါ့ေနာ္။"

ကပ္ေရာဂါနဲ႔ အာဏာသိမ္းမႈေၾကာင့္ ျပည္တြင္းမွာ အလုပ္အကိုင္ေပါင္း ၂၀၀,၀၀၀ နီးပါးေလာက္ ဆုံးရႈံးခဲ့တယ္လို႔ ILO ရဲ႕ အစီရင္ခံစာတခုမွာ ေဖာ္ျပထားပါတယ္။ အဲဒီအထဲမွာ အထည္ခ်ဳပ္လုပ္ငန္းေတြနဲ႔ ခရီးသြားလုပ္ငန္းက ပိုၿပီးေတာ့ ထိခိုက္ခဲ့တာပါ။ အလုပ္အကိုင္ဆုံးရႈံးရသူေတြထဲမွာ အမ်ိဳးသမီးဦးေရက အမ်ိဳးသားဦးေရထက္ ပိုမ်ားပါတယ္။ အလုပ္လက္မဲ့ရဲ႕ေနာက္ဆက္တြဲက စားဝတ္ေနေရး က်ပ္တည္းတဲ့ ျပႆနာေတြအျပင္ ေနာက္ဆက္တြဲ ကိစၥေတြကိုပါ သက္ေရာက္ႏိုင္တယ္လို႔ အလုပ္သမားအေရး ကူညီေဆာင္႐ြက္ေနသူေတြက ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အလုပ်သမားရပိုင်ခွင့် ရှောင်ဖယ်လိုတဲ့ လုပ်ငန်းရှင်တွေရဲ့ လှည့်ကွက်

အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး အပါအဝင် စက်ရုံလုပ်သားတွေရဲ့ ရပိုင်ခွင့်တွေကိုကို တိမ်းရှောင်လိုကြတဲ့ ရန်ကုန်တိုင်း စက်မှုဇုံတွေက လုပ်ငန်းရှင် အများစုဟာ အမြဲတမ်းဝန်ထမ်းတွေ နေရာမှာ အချိန်ပိုင်း နေ့စားအလုပ်သားတွေကို လုပ်ခလစာနည်းနည်းနဲ့ အစားထိုးခန့်လာကြပါတယ်။ ဒီအတောအတွင်းမှာလည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး အလုပ်ရှင်- အလုပ်သမား အငြင်းပွားမှုတွေက အတော်များလာတယ်လို့ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်း အပြည့်အစုံကို ကိုရဲမွန် က ပြောပြမှာပါ။

မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေဟာ စက်မှုဇုံ လုပ်ငန်းရှင်တချို့အတွက် အလုပ်သမားအခွင့်အရေး လစ်လျူရှုပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ပေါ်ပေါ်တင်တင် ချိုးဖောက်ခွင့်ရနေတဲ့ အချိန်ဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။ အလုပ်သမားတွေက သူတို့ရသင့်တဲ့ အခွင့်အရေးကို ဆန္ဒပြ တောင်းဆိုတဲ့ အခါမှာတော့ သူတို့ကို အလုပ်ကဖြုတ်ပစ်ပြီး လစ်လပ်သွားတဲ့နေရာတွေမှာ စာချုပ်စာတမ်းမလိုတဲ့ နေ့စားအလုပ်သမားတွေကို အခကြေးငွေ နည်းနည်းနဲ့ အစားထိုးခန့်လိုက်ကြပါတယ်။ ဒါက ရန်ကုန်တိုင်းက စက်မှုဇုံတွေမှာ လက်ရှိကြုံနေရတဲ့ ပြဿနာတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ FGWM ရဲ့ ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဗွီအိုအေကို ပြောပါတယ်။

" တချို့ permanent (အမြဲတမ်း) ဝန်ထမ်းတွေဆိုရင် ဖြုတ်ချပြီး နေ့စားပေါ့နော် ဈေးပေါပေါနဲ့ ခေါ်ခိုင်းကြတယ်ပေါ့နော်။ Permanent ရင် အနိမ့်ဆုံးလုပ်ခလစာ ပေးရမယ်၊ အခြားသော အကျိုးခံစားခွင့်တွေပေးရမယ် အဲဒီတော့သူတို့က Permanent သမားတွေကို အကြောင်းအမျိုးမျိုးပြပြီးတော့ ဥပဒေနဲ့လျော်ကြေးမပေးဘဲ ဖြုတ်တာမျိုးတွေရှိသလို စိတ်ညစ်ပြီး ထွက်အောင်လုပ်တဲ့ ပုံစံမျိုးတွေ ရှိပြီးတော့ အဲဒီအလုပ်သမားတွေက နေ့စားဝန်ထမ်းတွေအဖြစ် ပြန်လည်ဝင်ရောက်လာတဲ့ပုံစံမျိုး ဈေးပေါပေါနဲ့ ခိုင်းချင်သလိုခိုင်းတယ် ဖြုတ်ချင်သလိုဖြုတ်တယ် ဒီလိုအခြေအနေမျိုး မြန်မာပြည်အလုပ်သမား အများစု ကြုံတွေ့ခံစားနေရတယ်ပေါ့။"

နေ့စားအလုပ်သမားကို အထည်ချုပ်စက်ရုံတွေမှာ အစားထိုးခန့်လာတဲ့ အလေ့အထကို စက်မှုဇုံစက်ရုံအများစုက ကျင့်သုံးနေကြတာပါ။ ဒီနည်းနဲ့ အလုပ်သမားတွေရဲ့ လုပ်အားကို အမြတ်ထုတ်ဖို့ ကြိုးစားလာကြတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

" ရွှေပြည်သာဘက်မှာလည်း အဲလိုပဲရှင့်။ ကန်ထရိုက်လို့ပဲပြောမလား နေ့စားလို့ပြောမလား အဲလိုဝန်ထမ်းတွေက သူတို့ကဖြုတ်ပစ်လိုက်လည်း နောက်ပိုင်းပြဿနာမတက်ဘူး။ လျော်ကြေးတွေ နစ်နာကြေးတွေလည်း ပေးစရာမလိုဘူး။ သူက နေ့နဲ့ပေးတာကိုး။ ဒီနေ့အတွက် ဘယ်လောက်တို့၊ ဒီဟာအတွက် ဘယ်လောက်တို့ အဲလိုပေးတဲ့အခါကျတော့ Permanent ဝန်ထမ်းတွေအတွက် သူကပိုပြီးတော့ လုပ်အားညှစ်ထုတ်လို့ ပိုရတယ်။ အဲလိုလူတွေကို တော်တော်များများ အသုံးချလာတာ တွေ့တယ်။"
အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် မြန်မာနိုင်ငံကထွက်သွားတဲ့ ပြည်ပကုမ္ပဏီကြီး ၂၅ ခုလောက်ရှိပါတယ်။ အထည်ချုပ်လုပ်ငန်းတချို့လည်း ကုန်ကြမ်းမရတာ၊ လုံခြုံရေးစိုးရိမ်ရတာတွေကြောင့် ပိတ်လိုက်ရတာလည်း ရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၇၃ ရာခိုင်နှုန်းကျော်က တရုတ်ဖြစ်လာတယ်လို့ ISP Myanmar ရဲ့ မကြာသေးခင်က စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပြီးတိုးတက်လာတယ်ဆိုတာကို သတင်းထုတ်ပြန်ချက်တချို့မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းအခြေအနေတွေကြောင့် မြန်မာပြည်ထဲက ထွက်သွားတဲ့ နိုင်ငံစုံက အထည်ချုပ်လုပ်ငန်းတွေကို တရုတ်လုပ်ငန်းရှင်တွေက ပြန်ဝယ်လိုက်တာကြောင့် အထည်ချုပ်လုပ်ငန်းက ပြန်လည်ပတ်လာတယ်လို့ အလုပ်သမားအရေး လုပ်နေသူတွေက ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာခံရတာတွေနဲ့ နစ်နာမှုတွေကတော့ အရင်ကထက် ပိုများလာတယ်လို့ ပြောပါတယ်။
လက်ရှိမှာလည် အထည်ချုပ်လုပ်ငန်းအများစုမှာ တရုတ်နဲ့ ကိုရီးယား လုပ်ငန်းရှင်တွေက နေရာယူထားပါတယ်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု အများဆုံးကြုံနေရတဲ့ စက်ရုံတွေကလည်း တရုတ်လုပ်ငန်းရှင်ပိုင်တဲ့ စက်ရုံတွေများတယ်လို့ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

"ကျမတို့ အဖွဲ့ချုပ်မှာရှိနေတဲ့ အဖွဲ့ဝင်စက်ရုံတွေမှာတောင် ဒီအော်ဒါတွေရဲ့အခြေအနေက ပုံမှန်မရှိဘူး။ ပြတ်လပ်သွားတာမျိုးလည်း ရှိသလို အော်ဒါရဲ့ နောက်ဆုံးလက်ကျန်တွေကို ဖြတ်နေတဲ့ အိုဗာတိုင် အဆမတန်ခေါ်ပြီးတော့ လည်ပတ်နေတာမျိုးတွေလည်း ရှိတယ်။ ယခင်ကာလ အခြေအနေမျိုးနဲ့တော့ စက်ရုံတော်တော်များများမှာ အော်ဒါပုံမှန်လည်ပတ်နေတဲ့ အခြေအနေမျိုးတော့ ကျမတို့မတွေ့ရဘူး။"

စစ်ကောင်စီအာဏာယူပြီးတဲ့နောက်မှာ အလုပ်သမားသမဂ္ဂတွေကို တရားမဝင်အဖွဲ့အစည်းတွေအဖြစ် ကြေညာလိုက်တဲ့အတွက် အခုလိုအချိန်မှာ အလုပ်သမားတွေကို ကာကွယ်ပေးမယ့် အဖွဲ့အစည်းက မရှိတော့ပါဘူး။ ဒေါ်မိုးစန္ဒာမြင့်က ဆက်ပြောပါတယ်။

" အဖွဲ့ချုပ်တွေအနေနဲ့က လက်ရှိမှာက နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အခြေအနေကြောင့် ကျမတို့က တိမ်းရှောင်နေရတယ်။ ကျမဆိုရင်လည်း အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌတယောက်ဖြစ်တယ်။ ဖေဖော်ဝါရီ ၆ရက် ၂၀၂၁ခုနေ့ကတည်းက ရန်ကုန်ပါရမီ စိန်ဂေဟာကနေ လှည်းတန်းအထိ ချီတက်လမ်းလျှောက်ပြီးကတည်းက နေအိမ်အကြမ်းဖက် ဝင်ရောက်ခံရတာပေါ့။ အဲဒီကနေစပြီးရှောင်တိမ်းရင်း နောက်ဆုံးနေလို့မရတဲ့အဆုံး လွတ်မြောက်နယ်မြေ သွားရတဲ့ အခြေအနေတခုပေါ့နော်။"

ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်ပေါင်း ၂၀၀,၀၀၀ နီးပါးလောက် ဆုံးရှုံးခဲ့တယ်လို့ ILO ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းက ပိုပြီးတော့ ထိခိုက်ခဲ့တာပါ။ အလုပ်အကိုင်ဆုံးရှုံးရသူတွေထဲမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ပိုများပါတယ်။ အလုပ်လက်မဲ့ရဲ့နောက်ဆက်တွဲက စားဝတ်နေရေး ကျပ်တည်းတဲ့ ပြဿနာတွေအပြင် နောက်ဆက်တွဲ ကိစ္စတွေကိုပါ သက်ရောက်နိုင်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG