သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဂါဘီမိသားစုေရွ႕ေရး ရင္တက္မေအးစရာ


ဇင္ဘာေဘြ ေခါင္းေဆာင္ေဟာင္း Robert Mugabe ကြယ္လြန္ၿပီးေနာက္မွာေတာ့ ျပည္သူရဲ႕ ေလးစားခ်စ္ခင္မႈကို မရတဲ႔ က်န္ရစ္သူ မိသားစုရဲ႕ အေျခအေနက ဘယ္လုိ ျဖစ္လာႏုိင္ပါသလဲ။ Mugabe မိသားစုအိမ္ကို ပိုင္ဆုိင္ေၾကာင္း အာဏာရ ပါတီက မၾကာခင္က ေၾကညာလိုက္ၿပီး ဒီေဆာင္ရြက္ခ်က္ဟာဆိုရင္ Mugabe ကို သၿဂိဳ ၤဟ္လိုတဲ႔ အစိုးရရဲ႕ ဆႏၵကို လက္မခံဘဲ အစိုးရ ေခါင္းေဆာင္မႈကိုလည္း ေ၀ဖန္ေနတဲ႔ Mugabe မိသားစု၀င္ေတြကို ဖိအားေပးမႈ အျဖစ္လည္း အမ်ားက ရႈျမင္ၾကပါတယ္။ သမၼတ ကေတာ္ေဟာင္း Grace Mugabe အေနနဲ႔ ႏုိင္ငံေရးအရေရာ ဥပေဒေၾကာင္း အရပါ စိန္ေခၚခ်က္ အမ်ားအျပား ရင္ဆိုင္ေနရတာပါ။ ကြယ္လြန္သူ Mugabe ရဲ႕ ၾကြင္းက်န္ ရုပ္အေလာင္းကို သၿဂိဳၤဟ္ေရး မိသားစုနဲ႔ အစိုးရၾကား အျငင္းအခံု ျဖစ္ေနတာတဲ႔ အတူ တင္းတင္းမာမာ ျဖစ္ေနတဲ႔ အေျခအေနက ေပၚလြင္လာပါတယ္။ အာဏာ၊ ပုဂၢိဳလ္ေရးနဲ႔ ႏုိင္ငံေရး အားၿပိဳင္မႈ အေျခအေနကို ဗီြအိုေအ သတင္းေထာက္ Anita Powell က ၿမိဳ႕ေတာ္ Harare ကေန သတင္းေပးပို႔ထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

အသက္ ၉၅ ႏွစ္ အရြယ္ ဒီလ အေစာပိုင္းက ကြယ္လြန္ခဲ႔တဲ႔ ဇင္ဘာေဘြ သမၼတေဟာင္း Robert Mugabe ရဲ႕ က်န္ရစ္သူ ဇနီးသည္ သမၼတကေတာ္ေဟာင္း Grace Mugabe ကေတာ့ အမ်ားအျမင္မွာေတာ့ သိကၡာရွိတဲ႔ တာ၀န္ေက်တဲ႔ မုဆိုးမ တေယာက္လို႔ ရႈျမင္ရပါတယ္။ ခင္ပြန္းသည္ရဲ႕ ရုပ္အေလာင္းထည့္ရာ ေခါင္းတလားေနာက္မွာ အနက္ေရာင္ ဇာ ညွိဳးငယ္တဲ႔ မ်က္ႏွာ၊ ေလးလံတဲ႔ ေျခလွမ္းေတြနဲ႔ Grace Mugabe ရဲ႕ ေနာက္ကြယ္မွာေတာ့ လူမသိတဲ႔ အေၾကာင္းအရာေတြ အမ်ားအျပား ရွိေနတာပါ။ Mugabe ရဲ႕ ၾကြင္းက်န္ ရုပ္အေလာင္းကို သၿဂိဳၤဟ္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး Mugabe မိသားစုနဲ႔ အစိုးရၾကား ညွိႏိႈင္းမႈက အဆင္မေျပျဖစ္ေနခ်ိန္မွာဘဲ သမၼတ ကေတာ္ရဲ႕ လူေတြ မသိေသးတဲ႔ အတြင္းေရး ကိစၥေတြလည္း ေပါက္ၾကား ထြက္လာပါတယ္။ ဒီအေျခအတင္ ကိစၥက Grace Mugabe နဲ႔ မိသားစု အတြက္ေတာ့ ဇင္ဘာေဘြရဲ႕ ရႈပ္ေထြးလွတဲ႔ အာဏာလြန္ဆြဲမႈေတြရဲ႕ အထြဋ္အထိပ္ကို ေရာက္ရွိသြားေစပါတယ္။

မက်န္းမမာ ျဖစ္ေနတဲ႔ Mugabe က ငယ္ရြယ္တဲ႔ ဇနီးသည္ကို သူ႔အရိုက္အရာ ဆက္ခံေစလိုတယ္ ဆိုတဲ႔ ခန္႔မွန္း ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတဲ႔ ၂၀၁၇ ခုႏွစ္မွာ တင္းမာမႈေတြ ျဖစ္ခဲ႔တာလို႔ Harare အေျခစိုက္ အုပ္ခ်ဳပ္ေရးဆိုင္ရာ အၾကံေပး Derek Matyszak က ေျပာပါတယ္။ ဒီလို တင္းမာေနတဲ႔ အေျခအေနမွာဘဲ Grace Mugabe ရဲ႕ ဖိအားေပးမႈေၾကာင့္ သမၼတ Mugabe က ဒုတိယ သမၼတ Emmerson Mnangagwa ကို ရာထူးက ထုတ္ပယ္လုိက္တယ္ဆိုတဲ႔ စြပ္စြဲခ်က္လည္း ထြက္လာခဲ႔တာပါ။ အဲဒီေနာက္ သီတင္းသံုးပတ္ အၾကာမွာဘဲ Mugabe ႏုတ္ထြက္ေရး ဖိအားေပးဖို႔ Mnangagwa က စစ္တပ္ကို သံုးခဲ႔႔ပါတယ္။ အာဏာ လႊဲေျပာင္းေရးဟာ ဆႏၵအေလ်ာက္နဲ႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိခဲ႔ပါတယ္လို႔ ပံုေဖာ္ဖို႔က Mnangagwa အတြက္ သိပ္ကို အေရးႀကီးခဲ႔တယ္လို႔လည္း Matyszak က ေျပာပါတယ္။ Mnangagwa ရဲ႕ တရား၀င္ ျဖစ္မႈကို အထိနာေစမယ့္ စစ္အာဏာသိမ္းမႈ ဆိုတာမ်ိဳး သံုးႏႈန္းတာကို Mugabe ကိုယ္တိုင္က လက္မခံခဲ႔ပါဘူး။ အခုေတာ့ Mugabe ကြယ္လြန္ခဲ႔ၿပီး ေနာက္မွာေတာ့ Mnangagwa နဲ႔ Grace Mugabe ၾကား ပိုၿပီး တင္းတင္းမာမာ ျဖစ္လာခဲ႔တာလို႔ Matyszak က ေျပာပါတယ္။

“Mugabe မဆံုးပါးခင္ကနဲ႔ စာရင္ေတာ့ အခုအခ်ိန္မွာ Grace က သိပ္ၿပီး အားနည္းသြားတဲ႔ အေနအထားပါ။ Mnangagwa အေနနဲ႔ Mugabe ကို လြတ္လပ္ေရး ဗိသုကာႀကီး အျဖစ္ ဆက္ၿပီး အမႊန္းတင္ဖို႔ သိပ္ၿပီး သင့္ေတာ္တဲ႔ အခ်ိန္လည္း ျဖစ္ပါတယ္။ အၿမဲတမ္း ျပႆနာ ရွိေနတာက Grace Mugabe ပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ Mnangagwa ရာထူးက ထုတ္ခံရတာ Grace Mugabe ေၾကာင့္လို႔ လူေတြက ယံုၾကည္ထားၾကတာပါ။ ဒါေပမယ့္ Mugabe ကို ေလးစားၾကတာေၾကာင့္ ဒီအေျခအေနေၾကာင့္ဘဲ Grace Mugabe က ထင္တိုင္းက်ဲခဲ႔တာပါ။”

Mugabe ကို အမ်ိဳးသား သူရဲေကာင္းမ်ား သုသာန္မွာ သၿဂိဳၤဟ္ဖို႔ အစိုးရရဲ႕ ဆႏၵကို မိသားစုက ဆန္႔က်င္ေနပံုရၿပီး Mugabe ရဲ႕ စ်ာပဏ အစီအစဥ္က အႀကိမ္ႀကိမ္ အေျပာင္းအလဲ ျဖစ္ေနတာနဲ႔ အတူဘဲ လူသိမခံဘဲ ေဆြးေႏြးခ်က္ေတြက ေပါက္ၾကား ထြက္လာခဲ႔ပါတယ္။ ႏုိင္ငံပိုင္ Herald သတင္းစာက ဒီသတင္းပတ္မွာဘဲ Mugabe ရဲ႕ Harare စံအိမ္ကို ပိုင္ဆိုင္ေၾကာင္း ေဖာ္ျပလုိက္ၿပီး အမ်ားစုကေတာ့ ဒါဟာ Mugabe မိသားစု အေပၚ ၾသဇာေညာင္းေအာင္ အာဏာရ ပါတီဘက္က ႀကိဳးစားမႈ အျဖစ္ ရႈျမင္ၾကပါတယ္။ အဲဒီေန႔မွာဘဲ Mugabe ရဲ႕ ရုပ္အေလာင္းကို ေမြးရပ္ေျမ ေက်းလက္ကို ပို႔မယ့္ အစီအစဥ္ကို မိသားစုဘက္က ရွင္းျပခ်က္ မရွိဘဲ ရုပ္သိမ္းလိုက္ပါတယ္။ Mugabe ကို ရက္ သံုးဆယ္ အတြင္း သၿဂိဳၤဟ္မယ္လို႔ မိသားစုဘက္က လတ္တေလာ ေျပာဆိုခ်က္ဟာဆိုရင္လည္း အခ်ိန္ဆြဲထားတဲ႔ လုပ္ရပ္လို႔ ယူဆရပါတယ္။

Grace Mugabe အတြက္ေတာ့ ထြက္ခြာသြားစရာ ေနရာလည္း သိပ္မရွိပါဘူး။ ၂၀၁၇ ခုႏွစ္တုန္းက ေတာင္အာဖရိက ေမာ္ဒယ္အမ်ိဳးသမီး တဦးကို ရိုက္ႏွက္ခဲ႔မႈ စြဲခ်က္နဲ႔ ေတာင္အာဖရိကမွာ ဖမ္းခံရမယ့္ အေရးကလည္း ရွိေနပါတယ္။ အေမရိကန္နဲ႔ ဥေရာပ သမဂၢဘက္ကလည္း သူမကို ဒဏ္ခတ္ပိတ္ဆို႔ထားတာ ျဖစ္ၿပီး ျပည္၀င္ခြင့္လည္း ပိတ္ထားတာပါ။ Mugabe မိသားစု၀င္ တဦး ျဖစ္တဲ႔ Leo Mugabe ကေတာ့ Grace Mugabe ရဲ႕ အနာဂတ္က ေျဖာင့္ျဖဴးပါတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“သူက ဇင္ဘာေဘြ ျပည္သူ တဦးပါ။ ဘယ္မွ ထြက္သြားစရာ အေၾကာင္းမရွိပါဘူး။ အိမ္မွာဘဲ ဆက္ေနၿပီး ျခံထဲမွာ၊ ေနာက္ သူ႔အလုပ္ေတြကို ပံုမွန္အတိုင္း ျပန္လုပ္မွာပါ။”

ဒါေပမယ့္ Grace Mugabe အေနနဲ႔ ေနရပ္ရင္းမွာလည္း တရားဥပေဒေၾကာင္းအရ ရင္ဆိုင္ေနရၿပီး ႏိုင္ငံေရး ရည္ရြယ္ခ်က္အရ တရားစီရင္တယ္လို႔ နာမည္ထြက္တဲ႔ ဇင္ဘာေဘြမွာေတာ့ ဒီအမႈေတြ ျပန္ေပၚလာႏုိင္တယ္လုိ႔ Matyszak က ေျပာပါတယ္။

“ဆင္စြယ္ ေမွာင္ခိုကူးမႈ နဲ႔ ပတ္သက္တဲ႔ စြဲခ်က္ေတြ ရွိေနပါတယ္။ Mugabe မိသားစု၀င္ေတြ ႏုိင္ငံေရးမွာ ပါလာၿပီ ဆိုတာနဲ႔ ဒီအမႈေတြက ျပန္ၿပီး ထြက္ေပၚလာမွာပါ။ ဒီေတာ့ Grace Mugabe အေနနဲ႔ေတာ့ သိုသိုသိပ္သိပ္ ေနဖို႔ လိုအပ္ၿပီး သူ႔အေနနဲ႔ေတာ့ အဆင္မေျပစရာ အေျခအေနမ်ိဳး ျဖစ္ႏုိင္တယ္လို႔ က်ေနာ္ ထင္ပါတယ္။”

Grace Mugabe ကို ဗီြအိုေအက ေတြ႔ဆံု ေမးျမန္းခြင့္ ေတာင္းခဲ႔ေပမယ့္ မိသားစုဘက္က တစံုတရာ မတုံ႔ျပန္ပါဘူး။

...........

(Unicode)

မူဂါဘီမိသားစုရှေ့ရေး ရင်တက်မအေးစရာ

ဇင်ဘာဘွေ ခေါင်းဆောင်ဟောင်း Robert Mugabe ကွယ်လွန်ပြီးနောက်မှာတော့ ပြည်သူရဲ့ လေးစားချစ်ခင်မှုကို မရတဲ့ ကျန်ရစ်သူ မိသားစုရဲ့ အခြေအနေက ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ Mugabe မိသားစုအိမ်ကို ပိုင်ဆိုင်ကြောင်း အာဏာရ ပါတီက မကြာခင်က ကြေညာလိုက်ပြီး ဒီဆောင်ရွက်ချက်ဟာဆိုရင် Mugabe ကို သဂြို ၤဟ်လိုတဲ့ အစိုးရရဲ့ ဆန္ဒကို လက်မခံဘဲ အစိုးရ ခေါင်းဆောင်မှုကိုလည်း ဝေဖန်နေတဲ့ Mugabe မိသားစုဝင်တွေကို ဖိအားပေးမှု အဖြစ်လည်း အများက ရှုမြင်ကြပါတယ်။ သမ္မတ ကတော်ဟောင်း Grace Mugabe အနေနဲ့ နိုင်ငံရေးအရရော ဥပဒေကြောင်း အရပါ စိန်ခေါ်ချက် အများအပြား ရင်ဆိုင်နေရတာပါ။ ကွယ်လွန်သူ Mugabe ရဲ့ ကြွင်းကျန် ရုပ်အလောင်းကို သဂြိုၤဟ်ရေး မိသားစုနဲ့ အစိုးရကြား အငြင်းအခုံ ဖြစ်နေတာတဲ့ အတူ တင်းတင်းမာမာ ဖြစ်နေတဲ့ အခြေအနေက ပေါ်လွင်လာပါတယ်။ အာဏာ၊ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး အားပြိုင်မှု အခြေအနေကို ဗွီအိုအေ သတင်းထောက် Anita Powell က မြို့တော် Harare ကနေ သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

အသက် ၉၅ နှစ် အရွယ် ဒီလ အစောပိုင်းက ကွယ်လွန်ခဲ့တဲ့ ဇင်ဘာဘွေ သမ္မတဟောင်း Robert Mugabe ရဲ့ ကျန်ရစ်သူ ဇနီးသည် သမ္မတကတော်ဟောင်း Grace Mugabe ကတော့ အများအမြင်မှာတော့ သိက္ခာရှိတဲ့ တာဝန်ကျေတဲ့ မုဆိုးမ တယောက်လို့ ရှုမြင်ရပါတယ်။ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းထည့်ရာ ခေါင်းတလားနောက်မှာ အနက်ရောင် ဇာ ညှိုးငယ်တဲ့ မျက်နှာ၊ လေးလံတဲ့ ခြေလှမ်းတွေနဲ့ Grace Mugabe ရဲ့ နောက်ကွယ်မှာတော့ လူမသိတဲ့ အကြောင်းအရာတွေ အများအပြား ရှိနေတာပါ။ Mugabe ရဲ့ ကြွင်းကျန် ရုပ်အလောင်းကို သဂြိုၤဟ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး Mugabe မိသားစုနဲ့ အစိုးရကြား ညှိနှိုင်းမှုက အဆင်မပြေဖြစ်နေချိန်မှာဘဲ သမ္မတ ကတော်ရဲ့ လူတွေ မသိသေးတဲ့ အတွင်းရေး ကိစ္စတွေလည်း ပေါက်ကြား ထွက်လာပါတယ်။ ဒီအခြေအတင် ကိစ္စက Grace Mugabe နဲ့ မိသားစု အတွက်တော့ ဇင်ဘာဘွေရဲ့ ရှုပ်ထွေးလှတဲ့ အာဏာလွန်ဆွဲမှုတွေရဲ့ အထွဋ်အထိပ်ကို ရောက်ရှိသွားစေပါတယ်။

မကျန်းမမာ ဖြစ်နေတဲ့ Mugabe က ငယ်ရွယ်တဲ့ ဇနီးသည်ကို သူ့အရိုက်အရာ ဆက်ခံစေလိုတယ် ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်လာတဲ့ ၂၀၁၇ ခုနှစ်မှာ တင်းမာမှုတွေ ဖြစ်ခဲ့တာလို့ Harare အခြေစိုက် အုပ်ချုပ်ရေးဆိုင်ရာ အကြံပေး Derek Matyszak က ပြောပါတယ်။ ဒီလို တင်းမာနေတဲ့ အခြေအနေမှာဘဲ Grace Mugabe ရဲ့ ဖိအားပေးမှုကြောင့် သမ္မတ Mugabe က ဒုတိယ သမ္မတ Emmerson Mnangagwa ကို ရာထူးက ထုတ်ပယ်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ထွက်လာခဲ့တာပါ။ အဲဒီနောက် သီတင်းသုံးပတ် အကြာမှာဘဲ Mugabe နုတ်ထွက်ရေး ဖိအားပေးဖို့ Mnangagwa က စစ်တပ်ကို သုံးခဲ့ပါတယ်။ အာဏာ လွှဲပြောင်းရေးဟာ ဆန္ဒအလျောက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်လို့ ပုံဖော်ဖို့က Mnangagwa အတွက် သိပ်ကို အရေးကြီးခဲ့တယ်လို့လည်း Matyszak က ပြောပါတယ်။ Mnangagwa ရဲ့ တရားဝင် ဖြစ်မှုကို အထိနာစေမယ့် စစ်အာဏာသိမ်းမှု ဆိုတာမျိုး သုံးနှုန်းတာကို Mugabe ကိုယ်တိုင်က လက်မခံခဲ့ပါဘူး။ အခုတော့ Mugabe ကွယ်လွန်ခဲ့ပြီး နောက်မှာတော့ Mnangagwa နဲ့ Grace Mugabe ကြား ပိုပြီး တင်းတင်းမာမာ ဖြစ်လာခဲ့တာလို့ Matyszak က ပြောပါတယ်။

“Mugabe မဆုံးပါးခင်ကနဲ့ စာရင်တော့ အခုအချိန်မှာ Grace က သိပ်ပြီး အားနည်းသွားတဲ့ အနေအထားပါ။ Mnangagwa အနေနဲ့ Mugabe ကို လွတ်လပ်ရေး ဗိသုကာကြီး အဖြစ် ဆက်ပြီး အမွှန်းတင်ဖို့ သိပ်ပြီး သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမြဲတမ်း ပြဿနာ ရှိနေတာက Grace Mugabe ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Mnangagwa ရာထူးက ထုတ်ခံရတာ Grace Mugabe ကြောင့်လို့ လူတွေက ယုံကြည်ထားကြတာပါ။ ဒါပေမယ့် Mugabe ကို လေးစားကြတာကြောင့် ဒီအခြေအနေကြောင့်ဘဲ Grace Mugabe က ထင်တိုင်းကျဲခဲ့တာပါ။”

Mugabe ကို အမျိုးသား သူရဲကောင်းများ သုသာန်မှာ သဂြိုၤဟ်ဖို့ အစိုးရရဲ့ ဆန္ဒကို မိသားစုက ဆန့်ကျင်နေပုံရပြီး Mugabe ရဲ့ ဈာပဏ အစီအစဉ်က အကြိမ်ကြိမ် အပြောင်းအလဲ ဖြစ်နေတာနဲ့ အတူဘဲ လူသိမခံဘဲ ဆွေးနွေးချက်တွေက ပေါက်ကြား ထွက်လာခဲ့ပါတယ်။ နိုင်ငံပိုင် Herald သတင်းစာက ဒီသတင်းပတ်မှာဘဲ Mugabe ရဲ့ Harare စံအိမ်ကို ပိုင်ဆိုင်ကြောင်း ဖော်ပြလိုက်ပြီး အများစုကတော့ ဒါဟာ Mugabe မိသားစု အပေါ် သြဇာညောင်းအောင် အာဏာရ ပါတီဘက်က ကြိုးစားမှု အဖြစ် ရှုမြင်ကြပါတယ်။ အဲဒီနေ့မှာဘဲ Mugabe ရဲ့ ရုပ်အလောင်းကို မွေးရပ်မြေ ကျေးလက်ကို ပို့မယ့် အစီအစဉ်ကို မိသားစုဘက်က ရှင်းပြချက် မရှိဘဲ ရုပ်သိမ်းလိုက်ပါတယ်။ Mugabe ကို ရက် သုံးဆယ် အတွင်း သဂြိုၤဟ်မယ်လို့ မိသားစုဘက်က လတ်တလော ပြောဆိုချက်ဟာဆိုရင်လည်း အချိန်ဆွဲထားတဲ့ လုပ်ရပ်လို့ ယူဆရပါတယ်။

Grace Mugabe အတွက်တော့ ထွက်ခွာသွားစရာ နေရာလည်း သိပ်မရှိပါဘူး။ ၂၀၁၇ ခုနှစ်တုန်းက တောင်အာဖရိက မော်ဒယ်အမျိုးသမီး တဦးကို ရိုက်နှက်ခဲ့မှု စွဲချက်နဲ့ တောင်အာဖရိကမှာ ဖမ်းခံရမယ့် အရေးကလည်း ရှိနေပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂဘက်ကလည်း သူမကို ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပြီး ပြည်ဝင်ခွင့်လည်း ပိတ်ထားတာပါ။ Mugabe မိသားစုဝင် တဦး ဖြစ်တဲ့ Leo Mugabe ကတော့ Grace Mugabe ရဲ့ အနာဂတ်က ဖြောင့်ဖြူးပါတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“သူက ဇင်ဘာဘွေ ပြည်သူ တဦးပါ။ ဘယ်မှ ထွက်သွားစရာ အကြောင်းမရှိပါဘူး။ အိမ်မှာဘဲ ဆက်နေပြီး ခြံထဲမှာ၊ နောက် သူ့အလုပ်တွေကို ပုံမှန်အတိုင်း ပြန်လုပ်မှာပါ။”

ဒါပေမယ့် Grace Mugabe အနေနဲ့ နေရပ်ရင်းမှာလည်း တရားဥပဒေကြောင်းအရ ရင်ဆိုင်နေရပြီး နိုင်ငံရေး ရည်ရွယ်ချက်အရ တရားစီရင်တယ်လို့ နာမည်ထွက်တဲ့ ဇင်ဘာဘွေမှာတော့ ဒီအမှုတွေ ပြန်ပေါ်လာနိုင်တယ်လို့ Matyszak က ပြောပါတယ်။

“ဆင်စွယ် မှောင်ခိုကူးမှု နဲ့ ပတ်သက်တဲ့ စွဲချက်တွေ ရှိနေပါတယ်။ Mugabe မိသားစုဝင်တွေ နိုင်ငံရေးမှာ ပါလာပြီ ဆိုတာနဲ့ ဒီအမှုတွေက ပြန်ပြီး ထွက်ပေါ်လာမှာပါ။ ဒီတော့ Grace Mugabe အနေနဲ့တော့ သိုသိုသိပ်သိပ် နေဖို့ လိုအပ်ပြီး သူ့အနေနဲ့တော့ အဆင်မပြေစရာ အခြေအနေမျိုး ဖြစ်နိုင်တယ်လို့ ကျနော် ထင်ပါတယ်။”

Grace Mugabe ကို ဗွီအိုအေက တွေ့ဆုံ မေးမြန်းခွင့် တောင်းခဲ့ပေမယ့် မိသားစုဘက်က တစုံတရာ မတုံ့ပြန်ပါဘူး။

မူဂါဘီမိသားစုေရွ႕ေရး ရင္တက္မေအးစရာ
please wait

No media source currently available

0:00 0:05:08 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG