သီရိလင်္ကာ အဓိကရုဏ်း ဆန္ဒပြသူ တဦးသေဆုံး

Members and supporters of Sri Lanka's opposition the National People's Power Party march during a protest against President Gotabaya Rajapaksa, amid the country's economic crisis, in Colombo, April 19, 2022.

သီရိလင်္ကာနိုင်ငံမှာ အင်္ဂါနေ့က ရဲနဲ့ ဆန္ဒပြသူတွေအကြား အဓိကရုန်းတွေဖြစ်ခဲ့ပြီး ဆန္ဒပြသူတဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ကတိပြု ပြောဆိုလိုက်ပါတယ်။

သီရိလင်္ကာ အဓိကရုဏ်း ဆန္ဒပြသူ တဦးသေဆုံး

{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံမှာ အင်္ဂါနေ့က ရဲနဲ့ ဆန္ဒပြသူတွေအကြား အဓိကရုန်းတွေဖြစ်ခဲ့ပြီး ဆန္ဒပြသူတဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ကတိပြု ပြောဆိုလိုက်ပါတယ်။

မြို့တော် ကိုလံဘိုရဲ့ အရှေ့မြောက်ဘက် ၅၅ မိုင်အကွာလောက်မှာရှိတဲ့ Rambukkana မြို့မှာ ဆန္ဒပြသူတွေက လောင်စာဆီတင်တဲ့ကား နဲ့ ရထားလမ်းကို ပိတ်ဆို့ထားခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား အဓိကရုန်းတွေဖြစ်ပြီး ရဲတွေက သေနတ်နဲ့ပစ် လူစုခွဲခဲ့ပါတယ်။

အဲဒီ အင်္ဂါနေ့က အဖြစ်အပျက်မှာ ဆန္ဒပြသူ ၁ ဦးသေဆုံးပြီး ၁၃ ဦးဒါဏ်ရာရခဲ့ပါတယ်။ ရဲတွေအတော်များများလည်း ဒါဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ အကြွေးတွေ အဆမတန်တင်နေပြီး၊ နိုင်ငံခြားအရံငွေ ပြတ်တောက်ကာ လောင်စာဆီ၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ မလုံမလောက်ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လျပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး၊ လောင်စာဆီနဲ့ သယ်ယူပိုဆောင်ရေး စားရိတ်တွေလည်း မြင့်တက်ကုန်ပါတယ်။

ကိုဗစ် ၁၉ ကြောင့် သီရိလင်္ကာခရီးသွားလုပ်ငန်းလည်း ရပ်ဆိုင်းသွားပြီး စီးပွားရေကိုပိုမိုထိခိုက် ကျဆင်းစေခဲ့ပါတယ်။

ဆန္ဒပြမှုတွေဟာ သီရီလင်္ကာမှာ နေရာအနှံ့ ဖြစ်ပေါ်နေပြီး၊ သမ္မတ Gotabaya Rajapaksa ကိုနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

သီရိလင်္ကာ အဓိကရုဏ်း ဆန္ဒပြသူ တဦးသေဆုံး

.............................................................

သီရိလငျ်ကာ အဓိကရုဏျး ဆန်ဒပွသူ တဦးသဆေုံး

{{Zawgyi/Unicode}}


အဲဒီ အငျ်ဂါနေ့က အဖွဈအပကြျမှာ ဆန်ဒပွသူ ၁ ဦးသဆေုံးပွီး ၁၃ ဦးဒါဏျရာရခဲ့ပါတယျ။ ရဲတှအေတောျမြားမြားလညျး ဒါဏျရာရခဲ့တယျလို့ ဆိုပါတယျ။



ဆန်ဒပွမှုတှဟော သီရီလငျ်ကာမှာ နရောအနှံ့ ဖွဈပေါျနပွေီး၊ သမ်မတ Gotabaya Rajapaksa ကိုနှုတျထှကျပေးဖို့ တောငျးဆိုနကွေပါတယျ။